Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 25, 2016

ကိုယ်ကျိုးရှာသူလူတစုကြောင့် ပိုလောင်ခဲ့ရသော ဈေးမီးများ

ကိုယ်ကျိုးရှာသူလူတစုကြောင့် ပိုလောင်ခဲ့ရသော ဈေးမီးများ
------ ------ ------ ------ ------
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်ဆိုသလိုပဲ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သမိုင်းဝင် အပြောင်းအလဲ တခုဖြစ်တဲ့ ရွေးကောက်ပွဲကြီးပြီးလို့ ၂၀၁၆ နှစ်သစ်ကို စလိုက်တာနဲ့ နိုင်ငံတ၀န်းလောင်လိုက်တဲ့မီး စံချိန်တောင် တင်ပါတယ်။ မီးမလောင်တဲ့နေ့ဆိုတာမရှိလောက်အောင်ကိုဘဲ လောင်နေလိုက်ကြတာ အစိုးရသစ်၊ သမ္မတသစ်နဲ့ နိုင်ငံသစ်ဆီချီတက်ဖို့ အားယူနေတဲ့ ကျွန်တော်တို့နိုင်ငံအတွက်တော့ ဆိုးရွားတဲ့ ထိုးနှက်ချက်တွေပါပဲ။

ဇန်န၀ါရီလ ၁ ရက်ကစပြီးလောင်လိုက်တဲ့မီးဟာ ဖေဖော်ဝါရီလကုန်အထိ ရက်ပေါင်း ၆၀ အတွင်း မီးလောင်မှု အကြိမ်အရေအတွက်ဟာ ၂၃၀ ကျော်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အအုံ ၂၄၀၀ ကျော်နှင့် စက်ရုံ၊ အလုပ်ရုံလေးရုံ၊ ဂိုဒေါင်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ကာ လူပေါင်း ၃၂၀၀ ကျော် မီးဘေးဒုက္ခသည် ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှုအများဆုံးကတော့ ရန် ကုန်မင်္ဂလာဈေးမီးနဲ့ နမ့်ဆန် မီးဘေးပါပဲ။ မင်္ဂလာဈေး မီးဘေးတခုတည်းကို ငွေကျပ် ၃၆ ဘီလီယံကျော် ဆုံးရှုံးမှုရှိခဲ့ပါတယ်။ အာရှတိုက်ရဲ့ အဆင်းရဲ ဆုံးစာရင်းဝင် ကျွန်တော်တို့နိုင်ငံအတွက် ဒီမီးဘေးအန္တရာယ်ဟာ ရေနစ်သူကို ၀ါးကူထိုးဆိုသလို ဖြစ်နေပါ တယ်။

ဒီနေ့ မတ်လ ၂၂ ရက် ညနေပိုင်းမှာ ကျွန်တော်တို့ မန္တလေးမြို့ရဲ့ မင်္ဂလာဈေး မီးလောင်ခဲ့ပါတယ်။ ညနေ ၅ နာရီခွဲလောက်က လောင်ခဲ့တဲ့မီးဟာ ယခုဆောင်းပါးရေးချိန် ၁၀ နာရီထိုးတဲ့အထိ မနိုင်သေးပါဘူး။ အပေါ်ထပ်က စလောင်တဲ့မီးဟာ မြေညီထပ်တွေထိ ကူးစက်ခဲ့ပြီး တဈေးလုံးနီးပါး လောင်ကျွမ်းနေတာ မြင်ရ တာဟာများစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဒီမင်္ဂလာဈေးဟာ မန္တလေးမြို့မှာ ဈေးချို။ ရတနာပုံဈေးပြီးရင် တတိယအကြီးဆုံးဈေး ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ မြို့လယ်ကောင်မှာတည်ရှိပြီး အပေါ်ထပ်တွေမှာ မင်္ဂလာ ခန်းဝင်ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေ၊ လူနေအိမ်တွေရှိပြီး ယခုအချိန် မဟာသင်္ကြန်နီးချိန် ကုန်ပစ္စည်း ကြိုတင်သိုလှောင်ချိန်ဖြစ်နေသဖြင့် ဆုံးရှုံးမှုအတော်များနိုင်ပါတယ်။

