ပြောစမှတ်ဆန်းတဲ့ တောဇာတ်လမ်း
Byဂျက်ကွမ်းခြံကုန်း
(တစ်)
ပြောရရင် အဖိတ်ကြားခံရလို့သာ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ ဟန်ကျပန်ကျထိုင်ပြီး တိရစ္ဆာန် ဇာတ်ခုံကြီးရှိရာဆီကို ရှုစားနေရ ဘိလင့်စေကာမူ ကျွန်ုပ်ဂျက်အ နေနဲ့ ရုတ်တရက်ဆိုသလို အဟုတ်ထွက်ပြီး ပြန်လာခဲ့ချင်တာက တော့ အမှန်တကယ်ပဲခင်ဗျ။ တိရစ္ဆာန် ပြည်ဖုံးကားကြီးကို စတင်ကာ မ,စဉ်အခိုက်မှာက တည်းက အဲသသည့်တိရစ္ဆာန် ဇာတ်ခုံကြီးကို ဂျက်က မကြည့်ချင်တော့တာပါ။
ကြုံတောင့်ကြုံခဲ စုံနံ့သာမြိုင် တောကြီးထဲ၌ ခင်းကျင်းပြသအံ့ လတ္တံ့သော ‘‘တောပွဲ’’သို့ ကြွ ရောက်ရှုစားအားပေးတော်မူပါ ရန်တဲ့။ တိရစ္ဆာန်အသီးသီးတို့က မိမိတို့ တတ်စွမ်းရာ အနုပညာများ နဲ့ တင်ဆက်ဖျော်ဖြေသမှုပြုရန် ရည်သန်ထားပါသောကြောင့် အ ဆွေလူသားအနေနှင့် ‘‘တောပွဲ’’ ကို ရှုစားရန် တိရစ္ဆာန်ဇာတ်ခုံရှေ့ မှောက်သို့ လာရောက်စေလိုသည့် အကြောင်းတဲ့ခင်ဗျ။
သွားရတာပေါ့ ညကြီးမိုး ချုပ်။ လုပ်တာက မြက်ခင်းပြင် ကြီးထဲမှာ။ ဇာတ်ခုံနဲ့ ဘာနဲ့။ မီး စက်တွေ ဘာတွေမောင်းလို့။ ဧည့်ပရိသတ် တိရစ္ဆာန်ထုကြီး ထိုင်ကြည့်ဖို့ရာ ချပေးထားတဲ့ သစ်တုံးအတိုကလေးတွေက မြက်ခင်းပြင်တစ်ခုလုံးမှာပြ ည့်လို့။ ဂျက်လို အရေးတကြီးလူတချို့နဲ့ တိရစ္ဆာန် တချို့ကတော့ ရှေ့ဆုံးတန်းမှာ ဦးသျှောင်မြေခွေးတို့အဖွဲ့ နဲ့အတူ တူ ကျွန်းကုလားထိုင်ကြီးတွေ ဘာတွေနဲ့ပေါ့။ စားစရာသောက် စရာတွေတင်ထားတဲ့ စားပွဲခုံတွေ ဘာတွေနဲ့ပေါ့။
အဲသည့် ‘‘တောပွဲ’’ထဲကနေ စပြီး ထိုင်မိတဲ့အချိန်ကစလို့ ရှုစား သူဂျက်ထွက်ပြေးချင်မိတာပါ။
(နှစ်)
ပြောရရင် အော်ပရာအစမှာ ကတည်းက တော်ပါဟလို့ ဂျက် စိတ်ထဲက ရေရွတ်မိလိုက်ခဲ့ပါပြီ။ အော်ပရာနဲ့ နာမည်က ‘‘မြစ်ဘေး က အချစ်တေး’’တဲ့။
