Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 7, 2013

အရှေ့တောင်အာရှတွင် အမြင့်ဆုံး ခါကာဘိုရာဇီတောင်

Ye Yint Nge and Hlaing Bwa shared ထူးထူးဆန်းဆန်း's photo.
အရှေ့တောင်အာရှတွင် အမြင့်ဆုံး ခါကာဘိုရာဇီတောင်

တည်နေရာ 

ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက ပေပေါင်း ၁၄၅၀၀ ကျော်မြင့် တဲ့ နာဂပုလု (Naga Pulu) ထက် ပေပေါင်း ၃၀၀၀ ကျော် ပိုမြင့်ပါတယ်။ခါကာဘိုရာဇီတောင် သည် ဟိမ၀န္တာတောင် တန်းနှင့်ဆက်စပ်နေပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ)မြင့်ပါသည်။အချို့မှတ်တမ်း မူကွဲများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြပါသည်။
မြောက်လတ္တီတွဒ် ၂၈°၁၈' နှင့် အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' ကြားတွင်ရှိသည်။
သည်တောင်ရှိရာ ဒေသ သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ အစဉ်ဖုံးလွှမ်းနေပါသည်။
တိဗတ်နှင့် မြန်မာ နယ်စပ်လည်းဖြစ်ပါသည်။

 အမည် ၏ အဓိပ္ပာယ် 

ခါခါဘိုရာဇီ သည် တိဗတ်အမည်ဖြစ်ပြီး  ခါဆိုသည်မှာ နှင်းဖြစ်ပြီး ခါဘို မှာ အဖြူဟု သတ်မှတ်သည်။
ခါကာဘိုရာဇီ အမည်သည် ကချင်ပြည်နယ် ရ၀မ်လူမျိုးများ ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံထွက်ခြင်း /ပြောခြင်း ၊ ရာဇီမှာ တောင်ကို ခေါ်သည်။အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရသည်။

စတင်ရောက်ရှိသူများ 

ခါကာဘိုရာဇီတောင် ကို ၁၉၂၃ တွင် အိန္ဒိယမြေတိုင်း အဖွဲ့ အလုပ်သဘောလာရင်း စတင်တွေ့ရှိခဲ့သည်ဟု ဆိုကြသည်။ဒီတောင်ပေါ်သို့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံသား တစ်ဦးသည် လမ်းပြ တိဗတ်လူမျိုးမြန်မာနိုင်ငံသားတစ်ဦး၏ အကူအညီဖြင့် တတ်ရောက်နိုင်ခဲ့သည်။ မှတ်တမ်းအရ ထိုနှစ်ဦးသာ ဖတ်ဖူးပါသည်။ ၁၉၉၆ လောက်ဟုထင်ပါသည်။(ကျွန်တော်ဖတ်ဖူးသာ ကြာပြီဖြစ်သဖြင့် ခုနှစ်လွဲမှားလျှင်ခွင့်လွှတ်ကြပါ)ယနေ့ခေတ် ၂၀၁၃ လောက်တွင် မြန်မာ တောင်တက်အသင်းမှ အဖွဲ့တစ်ဖွဲ့ တောင်ခြေအထိရောက်ခဲ့သည် ဟု ဂျာနယ်တစ်ခုတွင် ဖတ်လိုက်ရပါသည်။
 
ပေါက်ရောက်ရာအပင်များ 

ဒီတောင်ရှိရာ ဒေသ တွင် အသက်ရှည်ဆေးဟု နာမည်ကြီးသော မချစ်ဥ များပေါက်ပါသည်။
ရေခဲတောင်ဒေသတွင် အမြင့်ပေ ၄၀၀၀ ၀န်းကျင်မှစ၍ အပင်ကြီးများ မပေါက်ရောက်နိုင်ပေ။ ကျူဝါးပင်များနှင့် တောင်ပေါ်မြက်ခင်းများ ပေါက်ရောက်လေသည်။ ကျူဝါး မြက်ဂေဟစနစ်သည် ရေခဲလိုင်းကို သတ်မှတ်ပေးသည်။ ယင်းဂေဟစနစ် ကြောင့်လည်း ရေအရင်းအမြစ်ရှိနေသည်။ ကျူဝါးမြက်ဂေဟစနစ်နှင့် အတူ မီတာ ၃၀၀၀ တွင် ၀က်သစ်ချ၊ ထင်းရှူး၊ မေပယ်လ်နှင့် မိုးမခပင်များ ပေါက်ရောက်သေးသည်။ အပြန် အလှန်အကျိုးပြုနေသော ဂေဟစနစ် များပင်ဖြစ်သည်။