၂၀၀၈ ခုနှစ်မှာလည်း မန္တလေးမြို့ရဲ့အဓိကဈေးကြီးဖြစ်တဲ့ ရတနာပုံ ဈေးမီးဘေးသင့်ခဲ့ပါတယ်။ နှစ်ရက်လောက် လောင်ကျွမ်းခဲ့တဲ့ ရတနာပုံဈေးမီးဟာ အချိန်အကြာဆုံးမီးလောင်မှု၊ ဆုံးရှုံးမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ဟာ ရတနာပုံဈေးမီးကြောင့် အတော် လေး အထိနာသွားခဲ့ရပါတယ်။ ရတနာပုံဈေးမီးလောင်လို့ ရုန်းထလို့အရှိန်ရချိန် ရှစ်နှစ်ကြာချိန်မှာ ယခု မင်္ဂလာ ဈေးထပ်မံမီးလောင်မှုကြောင့် အညွန့်ဝေမလို့ဖြစ်နေတဲ့ မန္တလေးစီးပွားရေးလုပ်ငန်းကို အညွန့်ကောက်ချိုး လိုက်သလို ဖြစ်ခဲ့ရပြန်ပါပြီ။

မြန်မာနိုင်ငံ မီးလောင်မှုတွေဖြစ်တဲ့အထဲမှာ ဈေးတွေမီးလောင်တာ မကြာခဏဖြစ်နေပါတယ်။ ဈေးမီး မလောင်တဲ့နှစ်မရှိသလို မလောင်ဘူးတဲ့ မြို့မရှိသလောက်ပါဘဲ။ ဈေးတွေမီးလောင်လွန်းလို့ ပြည်သူတွေကကို သို့လောသို့လော ဖြစ်နေရပါတယ်။ ဈေးတွေပဲ ရွေးပြီးလောင်နေသလို ဖြစ်နေတာကိုး။ ဈေးတွေ မီးလောင်တာဟာ ဆုံးရှုံးမှုအရမ်းများတဲ့အတွက် တိုင်းပြည်အတွက် များစွာနစ်နာရပါတယ်။ စီးပွားရေးအရ ထိခိုက်နစ်နာရသလို ထိုဈေးနဲ့သက်ဆိုင်တဲ့ ၀န်ထမ်းအလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ကုန်ရလို့ လူမှုစီးပွားဒုက္ခ များစွာရောက်ရပါတယ်။

ဈေးမီးလောင်မှုတွေကြည့်ရင်လည်း နည်းနည်းပါးပါးနဲ့ပြီးသွားတယ်ဆိုတာမရှိဘဲ တဈေးလုံး ပြာကျလောင် စရာမရှိတော့မှ ရပ်သွားတာ များပါတယ်။ အဲ့လို ဘာကြောင့်ဖြစ်ရလဲဆိုရင် တရားခံက အဆောက်အအုံ ဆောက်လုပ်ကတည်းက မီးဘေးအန္တရာယ်အတွက် ကြိုတင်ဒီဇိုင်း ဆွဲမဆောက်ခဲ့ဘူး။ မီးလောင်မှုဖြစ်ရင် ၀င်ထွက်နိုင်ဖို့အပေါက်တွေ သေချာလုပ်မထားခဲ့ဘူး။ လုံလောက်တဲ့ မီးသတ်ရေလှောင်ကန်တွေမရှိခဲ့ဘူး။ တကယ်အရေးကြီးသော မီးခိုးငွေ့အာရုံခံကိရိယာ (Smoke Detector) ၊ မီးအန္တရာယ်အချက်ပေးစနစ် (Fire Alarm) အလိုအလျောက် ရေဖျန်းစနစ် (Sprinkler) နဲ့ မီးသတ်ပိုက်ခေါင်း (Hose Reel)တွေကို စနစ်တကျ အပြည့်အစုံ တပ်ဆင်တာမရှိခဲ့လို့ပါဘဲ။ အဖြေက ဒါပါပဲ။

