Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 20, 2016

လူမေးများတဲ့ OD (Over Drive ) အကြောင်းသိကောင်းစရာ...

လူမေးများတဲ့ OD (Over Drive ) အကြောင်းသိကောင်းစရာ...

" Over Drive နဲ့ Over Speed "

Over Drive ဆိုတာ အင်ဂျင်နဲ့ဆက်သွယ်ပေးထားတဲ့ ထရန်စမစ်ရှင်းအချိုးတစ်ခုကို ခေါ်တာပါ ။ Over Speed ဆိုတာကတော့သတ်မှတ်တဲ့
မိုင်နှုန်းတစ်ခုကိုပိုမောင်းမိတဲ့သင့်ကားအမြန်နှုန်းပါပဲ။ ခုနေပြည်တော်အမြန်လမ်းမှာ 100Km ကျော်ခဲ့ရင် Over Speed ပေါ့ ။

Over Drive ဆိုပြီး ခုခေတ်ပေါ်ကားတွေမှာပါလာတဲ့ အော်တိုဂီယာကျမှစတင်ခေတ်စားလာတာပါ။မိမိကားကိုလွန်ကဲတဲ့အမြန်နှုန်းတစ်ခုနဲ့မောင်းနေတဲ့ဖြစ်စဉ်လို့လည်းသီးခြားမှတ်ယူနိုင်ပါသေးတယ်။

မြန်မြန်မောင်းရင်မြန်မြန်အန္တရာယ်တွေ့နိုင်လို့ ဒီလိုထပ်ပြောပေးလိုက်တာပါ။
Over Drive ဆိုတာ အင်ဂျင်က ၀န်ပိုလွန်ပြီး ရုန်းကန်မောင်းနှင်ပေးရတဲ့
ထရန်စမစ်ရှင်းအခြေအနေတစ်ခုပါပဲ။အရင်ကလည်း ရိုးရိုး ဂီယာ ကလပ်
ပါတဲ့ကားတွေမှာပါပါတယ်။ သတိမထားမိလို့ပါ။ စာဆုံးအောင်ဖတ်ရင်
ရှင်းသွားလိမ့်မယ်။

OD-On/Off ဆိုတဲ့ ဘုသေးလေးကို ဂီယာလက်ကိုင်ဘုကြီး အနီးတစ်ဝိုက်မှာ နေရာစုံထားတတ်ကြပါတယ်။ ဒီဘုလေးကိုအဖွင့်အပိတ်လုပ်ရင်
သတိပြုစေနိုင်ဘို့ ဒိုင်ခွက်တစ်နေရာမှာလည်း လိမ္မော်ရောင် မီးဝါလေးနဲ့ပြပေးတတ်ပါတယ်။ကားမှာ သတိပေးမီးလုံးအရောင်လေးတွေကလည်း
လမ်းဆုံလမ်းခွကမီးပွိုင့်တွေအတိုင်းပါပဲ။

အနီ=အန္တရာယ် ။ အ၀ါ = သတိပေး ။ အစိမ်း = လွတ်ကင်း ဆိုတဲ့သတိပေးသင်္ကေတ အရောင်လေးတွေအတိုင်းမို့ Green --> Go ။
Red --> Stop ။ Orange --> Slowly ဆိုပြီးအမြဲမပြတ်မှတ်ထားကြပါလေ။
မီးပွိုင့်အတွက်သုံးသုံးကားဒိုင်ခွက်က သတိပေးအရောင်အတွက်ပြပြ
သဘောတရားအတူတူပဲမို့။ ပြောပြလိုက်တာပါ။ ကားဒိုင်ခွက်မှာ
လိမ္မော်ရောင်မီးရောင်နဲ့ဘာမီးပြပြ။ ဒါဆို --> Reminder ဆိုတဲ့နှိုးဆော်
တာပါ။အန္တရာယ်တစ်ကယ်မရှိသေးပါဘူး။

အနီဆိုမှ ဘာပြပြ ဒါမှတစ်ကယ့်အန္တရာယ် မလိုက်နာရင် ကျိန်းသေ
ဒုက္ခရောက်မှာပါ။ အစိမ်းကတော့Everything Ok ပေါ့။

