Nay Ko Ko and Zayar Zy shared Ven Kind Ness's photo.
တို့မြေပေါ်သူတို့ကျူးကာ...
ခြေချလာလည်း.
ဧည့်ဝတ်ကျေရိုး မြန်မာမျိုးမို့....
... အပြုံးနဲ့ပင်ကြည့်ခဲ့သည်.......
ဧည့်ကောင်းဟူသည်..
မကြာပေဘူး..
အချိန်တန်က အိမ်ပြန်ကြမည်....
ကိုယ့်လိုထင်မှား
စိတ်ချသွားသည်....
တို့ဘိုးဘွားများ စိတ်ထားတည်း......။
ထင်သည့်အတိုင်းသာဖြစ်မလာဘဲ
ဧည့်ကောင်းတစ်သိုက်
ထိုအမိုက်တို့မှာ.....
ဟစ်ကြွေးကြပြီ
ဒါ သူ့မြေဟု.... ငါတို့ကိုပါ နှင်တော့မည်.....။
တို့အမျိုးအဆက်ဆက်
ိထိန်းခဲ့သည့်မြေ.....
ဘိုးဘွားအမွေကို..
ဒင်း(သင်း)တို့ အပိုင်စီးတော့မည်...။
သာကီနွယ်ဖွား သခင်များတို့....
အနောက်တစ်လွှား....
ရိုးမနားမှာ.....
ငါတို့သွေးချင်း....
ညီနောင်ရင်းအား...
ထိပါးစော်ကားကြပြီမို့....
ခေါင်းငုံ့မခံ မျိုးရိုးမှန်နဲ့...
ဇာတိမာန်များ နိုးကြားလော့.......။
ဇာနည်ဘုန်းမွှေး....
အောင်ဆန်းသွေးတို့....
အမျိုးဘာသာ...
သာသနာနဲ့ ငါတို့သမိုင်း...
မရိုင်းရအောင်...
သောင်းတိုက်တစ်ခွင်
ကြားအောင်ဟစ်ကြွေး....
`သခင်မျိုးဟေ့..တို့မြန်မာ`
`သခင်မျိုးဟေ့..တို့မြန်မာ`
နိုးကြားတက်ကြွ ....
ထကြလေတော့.....
ထလော့မြန်မာ.....
အို.............မြန်မာတို့....
(မြန်မာ = ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊
ရှမ်း၊ မြန်မာ့မြေရင်း တိုင်းရင်းသားများ..)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။