အချိန်အကြာဆုံးလောင်ခဲ့တဲ့ ရတနာပုံဈေးမီးလောင်တုန်းက ကိုယ်တိုင်သွားကြည့်ခဲ့ဖူးပါတယ်။ မီးသတ် သမားတွေဟာ မီးလောင်တဲ့နေရာကိုထိရောက်စွာ မီးငြှိမ်းသတ်နိုင်မှုမရှိဘဲ အပြင်ကနေပဲ ရေပိုက်နဲ့ လှမ်းထိုး ပက်နေတော့ ထိရောက်မှု လုံးဝမရှိခဲ့ပါဘူး။ လောင်စရာကုန်မှပဲ ရပ်သွားပါတယ်။ အကုန်လုံး မီးပုံရှို့နေတာကို ထိုင်ကြည့်နေရသလို ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဈေးတွေမီးလောင်တိုင်း အဲ့လိုတွေပဲဖြစ်နေရပါတယ်။
အစိုးရအနေနဲ့ ဈေးမီးလောင်တိုင်း မီးပေါ့ဆသူကိုပဲအရေးယူခဲ့ပြီး အဓိကတရားခံဖြစ်တဲ့ အဆောက်အအုံ ဆောက်တုန်းက ဥပဒေနဲ့အညီ မဆောက်ခဲ့တဲ့သူတွေကို အရေးယူဆောင်ရွက်မှု လုံးဝမရှိခဲ့ပါဘူး။ အဆောက်အအုံဆောက်ခဲ့တုန်းက လိုအပ်တဲ့ မီးဘေးကာကွယ်ရေးစနစ်တွေ ထည့်သွင်းဆောက်ခဲ့သလား။ ဈေးတာဝန်ခံတွေဟာ မီးဘေးကာကွယ်တားဆီးရေး၊မီးဘေးလုံခြုံရေးအတွက် လုပ်ဆောင်မှု အားနည်းချက်ရှိ၊ မရှိစစ်ဆေးတာတွေ ထိရောက်စွာ အရေးယူမှုတွေလုံးဝမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ဆောက်ထားတဲ့ ဈေးတွေ၊ ပလာဇာတွေ၊ ဟိုတယ်၊ ကွန်ဒို၊ အထပ်မြင့်အဆောက်အအုံတွေမှာ မီးဘေးကာကွယ်ရေးအတွက် ခေတ်မီနည်းစနစ်တွေစတဲ့ အဆောက်အအုံဥပေဒေနဲ့အညီ တည်ဆောက်တဲ့ အဆောက်အအုံဟာ လက်ချိုးရေလို့တောင်ရမယ်ထင်ပါတယ်။ ထိုကဲ့သို့ ကျင့်ဝတ်နဲ့မညီတဲ့ ၀ိသမသမားများကြောင့် ယခုလိုကြီးမားတဲ့ဆုံးရှုံး နစ်နာမှုတွေဖြစ်ရတာပဲ ဖြစ်ပါတယ်။
ရန်ကုန် မင်္ဂလာဈေးမီးလောင်တုန်းက ဈေးအဆောက်အအုံကို စစ်ဆေးတဲ့အခါ စဆောက်တုန်းက ပြောထားတဲ့အတိုင်း မီးငြှိမ်းသတ်တဲ့ စနစ်တွေ ထည့်သွင်းမဆောက်ခဲ့ဘူးလို့ စစ်ဆေးတွေ့ရှိရပါတယ်တဲ့။ ဒါပေမဲ့ မီးစလောင်စေတဲ့ သံပန်းအလုပ်သမားလေးတွေကိုသာ အရေးယူခဲ့ပေမယ့် အဆောက်အအုံဆောက်တုန်းက ပြောထားတဲ့အတိုင်း မီးဘေးကာကွယ်ရေးစနစ်တွေ တိကျစွာ ထည့်သွင်းမဆောက်ခဲ့တဲ့ အင်ဂျင်နီယာတွေ၊ ကန်ထရိုက်တွေ၊ဈေးပိတ်ချိန် ညကြီး အလုပ်လုပ်ခွင့်ပြုခဲ့တဲ့ ဈေးတာဝန်ရှိသူတွေကို အရေးယူမှု တစုံတရာလုံးဝမရှိခဲ့တာ တွေ့ရပါတယ်။ ဘာကြောင့် အရေးယူမှု မလုပ်ခဲ့တာလဲ ဆိုတာကိုတော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်။