ဒါကြောင့် OD On/Off ဆိုတဲ့ မီးရောင်လေးကလိမ္မော်ရောင်ဆိုတာ
ပေါ်နေခဲ့ရင်ကိုယ်တိုင်ဖွင့်ပိတ်ခလုပ်ကိုနှိပ်မိလို့ပါ။ ဒီဆက်သွယ်ချက်က
ကီလို ၆၀ လောက်မှာထိရောက်မှုရှိမရှိမသိသာပါဘူး။ ဘယ်ဂီယာနဲ့
မောင်းမောင်းကီလို ၆၀ကိုမောင်းရလို့ပါ။ ကီလို-၆၀ဆိုတာလည်း
ထိန်းနိုင်သိမ်းနိုင်တဲ့အနေအထားမှာရှိပါတယ်။ မီးမလင်းခဲ့ရင်တော့
နောက်ဆုံးဂီယာချက်အထိ အော်တိုဝင်ပြီးမောင်းနေမယ်လို့ဆိုပါတယ်။
ကုန်းဆင်းရှည်ရှည်တွေမှာဆင်းရမယ်ဆိုရင်မီးလင်းအောင်ခလုပ်ကိုနှိပ်လိုက်
ရင်နောက်ဆုံးဂီယာကိုမ၀င်အောင်တားထားနိုင်မှာ မို့ကုန်းဆင်းလို့ ကောင်းပါမယ်။ ဒါလေးကို ဒီလိုလုပ်ထားတယ်။

ပြန်ပိတ်မလားဆက်ဖွင့်မလားဆိုတာကိုပဲနှိုးဆော်ပေးတာနဲ့သတိပေးတာ
သဘောတရားနဲနဲတော့ကွာပါတယ်။ဒါပေမယ့် ဒီခလုပ်ကိုလိုမှလိုသလို သုံးသင့်တာမို့။ အဖွင့်အပိတ်လုပ်ခိုင်းတာဗျို့။ မီးရောင်လေး ပေါ်နေခဲ့ရင်
နောက်ဆုံးဂီယာအထိဝင်မပေးဘူးဆိုတဲ့သဘော မီးငြိမ်းနေရင် ဂီယာချက်
ရှိသမျှအကုန်ဝင်မယ်။ ခုပြောချင်တာ ဒီဘုလေးအကြောင်းကိုအဓိကမဟုတ် Over Drive ဆိုတဲ့သဘောတရားအကြောင်းလေးကိုပါ။

Efficiency -ဆိုတာ--> = စွမ်းရည်ရှိခြင်း-

အကျိုးရှိစွာဆောင်ရွက်ခြင်းလို့တိုက်ရိုက်ဘာသာပြန်ပေးလို့ရပါတယ်။
ဒီအကြောင်းလေးတွေကိုနီးစပ်ရာလေးတွေကို ဥပမာပေး
ပြောကြည့်ကြရအောင် လူအများနဲ့လက်တစ်ကမ်းအမြဲထိတွေ့နေတာ
မော်တော်ယာဉ် မော်တော်ဆိုင်ကယ်များရဲ့ အင်ဂျင်စက်တွေပါ။
သူတို့မှာ စက်စွမ်းအား စက်စွမ်းရည်ရှိကြတယ်။

ဒီစွမ်းရည်ကိုလည်ပတ်မှုအဖြစ်မြင်တွေ့နေရပြီး ၀န်အားဆိုတဲ့ဘီးအမျိုးမျိုးကို
ဟိုဟာဆွဲလည်ခိုင်း ဒီဟာဆွဲလည်ခိုင်းပြီး အလုပ်အဖြစ်စေခိုင်းကြတယ်။
ယာဉ်များအတွက် အဓိက ဘီးကိုလည်စေဘို့ချိတ်ဆက်ပေးရတယ်။
အင်ဂျင်များကိုဝန်မပါပဲရုန်းခိုင်းလည်ခိုင်းထားတဲ့-အကောင်းဆုံးစက်နှေးမြန် စနစ်တစ်ခုကိုမြန်မာပြည်မှာ လွယ်လွယ်နဲ့ စလိုး လို့ ခေါ်ပါတယ်။တစ်ကယ့်
မူရင်းအမှန်အသံက Idle Speed ဆိုတာပါ ။ ဒီလိုဘယ်သူမှရင်းရင်းနှီးနှီး
မသုံးလို့ လူအများသုံးတဲ့အတိုင်း ကျွန်တော်လည်း ခုက စလို့ စလိုးဆိုပြီး
သုံးနှုံးကာခဏရေးသားပါ့မယ်။

မြန်မြန်နားလည်အောင်လို့ပါ။ ကဲ ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ်
ဒီစလိုးဆိုတာ စက်နှိုးမှန်းသိအောင်စက်မတုန်ခင်အထိ အနဲဆုံး အပတ်ရေတစ်ခုပါ။ RPM-500-800 ကြားမှာရှိတတ်ပါတယ်။ ဆလင်ဒါ ၁ လုံး ၂ လုံး လေးချက်ခုတ်အင်ဂျင် နှစ်ချက်ခုတ်အင်ဂျင်စသဖြင့် အင်ဂျင်
အမျိုးအစားပေါ်မူတည်လို့ပါ။ ဘယ်စက်မဆို-မြင်းကောင်ရေ ၅/၆ လောက်
ကစပါတယ်။ မြင်း၅ ကောင်အားဆိုတာနဲမှတ်လို့ ဒါပေမယ့်ထော်လာဂျီ
ဆိုတဲ့-ဘီးကသေးသေးလေး-ယာဉ်ကလည်းပေါ့ပေါ့လေး ဒီစလိုးနဲ့ ထွက်မရပါခင်ဗျာ။

