အသုံးဆန်း ( Idiom) လေးများနဲ့ စကားပြောပုံများ (၃)
………………………………………………………………….
.
Call it a day : ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ ရပ်နားမယ်
…
Meaning: to say that a day's work has been completed, to stop the work you are doing.
.
(1) I'm getting tired now - let's call it a day.
ကျနော် အခုမောပန်းနေတယ် ၊ ဒီနေ့အတွက် ဒီလောက်နဲ့ပဲ ဖြတ်လိုက်ကြပါစို့
.
(2) Let's call it a day. I'm too tired to continue working.
ဒီနေ့ အတွက် ဒီလောက်နဲ့ ရပ်လိုက်ကြပါစို့ ၊ ကျနော် အလုပ်ဆက်လုပ်နေဖို့ ပင်ပန်လွန်းနေပါပြီ (ဆက်မလုပ်နိုင်တော့ဘူး)
.
(3) We can't continue working without Mike, so let's call it a day.
ကျနော်တို့က “မိုက်” မပါဘဲ ဆက်မလုပ်နိုင်ဘူး ၊ ဒါကြောင့် ဒီနေ့အတွက် ဒီလောက်နဲ့ ရပ်လိုက်ကြပါစို့
.
(4) Let's call it a day and finish it tomorrow.
ဒီနေ့အတွက် အလုပ်ကို ဖြတ်ပြီး မနက်ဖန် ကျမှ အဲဒါကို အပြီးသတ်ကြပါစို့
.
(5) The boss told John to call it a day and go home.
သူဌေးက ဂျွန်ကို ဒီနေ့အတွက် အလုပ်သိမ်းပြီး အိမ်ကို ပြန်ဖို့ ပြောခဲ့ပါတယ်
..
I also like to call it a day with this lesson.
.
မေတ္တာဖြင့် heart emoticon

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။