ဖျံနှစ်ကောင် ငါးကြင်းကြီး ကို လုနေတဲ့ မြင်ကွင်းကို စပြ သဗျ။ နောက်ခံပိတ်ကားကြီးက လည်း မြစ်ကမ်းနံဘေးရှုခင်းနဲ့ ဘာနဲ့ဆိုတော့ အတော့်ကိုကြည့် ကောင်းပါတယ်။ အဲ.. နောက် တော့ မြေခွေးထွက်လာတဲ့အခန်း။ ဖျံနှစ်ကောင်က ငါးကြင်းကို အ တင်းလု။ နောက်တော့ မြေခွေးကို ခွဲပေးဖို့ တောင်းဆို။ မြေခွေးက ဒိုင်မလုပ်ပါရစေနဲ့လို့ တောင်း ပန်။ ဖျံနှစ်ကောင်က ခွဲတမ်းချပေးဖို့ ဇွတ်အပူကပ်။ အနို့ကြောင့် မြေ ခွေးက မတတ်သာတော့ဘဲ နှစ် ပိုင်းပိုင်းဖို့လုပ်။ ဖျံနှစ်ကောင်က သုံးပိုင်းပိုင်းဖို့ အတင်းတောင်းဆို။ မြေခွေးခမျာ မတတ်သာဘဲ ငါး ကြင်းကို သုံးပိုင်းပိုင်းပေးခဲ့ရ။ ဖျံနှစ်ကောင်တို့ အမြီးပိုင်းကို တစ်ကောင်၊ ခေါင်းပိုင်းကို တစ် ကောင် ကောက်ယူပြီးတဲ့သကာ လ အလယ်ပိုင်းကို မြေခွေးသခင် ယူတော်မူပါလို့ တောင်းဆို။ မြေ ခွေးက ငြင်းဆန်က ထွက်ပြေးဖို့ လုပ်။ ဖျံနှစ်ကောင်က မြေခွေးကို ဝိုင်းညှပ်ကာ မယူရင်မရဘူးဆိုတဲ့ သွင်ပြင်ကို ပြသ။ နောက်ဆုံး ငါး ကြင်းအလယ်ပိုင်းကို စိတ်မပါ လက်မပါနဲ့ မြေခွေးကြီးလက်ခံ လိုက်ရကာ ဖျံနှစ်ကောင်နဲ့ မြေ ခွေးတို့ လက်ချင်းဆက် တွဲပြီးဝိုင်း ပတ်ကခုန်ကြပုံနဲ့ ဘဇာစကား တစ်ခွန်းကိုမှမဆိုဘဲ အကနဲ့ သရုပ်ဖော်သွားတဲ့ အော်ပရာပေါ့။
တိရစ္ဆာန်တချို့ ပွဲခင်းကနေ ထပြန်သွားကြလေသဗျ။ ဂျက် စိတ်ထဲမှာလည်း တစ်မျိုးတော့ တစ်မျိုးပါပဲ။ ဂျက်တို့သိထားတဲ့ ဇာတ်မှာက မြေခွေးက ငါးကြင်း အလယ်ပိုင်းကိုယူပြီး ထွက်ပြေး သမို့ဥစ္စာ။
(သုံး)
ဂျက်စိတ်တွေ တော်တော် ထိန်းမရတာကတော့ ယိမ်းကတဲ့ အချိန်ခင်ဗျ။ ယိမ်းမထွက်ခင်မှာ ပြတဲ့မြင်ကွင်းက ဇာတ်ခုံပေါ်မှာ တိရစ္ဆာန်တွေ ဝရုန်းသုန်းကားနဲ့ တောင်ပြေးမြောက်ပြေး အသက် ကို လုပြေးကြရှာတဲ့ မြင်ကွင်း။ အော်သံနက်နက်ကြီးကို နောက်ခံ ဖွင့်ပေးထားလို့ပေါ့။ မီးကခပ် မှောင်မှောင်ကလေး။ ပြီးတော့မှ တစ်စတစ်စ လင်းလာတဲ့ အလင်း ရောင်အောက်မှာ ယိမ်း။
ကျားရယ်၊ ခြင်္သေ့ရယ်၊ ဝံပု လွေရယ်၊ ကျားသစ်ရယ်၊ မြေခွေး ရယ်၊ ခွေးအရယ်၊ အကုန်လုံး အမကလေးတွေချည်း။ လက်ထဲ မှာ သံလွင်ခက်ကလေးတွေကိုယ် စီကိုင်လို့။ သူတို့ကတဲ့ယိမ်းနာ မည်က ‘‘သံလွင်တစ်ခက် ချိုးငှက်တစ်ရာ’’ဆိုလား။ ညီတယ်ခင်ဗျ။ တော်တော့ကို အချိန်ယူပြီး ဇာတ် တိုက်ထားတဲ့ပုံပါ။
