Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 14, 2013

The Best English 4 you မှ ဆရာ Maung Maung Wann ရဲ့သုံးသပ်ချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

The Best English 4 you မှ ဆရာ Maung Maung Wann ရဲ့သုံးသပ်ချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

========================================

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်လာပြီး နောက်ပိုင်းမှာ ကြိုက်သူတွေရှိတယ်..မကြိုက်သူတွေရှိတယ်..။ မကြိုက်တဲ့ နေရာမှာလဲ…သဘောရိုးနဲ့ ဝေဖန်ထောက်ပြသူတွေရှိသလို…အခွင့်သာခိုက် ချနင်းလိုက်မယ်ဆိုတဲ့သူတွေလည်း ရှိနေတာကိုတွေ့ရတယ်….။

 ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒအပြခံရလို့…၀မ်းနည်းနေကြတဲ့ လူထုတွေရှိသလို ၀မ်းသာနေကြတဲ့သူတွေလည်း ရှိတယ်...။ တကယ်တော့ ဒီကိစ္စဟာ...တခါက ဆရာ နန္ဒာသိန်းဇံရေးဘူးတဲ့ စာအုပ်ထဲက…မြတ်စွာဘုရားဇာတ်ကြောင်းတခုလိုပါပဲ…။

အလွန်ချစ်တဲ့သား စစ်မြေပြင်မှာ တိုက်ပွဲကျသွားတဲ့ ဆိုတဲ့ သတင်းကို….( သားချစ်စိတ်နဲ့ သေလုမြောပါး..ဖြစ်နေတဲ့ ) မိခင်ကြီးထံ…ပြောသင့်မပြောသင့်ဆိုတဲ့ မေးခွန်း ပုစ္ဆာလိုပါ…မိခင်သေမှာကြောက်လို့ မပြောပဲထားရင်..မုသာဝါဒ ကံထိုက်တယ်…ပြောလိုက်လို့ မိခင်ကြီးခမျာ..၀မ်းနည်းပက်လက်နဲ့သေသွားရင်…ပါဏာတိပါတာ ကံထိုက်မယ်….ဆိုတော့..ဘယ်လိုဖြေဖြေ..ကံကျူးလွန်မူ့နဲ့ မလွတ်ဘူး…။

ဒီလိုနဲ့ မြတ်စွာဘုရားထံရောက်တဲ့အခါ….ဘုရားက အဖြေပေးလိုက်တာရှင်းရှင်းလေးပါ….ယုံကြည်ချက်နဲ့ စေတနာအပေါ်မှာပဲ…..အဖြေက တည်မှီနေပါတယ်တဲ့…..။

လက်ပန်းတောင်းတောင် ကိစ္စမှာ ဒေါ်စုဟာ..ဘယ်လိုယုံကြည်ချက် ၊ စေတနာတွေနဲ့ ၀င်ရောက်ပြီး အမုန်းခံဖြေရှင်းပေးခဲ့တယ်ဆိုတာကိုတော့..အားလုံးသိပြီးဖြစ်လို့ အထူးပြောပြမနေတော့ပါဘူး……။ ကြိုက်ခြင်း မကြိုက်ခြင်း လက်ခံခြင်း လက်မခံခြင်းများဟာ..လူတစ်ဦးခြင်းဆီရဲ့အခွင့်ရေးများသာဖြစ်တယ်…..။ ကိုယ်မြင်တဲ့ ရှုဒေါင့်ကနေ ကိုယ်ဆုတ်ကိုင်ထားပိုင်ခွင့်ရှိတယ်…….။

ဒီနေရာမှာ အတိတ်ကာလတခုဆီကို နည်းနည်းရွေ့ကြည့်ချင်ပါတယ်…တခါက …လုပ်ဖော်ကိုင်ဖက် ရဲဘော်တဦးက….မြန်မာ့ရုပ်မြင်သံကြားကနေ ကူးထားတဲ့…ပုဂံမှာကျင်းပသွားတဲ့..ပြည်ခိုင်ဖြိုး ညီလာခံအကြောင်း ဖွင့်ပြတယ်…..။ ဒါကိုကြည့်နေဆဲ အချိန်မှာပဲ….သူဟာ ချုံးပွဲချငိုတယ်…ငါတို့တော်လှန်ရေးသွားပါပြီကွာတဲ့…..။ သူငိုမယ်ဆိုလည်း ငိုချင်စရာ…လူအုပ်ကြီးက မျက်စိတဆုံး…။