ခုလိုလောင်သင့်တဲ့ ပမာဏထက်ပိုမို လောင်ကျွမ်းမှုတွေ၊ ပိုမိုဆုံးရှုံးမှုတွေ ဖြစ်ရတာတွေရဲ့ အဓိကတရားခံဟာ ကျင့်ဝတ်နဲ့မညီတဲ့ အင်ဂျင်နီယာတွေ၊ ၀ိသမလောဘသားကန်ထရိုက်တွေ ခွင့်ပြုပေးခဲ့တဲ့ အဂတိလိုက်စားတဲ့ အစိုးရ၀န်ထမ်းတွေကြောင့် ဖြစ်ရတာပါ။ ထိုသို့ ကိုယ်ကျိုးရှာသူ လူတစုကြောင့် နိုင်ငံနဲ့ပြည်သူတွေ ပိုမိုဆုံးရှုံး နစ်နာခဲ့ရတာပါ။ ထိုသူတွေကို စံပြအဖြစ် ထိရောက်စွာအရေးယူပြသင့်ပါတယ်။ သို့မှာသာ နောက်ထပ်ဆောက်မယ့် အဆောက်အအုံတွေဟာ အဆောက်အအုံဥပဒေနဲ့အညီ တည်ဆောက်ကြမှာ ဖြစ်သလို အကယ်၍ မီး လောင်မှုဖြစ်ပွားခဲ့ရင်လည်း ယခုလိုကြီးမားတဲ့ ဆုံးရှုံးမှုတွေမဖြစ်မှာဘဲ ဖြစ်ပါတယ်။

အစိုးရအနေနဲ့လည်း ခေတ်မီတပ်မတော်ဖြစ်ဖို့ချည်းလုပ်မနေဘဲ ခေတ်မီမီးသတ်ဖြစ်ဖို့လည်း ကြိုးစားသင့်ပါတယ်။ နိုင်ငံရဲ့အနေအထားနဲ့စာရင် မီးသတ်ကား လုံလောက်စွာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့အပတ်က မကွေးမြို့နယ် ညောင်ပင်သာကျေးရွာမီးလောင်မှုမှာ တရွာလုံးနီးပါး မီးဘေးသင့်ခဲ့ပါတယ်။

မီးသတ်ကားမရှိတဲ့အတွက် ကျေးရွာသားတွေဟာ ရေပုံးလေးတွေနဲ့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ငြှိမ်းနေရတာ အလွန်သနားစရာကောင်းလှပါတယ်။ ဂျက်တိုက်လေယာဉ်တစင်းဟာ ခေတ်မီမီးသတ်ကား အစီး ၇၀၀ ၀ယ်ယူလို့ရပါတယ်။ ယခုမင်္ဂလာဈေးမီးလောင်မှုမှာဆိုရင် အထပ်မြင့် မီးငြှိမ်းသတ်တဲ့ကရိန်း မီးငြှိမ်းသတ် စက်တစီးတည်းနဲ့ မနိုင်မနင်းငြှိမ်း နေရတာတွေ့မြင်ရပါတယ်။ ထို့ကြောင့် ခေတ်မီ မီးသတ်ကားတွေ အလုံ လောက် ၀ယ်ယူဖြည့်တင်းသင့်ပါတယ်။ အထပ်မြင့်အဆောက်အအုံတွေ မီးငြှိမ်းသတ်ဖို့၊ တောမီးများ လောင်ကျွမ်းပါက အမြန်ဆုံးငြှိမ်းသတ်နိုင်ဖို့တွေအတွက် မီးသတ်ရဟတ်ယာဉ်များပါ ၀ယ်ယူသင့်ပါတယ်။ ဒါဟာ အင်မတန်လုပ်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း မီးဘေးနဲ့ပတ်သက်ပြီး ဒီထက်ပိုမို အလေးထား ဂရုပြုသင့်ပါတယ်။
ကျွန်တော်တို့တွေဟာ မီးဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အလွန်ပေါ့ဆတာတွေ့ရမှာပါ။ မိတ်ကပ်တဘူးတန်ဖိုး တောင်မရှိတဲ့ မီးသတ်ဆေးဘူးတောင် မ၀ယ်ကြတာတွေတာဟာ ပြည်သူတွေဘက်က လိုအပ်ချက်ဖြစ်ပါတယ်။ တကယ်တမ်းမီးလောင်မှုဖြစ်ရင် အရင်ဆုံး ငြှိမ်းသတ်ရမယ့် မိမိနေအိမ်အဆောက်အအုံတွေ၊ ဈေးတွေမှာ မီးဘေးလုံခြုံရေးအတွက် အစီအမံတွေလုပ်ထားသင့်ပါတယ်။ မီးသတ်ဆိုတာ နောက်ဆုံးအားထားရမယ့် နေရာ ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။