အနို့သော် တိရစ္ဆာန်အများစု ကတော့ ဘဝင်ကျပုံမရပါဘူး။ ပွဲခင်းထဲကနေ ထွက်ထွက်သွား နေကြတာကိုး။
ပြဇာတ်ကတဲ့အချိန်က အဆိုးဆုံး။ ပြဇာတ်နာမည်က ‘‘သောက်သုံးမဝင်တဲ့ နောက်ဆုံး အမြင်’’ဆိုပါသတဲ့။
ခြင်္သေ့တစ်ကောင်ရယ်၊ ယုန်သုံးကောင်ရယ်။ ဒါပဲ။ ပြဇာတ်က ဇာတ်ဆောင် နည်းနည်းရယ်။ ခြင်္သေ့က ပါးစပ်ကြီးကိုဖြဲကာ ယုန်သုံးကောင်ကို တစ်ကောင် ချင်းအနံ့ခံခိုင်းတဲ့ဇာတ်။ တစ် ကောင်က နံတယ်တဲ့။ တစ်ကောင်က မွှေးတယ်တဲ့။ တစ်ကောင်က နှာစေးနေလို့ အနံ့မရပါတဲ့။ အဲ သမှာ ခြင်္သေ့က နှာစေးနေတယ် ဆိုတဲ့ယုန်ကို တိရစ္ဆာန်လည်ဆိုပြီး စားပစ်လိုက်တဲ့ဇာတ်။ ကျန်နံ တယ်မွှေးတယ်ပြောတဲ့အကောင် တွေဟာ ကိုယ့်အမြင်ကိုယ် လွတ် လွတ်လပ်လပ်ဖော်ထုတ်ရဲတာ ကြောင့် ခြင်္သေ့က သဘောကျ သွားပြီး ဆုပေးတဲ့ဇာတ်။
ဂျက်စိတ်ထဲ ဘယ်လိုကြီးလဲ ပေါ့။ ဂျက်သိထားတဲ့ဇာတ်မှာက နံတယ်ပြောတဲ့ ယုန်ကိုလည်း စိတ်ဆိုးလို့စား၊ မွှေးတယ်ပြောတဲ့ယုန် ကိုလည်း လိမ်တယ်ဆိုပြီးစား၊ နှာ စေးတဲ့ယုန်က လွတ်သွားတာကိုး။ အခုကနေတာက ဇောက်ထိုးကြီး။
ပြောရရင် ပွဲကလို့ တစ်ဝက် မကျိုးသေးဘူး ပွဲခင်းထဲမှာ တိရစ္ဆာန်တစ်ကောင်မှ မရှိတော့ ဘူး။
(လေး)
အံ့တော့ မအံ့ဩကြလေနဲ့ ခင်ဗျ။ ပွဲပြီးတော့ တောဦးသျှောင် မြေခွေးက ဇာတ်ဆရာနဲ့ မိတ် ဆက်ပေးပါတယ်။ ဟောသဟာ ‘‘တောပွဲ’’အတွက် တာဝန်ပေး ထားတဲ့ ဇာတ်ဆရာပါဆိုလို့ ကြည့်လိုက်တော့ လင်းဆွဲကြီး။ သစ် ကိုင်းတစ်ကိုင်းမှာ ဇောက်ထိုးအ နေအထားနဲ့ ပြုံးလို့။
ဟောဗျာ။ တိရစ္ဆာန်အားလုံး နဲ့ တစ်မူကွဲပြီး အမြဲတမ်းဇောက် ထိုးပဲ နေတတ်တဲ့ လင်းဆွဲကိုမှ ဇာတ်ဆရာခန့်ထားရတယ်လို့။ သူ့ဇာတ်ညွှန်းတွေက အကုန်လုံး ပြောင်းပြန်ဇောက်ထိုး။ ဒါကြောင့် တိရစ္ဆာန်တွေက တစ်ကောင်မှ မကြိုက်ကြတာ။
ဘာပဲဖြစ်ဖြစ်ပါလေ။ တော ဦးသျှောင်တို့ အစုကတော့ ကြိုက် ကြလေသတဲ့။ တိရစ္ဆာန်ဦးသျှောင် တွေကြားမှာက ဇောက်ထိုးသမား ကမှ ဟန်ကျချင်ကျနေတတ် တာ။ ။
