ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် shared Mg Mandalay's photo.
ဗီတာမင်စီ ဆေးပြားများရေရှည်သောက်သုံးပါက ကျောက်ကပ်အတွင်း ကျောက်တည်မှုဖြစ်ပွားနိုင် …….
ဗီတာမင်စီ ဆေးပြားများကို ရေရှည်သောက်သုံးပါက ကျောက်ကပ်အတွင်း၌ ကျောက်တည်မ...ှု ဖြစ်ပွားနိုင်ကြောင်းသိရသည် ။
ဆွီဒင်နိုင်ငံ ကာရိုလင်စကာ တက္ကသိုလ်မှ သုတေသီတစ်စုသည် အဆိုပါဆေးပြားများ၏ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ ၁၁ နှစ်ခန့်  သုတေသနပြု့ လေ့လာရာမှ ယင်းကဲ့သို့ တွေ့ ရှိခဲ့ခြင်းဖြစ်သည် ။
အစာစားပြီးချိန်တွင် ဖြည့်တင်းအာဟာရအဖြစ် ဗီတာမင်စီ ဆေးပြားများကို သောက်သုံးသူများနှင့် မသောက်သုံးသူများကို အုပ်စုခွဲ၍ လေ့လာခဲ့ရာမှ အန္တရာယ်ကြီးသော ဘေးထွက်ဆိုကျိုးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကာရိုလင်စကာ တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ အက်ဂနေတာအဆက်ဆန်က ထုတ်ဖော်ပြောကြားသည် ။
အဆိုပါ ဆေးပြားများအစား ဗီတာမင်စီကြွယ်ဝသော အစာများကို ဖြည့်စွက်မှီဝဲသင့်ကြောင်း သိရသည် ။ News

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။