Panasonic ကို တည်ထောင်သူ Matsushita (မတ်ဆုရှိတ)
Panasonic ကို အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးကိုရောင်းချပေးနေတဲ့ Company တစ်ခု အဖြစ် မသိတဲ့လူ မရှိလောက်ပါဘူး။ အီလက်ထရောနစ်ပစ္စည်းမျိုးစုံ ကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Panasonic Company ဟာ မြန်မာနိုင်ငံတွင်သာမကပဲ တစ်ကမ္ဘာလုံးက သိကြတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ် ။ ဒါပေမဲ့ Panasonic ကို တည်ထောင်ခဲ့တဲ့ တည်ထောင်သူရဲ့ အကြောင်းကို သိတဲ့လူ နည်းကြပါလိမ့်မယ်။
ဒါကြောင့် Panasonic Company ကိုတည်ထောင်ခဲ့တဲ့ တည်ထောင်သူ Matsushita
(မတ်ဆုရှိတ) အကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်။ မတ်ဆုရှိတဟာ
ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးသော အီလက်ထရောနစ် Company ကြီးဖြစ်တဲ့
Panasonic ကို တည်ထောင်ခဲ့သူဖြစ်ပြီး သူ့ကို ဂျပန်လူမျိုးအများစုကတော့
စီမံခန့်ခွဲရေး ဘုရားသခင်လို့ ခေါ်ဆိုသတ်မှတ်ထားကြပါတယ်။
Matsushita (မတ်ဆုရှိတ) ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ၁၈၉၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီးသူစတင်မွေးဖွားချိန်မှာတော့
သူ့အဖေဟာ Wasa အမည်ရှိတဲ့ ကျေးရွာလေးမှာ ပိုက်ဆံရှိတဲ့
လယ်သမားတစ်ဦးဖြစ်ပါတယ်။ Wasa ကျေးရွာလေးဟာ ယနေ့ခေတ် ဝါခါရာမ ရဲ့
အစိတ်အပိုင်းတစ်ခုဖြစ်ပါတ ယ်။
Matsushita (မတ်ဆုရှိတ) မွေးဖွားပြီးသိပ်မကြာခင် အချိန်မှာပဲ သူ့အဖေဟာ
ရင်းနှီးမြှပ်နှံမှု အချို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့
အဲ့ဒီရင်းနှီးမြှပ်နှံမှုမှာ
Matsushita (မတ်ဆုရှိတ) ရဲ့ အဖေဟာ အရှုံးပေါ်သွားခဲ့ပါတယ်။ ၁၈၉၉
ခုနှစ်မှာတော့ သူတို့မိသားစုဟာ အဖိုးတန်ပစ္စည်းမှန်သမျှ
ပြန်ရောင်းလိုက်ရတဲ့ အခြေအနေအထိရောက်အောင် စီးပွားရေး
ပျက်ကပ်ဆိုက်သွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လက်ထဲမှာ ဘာမှ မရှိတော့တဲ့ Matsushita (မတ်ဆုရှိတ)
တို့မိသားစုဟာ အခြားနယ်တစ်နယ်ကို ပြောင်းရွှေ့ဖို့
တွန်းအားပေးခံခဲ့ရပါတယ်။ သူတို့ပြောင်းရွှေ့ ခဲ့တဲ့ နယ်ဟာလည်း
ကျန်းမာရေးအခြေအနေ ဆိုးဝါးလှတဲ့ မြို့နယ်လေးဖြစ်ပြီး အစားအသောက်၊
အဝတ်အထည်၊ ဆေးဝါး ထောက်ပံ့မှု အရမ်းနည်းတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။
Matsushita (မတ်ဆုရှိတ) ဟာ အသက်ကိုးနှစ်အရွယ်မှာ သူ့ရဲ့ ပညာရေး
အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ မွေးချင်း မောင်နှမ သုံးယောက်ဟာလည်း
အဆိုပါမြို့လေးမှာ ကျရောက်တဲ့ ရောဂါကြောင့် သေဆုံးသွားခဲ့ကြပါတယ်။