(ဖော်ပြပါ သရော်စာသည် စာရေးသူဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်ပါသည်)
Byဂျက်ကွမ်းခြံကုန်း
(တစ်)
ပြောရရင် အဖိတ်ကြားခံရလို့သာ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ ဟန်ကျပန်ကျထိုင်ပြီး တိရစ္ဆာန် ဇာတ်ခုံကြီးရှိရာဆီကို ရှုစားနေရ ဘိလင့်စေကာမူ ကျွန်ုပ်ဂျက်အ နေနဲ့ ရုတ်တရက်ဆိုသလို အဟုတ်ထွက်ပြီး ပြန်လာခဲ့ချင်တာက တော့ အမှန်တကယ်ပဲခင်ဗျ။ တိရစ္ဆာန် ပြည်ဖုံးကားကြီးကို စတင်ကာ မ,စဉ်အခိုက်မှာက တည်းက အဲသသည့်တိရစ္ဆာန် ဇာတ်ခုံကြီးကို ဂျက်က မကြည့်ချင်တော့တာပါ။
ကြုံတောင့်ကြုံခဲ စုံနံ့သာမြိုင် တောကြီးထဲ၌ ခင်းကျင်းပြသအံ့ လတ္တံ့သော ‘‘တောပွဲ’’သို့ ကြွ ရောက်ရှုစားအားပေးတော်မူပါ ရန်တဲ့။ တိရစ္ဆာန်အသီးသီးတို့က မိမိတို့ တတ်စွမ်းရာ အနုပညာများ နဲ့ တင်ဆက်ဖျော်ဖြေသမှုပြုရန် ရည်သန်ထားပါသောကြောင့် အ ဆွေလူသားအနေနှင့် ‘‘တောပွဲ’’ ကို ရှုစားရန် တိရစ္ဆာန်ဇာတ်ခုံရှေ့ မှောက်သို့ လာရောက်စေလိုသည့် အကြောင်းတဲ့ခင်ဗျ။
သွားရတာပေါ့ ညကြီးမိုး ချုပ်။ လုပ်တာက မြက်ခင်းပြင် ကြီးထဲမှာ။ ဇာတ်ခုံနဲ့ ဘာနဲ့။ မီး စက်တွေ ဘာတွေမောင်းလို့။ ဧည့်ပရိသတ် တိရစ္ဆာန်ထုကြီး ထိုင်ကြည့်ဖို့ရာ ချပေးထားတဲ့ သစ်တုံးအတိုကလေးတွေက မြက်ခင်းပြင်တစ်ခုလုံးမှာပြ
အဲသည့် ‘‘တောပွဲ’’ထဲကနေ စပြီး ထိုင်မိတဲ့အချိန်ကစလို့ ရှုစား သူဂျက်ထွက်ပြေးချင်မိတာပါ။
(နှစ်)
ပြောရရင် အော်ပရာအစမှာ ကတည်းက တော်ပါဟလို့ ဂျက် စိတ်ထဲက ရေရွတ်မိလိုက်ခဲ့ပါပြီ။ အော်ပရာနဲ့ နာမည်က ‘‘မြစ်ဘေး က အချစ်တေး’’တဲ့။
ဖျံနှစ်ကောင် ငါးကြင်းကြီး ကို လုနေတဲ့ မြင်ကွင်းကို စပြ သဗျ။ နောက်ခံပိတ်ကားကြီးက လည်း မြစ်ကမ်းနံဘေးရှုခင်းနဲ့ ဘာနဲ့ဆိုတော့ အတော့်ကိုကြည့် ကောင်းပါတယ်။ အဲ.. နောက် တော့ မြေခွေးထွက်လာတဲ့အခန်း။ ဖျံနှစ်ကောင်က ငါးကြင်းကို အ တင်းလု။ နောက်တော့ မြေခွေးကို ခွဲပေးဖို့ တောင်းဆို။ မြေခွေးက ဒိုင်မလုပ်ပါရစေနဲ့လို့ တောင်း