ဗုန်း-ဗုန်း-ဗုန်း----ဗုန်း----ဒုံး-ဒုံး-ဒုံး-----ဒုံး----ဆိုပြီးလီဗါနင်းထွက်ပေးရတယ်။
ဘယ်ယာဉ်မဆို-မြေကြီးမှာရပ်လျက် စအထွက်မှာ ၀န်ကိုအရုန်းရဆုံး ဆိုတာလူတိုင်းသိပါတယ်။ ဒါကြောင့်အင်ဂျင်စွမ်းရည်ကိုမြင့်ဘို့
လီဗါကိုတင်ပေးလိုက်ရတယ်။ လီဗါတင်လို့ ဘီးကစထွက်တာလား ဆိုရင်--နိုး-နိုး--နိုး--လို့ချက်ချင်းပြန်ငြင်းလိုက်ပါမယ်။ ထရန်စမစ်ရှင်း
ဆိုတဲ့အရှိန်ပြောင်းဂီယာကတစ်ဆင့် စက်စွမ်းရည်ကိုမြင့်ပေးလို့ပါခင်ဗျာ။
မျက်စိထဲမြင်အောင်ချက်ချင်းသက်သေပြပါ့မယ်။စက်လည်နေတာကိ
ဖလိုင်းဝှီးဆိုတဲ့ ၀ိတ်ဘီးကိုကြည့်ရင်သိပါတယ်။

ဒီစက်က၀ိတ်ဘီးလည်နေတာ စလိုးမှာ တစ်မိနစ်ကို ၅၀၀ ပတ်အနဲဆုံး
လည်မယ်။ ဘီးလည်းနေတာမြန်နေတာကိုလည်းသိနိုင်တယ်။ အဲ ဒါပေမယ့် စက်ကဆွဲလှည့်လိုက်တဲ့ဘီးကလည်နေတာတစ်ပတ်ချင်း မို့ မျက်စိနဲ့ကြည့်လို
့ရနေပါတယ်။ ဒါကွာခြားချက်သက်သေပါပဲ။ မြေကြီးနဲ့ကပ်လျက်ထိတွေ့နေတဲ့
ဘီးတစ်ခုအဘို့ အရင်မြေဆွဲအားကိုဆန့််ကျင်ကာရုန်းထွက်နိုင်ဘို့
စက်ကအပတ်ရေအများကြီးလည်ပြီးမှ ဘီးစက်ထက်လျော့တဲ့ အပတ်ရေနဲ
့လည်ပြီးမှထွက်နိုင်ပါတယ်။ ဒါတောင်ဝန်မရှိတဲ့အနေထားပဲရှိပါသေးတယ်။ ၀န်များတင်ထားလို့ကတော့စက်ကငယ်သံပါအောင်ရုန်းအော်ပြီးမှထွက်နိုင်ပါလိမ့်မယ်။

ဒါကြောင့်-စက်က၀န်ထက်အမြဲစွမ်းရည်အသာစီးရနေရမယ်။ ဒါကို ရူပဗေဒ သဘောတရားမှာ စက်၏သာရည်--->efficiency လို့ခေါ်ပါတယ်။
အလွယ်ပြောရရင် အင်ဂျင်စက်အပတ်ရေက ၀န်ဆိုတဲ့ဘီးထက်အမြဲတန်း
အပတ်ရေများပေးနေရမယ်။ အင်ဂျင်အပတ်ရေများလေလေ။ အင်ဂျင်က
ဝန်ရုန်းရတာသက်သာလေလေပါပဲ။ ကားတစ်စီးကအင်ဂျင်အပတ်ရေ
များဘို့ကိုလီဗါနင်းပြီးအရှိန်တင်ရုံနဲ့မပြီးသေးပါဘူး။ အင်ဂျင်က Input ဆိုပါတော့ နောက်ဆုံးဘီးက Output ဆိုပါတော့ အင်ဂျင်က ဖလိုင်းဝှီး
ဆိုတာလည်း ဘီးပါပဲ။ ကားတာယာဘီးကလည်းဘီးပါပဲ။