လူမျိုးများ

ဒီတောင်ရှိရာဒေသတွင်တိဘတ် ၊ ကချင် ၊ ထလု ၊ ထရုန် လူမျိုးများနေထိုင်ကြပါသည်။
ထရုန်လူမျိုးသည် မျိုးဆက်ပျောက်ကွယ် မတက် ဖြစ်နေသည်။
ယနေ့ အခြေအနေ
ယခု အခါတွင်တော့ သစ်ပင်သစ်တောများ ထုတ်ယူသုံးစွဲမှု၊ ရှားပါးအပင်များ၊ ရေခဲတောင်ဒေသတွင် ပေါက်ရောက် သည့်အပင်များအား ထုတ်ယူသုံးစွဲမှု များလာခြင်းက ဂေဟစနစ်ကို ပျက်စီး လာစေသည်။ ရေခဲလိုင်းများကို မြင့်တက်လာစေသည်။

ယခုအခါ ခါကာဘိုဒေသနှင့် ဖုန်ကန်ရာဇီ တောင်ခြေဒေသတို့၌ ထင်း နှင့် အခြားအသုံးပြုမှု၊ စီးပွားဖြစ် ထုတ်ယူသုံးစွဲလာမှုတို့က ဂေဟစနစ် ကို ပျက်စီးလာစေခဲ့ပြီ။
 
 ကျူဝါးမြက်ဂေဟစနစ်တွေ ပျက်စီးလာတဲ့အတွက် အခုဆိုအပူချိန်တွေ မြင့်တက်လာသည်။ ရေခဲဖုံးဒေသ တွေမှာ ရေခဲတွေအချိန်စော အရည်ပျော်ကျလာသည်။ ရေခဲလိုင်းတွေက လည်း အမြင့်ပေ ၃၅၀၀ ကနေ ၄၀၀၀ လောက်အထိ မြင့်တက်သွားသည်။ အရင်တုန်းက ရေခဲလိုင်းကို အမြင့်ပေ ၇၀၀၀ လောက်မှာစပြီး တွေ့နိုင်ပေမယ့် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်ကစပြီး ရေခဲလိုင်းတွေကို ပေ ၁၀၀၀၀ ကျော် လောက်မှာမှ စတွေ့ရပါတော့သည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..

Credit by : နေခရမ်း
တည်နေရာ

ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ နိုင်ငံ အားလုံးထဲ မှာ အမြင့်ဆုံး တောင် ထိပ်ပဲ ဖြစ်ပါတယ်။ ဒုတိယ အမြင...့်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက ပေပေါင်း ၁၄၅၀၀ ကျော်မြင့် တဲ့ နာဂပုလု (Naga Pulu) ထက် ပေပေါင်း ၃၀၀၀ ကျော် ပိုမြင့်ပါတယ်။ခါကာဘိုရာဇီတောင် သည် ဟိမ၀န္တာတောင် တန်းနှင့်ဆက်စပ်နေပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ)မြင့်ပါသည်။အချို့မှတ်တမ်း မူကွဲများတွင် ၁၉,၃၁၄ ပေ မြင့်သည်ဟု ဆိုကြပါသည်။
မြောက်လတ္တီတွဒ် ၂၈°၁၈' နှင့် အရှေ့လောင်ဂျီတွဒ် ၉၇°၃၂' ကြားတွင်ရှိသည်။
သည်တောင်ရှိရာ ဒေသ သည် တစ်နှစ်ပတ်လုံး ဆီးနှင်းများ အစဉ်ဖုံးလွှမ်းနေပါသည်။
တိဗတ်နှင့် မြန်မာ နယ်စပ်လည်းဖြစ်ပါသည်။

အမည် ၏ အဓိပ္ပာယ်

ခါခါဘိုရာဇီ သည် တိဗတ်အမည်ဖြစ်ပြီး ခါဆိုသည်မှာ နှင်းဖြစ်ပြီး ခါဘို မှာ အဖြူဟု သတ်မှတ်သည်။
ခါကာဘိုရာဇီ အမည်သည် ကချင်ပြည်နယ် ရ၀မ်လူမျိုးများ ၏ စကားဖြစ်ပြီး ခါကာပူ ဆိုသည်မှာ အသံထွက်ခြင်း /ပြောခြင်း ၊ ရာဇီမှာ တောင်ကို ခေါ်သည်။အသံထွက်သောတောင် ဟု အဓိပ္ပာယ်ရသည်။