ပန်။ ဖျံနှစ်ကောင်က ခွဲတမ်းချပေးဖို့ ဇွတ်အပူကပ်။ အနို့ကြောင့် မြေ ခွေးက မတတ်သာတော့ဘဲ နှစ် ပိုင်းပိုင်းဖို့လုပ်။ ဖျံနှစ်ကောင်က သုံးပိုင်းပိုင်းဖို့ အတင်းတောင်းဆို။ မြေခွေးခမျာ မတတ်သာဘဲ ငါး ကြင်းကို သုံးပိုင်းပိုင်းပေးခဲ့ရ။ ဖျံနှစ်ကောင်တို့ အမြီးပိုင်းကို တစ်ကောင်၊ ခေါင်းပိုင်းကို တစ် ကောင် ကောက်ယူပြီးတဲ့သကာ လ အလယ်ပိုင်းကို မြေခွေးသခင် ယူတော်မူပါလို့ တောင်းဆို။ မြေ ခွေးက ငြင်းဆန်က ထွက်ပြေးဖို့ လုပ်။ ဖျံနှစ်ကောင်က မြေခွေးကို ဝိုင်းညှပ်ကာ မယူရင်မရဘူးဆိုတဲ့ သွင်ပြင်ကို ပြသ။ နောက်ဆုံး ငါး ကြင်းအလယ်ပိုင်းကို စိတ်မပါ လက်မပါနဲ့ မြေခွေးကြီးလက်ခံ လိုက်ရကာ ဖျံနှစ်ကောင်နဲ့ မြေ ခွေးတို့ လက်ချင်းဆက် တွဲပြီးဝိုင်း ပတ်ကခုန်ကြပုံနဲ့ ဘဇာစကား တစ်ခွန်းကိုမှမဆိုဘဲ အကနဲ့ သရုပ်ဖော်သွားတဲ့ အော်ပရာပေါ့။
တိရစ္ဆာန်တချို့ ပွဲခင်းကနေ ထပြန်သွားကြလေသဗျ။ ဂျက် စိတ်ထဲမှာလည်း တစ်မျိုးတော့ တစ်မျိုးပါပဲ။ ဂျက်တို့သိထားတဲ့ ဇာတ်မှာက မြေခွေးက ငါးကြင်း အလယ်ပိုင်းကိုယူပြီး ထွက်ပြေး သမို့ဥစ္စာ။
(သုံး)
ဂျက်စိတ်တွေ တော်တော် ထိန်းမရတာကတော့ ယိမ်းကတဲ့ အချိန်ခင်ဗျ။ ယိမ်းမထွက်ခင်မှာ ပြတဲ့မြင်ကွင်းက ဇာတ်ခုံပေါ်မှာ တိရစ္ဆာန်တွေ ဝရုန်းသုန်းကားနဲ့ တောင်ပြေးမြောက်ပြေး အသက် ကို လုပြေးကြရှာတဲ့ မြင်ကွင်း။ အော်သံနက်နက်ကြီးကို နောက်ခံ ဖွင့်ပေးထားလို့ပေါ့။ မီးကခပ် မှောင်မှောင်ကလေး။ ပြီးတော့မှ တစ်စတစ်စ လင်းလာတဲ့ အလင်း ရောင်အောက်မှာ ယိမ်း။
ကျားရယ်၊ ခြင်္သေ့ရယ်၊ ဝံပု လွေရယ်၊ ကျားသစ်ရယ်၊ မြေခွေး ရယ်၊ ခွေးအရယ်၊ အကုန်လုံး အမကလေးတွေချည်း။ လက်ထဲ မှာ သံလွင်ခက်ကလေးတွေကိုယ် စီကိုင်လို့။ သူတို့ကတဲ့ယိမ်းနာ မည်က ‘‘သံလွင်တစ်ခက် ချိုးငှက်တစ်ရာ’’ဆိုလား။ ညီတယ်ခင်ဗျ။ တော်တော့ကို အချိန်ယူပြီး ဇာတ် တိုက်ထားတဲ့ပုံပါ။
အနို့သော် တိရစ္ဆာန်အများစု ကတော့ ဘဝင်ကျပုံမရပါဘူး။ ပွဲခင်းထဲကနေ ထွက်ထွက်သွား နေကြတာကိုး။