နောက်တခုက မီးလောင်မှုဖြစ်ရင် ပြည်သူတွေဟာ မီးလောင်မှုဖြစ်တဲ့နေရာကို သူ့ထက်ငါအလုအယက် မီးကြည့်သွားခြင်းကို မလုပ်သင့်ပါဘူး။ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေတဲ့ ယနေ့လိုအချိန်မျိုးမှာ မီးကြည့်သွား သူများကြောင့် မီးသတ်ကားတွေ ထိရောက်လျင်မြန်စွာ မီးငြိမ်းသတ်ဖို့အတွက် များစွာအနှောင့်အယှက်ဖြစ်ရသလို ယာဉ်အန္တရာယ်လည်း များပါတယ်။ ညကလောင်ခဲ့တဲ့ မန္တလေးမင်္ဂလာဈေးမီးဘေးမှာ မီးသတ်ကားနဲ့ဆိုင်ကယ်တိုက်မိပြီး တဦးသေဆုံးခဲ့ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ မီးကြည့်သွားတာမလုပ်ခြင်းဖြင့် ကူညီသင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ မန္တလေးသားတွေကို အားပေးစကားပြောချင်တာက ကျွန်တော်တို့မြို့ဟာ ဒုတိယ ကမ္ဘာစစ်ကတည်းက စစ်ဘေးဒဏ်ကြောင့် ပြာပုံဘ၀ကနေ ရုန်းထလာခဲ့ကြတာပါ။ ထိုသို့ ကုန်းထလို အရှိန်ရနေချိန်မှာပဲ ၁၉၇၉၊ ၁၉၈၁ ခု၊ ၁၉၈၄ ခုနှစ်တွေမှာ လောင်ခဲ့တဲ့ မီးကြီးသုံးကြိမ်ကြောင့် ပြာပုံဘ၀ အကြိမ်ကြိမ် ရောက်ခဲ့ရပြန်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ လောင်ကျွမ်းခဲ့တဲ့ နာမည်ကျော်ဦးကျားကြီးမီးဟာ မန္တလေးမြို့တွက် အထိခိုက်အနစ်နာဆုံးပါပဲ။ တမြို့လုံးနီးပါး ပြာပုံဘ၀ရောက်ခဲ့တာပါ။

ဒါပေမဲ့ ကျွန်တော်တို့ မန္တလေးသားတွေရဲ့ မလျှော့သော ဇွဲလုံ့လ သတ္တိတွေနဲ့ စည်းလုံးညီညာစွာ ကြိုးစားမှုတွေကြောင့် ပြာပုံဘ၀ကနေ အကြိမ်ကြိမ် ရုန်းထနိုင်ခဲ့ပါတယ်။ တကယ်တော့ မန္တလေးမြို့ဟာ ပြာပုံ ဘ၀ကနေ အကြိမ်ကြိမ်ရုန်းထနိုင်ခဲ့တဲ့ ဖီးနစ်ငှက်မြို့ပါ။

ယခုမင်္ဂလာဈေးမီးကြောင့် အခိုက်အတန့်တော့ ကျွန်တော်တို့ အခက်အခဲဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားပြီး ပြန်လည်ရုန်းထနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မန္တလေးသား တွေမညံ့ဘူးဆိုတာ သမိုင်းသက်သေရှိပါတယ်။ အမြန်ဆုံး ပြန်လည်ရုန်းထနိုင်လိမ့်မယ်လို့ယုံကြည်လျက် . . . ။

ကျော်ကြီး (MDY)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။