စတင်ရောက်ရှိသူများ

ခါကာဘိုရာဇီတောင် ကို ၁၉၂၃ တွင် အိန္ဒိယမြေတိုင်း အဖွဲ့ အလုပ်သဘောလာရင်း စတင်တွေ့ရှိခဲ့သည်ဟု ဆိုကြသည်။ဒီတောင်ပေါ်သို့ ယနေ့အချိန်အထိ ဂျပန်နိုင်ငံသား တစ်ဦးသည် လမ်းပြ တိဗတ်လူမျိုးမြန်မာနိုင်ငံသားတစ်ဦး၏ အကူအညီဖြင့် တတ်ရောက်နိုင်ခဲ့သည်။ မှတ်တမ်းအရ ထိုနှစ်ဦးသာ ဖတ်ဖူးပါသည်။ ၁၉၉၆ လောက်ဟုထင်ပါသည်။(ကျွန်တော်ဖတ်ဖူးသာ ကြာပြီဖြစ်သဖြင့် ခုနှစ်လွဲမှားလျှင်ခွင့်လွှတ်ကြပါ)ယနေ့ခေတ် ၂၀၁၃ လောက်တွင် မြန်မာ တောင်တက်အသင်းမှ အဖွဲ့တစ်ဖွဲ့ တောင်ခြေအထိရောက်ခဲ့သည် ဟု ဂျာနယ်တစ်ခုတွင် ဖတ်လိုက်ရပါသည်။

ပေါက်ရောက်ရာအပင်များ

ဒီတောင်ရှိရာ ဒေသ တွင် အသက်ရှည်ဆေးဟု နာမည်ကြီးသော မချစ်ဥ များပေါက်ပါသည်။
ရေခဲတောင်ဒေသတွင် အမြင့်ပေ ၄၀၀၀ ၀န်းကျင်မှစ၍ အပင်ကြီးများ မပေါက်ရောက်နိုင်ပေ။ ကျူဝါးပင်များနှင့် တောင်ပေါ်မြက်ခင်းများ ပေါက်ရောက်လေသည်။ ကျူဝါး မြက်ဂေဟစနစ်သည် ရေခဲလိုင်းကို သတ်မှတ်ပေးသည်။ ယင်းဂေဟစနစ် ကြောင့်လည်း ရေအရင်းအမြစ်ရှိနေသည်။ ကျူဝါးမြက်ဂေဟစနစ်နှင့် အတူ မီတာ ၃၀၀၀ တွင် ၀က်သစ်ချ၊ ထင်းရှူး၊ မေပယ်လ်နှင့် မိုးမခပင်များ ပေါက်ရောက်သေးသည်။ အပြန် အလှန်အကျိုးပြုနေသော ဂေဟစနစ် များပင်ဖြစ်သည်။

လူမျိုးများ

ဒီတောင်ရှိရာဒေသတွင်တိဘတ် ၊ ကချင် ၊ ထလု ၊ ထရုန် လူမျိုးများနေထိုင်ကြပါသည်။
ထရုန်လူမျိုးသည် မျိုးဆက်ပျောက်ကွယ် မတက် ဖြစ်နေသည်။
ယနေ့ အခြေအနေ
ယခု အခါတွင်တော့ သစ်ပင်သစ်တောများ ထုတ်ယူသုံးစွဲမှု၊ ရှားပါးအပင်များ၊ ရေခဲတောင်ဒေသတွင် ပေါက်ရောက် သည့်အပင်များအား ထုတ်ယူသုံးစွဲမှု များလာခြင်းက ဂေဟစနစ်ကို ပျက်စီး လာစေသည်။ ရေခဲလိုင်းများကို မြင့်တက်လာစေသည်။

ယခုအခါ ခါကာဘိုဒေသနှင့် ဖုန်ကန်ရာဇီ တောင်ခြေဒေသတို့၌ ထင်း နှင့် အခြားအသုံးပြုမှု၊ စီးပွားဖြစ် ထုတ်ယူသုံးစွဲလာမှုတို့က ဂေဟစနစ် ကို ပျက်စီးလာစေခဲ့ပြီ။

ကျူဝါးမြက်ဂေဟစနစ်တွေ ပျက်စီးလာတဲ့အတွက် အခုဆိုအပူချိန်တွေ မြင့်တက်လာသည်။ ရေခဲဖုံးဒေသ တွေမှာ ရေခဲတွေအချိန်စော အရည်ပျော်ကျလာသည်။ ရေခဲလိုင်းတွေက လည်း အမြင့်ပေ ၃၅၀၀ ကနေ ၄၀၀၀ လောက်အထိ မြင့်တက်သွားသည်။ အရင်တုန်းက ရေခဲလိုင်းကို အမြင့်ပေ ၇၀၀၀ လောက်မှာစပြီး တွေ့နိုင်ပေမယ့် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်ကစပြီး ရေခဲလိုင်းတွေကို ပေ ၁၀၀၀၀ ကျော် လောက်မှာမှ စတွေ့ရပါတော့သည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ..

Credit by : နေခရမ်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။