ပြဇာတ်ကတဲ့အချိန်က အဆိုးဆုံး။ ပြဇာတ်နာမည်က ‘‘သောက်သုံးမဝင်တဲ့ နောက်ဆုံး အမြင်’’ဆိုပါသတဲ့။
ခြင်္သေ့တစ်ကောင်ရယ်၊ ယုန်သုံးကောင်ရယ်။ ဒါပဲ။ ပြဇာတ်က ဇာတ်ဆောင် နည်းနည်းရယ်။ ခြင်္သေ့က ပါးစပ်ကြီးကိုဖြဲကာ ယုန်သုံးကောင်ကို တစ်ကောင် ချင်းအနံ့ခံခိုင်းတဲ့ဇာတ်။ တစ် ကောင်က နံတယ်တဲ့။ တစ်ကောင်က မွှေးတယ်တဲ့။ တစ်ကောင်က နှာစေးနေလို့ အနံ့မရပါတဲ့။ အဲ သမှာ ခြင်္သေ့က နှာစေးနေတယ် ဆိုတဲ့ယုန်ကို တိရစ္ဆာန်လည်ဆိုပြီး စားပစ်လိုက်တဲ့ဇာတ်။ ကျန်နံ တယ်မွှေးတယ်ပြောတဲ့အကောင် တွေဟာ ကိုယ့်အမြင်ကိုယ် လွတ် လွတ်လပ်လပ်ဖော်ထုတ်ရဲတာ ကြောင့် ခြင်္သေ့က သဘောကျ သွားပြီး ဆုပေးတဲ့ဇာတ်။
ဂျက်စိတ်ထဲ ဘယ်လိုကြီးလဲ ပေါ့။ ဂျက်သိထားတဲ့ဇာတ်မှာက နံတယ်ပြောတဲ့ ယုန်ကိုလည်း စိတ်ဆိုးလို့စား၊ မွှေးတယ်ပြောတဲ့ယုန် ကိုလည်း လိမ်တယ်ဆိုပြီးစား၊ နှာ စေးတဲ့ယုန်က လွတ်သွားတာကိုး။ အခုကနေတာက ဇောက်ထိုးကြီး။
ပြောရရင် ပွဲကလို့ တစ်ဝက် မကျိုးသေးဘူး ပွဲခင်းထဲမှာ တိရစ္ဆာန်တစ်ကောင်မှ မရှိတော့ ဘူး။
(လေး)
အံ့တော့ မအံ့ဩကြလေနဲ့ ခင်ဗျ။ ပွဲပြီးတော့ တောဦးသျှောင် မြေခွေးက ဇာတ်ဆရာနဲ့ မိတ် ဆက်ပေးပါတယ်။ ဟောသဟာ ‘‘တောပွဲ’’အတွက် တာဝန်ပေး ထားတဲ့ ဇာတ်ဆရာပါဆိုလို့ ကြည့်လိုက်တော့ လင်းဆွဲကြီး။ သစ် ကိုင်းတစ်ကိုင်းမှာ ဇောက်ထိုးအ နေအထားနဲ့ ပြုံးလို့။
ဟောဗျာ။ တိရစ္ဆာန်အားလုံး နဲ့ တစ်မူကွဲပြီး အမြဲတမ်းဇောက် ထိုးပဲ နေတတ်တဲ့ လင်းဆွဲကိုမှ ဇာတ်ဆရာခန့်ထားရတယ်လို့။ သူ့ဇာတ်ညွှန်းတွေက အကုန်လုံး ပြောင်းပြန်ဇောက်ထိုး။ ဒါကြောင့် တိရစ္ဆာန်တွေက တစ်ကောင်မှ မကြိုက်ကြတာ။
ဘာပဲဖြစ်ဖြစ်ပါလေ။ တော ဦးသျှောင်တို့ အစုကတော့ ကြိုက် ကြလေသတဲ့။ တိရစ္ဆာန်ဦးသျှောင် တွေကြားမှာက ဇောက်ထိုးသမား ကမှ ဟန်ကျချင်ကျနေတတ် တာ။ ။
(ဖော်ပြပါ သရော်စာသည် စာရေးသူဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်ပါသည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။