စထွက်ထွက်ခြင်းအပတ်ရေတူထွက်လို့မရပါဘူး။ အင်ဂျင်အပတ်ရေ
အတိုင်းဘီးကိုချက်ချင်းဆွဲလှည့်ကြည့် မနိုင်ဝန်ထမ်းလိုက်ရတဲ့အမူအရာမို့ ချက်ချင်းစက်သေသွားလိမ့်မယ်။ ရိုးရိုးဂျစ်ကားကို နံပါတ် ၃ ဂီယာနဲ့
စထွက်ကြည့်ပါ။ ချက်ချင်းစက်သေသွားမှာပါ။ ဒီလို ဥပမာလေးတွေကို ခုလိုပြောလို့သာရပါတော့တယ်။ ပြပေးဘို့သက်သေမလုံလောက်တော့ပါဘူး။
ရိုးရိုးဂီယာနဲ့ ကလပ်နဲ့ကားဆိုတာ ဂျိုနဲ့လားဆိုတာကို ခုခေတ်လူကြီး လူငယ်အားလုံးက ဒီလိုပြောပါတော့မယ်။

ဒီလိုအခြေခံအဆင့်ကို ကျော်လွန်ပြီးကားမောင်းတတ်လာ ကားဝယ်
သုံးလာကြတဲ့ လူတွေအတွက်သိစေချင်လို့ ခုလိုကျွန်တော်စေတနာထားကာ တစ်ခါတစ်လေရှည်ရှည်ဝေးဝေး လက်တွေ့သက်သေအတွေ့အကြုံများနဲ့
တင်ပြပေးနေရလို့စိတ်မ၀င်စားသူ အချို့ ကျော်ကာဖတ်သွားကြပါ။
ခုခေတ်လူငယ်လူကြီး တစ်ယောက်လောက်သာသဘောပေါက်သွားရင်ဖြင့်
ကျွန်တော်ကျေနပ်ပါတယ်။

မြန်မာပြည်ကားလောကမှာ အခြေခံအကျဆုံးဖြစ်ခဲ့တဲ့ ဂျစ်ကားနဲ့ အလွယ်ဆုံး ဥပမပေးကြည့်ရအောင် ရပ်နေတဲ့ကားတစ်စီး စထွက်လို့ရအောင်
ဘယ်အပတ်ရေလောက်ထိအင်ဂျင်ကလိုသလဲဆိုရင်အနီးစပ်ဆုံး အနဲဆုံး ၃ ဆ လိုပါလိမ့်မယ်လို့ဥပမာ ပေးလိုက်ချင်ပါတယ်။ ဥပမာအလွယ်ပေး
လိုက်တာပါ။ မက္ကနင်းဆိုတဲ့ စက်မှုပညာရပ်ကိုအတိအကျသင်ပေးနေတာ
မဟုတ်ပါ။

အင်ဂျင်က ၃ ပတ်လည်ပေးနေတုန်း ဘီးက ၁ ပတ်လည်ပေးရမှ ၀န်ကိုရုန်းနိုင်မှာပါ။ ရုန်းပြီးပါပြီ။ စထွက်ပါပြီ။ ဒီတော့ အရှိန်ရတယ်ဆိုပြီးကား
လည်းပေါ့လာပြီ။ ဒီအတိုင်းဆို အင်ဂျင်ကလီဗါနင်းရင်တစ်အားအော် သွားမှာက ဖြေးဖြေးလေးပဲဆိုတော့ ဒါဆိုမဟုတ်သေးပါဘူး။ အရှိန်ထပ်ပြောင်း
လိုက်မယ်။ အင်ဂျင်ကနဲနဲအပတ်ရေလျှော့ ဘီးကဒါထက်ပိုမြန်အောင်
ဂီယာအချိုးပြောင်း No.2 ဆိုပါတော့ ဒီအချိန်မှာ အင်ဂျင်က ၃ ပတ် ဘီးက ၂ ပတ်လို့သဘောထား ဒီလိုဆိုတော့လည်းရသားပဲ။

ဘယ်ဆိုးလို့လဲ အင်ဂျင်အပတ်ရေကလျော့ကျလာပေမယ့် ဘီးကပိုလည်ပေး
လို့ပိုမြန်လာသလိုပဲ။ ဒီအတိုင်းလီဗါနင်းရင်နင်းသလောက်ပြေးမှာပဲ ဒါပေမယ့်နင်းရင်နင်းသလောက်အင်ဂျင်သံအော်သေးတယ်။ကားကလည်
ပိုပေါ့လာတယ်။ နောက်အရှိန်ပြောင်းဂီယာ နောက်တစ်ချက်ပြောင်း
အပ်ချလောင်း No.3 ဒီအချိန်မှာ-အင်ဂျင်စက်သံနှေးသွားတာသိရပေမယ့်
ကားဘီးကပိုလည်ပေးလိုက်လို့ ပိုပြီးမြန်မြန်ပြေးပါပြီ။ ဒါ နံပါတ် သုံး
ဆိုတဲ့ နောက်ဆုံးဂီယာလေ။ နမူနာအဖြစ်ပြောရရင်-စက်-၁-ပတ် = ဘီး-၁ပတ်ဖြစ်သွားပြီဆိုတဲ့သဘော စောစောကပြောထားတဲ့ Input နဲ့ Output အချိုး 1 : 1 ဖြစ်သွားပြီဆိုတဲ့သဘော ဒါဟာ စက်ရဲ့ပုံမှန်အခြေခံဖြစ်တဲ့
စက်၏သာရည်ပါ။