များမကြာမီ အချိန်မှာပဲ Matsushita (မတ်ဆုရှိတ) ဟာ ကျောင်းက ထွက်လိုက်ပြီး Osaka ပြည်နယ်မှာရှိတဲ့ Hibachi စတိုးဆိုင်မှာ အလုပ်သင်ဘဝနဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့ပါ တယ်။
တစ်နှစ်တောင် မကြာတဲ့ အချိန်ကာလအထိ Hibachi စတိုးဆိုင်မှာ
လုပ်ကိုင်နေစဉ်မှာပဲ စတိုးဆိုင်ဟာ အရှုံးပြပြီး ပိတ်သိမ်းလိုက်ရပါတယ်။
ဒီတော့ Matsushita (မတ်ဆုရှိတ) အတွက်ပိုက်ဆံ ရမဲ့ နောက်အလုပ်တစ်ခုကို
လုပ်ကိုင်ရမဲ့ အခြေနေကိုရောက်ရပါတော့တယ်။
ဒီလိုနဲ့ပဲ နောက်ထပ် အလုပ်တစ်ခုဖြစ်တဲ့ Osaka Electric Light Company
မှာ အလုပ်လျှောက်ခဲ့ပြီး အလုပ်ရခဲ့ပါတယ်။ နောက်နှစ်အနည်းကြာတဲ့အထိ
Matsushita (မတ်ဆုရှိတ) ဟာ Osaka Electirc Light Company မှာ
အလုပ်လုပ်ကိုင်ခဲ့ပြီး ရာထူးတွေလည်း အကြိမ်ကြိမ်တိုးမြှင့်ခံခဲ့ ရပါတယ်။
ထိုအချိန်အတွင်းမှာပဲ Matsushita (မတ်ဆုရှိတ) ဟာ သူ့အစ်မရဲ့
သူငယ်ချင်းဖြစ်သူ Mumeno Lue နဲ့ မိတ်ဆက်ပေးခံခဲ့ရပြီး အဲ့ဒီနောက်မှာတော့
Matsushita (မတ်ဆုရှိတ) ဟာ Mumeno Lue နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။ ဒါကြောင့်
Matsushita (မတ်ဆုရှိတ) ဟာ မိသားစုရဲ့ စားဝတ်နေရေးအတွက် တာဝန်ရှိလာတဲ့
လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်မှာတော့ Matsushita (မတ်ဆုရှိတ) ဟာ Electrical Inspector ဆိုတဲ့ ရာထူးကိုတိုးမြှင့်ခြင်းခံခဲ့ရပါတယ်။
ထိုအချိန်အတွင်းမှာတော့ Matsushita (မတ်ဆုရှိတ) ဟာ
သူ့ရဲ့အားလပ်ချိန်များမှာ ကြိုးစားလေ့လာခဲ့တဲ့ မီးပလပ်ခေါင်းပစ္စည်း
အသစ်တစ်မျိုးအား သူ့ရဲ့ သူဌေးကို ပြောပြဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ သူဌေးက Matsushita (မတ်ဆုရှိတ) ရဲ့ ကြိုးစားမှုကို စိတ်ဝင်စားမှု
နည်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် Matsushita (မတ်ဆုရှိတ) ဟာ Osaka Electric
Light Company မှ အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် Company
လေးတစ်ခုကို 1917 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ငွေအရင်းအနှီးမရှိ၊
သာမန် ပညာအရည်အချင်းနဲ့ ထုတ်လုပ်မှု အတွေ့အကြုံတွေသာ ပိုင်ဆိုင်တဲ့
Matsushita (မတ်ဆုရှိတ) ရဲ့ Company ဟာ အရှုံးပြပါတော့တယ်။ ဒါကြောင့်
Matsushita (မတ်ဆုရှိတ) ဟာ သူ့ရဲ့ ဆင်းရဲသားရပ်ကွက်အတွင်းမှာရှိနေတဲ့
ဆိုင်ရဲ့ မြေအောက်ခန်းလေးထဲမှာ သူ့မိန်းမ၊ သူ့ယောက်ဖ နဲ့
မြောက်များစွာသော သူ့ရဲ့ လက်ထောက် အလုပ်သမားတို့နဲ့ နမူနာ
ထုတ်ကုန်အသစ်များကို ဖန်တီးပြီး သူ့ရဲ့ ထုတ်ကုန်များကို လက်ကား
အရောင်းဆိုင်များသို့ တင်သွင်းကာ ရောင်းချခဲ့ပေမဲ့ သူ့ရဲ့ လုပ်ငန်းက
မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ထုတ်ကုန်အများကြီးကို
လက်မခံပဲ တစ်ခု ချင်းစီကိုသာ လက်ခံလို့ဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူ့ရဲ့ လက်ထောက် အလုပ်သမားတွေက Matsushita (မတ်ဆုရှိတ) ရဲ့ မအောင်မြင်တဲ့ လုပ်ငန်းကို မလုပ်ကြတော့ပဲ သူနဲ့ လမ်းခွဲလိုက်ပါတော့တယ်။ သူ့မှာ ဇနီးသည်နဲ့ သူ့ယောက်ဖ Toshio Lue သာ ရှိပါတော့တယ်။ ထိုအချိန်မှာတော့ သူ့ယောက်ဖ ဖြစ်သူ Toshio Lue ဟာ Matsushita (မတ်ဆုရှိတ) ရဲ့ အရောင်းမန်နေဂျာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဆိုင်လေးဟာ ဒေဝါလီခံရတော့မယ် အချိန်ရောက်လုဆဲဆဲမှာပဲ
သူ့အတွက် အခွင့်ရေး တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒါကတော့
အီလက်ထရောနစ်ပန်ကာအတွက် Insulator plates တစ်ထောင်ကို အော်ဒါ
ရခဲ့ခြင်းပါပဲ။ ဒီလိုနဲ့ပဲ Matsushita (မတ်ဆုရှိတ) ဟာ သူ့ရဲ့
မီးပလပ်ခေါင်းထုတ်လုပ်မှုအ တွက် အသက်ဆက်ခွင့်ရသွားခဲ့ပြီး သူ့ရဲ့ ထုတ်ကုန်ဟာ လက်ကား အရောင်းဆိုင်တွေရဲ့ အော်ဒါအမြောက်အများ မှာယူခြင်းကိုခံခဲ့ရပါတယ်။
ဒါ့အပြင် Matsushita (မတ်ဆုရှိတ) ရဲ့ မီးပလပ်ခေါင်းဟာ ဈေးကွက်ထဲမှာ
ရှိနေတဲ့ အခြား မီးပလပ်ခေါင်းတွေထက် ဈေးသက်သာနေပြီး ဈေးကွက်အတွင်းမှာ
လူသုံးအများဆုံး ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ သူ့ရဲ့ ထုတ်ကုန်အတွက် ရိုးရှင်းတဲ့ နာမည်တစ်ခုကို
ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ “National” ဖြစ်ပါတယ်။ နောက်များမှာတော့ ပိုပြီး
မှတ်သားရလွယ်ကူတဲ့ Panasonic ဆိုတဲ့ နာမည်ကို ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ် ။
Matsushita (မတ်ဆုရှိတ) ရဲ့ လူကြိုက်အများဆုံး ထုတ်ကုန်တစ်ခုကတော့ စက်ဘီးမှာ တပ်ဆင်ရတဲ့ စက်ဘီးမီးဖြစ်ပါတယ်။ ထိုအချိန် 1920 ခုနှစ်အတွင်းက စက်ဘီးတွေရဲ့ မီးဟာ ဖယောင်းတိုင်မီး နဲ့ ရေနံဆီ မီး စတဲ့ မီးတွေနဲ့သာ သွားလာရပါတယ်။ ပြီးတော့ စွမ်းအင် မလုံလောက်တဲ့ အဆိုပါမီးတွေဟာ သုံးနာရီသာ အထွန်းခံပါတယ်။ ဒီအချက်ကို အသုံးချနိုင်သွားတဲ့ Matsushita (မတ်ဆုရှိတ) ဟာ လျှပ်စစ်မီးသီးနဲ့ အချိန်ကြာကြာ အထွန်းခံတဲ့ စက်ဘီးအတွက် မီးသီးကို တီထွင်ပြီး စက်ဘီအရောင်းဆိုင်တွေကို တင်သွင်းခဲ့ပါတယ်။ သူဟာ လက်ကား ရောင်းဆိုင်တွေကိုသာ ရည်ရွယ်ပြီးရောင်းချနေတာဖြစ်တဲ့အတွက်
ဈေးကွက်ထိုးဖောက်အား နည်းနေခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့
Matsushita (မတ်ဆုရှိတ) ဟာ ထုတ်လုပ်မှုပိုင်းကို အာရုံစိုက်မှု
လျှော့ချလိုက်ပြီး ဈေးကွက်ရှာဖွေမှုပိုင်းမှာ ပိုပြီး အာရုံစိုက်ခဲ့ပါတယ်။
