Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 6, 2013

“စာဖတ်ခြင်းအနုပညာ-၂-”


 ဝေ(စီးပွားရေးတက္ကသိုလ်)
စာဖတ်ခြင်းဆိုတာကို ဆွေးနွေးရရင်တော့ စာဖတ်တဲ့နေရာမှာ
စာဖတ်သူသုံးမျိုးရှိတယ်လို့ ဆရာကြီးဦးရွှေအောင်ပြောတာ ကျွန်မမှတ်သားဖူးပါတယ်။

အဲဒါတွေကတော့ စာကိုရှေ့ကဖတ်တဲ့သူ၊ စာကိုယှဉ်ပြီးဖတ်တဲ့သူနဲ့ စာကိုနောက်ကဖတ်တဲ့သူဆိုပြီး သုံးမျိုးပါ။

စာကိုနောက်ကဖတ်တဲ့သူဆိုတာက စာကိုဖတ်ရုံဖတ်ပြီး အပေါ့ဆုံးခံစားချက်နဲ့ဖတ်သူပေါ့။ ယှဉ်ပြီးဖတ်သူဆိုကတော့ စာရေးသူပေးချင်တဲ့ မက်ဆေ့ခ်ျကိုမြင်အောင်ရှာနိုင်တဲ့သူပါ။ စာကိုရှေ့ကဖတ်တဲ့သူကျတော့ စာရေးသူပေးချင်တဲ့ မက်ဆေ့ခ်ျကိုမြင်ရုံတင်မကဘဲနဲ့ သူက ဒီ့ထက်ကျော်ပြီး တွေးတတ်တဲ့၊ ဖြည့်စွက်ပြီးစဉ်းစားနိုင်တဲ့သူမျိုးပါ။




အဲဒီထဲမှာ ပထမတန်းစား စာဖတ်သူဖြစ်လာဖို့ဆိုတာကတော့ အသက်အရွယ်အပိုင်းအခြားလိုက် စာမျိုးစုံကိုဖတ်လာပြီးတော့ တဖြေးဖြေးနဲ့ စာဖတ်သက်ရလာတဲ့အခါ၊ စာဖတ်နာလာတဲ့အခါမျိုးကျမှသာ သူ့အလိုလို စဉ်းစားတွေးခေါ်အားတွေ တိုးတက်လာမယ်လို့ထင်ပါတယ်။ ငယ်ငယ်ကတည်းက စာဖတ်တဲ့အလေ့အကျင့်ကို ပျိုးထောင်နိုင်ခဲ့ရင်တော့ ပထမတန်းစားစာဖတ်သူဖြစ်လာဖို့ ပိုနီးစပ်တာပေါ့နော်။

ကျွန်မတို့ငယ်ငယ်တုန်းကတော့ တခြားဖျော်ဖြေရေးတွေပဲ နည်းလို့လားမသိဘူး။ နွေကျောင်းပိတ်ပြီဆိုတာနဲ့ စာအုပ်အငှားဆိုင်ကို အပြေးအလွှားသွား၊ စာအုပ်တွေတပွေ့တပိုက်ကြီးငှားလာပြီးရင် အဲဒီစာအုပ်တွေကို ခေါင်းအုံးလုပ်အိပ်ပြီးတစ်နေကုန်ဇိမ်နဲ့ နှပ်ပြီး ဖတ်တော့တာ။ ပထမဆုံး ကျွန်မဖတ်ရတဲ့ကာတွန်းက ကျွန်မမှတ်မိသလောက်ဆိုရင်တော့ တက္ကသိုလ်မင်းလွင်တို့လို ဓားသိုင်းကာတွန်းတွေပါ။ ကျွန်မကလေးဘ၀တစ်လျှောက်လုံး အချစ်ကာတွန်းတွေ လုံးဝမဖတ်ခဲ့ရပါဘူး။ ဘာလို့လဲဆိုတော့ စာအုပ်ဆိုင်ကိုလိုက်ပို့ရင် ဖေဖေက သိုင်းကာတွန်းတွေချည်းပဲ ရွေးပေးတာကိုး။
သူ့သမီးကို အချစ်အကြောင်း မသိစေချင်သေးတဲ့ သဘော..။

နောက်ပြီးတော့ ကျွန်မတို့ခေတ်တုန်းကဆိုရင် အပတ်စဉ်ထုတ်တဲ့ ရွှေသွေးတို့၊ တေဇတို့၊ မိုးသောက်ပန်းတို့ ဆိုတာကလည်း ကလေးတွေ သိတ်ကိုစွဲလန်းခဲ့ရတဲ့ စာစောင်တွေပါ။ အဲဒီမှာပါတဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ဆိုရင် ဘာသာရေးအသိဥာဏ်တွေ ရစေတာပေါ့။ နောက် လွတ်လပ်ရေးနေ့ အထူးထုတ်တွေမှာပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းတွေကိုဖတ်ရတော့လည်း ဗိုလ်ချုပ်ရဲ့လေးစားအတုယူစရာကောင်းတဲ့ စိတ်ဓါတ်ကို အားကျလာတာပေါ့နော်။ နောက်တစ်ခါ ပြည်ထောင်စုနေ့ဆိုရင်လည်း တိုင်းရင်းသားအကြောင်းလေးတွေ ထည့်ရေးပေးတတ်တော့ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရမယ်။ ချစ်ခင်လေးစားရမယ် ဆိုတာတွေပါ သိလာရတာပေါ့။