ဒီအခြေခံသီအိုရီသဘောတရားလေးကိုသိရင် ကျန်တာကိုဆက်ရှင်းပြလို့ရပြီ။
ဒါကြောင့် ရှေးယခင် ကားများဟာ ခေတ်မမီခဲ့လို့ နည်းပညာအရ
အားနည်းခဲ့လို့ ဒီ စက်၏ သာရည် အချိုးကိုကျော်လွှားဘို့မလုပ် နိုင်ခဲ့လို့  ဘယ်ကားမဆို ဘယ်ဆိုင်ကယ်မဆို ဂီယာ ၃ ချက်ပဲပါတာကို
လေ့လာထားမိပါတယ်။အထူးသဖြင့် စစ်တိုက်မယ့် ဂျစ်ကားအနွယ်ဝင်
ကားအားလုံး အမေရိကန်ကားအားလုံး ဥရောပကားအားလုံး
ကားဘိုးအေများဟာ ဂီယာ ၃ ချက်ပဲပါပါတယ်။ ဂီယာ ၄ ချက်ဆိုပါက
အခြေခံသဘောတရားကိုစတင်ချိုးဖေါက်ရာရလို့ စက် ၁ ပတ် မှာ ဘီးက ၁ပတ်ထက်ပိုလာမှာကျိန်းသေပါပဲ။

ဒီတော့ စက်အနေနဲ့မနိုင်ဝန်ပိုထမ်းလာရမယ့်သဘောဖြစ်လာတဲ့ Over Load လိုသဘောကိုထမ်းဆောင်ရလို့ ၃-ချက်ထက်ပိုများတဲ့ဂီယာ
ထရန်စမစ်ရှင်းကို Over Drive လို့ခေါ်လိုက်ပါပြီ။ အလွယ်မှတ်ဘို
့ ဂီယာ ၃ ချက်အထိ မူလသီအိုရီအတိုင်းလိုက်နာပါတယ်။ ဂီယာ ၄ ချက်ကစလို့ OverDrive ဆိုတာကိုသတ်မှတ်လိုက်ရပါတယ်
မူလအခြေခံသဘောတရားကစက်အပတ်ရေများလေ၀န်ရုန်းရတာပေါ့လေဆိုပေမယ့်-နည်းပညာအားကိုးနဲ့ ဂီယာအချက်ရေများများကားတွေက
ပေါ့ပေါ့လေးပဲရုန်းပြီးဘာကြောင့်မြန်မြန်ပြေးရပါသလဲဆိုတာက
အရှိန်ရလို့ပြေးရတာပါ။

အဟုန်ဆိုတဲ့သဘောတရားပါလာလို့ အပြေးမြန်လာတာပါ။
ကားနည်းပညာ လမ်းနည်းပညာခေတ်မီလာလို့မြန်မြန်ပြေးနိုင်တာပါ။
မြန်မြန်ပြေးနေတာပါ။ ၀န်ရုန်းနေတာမဟုတ်ပါဘူး။ မြေပြင်မှာဝတ္တုတစ်ခုက
ရပ်လျက်စထွက်လျှင် အရှိန်ရလာတာနဲ့အမျှ အဟုန်ဆိုတဲ့သဘောတရား
ကပ်ပါလာတယ်။ ဒီအဟုန်ဆိုတဲ့ အရာက သက်ဆိုင်ရာ ၀တ္တုအလေးချိန်နဲ
့တိုက်ရိုက်အချိုးကျပါတယ်။ လေးတဲ့ဝတ္တု အရှိန်ရလာရင်ပိုပေါ့လာတယ် ။ ပိုမြန်လာတယ်။ ဟိုတုန်းက ရာလေးတို့ ဟမ်းဘားတို့ဆိုတဲ့စက်ဘီးစီးခဲ့ကြတဲ့-အဖေတွေ ဦးလေးတွေကိုမေးကြည့်ပါ။