သူ့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ ပြောရမလားပဲ သူ့ရဲ့ Panasonic Company ဟာ အရောင်းရော ထုတ်လုပ်ရေးပိုင်းပါ ဟန်ချက်ညီညီတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။
ဒါ့အပြင် ဌာနခွဲ မြောက်မြားစွာကိုလည်း ဖွဲ့စည်းပြီး Compnay ကို
ပုံစံအသစ်နဲ့ ပြန်လည်တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Company ဟာ
ကြီးမားသထက် ကြီးမားလာပြီး ဈေးကွက်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး
ထုတ်ကုန်အမြောက်အများကို လည်းထုတ်လုပ်လာနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ တစ်စစ ကြီးမားလာခဲ့တဲ့ Panasonic Company ဟာ လက်ရှိအချိန်အထိ
ဈေးကွက်အတွင်းမှာ နေရာ တစ်နေရာ ရယူထားတဲ့ အီလက်ထရောက်နစ်
အမှတ်တံဆိပ်တစ်ခုဖြစ်နေပါေ တာ့တယ်။
Ref : Wiki
Credit-Aung Ko Htet (M.D.K)
Panasonic ကို အီလက်ထရောနစ်ပစ္စည်းအမျိုးမျ
Matsushita (မတ်ဆုရှိတ) ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ၁၈၉၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီးသူစတင်မွေးဖ
များမကြာမီ အချိန်မှာပဲ Matsushita (မတ်ဆုရှိတ) ဟာ ကျောင်းက ထွက်လိုက်ပြီး Osaka ပြည်နယ်မှာရှိတဲ့ Hibachi စတိုးဆိုင်မှာ အလုပ်သင်ဘဝနဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့ပါ
အသက် ၂၂ နှစ်အရွယ်မှာတော့ Matsushita (မတ်ဆုရှိတ) ဟာ Electrical Inspector ဆိုတဲ့ ရာထူးကိုတိုးမြှင့်ခြင်းခ
တစ်နေ့မှာတော့ သူ့ရဲ့ လက်ထောက် အလုပ်သမားတွေက Matsushita (မတ်ဆုရှိတ) ရဲ့ မအောင်မြင်တဲ့ လုပ်ငန်းကို မလုပ်ကြတော့ပဲ သူနဲ့ လမ်းခွဲလိုက်ပါတော့တယ်။ သူ့မှာ ဇနီးသည်နဲ့ သူ့ယောက်ဖ Toshio Lue သာ ရှိပါတော့တယ်။ ထိုအချိန်မှာတော့ သူ့ယောက်ဖ ဖြစ်သူ Toshio Lue ဟာ Matsushita (မတ်ဆုရှိတ) ရဲ့ အရောင်းမန်နေဂျာတစ်ယောက်ဖြစ
Matsushita (မတ်ဆုရှိတ) ရဲ့ လူကြိုက်အများဆုံး ထုတ်ကုန်တစ်ခုကတော့ စက်ဘီးမှာ တပ်ဆင်ရတဲ့ စက်ဘီးမီးဖြစ်ပါတယ်။ ထိုအချိန် 1920 ခုနှစ်အတွင်းက စက်ဘီးတွေရဲ့ မီးဟာ ဖယောင်းတိုင်မီး နဲ့ ရေနံဆီ မီး စတဲ့ မီးတွေနဲ့သာ သွားလာရပါတယ်။ ပြီးတော့ စွမ်းအင် မလုံလောက်တဲ့ အဆိုပါမီးတွေဟာ သုံးနာရီသာ အထွန်းခံပါတယ်။ ဒီအချက်ကို အသုံးချနိုင်သွားတဲ့ Matsushita (မတ်ဆုရှိတ) ဟာ လျှပ်စစ်မီးသီးနဲ့ အချိန်ကြာကြာ အထွန်းခံတဲ့ စက်ဘီးအတွက် မီးသီးကို တီထွင်ပြီး စက်ဘီအရောင်းဆိုင်တွေကို တင်သွင်းခဲ့ပါတယ်။ သူဟာ လက်ကား ရောင်းဆိုင်တွေကိုသာ ရည်ရွယ်ပြီးရောင်းချနေတာဖြစ
သူ့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်တယ်လို
Ref : Wiki
Credit-Aung Ko Htet (M.D.K)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။