တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတစ်ဦးရှိပါတယ် ။ ထင်းခုတ်သမားဟာ တောထဲကခုတ်လို့ရတဲ့ ထင်းတွေကို ရောင်း ပြီး စားဝတ်နေရေးဖြေရှင်းသလို သူနေဖို့အိမ်ကလေးတစ်လုံးကိုလည်း သပ်သပ်ရပ်ရပ်ကလေးဆောက်လုပ်ခဲ့တယ် ။ အိမ်ကလေးက မကြီးပါဘူး တကယ့်ကို မိုးလုံလေလုံကလေးဖြစ်ပါတယ် ။ ဒီလိုနဲ့တစ်နေ့မှာတော့ သစ်ခုတ်သမားက တောထဲကခုတ်လုပ်ရတဲ့ သစ်ပင်တွေကို ခုတ်ထစ်ပြီး ထင်းတွေအဖြစ် မြို့ထဲသွားရောင်းပါတယ် ။
အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေးမီးလောင်နေတာတွေ့လိုက်ရ တယ် ။ လူတွေက ၀ိုင်းပြီးမီးငြှိမ်းပေးခဲ့ပေမယ့် မီးတောက်တွေက အိမ်တစ်လုံးလုံးကို ၀ါးမြိုပစ်ခဲ့ပါတယ် ။ ထင်းခုတ်သမားက အလွန်ဝမ်းနည်းသွားပြီး ငေးပဲကြည့်နေခဲံရတယ် ။ မီးတွေအကုန်လောင်သွားပြီးတော့အိမ်တစ်လုံးလုံးပြာတွေအဖြစ်ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲတိုးဝင်ပြီး တစုံတရာကို အသည်းအသန်လိုက်ရှာနေခဲ့တယ် ။ လူတွေက သူစုစောင်းထားတဲ့အဖိုးတန်ပစ္စည်း တစ်ခု ပျောက်လို့ရှာနေတယ်လို့ပဲတွေးနေ မိကြတယ် ။
အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ၀မ်းသာအားရအော်လိုက်တယ် ။ " တွေ့ပြီ . .တွေ့ပြီ " ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လ...ို့ပြာပုံထဲကပြန်ထွက်လာတယ် ။ ပြီးတော့ သူက လူတွေဖက်ကိုလှည့်ပြီးပြောလိုက်တ ယ် ။
" ဒီပုဆိန်တစ်လက်သာရှိမယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့အိမ်ကြီးတစ်လုံး ကျွန်တော်ပြန်ဆောက်နိုင်ပါတယ် " လို့ ၀မ်းသာအားရပြောလိုက်ပါတယ် ။
------------------------------ ------------------------------ --
ဘ၀မှာ လူတိုင်းဟာ အကြိမ်ကြိမ်လဲကျပြိုလဲဖူးကြမှာပါပဲ ။ တကယ်တော့ လဲကျတယ် ပြိုလဲသွားတယ်ဆိုတာ ရှက်စရာမဟုတ်သလို စိတ်ပျက်အားငယ်စရာလည်းမဟုတ်ဘူး ။ ပြန်မထနိုင်တော့တာ ပြန်ထဖို့မတွေးတော့တာကသာ ရှက်စရာပါ ။ ကိုယ့်ဟာ အရာရာကိုလုပ်နိုင်ပါတယ် ။ အနည်းဆုံး ကိုယ့်မှာ တွေးတောလုပ်ကိုင်တတ်တဲ့အသိဥာဏ်ရှိတယ် ။ အဲဒီအသိဥာဏ်နဲ့ တဖန်ပြန်လည်စတင်နိုင်ပါတယ် ။ ဘာကို စိတ်ပျက်နေမှာလဲ ။
သက်တန့်ချို
A Wood Cutter အား ဆီလျှော်သလိုဘာသာပြန်သည် ။
အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေးမီးလောင်နေတာတွေ့လိုက်ရ
အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ၀မ်းသာအားရအော်လိုက်တယ် ။ " တွေ့ပြီ . .တွေ့ပြီ " ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လ...ို့ပြာပုံထဲကပြန်ထွက်လာတယ် ။ ပြီးတော့ သူက လူတွေဖက်ကိုလှည့်ပြီးပြောလိုက်တ
" ဒီပုဆိန်တစ်လက်သာရှိမယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့အိမ်ကြီးတစ်လံ
------------------------------
ဘ၀မှာ လူတိုင်းဟာ အကြိမ်ကြိမ်လဲကျပြိုလဲဖူးကြမှာပ
သက်တန့်ချို
A Wood Cutter အား ဆီလျှော်သလိုဘာသာပြန်သည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။