အမှန်တရားကို ချေမှုန်း
စုံလုံးကန်းအောင် အလုပ်ခံရတဲ့အခါ
မင်းရဲ့ ကာရန်တွေက
ဒို့ရင်ထဲက အသံတွေ ဖြစ်လာတယ်။
ကဗျာဆရာနဲ့ တွေ့ဆုံခြင်း ... တင်မိုး
မင်းက ဘယ်သူလဲ
ကဗျာဆရာပါ။
အေး ... ကဗျာဆရာဆိုရင်
ငါက အလိုလို ကြည်ညိုပြီးသားပါ ...
လောကရဲ့ လျှို့ဝှက်ချက် အလှကို
သြဇဂုဏ် မြောက်မြောက်နဲ့
အံ့လောက်ဖွယ် ဖွဲ့တတ်သူမို့
ငါ ကြည်ဖြူပါတယ် ...။
အမှန်တရားကို ချေမှုန်း
စုံလုံးကန်းအောင် အလုပ်ခံရတဲ့အခါ
မင်းရဲ့ ကာရန်တွေက
ဒို့ရင်ထဲက အသံတွေ ဖြစ်လာတယ်။
နှလုံးသားရဲ့
အရိုးသား အဖြူစင်ဆုံး ဘာသာစကားမို့
လှည့်ဖြားမှုကင်း
စဉ်းလဲမှုမပါ မာယာထောင်ချောက်မဟုတ်
အပုပ်အသိုးနံ့ မရှိ
ပက်ကျိလို ကျောရိုး မမဲ့
တကယ့်ကွန့်မြူးချက် အစစ် ဖြစ်ပါတယ်။
ဘာသာစကားရဲ့ ဣနြေ္ဒ
အသရေ ထွန်းတောက်စေတဲ့
ဂုဏ်မြောက်တဲ့ ကဗျာ
ငါ သိပါတယ်။
ဘာသာစကား မီးကျိုးမောင်းပျက်
ပဉ္စလက်မှော် တန်ခိုးနဲ့မို့
အရိုးခံပျောက်
သူခိုးဥာဏ် ပေါက်ပြီး
ကျီးမရောက် ကြက်မမြောက်
အောက်ကလိအာ နိမိတ်ပုံတွေနဲ့
တုန်လှုပ်စရာ ဂုဏ်လုပ်ကဗျာကို
ရွှေထုပ်တဲ့ မြပ၀ါ မလုပ်ပါဘူး။
ကဗျာဟာ
လူတကာ ရင်ထဲမှာ
ထင်စွဲနေတဲ့ ပဲ့တင်သံ
ကာရန်တွေ အတောင်ပေါက်ပြီး
ဟိုရောက် သည်ရောက် မပျံ
အမှန်တရားရဲ့ လေးစားဖွယ် မန္တာန်
ဥုံ မခံဘဲ ဂုဏ်လျှံတဲ့ တေးသံ
အေး ... ကဗျာဟာ သစ္စာကြေးမုံ မှန်။ ။
တင်မိုး
၎၊ ၇၊ ၁၉၉၉
တနင်္ဂနွေနေ့၊ နံနက်ခင်း
မင်းက ဘယ်သူလဲ
ကဗျာဆရာပါ။
အေး ... ကဗျာဆရာဆိုရင်
ငါက အလိုလို ကြည်ညိုပြီးသားပါ ...
လောကရဲ့ လျှို့ဝှက်ချက် အလှကို
သြဇဂုဏ် မြောက်မြောက်နဲ့
အံ့လောက်ဖွယ် ဖွဲ့တတ်သူမို့
ငါ ကြည်ဖြူပါတယ် ...။
အမှန်တရားကို ချေမှုန်း
စုံလုံးကန်းအောင် အလုပ်ခံရတဲ့အခါ
မင်းရဲ့ ကာရန်တွေက
ဒို့ရင်ထဲက အသံတွေ ဖြစ်လာတယ်။
နှလုံးသားရဲ့
အရိုးသား အဖြူစင်ဆုံး ဘာသာစကားမို့
လှည့်ဖြားမှုကင်း
စဉ်းလဲမှုမပါ မာယာထောင်ချောက်မဟုတ်
အပုပ်အသိုးနံ့ မရှိ
ပက်ကျိလို ကျောရိုး မမဲ့
တကယ့်ကွန့်မြူးချက် အစစ် ဖြစ်ပါတယ်။
ဘာသာစကားရဲ့ ဣနြေ္ဒ
အသရေ ထွန်းတောက်စေတဲ့
ဂုဏ်မြောက်တဲ့ ကဗျာ
ငါ သိပါတယ်။
ဘာသာစကား မီးကျိုးမောင်းပျက်
ပဉ္စလက်မှော် တန်ခိုးနဲ့မို့
အရိုးခံပျောက်
သူခိုးဥာဏ် ပေါက်ပြီး
ကျီးမရောက် ကြက်မမြောက်
အောက်ကလိအာ နိမိတ်ပုံတွေနဲ့
တုန်လှုပ်စရာ ဂုဏ်လုပ်ကဗျာကို
ရွှေထုပ်တဲ့ မြပ၀ါ မလုပ်ပါဘူး။
ကဗျာဟာ
လူတကာ ရင်ထဲမှာ
ထင်စွဲနေတဲ့ ပဲ့တင်သံ
ကာရန်တွေ အတောင်ပေါက်ပြီး
ဟိုရောက် သည်ရောက် မပျံ
အမှန်တရားရဲ့ လေးစားဖွယ် မန္တာန်
ဥုံ မခံဘဲ ဂုဏ်လျှံတဲ့ တေးသံ
အေး ... ကဗျာဟာ သစ္စာကြေးမုံ မှန်။ ။
တင်မိုး
၎၊ ၇၊ ၁၉၉၉
တနင်္ဂနွေနေ့၊ နံနက်ခင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။