ဒေါ်စု အပါဝင်…အတိုက်အခံ အင်အားစုများကို ရှုတ်ချကြွေးကြော်သံတွေက…မိုးလုံးဟိန်းလို့….။ လူတွေဆိုတာ ကွင်းကြီးထဲမှာ ဖွေးဖွေးလှုတ် မျက်စိ တဆုံး…….အဓိက ပစ်မှတ်ကတော့…ဒေါ်အောင်ဆန်းစုကြည်ပေါ့…………။ လူတချို့ရဲ့ မျက်နှာသွင်ပြင်တွေပေါ်မှာ…ဒေါ်စုနဲ့ အခုပဲ…မျက်နှာချင်းဆိုင်တွေ့လိုက်ရင်…အပြတ်ဖဲ့ ပစ်လိုက်မယ်ဆိုတဲ့ ခတ်ထန်တဲ့….အသွင်ပြင်တွေနဲ့….။

မိုးယံထိတိုင် ထစ်ချုံးခဲ့တဲ့ ရှုတ်ချကြွေးကျော်သံများက..တုန်လှုတ်ဖွယ်…။ လူထု သောင်းပေါင်းများစွာနဲ့….ဒေါ်စုကို အပြတ်နှိပ်ကွပ်ခဲ့တဲ့ ညီလာခံကြီး…..။ ဦးဆောင်ကျင်းပပေးသူတွေက….အလုပ်မရှိကြောင်ရေချိုးသူတွေမဟုတ်..စစ်အာဏာရှင်ခေါင်းဆောင်ကြီးများ……။ ဒီအချိန်မှာ ဒေါ်စုကိုယ်တိုင်ကလည်း….အကျယ်ချုပ် ချုပ်နှောင် ခံနေရဆဲကာလများမှာ…..။

ဒီလိုနဲ့……ကာလ တခုကို ကျော်လွန်အပြီးမှာတော့…….

- မြန်မာနိုင်ငံတစင် တလျှားမှာ လူထုရဲ့အုံးအုံးကျွှက်ကျွှက်ထောက်ခံမူ့ကို ရယူနိုင်တာ ဘယ်သူလဲ…
- ရောက်ရာ နိုင်ငံတွေမှာ…..အဆင်မြင့် ဂုဏ်ပြုခံရတာ ဘယ်သူလဲ……
- ကြားဖြတ်ရွေးကောက်ပွဲမှာ…..အပြတ်အသတ် အနိုင်ရခဲ့တာ…ဘယ်သူလဲ….။

တကယ်တော့ လက်ပန်းတောင်း တောင် မှာ…ဒေါ်စုကို ရင့်ရင့်သီးသီး ရင်ဆိုင်ခဲ့တဲ့…တချို့ဟာ..သွေးပူနေတုန်းမို့ပါ…။ သွေးအေးသွားလို့…စဉ်းစားလာတတ်မယ်ဆို…( အစီရင်ခံစာကို လက်ခံတာ လက်မခံတာ ခနထား )…ဒေါ်စုရဲ့ယုံကြည်ချက်နဲ့ စေတနာတွေကို နားလည်လာမှာပါ………။

ဒေါ်စုကို ဒီလို ရင်ဆိုင် ခံရလို့ မခံမရပ်နိုင်ဖြစ်နေကြသူများလည်း…သိပ် အရမ်းကြီး မခံစားပါနဲ့….။ ဒေါ်စု ဒီလိုရင်ဆိုင် ခံရတယ်…ဆန္ဒပြခံရတယ်ဆိုတာ…ပုဂံညီလာခံထက်စာရင်…တော်တော်သေးပါတယ်…။ ပုဂံညီလာခံတုန်းက…ရုပ်မြင်သံကြားကတောင် တနိုင်ငံလုံးလွှင့်တာပါ……။ ဒီလိုဖြစ်ရပ်တွေဟာ နိုင်ငံရေးမှာ သိပ်မဆန်းပြားပါဘူး….။ ဒီမိုကရေစီ ကျင့်သားရတဲ့ ဒေါ်စုအတွက်တော့..ဖြစ်စဉ်တခုကို နားလည်နေမှာပါ။