ဒီလိုနဲ့ ဆယ်ကျော်သက်အရွယ်လောက် ရောက်လာတဲ့အခါမှာ ကျွန်မမိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ ကချင်ပြည်နယ်ကို ပြောင်းရွှေ့ရပါတယ်။ ကျွန်မတို့တွေလည်း လိုက်သွားရတဲ့အခါကြတော့ အဲဒီမြို့လေးမှာက လမ်းပန်းဆယ်သွယ်ရေး ခက်ခဲပြီး အရမ်းလည်းခေါင်တယ်။ ရွှေသွေးတွေ တေဇတွေမပြောနဲ့ ပုံပြင်စာအုပ်တောင် ၀ယ်ဖတ်လို့ မရတော့ဘူး။ စာအုပ်အငှားဆိုင်ဆိုတာလည်း မရှိဘူး။ အဲဒီမှာ စာကြည့်တိုက်လေးတစ်ခုတော့ရှိပေမဲ့ လူကြီးဖတ်တဲ့ စာအုပ်ကြီးတွေပဲ ရှိတာပေါ့နော်။ ကျွန်မက အဲဒီတုန်းက လေးတန်းကျောင်းသူဆိုတော့ လက်လှမ်းမမီဘူးဖြစ်နေတာ။ ဒါပေမဲ့ စာမဖတ်ရတာ သိတ်ကြာလာတဲ့အခါ စာကလည်းသိတ်ငတ်လာတော့ လူကြီးဝတ္ထုတွေကို မမီမကမ်း ဖတ်ရတော့တာပဲ။ အဲဒီမှာ မှတ်မှတ်ရရ ဆရာသိန်းဖေမြင့်ရဲ့ ဧဏ္ဏ၀ါခရီးသည်နှင့် ပုလဲဒေ၀ီဝတ္ထုကို စဖတ်ဖူးတာပါ။ အဲဒီအချိန်က ငယ်သေးတော့ စာရေးဆရာပေးချင်တဲ့ မက်ဆေ့ခ်ျကို အပြည့်အ၀တော့ မရခဲ့ပါဘူး။ ဒါဟာ ဖတ်ရုံသာဖတ်နိုင်တဲ့ တတိယတန်းစား စာဖတ်သူအဆင့်ပေါ့နော်။ ဒါပေမဲ့ ဘာပဲပြောပြော ရသစာပေကိုတော့ စပြီး မြည်းစမ်းဖူးသွားပါတယ်။

အဲဒီမှာ တစ်ခုထူးဆန်းတာက အရွယ်နဲ့လိုက်ဖက်တဲ့စာ ဖတ်စရာများများမရှိတဲ့အခါမှာ စိတ်ကသိတ်ဆာလာတော့ ကျွန်မက ကိုယ့်ဖာသာအတွေးနယ်ချဲ့တော့တာပေါ့။ အရင်ဖတ်ဖူးထားတဲ့ ကာတွန်းတွေ၊ စာစောင်တွေကနေ ဆင့်ပွားပြီး ကိုယ့်ဖာသာ ဇာတ်လမ်းတွေ စိတ်ကူးယဉ်လာတာ...။ ကိုယ့်စိတ်ကူးယဉ်ဇာတ်ထဲမှာ ကိုယ်က မိန်းမလူစွမ်းကောင်းသိုင်းသမား ဖြစ်ရင်ဖြစ်နေတာ...။ ဘာလို့လဲဆိုတော့ ကျွန်မက သိုင်းကာတွန်းတွေချည်း အဖတ်များတာကိုး။ အဲဒီတော့ ကိုယ်က မကောင်းသူတွေကို တိုက်ခိုက်၊ ကောင်းသူတွေကို ကယ်တင် အဲလိုမျိုးဇာတ်တွေ တွေးတယ်။ စာနဲ့ချရေးရကောင်းမှန်း မသိသေးတော့ ကျွန်မက မောင်လေးကို ပုံပြင်အသစ်ဆိုပြီး အဲဒီဇာတ်တွေပြောပြောပြတာပေါ့။ သူကလည်း အဲဒီမှာ အနေကြာတော့ ပုံအသစ်တွေငတ်နေပြီလေ။ ကျွန်မပြောတဲ့ပုံတွေကို သူကလည်း သိတ်ကြိုက်တာ။ ဒါပေမဲ့ သူက ပုံပြောပြီးလို့ရှိရင် အဲဒါ ဘယ်သူ့ပုံပြင်လဲ.. ဆိုပြီးမေးတတ်တယ်။ ဒီတော့ ကျွန်မကလည်း ကိုယ်ပိုင်ပုံပြင်၊ ကိုယ်တိုင်စိတ်ကူးယဉ်ထားတာ..လို့ပြောရင် သူကအံ့သြနေရော၊ မယုံသလိုမျိုးပေါ့လေ။

ဒါကတော့ စာဖတ်ခြင်းကနေ ရလာတဲ့ အနုပညာနောက်ဆက်တွဲလေးတွေလို့ ကျွန်မထင်ပါတယ်ရှင်။

+++++++++

ဝေ(စီးပွားရေးတက္ကသိုလ်)
( တကယ်တမ်းဆွေးနွေးတဲ့အခါမှာ စကားပြောသလိုပြောရတာမို့
စကားပြောနဲ့ရေးထားတာပါ... )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။