မောင်ဗမာစက်ဘီး စီးရတာနဲ့ဘာကွာလဲလို့ စက်ကအမြဲတမ်းသာချင်နေတဲ့
စက်၏သာရည်အကြောင်းထပ်ပြောကြရအောင်။ ဘယ်စက်မှ စက်၏
သာရည်သီအိုရီကို ကျော်လွန်ပြီးစမရုန်းနိုင်ပါဘူး။ အဲ ရုန်းနိုင်တဲ့သူရှိပါတယ်။ လူပါခင်ဗျာ စက်မဟုတ်လို့ ဥာဏ်နီဥာဏ်နက်ကိုသုံးပြီးရုန်းမှာပါ။ စက်ဘီး
ကိုကြည့်ပါ။ နင်းပေးရတဲ့ ဂီယာ ဆိုတာ အ၀ိုင်းအကြီးကြီးပါ။နောက်က
လိုက်လည်ပေးရမယ့်ဖရီးဝှီးဆိုတာ အ၀ိုင်းသေးသေး လေးပါ။ လူကအင်ဂျင်
ဆိုပါတော့ ဓါတ်ဆီအစား ဒူးဆီကိုသုံးပြီး ခြေသလုံးကို ကော်နတင်းလိုလုပ်ပြီး
လည်ပါတယ်။ စက်ဘီးကပြေးရတယ်။

နင်းပေးတဲ့ ဂီယာပင်နယံက = ၄၈-သွား ၊ ဖရီးဝှီးက = ၁၆-သွားထား ၄၈/၁၆ = ၃စထွက်မယ့်ဝတ္တုတစ်ခုကို ၁ပတ်နင်းပေးလိုက်တာနဲ့ နောက်က ဘီးက ၃ ပတ်အလိုလိုလိုက် ပြောင်းပြန်တွက်လိုက် Input 1/3 = Out 1 တန်လိုက်တာ
သီအိုရီကိုချိုးဖေါက်ပြီ။ဖြစ်နိုင်ပါ့မလား ဖြစ်နိုင်ပါတယ်။ လူ လေ လူလည်
ကျလိုက်တာပါ။သီအိုရီသဘောတရားအရ-နောက်ဘီးလည်ဘို့စမနင်းနိုင်ပါဘူးဒီလိုနင်းလို့ရခဲ့ရင်လည်း တစ်ယောက်ထဲစီးလို့ ရတာပါ။ဟိုတုန်းက
ဘားတန်းပါတဲ့စက်ဘီးကို အရင်တွန်းပြီးအရှိန်ယူ အရှိန်ရလာတော့။
ဖင်လေးလွှဲတက် အရှိန်ရတော့ အဟုန်ဆိုတဲ့သဘောတရားအရ ပြေးပြီပေါ့။ ခွပြီးတက်လည်းနဲနဲအရှိန်ယူထွက်တာလည်း ဒီသဘောပါပဲ။

သီအိုရီဆန့်ကျင်လားမဆန့်ကျင်လား-ကြည့်ကြရအောင်-ကုန်းတက်မှာ-ဂီယာပုံသေဖြစ်နေလို့-OverDrive အမြဲဖြစ်နေလို့ စက်တစ်ဖြစ်လဲ လူက
မသာမယာ ဟောဟဲ ဟောဟဲ ဖြစ်ရပါပြီဗျာ။ တစ်ကယ့်ကုန်းဆို
မတက်နိုင်တော့ပါဘူး။ ဆင်းတွန်းမှရပါတော့မယ်။ ဒါကြောင့် ကိုလူလည်ရေ ဘယ်သီအိုရီကိုမဆို မကျော်လွှားနိုင်ဘူးဆိုတာသဘောပေါက် ဆိုက်ကား
ဆရာများကိုကြည့်လည်းသိနိုင်ပါတယ်။ အရှိန်ရအောင်အရင်တွန်း အဟုန်အားကိုးနဲ့ ဆက်နင်း ဒါပေမယ့် ကုန်းတက်မှာ အီး-အား-ဘွတ် ဆိုပြီးမတ်တတ်ထနင်းတာဆိုတာ ကားမှာ တာဘိုကိုထုတ်သလိုပေါ့။

လူဆိုတဲ့အင်ဂျင်စွမ်းအားကိုထပ်ထုတ်လည်း စက်၏သာရည်ကိုဆန့်ကျင်နေလို
့ မရပါဘူးကွယ်။ ဆင်းသာတွန်းလိုက်ပါ။ ဒါကြောင့်စက်ကသာကို
သာနေရပါမယ်။ မော်တော်ဆိုင်ကယ်ကိုထပ်နမူနာကြည့်လိုက်ပါ။
စက်ဘီးမှာတတ်တဲ့သဘောနဲ့ ဆန့်ကျင်ဘက် အပြင်ဂီယာဆက်သွယ်ချုက်
ကိုပြောင်းပြန်လုပ်ထားပေးတယ်။ ဂီယာဘောက်ကထွက်တဲ့ ပင်နရံ ၁၆ သွား နောက်ဘီးမှာတတ်ထားတဲ့ပင်နယံ = ၄၈ လို့ထားကြည့်လိုက်ပါတယ်။
အရေအတွက်အတိအကျမတူတာကလွဲလို့ ရှေ့အသေး နောက်အကြီးဆိုတာအာမခံပါတယ်။ မယုံရင်ကြည့်လိုက်ပါ။

