အူတက်အောင်ရီရသောဟာသများနဲ့အခြား
လူတယောက်သည် စကားပြောတတ်သော ကြက်တူရွေး အမ တစ်ကောင်ကိုဝယ်လိုက်ရာ .....
ထိုကြက်တူရွေးမှာ စကားပြောဆိုရာ ၌ အမြဲဆဲဆိုပြောဆိုနေ၏။
ပိုင်ရှင်လည်း စိတ်ပျက်လက်ပျက်ရှိနေလေ၏။
သို့နင့် တရက်တွင် အိမ်သို့လာလည်သော သူငယ်ချင်း တယောက်က ထိုကြက်တူရွေး အမ ကလေးကို ယဉ်ကျေးဖွယ်ရာ
စကားများကို တပတ်တွင်း ပြောတတ်အောင် ကူညီနိုင်မည်ဟု ထင်ကြောင်းပြောပြသည်။
အဘယ်ကြောင့်ဆိုသော် သူ့ထံ တွင် ကြက်တူရွေး အထီး နှစ် ကောင်ရှိကြောင်း ၊ ထိုနှစ်ကောင်မှ တစ်ကောင်မှာ ဘုရားရှစ်ခိုးတတ်ကြောင်း၊
ကျန်တစ်ကောင်မှာ မူ ခြေသည်းကြားတွင် ပုတီးထားပီး နုတ်မှလည်း ဆုတောင်းတိုင်းပြည့်စေ ဟု ရေရွတ်ကာ ပုတီးစိတ်တတ်ကြောင်းပြောပြ၏။
ကြက်တူရွေးအမလေးကို ၀ယ်ထားသူကလည်း ရွှင်လန်းစွာဖြင့်.....
" ၀မ်းသာလိုက်တာ သူငယ်ချင်းရာ ၊ ဒါဆို ငါ့ကြက်တူရွေးလေး ခေါ်သွားပီး မင်းကြက်တူရွေးတွေနဲ့ အချိန်တော်တော်ကြာ ထားလိုက်ရင်
ကောင်းမယ်ဟေ့။ ဒါမှ ငါ့ကြက်တူရွေးလေးလဲ မင်းကြက်တူရွေးနှစ်ကောင်လို အကျင့်ကောင်းတွေတတ်လာပီး
အပြောအဆိုယဉ်ကြေးလာလိမ့်မယ်ကွ..
သူငယ်ချင်းလည်း ကူညီချင်စိတ်ဖြင့် ထိုအကြံကိုသဘောတူလေ၏။
သို့နှင့် ကြက်တူရွေးအမ ကလေးကို သူငယ်ချင်း အိမ်သို့ နောက်တစ်ရက်တွင် သူ ကိုယ်တိုင် သွားပို့လေ၏။
ထိုအိမ်သို့ ရောက်သောအခါ ကြက်တူရွေးနှစ်ကောင်အနီး တွင် ထားလိုက်၏။
ထိုအခါ ကြက်တူရွေးအထီးတကောင်မှ ကျန်အထီးတစ်ကောင်ကို ပြောလိုက်သည်မှာ.....
" ဟေ့ကောင်....မင်းပုတီးစိပ်တာ ရပ်လိုက်တော့ကွာ .....နားညည်းတယ်ဟ။ ခုငါတို့ဘုရားရှစ်ခိုး ၊ပုတီးစိပ်ပီး ဆုတောင်း နေတာ ခုပြည့်ပီဟ..."....တဲ့
တိန်
ရီမောပျော်ရွှင်ပါစေ
Lon Ely.....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။