သေချာတဲ့ အဆိုးထဲက အကောင်းတခုကတော့….ဒေါ်စု အပေါ်မှာ အမြဲတန်းဆန့်ကျင်ဘက် အနေထားမှာ ရှိခဲ့တဲ့…သူတွေဟာ…သူရဲ့ နိုင်ငံအပေါ်မှာ အမှန်တကယ်ထားရှိတဲ့…ယုံကြည်ချက်နဲ့ စေတနာ……အလုပ်အပေါ်မှာ ပြတ်သားတဲ့ သတ္တိ….။ အမုန်းခံရဲတဲ့…သတ္တိတွေကို ဘယ်လိုမှ မချီးကျူးပဲ မနေနိုင်လောက် အောင်ဖြစ်သွားတယ်ဆိုတာက တော့ အင်မတန်မှ ၀မ်းသာစရာပါ….။

သောက ဗျာပါဒတွေနဲ့ ဖိစီးနေရတဲ့..ရွာသူရွာသားတွေ….စိတ် လူပင်ပမ်းကြီးစွာ အလုပ်လုပ်နေရတဲ့ ဒေါ်စု….သူတို့ကို ကြည့်ပြီး…ရင်ထဲ မချိဖြစ်မိတယ်…။ ဒေါ်အောင်ဆန်းစုကြည်ဟာ…အကြောင်းအရာတခုအပေါ်မှာ…နားထောင်တတ်တဲ့သူတစ်ယောက်…ဆွေးနွေးလို့ရပါတယ်….မကျေနပ်ရင် ဆန္ဒပြပေါ့….။

ဒီလိုမဟုတ်ပဲ….လူထုခေါင်းဆောင်ကို…ရွာသားတွေအားကိုးနဲ့ အခက်တွေ့အောင်…လုပ်ခဲ့တဲ့…ဟန်ဝင်းအောင်ကို လည်း တခုပြောချင်တယ်…။ မင်း ရင်ဆိုင်တဲ့သူဟာ…အင်းစိန်သီးသန့်ထောင်က ထောင်ပိုင် အရူး ချစ်မောင်…မဟုတ်ဘူး…။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်………..။ ညီလေး….သိပ်မပြောချင်ဘူး..အခု ဒေါ်စုနဲ့ ပါလာတဲ့ လုံခြုံရေး…ဒေါ်စုဘေးနားမှာ အမြဲကပ်လျှက်ရှိနေတဲ့….ကိုမောင်မောင်ဦး ( နိုင်ငံရေး အကျဉ်းသားဟောင်း ) ကတော့……မင်း ကိုကြည့်ပြီး…ခေါင်းလေးတဆတ်ဆတ် နဲ့ ပြုံးနေပါလိမ့်မယ်….( သဘောကျလို့တော့မဟုတ်တန်ရာဘူး )….မင်း ဘာလည်း ဆိုတာ သိနေလို့…..။

( ၁၉၉၆ ၀န်းကျင် မှာ ငါတို့ အင်းစိန် သီးသန့်ထောင် ရဲ့…တိုက်ခန်းတွေမှာ အတူနေခဲ့ကြဘူးပါတယ်…ဘယ်သူ ဘာလဲ..သိပါတယ် )။

( ဟန်ဝင်းအောင် )….လက်ပန်းတောင်းတောင် ကိစ္စမှာ…ဒေါ်စု ဦးဆောင်တဲ့ ကော်မရှင်ရဲ့…ဆုံးဖြတ်တင်ပြချက်ကို…အထက်မှာဖော်ပြခဲ့သလိုပဲ…ကြိုက်ခွင့်..မကြိုက်ခွင့်..ထောက်ခံခွင့် မထောက်ခံခွင့်ရှိတယ်….ဒါဘာမှ မဖြစ်ဘူး…လက်ပန်းတောင်း တောင် ကိစ္စကိုပဲ ဆက်လုပ်လုပ်…တကမ္ဘာလုံးအတွက်ပဲ လုပ်လုပ်…ဒါ မင်းသဘော…..။ဒါပေမဲ့..လူထု ခေါင်းဆောင်ကို စော်ကားခွင့်မရှိဘူး…။ ထပ်ပြောမယ်….သဘောထားကွဲလွဲခွင့်ရှိတာ…ဒီမိုကရေစီ အနှစ်သာရ..စော်ကားတယ်ဆိုတာ…အောက်တန်းကျတာ ။

Maung Maung Wann

မူရင်း - https://www.facebook.com/onemyat/posts/2811457142966

Shared by thettantcho

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။