ဒါဟာ အင်ဂျင်အတွက်မရှိမဖြစ်စက်၏သာရည်ကိုလိုချင်လို့ပါ။ အင်ဂျင်အပတ်ရေကများများ-လည်ပေးမယ့်ဘီးကနဲနဲ ဒါကိုလိုချင်လို့
အမြင်အားဖြင့်လည်းစက်ကသာနေပြီ ဂီယာ-နံပါတ် 1-2-3-4-ဆိုတာတွေနဲ့အဆင့်ဆင့်ထပ်တင် လျှော့လုပ်အုံးမယ်။ ဒါကြောင့်မြန်မြန်
လည်းထွက်နိုင်တယ်။ အရှိန်ရလာရင်လည်းမြန်မြန်ပြေးပါတယ်။
မယုံလို့ စက်ဘီးလိုပင်နယံတွေကိုအကြီး->ရှေ့အသေး->နောက် ပြောင်းပြန်
ထားကြည့် မောင်းလို့ကိုမရစေရဘူးကွယ်။

ဒါကြောင့်-ခေတ်ဟောင်းဆိုင်ကယ်လေးတွေမှာလည်း ဂီယာ ၃ ချက်ရှိသမျှ
နောက်ဆုံးဂီယာကို Over Drive လို့မခေါ်ခဲ့ပ။ 1:1 ရှိနေလို့ဆိုတဲ့သဘော
1:1.5 လောက်စရောက်ရင် Over Drive စဖြစ်ပြီလို့ပြောလို့ရပါပြီ။ ဒါဆိုရင်-ဂီယာချက်ရေလည်း အနည်းဆုံး ၄ ချက်ရှိရတော့မယ်။ အတိအကျ
မဟုတ်ပေမယ့် သဘောပေါက်ဘို့နမူနာပေးလိုက်ရတာပါ။ ၃ ချက်ထက်
ပိုသမျှ နောက်ဆုံးနံပါတ်ကို နံပါတ်ရေးမယ့်အစား OverDrive လို့ Remind
ပေးထားပါတယ်။ လိမ္မော်ရောင်လေး ပေါ်လာမယ် ဆိုင်ကယ်အချို့မှာ
မြင်ဘူးမယ်။

ခုဆိုနီးနီးစပ်စပ် 1300cc- 1000cc-660cc ဆိုပြီး ၄ လုံးထိုး၊ လုံးထိုးကား
လေးများလည်းပေါ်လာကြပါပြီ။ အင်ဂျင်အသေးဆုံးကို 660cc အဖြစ်စံထားထုတ်ပါပြီ။ အော်တိုဂီယာဆိုတာနည်းပညာနဲ့အလုပ်လုပ်
ပေးရတာကြောင့်-အော်တိုဂီယာအနွယ်ဝင်-ကားလေးများမှာ-ဂီယာ-၃-ချက်ပဲပါပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ ဂီယာ ဘုကြီးအောက်မှာ OD-On/Off ဆိုတဲ့ဘုသေးလည်းဘာလို့မပါတော့တာလည်းခင်ဗျာဆိုတာကိုမေးတဲ့သူတွေအတွက်ရှင်းလင်းချက်ကလုံလောက်ပါပြီ။ Over Drive မဖြစ်လို့ ဒီအတိုင်းပဲထားလိုက်တာလို့နားလည်လိုက်ပါ။

အဲအင်ဂျင်သေးပေမယ့်-ရိုးရိုးဂီယာဆိုတာကလူက ကလပ်နင်းလိုက်
ဂီယာပြောင်းမောင်းလို့ရလို့ ဂီယာ ၅ ချက်ပါတတ်ပါတယ်။ဂီယာ-၃-ချက်ထက်
ကျော်ရင် နံပါတ်-= ၄ကစလို့-နောက်ဆုံးဂီယာနံပါတ်တွေကို OD လို့ခေါ်နိုင်ပါတယ်။ ဒါကြောင့်-မိမိကားဘယ်လောက်သေးသေး ဘယ်လောက်
ကြီးကြီး ပင်ရင်းဂီယာတံဘုကြီးအောက်မှာ-ခဏဖွင့်ပိတ်နှိပ်လို့ရမယ်
ဘုလေးတစ်ခုပါနေခဲ့ရင်-OD-ပါနေပါပြီ။ 660cc Suzuki Wgon R Limited လိုကားလေးတွေမှာ-အင်၈ျင်သေးပေမယ့်ဂီယာ ၄-ချက် 4 AT ပါ။

ဇစ်ဇက်ဂီယာဆိုတဲ့ CVT ဂီယာအုပ်စုဝင်ကားများမှာ ဒီလိုဘုလေးအစား- D နဲ့ဆန့်ကျင်ဘက် မောင်းသူဘက်နေရာမှာ S ဆိုပြီး ODကိုလျှော့ချနိုင်ဘို့
လုပ်ပေးထားပါတယ်။ဒါကြောင့်မို့ ခေတ်မီနည်းပညာများအဆင့်မြင်
လာတာနဲ့အမျှ-OD-ဂီယာအချက်များကို-အကန့်အသတ်မရှိထားနေကြပါပြီ။
နောက်ဆုံးဂီယာ-၆-ချက်--၇-ချက်--ဆိုပြီးရှိလာကြပါပြီ။ Input ထက် Output ပိုထွက်အောင်အရှိန်ရလာတဲ့အခိုက်အတန့်မှာနည်းပညာမျိုးစံ
အားကိုးနဲ့ရနေကြလို့ သီအိုရီကိုခဏကျော်လွန်နိုင်လာကြပါပြီ။
အဟုန်ကိုမှီတွယ်ထားလို့ပါ။

တစ်ကယ်လည်းဒါနဲ့မောင်းနိုင်ကြပါပြီ။ အင်ဂျင်အထောက်အကူပြုပစ္စည်း
တွေကလည်း-ကောင်းမှကောင်းဆိုတာကိုး။ဒါကြောင့် လမ်းကောင်းရင်
ဆလွန်းကားအကြီးစားများဖြစ်ကြတဲ့ ကရောင်း ၊ လပ်ဇပ် ဆယ်လ်စီယာ ဆိုတဲ့ဝိတ်ရှိတဲ့ကားများကကားမှာပြထားတဲ့ဒိုင်ခွက်ထဲက မိုင်ကုန်အထိ
မောင်းရဲရင်မောင်းနိုင်ကြပါတယ်။ RPM-4 / 5 ကြားဆိုတာ အင်ဂျင်က
တစ်မိနစ်ကို အပတ်ရေပေါင်း ၄၀၀၀ နဲ့ ၅၀၀၀ ကြားတစ်ကယ်လည်ပေးနေတယ်။

နောက်ဆုံးဂီယာချက်ကလည်း နောက်ဘီးကိုမွှတ်မွတ်လည်အောင်လုပ်ပေးနေလို့ တစ်ကယ်လည်း တစ်နာရီကို ကီလို ၁၆၀ = မိုင်၁၀၀ မောင်းနိုင်ပါတယ်။ မယုံရင်စမ်းမောင်းကြည့်လို့မြှောက်ပေးတာလုံးဝမဟုတ်ပါ။ အန္တရာယ်ကို
ကြိုတင်ကာကွယ်ပေးတာပါ။ သတိပေးတားမြစ်လိုက်တာပါ။
အသိကိုသတိနဲ့ယှဉ်ပါ။ အသက်နဲ့ရင်းပြီးစမ်းသပ်ချက်မျိုးလုံးဝမလုပ်သင့်ပါ။
မြန်မြန်မောင်းတာဝါသနာပါရင် နောက်များမကြာမီ မြန်မာပြည်မှာလည်း Formula 1 တို့ဘာတို့ကားပြိုင်ပွဲပေါ်လာမှ ၁ နာရီကိုကီလိုမီတာ၂၀၀
နီးပါးစောင့်မောင်းကြပါ။ ခု တော့ သီးခံပေးပါ။

ကမ္ဘာကိုအမှန်အကန်ဖြန့်နေတဲ့ ဂျပန်ကား ကောင်းကောင်းများ တစ်ကယ်
မောင်းလို့ရပါတယ်။ ယုံပါမစမ်းကြပါနဲ့။ မိုင်ကုန်မောင်းမကြည့်ချင်ပါနဲ့။
အကျိုးထက်အပြစ်ကတစ်ကယ်ဖြစ်မှာမလွဲပါလို့။စေတနာကောင်းလေးနဲ့
သတိပေးတပ်လှန့်လိုက်ရပါတယ်။

www.motors.com.mm
( ဒီနေ့ စနေနေ့ ည ၇:၀၀ နာရီ MRTV-4 မှာထုတ်လွှင့်မယ့် Let's Talk မှာ
ကိုဇင်အောင် နဲ့ ကျွန်တော် Talkထားတဲ့ အပိုင်း ၁ ထုတ်လွှင့်ပါမည်ဆိုတဲ
့ အကြောင်းကြိုတင်ခါ သတိပေးထားလိုက်ပါတယ်။ ကြည့်စေချင်လို့ပါ)
ကားမိတ်ဆွေများကိုခင်မင်လျက် ကိုသက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။