***ကျွန်မကိုမွေးတဲ့မြို့** *
(Written by - ဂျေလှသင်)
မြို့နာမည်ကတော့မမေးနဲ့နော် ။ ဒီအတိုင်းပြောပြရင်ရှင်တို့ သိမှာမဟုတ်လို့ပဲ။ မြို့ကမွေးထုတ်ပေးလိုက်တဲ့ နာမည်ကျော်တွေရဲ့အကြောင်းကို
အရင်ပြောပြပြီးမိတ်ဆက်မှ ရှင်တို့သိမှာ။ မြန်မာစာပေလောကရဲ့ နေတစ်ဆူ
လတစ်ဆူလို ထွန်းလင်းခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ဆိုရင် ကျောင်းနေဖူးသူ
ဘယ်သူမဆို မသိမနေရ သိကြမှာပါ။ မသင်မနေရ သင်ခဲ့ရတဲ့
မြန်မာစာကျောင်းသုံးစာအုပ်တိုင်းမှာ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာတွေပါတယ်လေ။
မူလတန်းမှာ အော်ဆိုလို့သိပ်ကောင်းတဲ့ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန်ကျောင်းတက်မယ်’ တို့၊ ‘ကြာနီနှစ်ပွင့် ဖြူတစ်ပွင့် တဲနဲ့ပနံသင့်’ တို့လိုကဗျာတွေကစလို့ အထက်တန်းအထိ အလွတ်ကျက်ခဲ့ရတဲ့ ‘ပျဉ်းမငုတ်တို သက်ကျားအို’ လိုကဗျာတွေဟာ ဆရာကြီးမင်းသုဝဏ်ရဲ့ လက်ရာတွေပေါ့။ အဲ့ဒီ့ ဆရာကြီးရဲ့ မွေးရပ်ဇာတိမြို့ ရွှေခြံမြေလို့ မြို့ခံတွေက အမွှမ်းတင်ခေါ်ခဲ့ကြပေမယ့် တကယ့်မြေပုံပေါ်က နာမည်ကတော့ ကွမ်းခြံကုန်းမြို့။
စာတစ်တန်၊ ပေတစ်ဖွဲ့ရေးရလောက်အောင် ကဗျာမဆန်ပေမယ့် နိုင်ငံကျော်စာဆိုတော်တွေကို
အဲ့ဒီမြို့လေးက မွေးထုတ်ပေးခဲ့တယ်။ မင်းသုဝဏ်ဆိုတဲ့ ဦးဝန်မှာ နှမကလေး
နုယဉ်ဆိုတာရှိတယ်။ သူလည်း ကလေးကဗျာတွေနဲ့လူသိများတဲ့
စာရေးဆရာမကြီးတစ်ဦးပါပဲ။ ဆရာမနုယဉ်ရဲ့ ကြဉ်ဖက်သက်လျာကတော့
အင်္ဂလိပ်စာအဘိဓာန်တွေ၊ ဘာသာပြန်စာပေတွေရေးတဲ့နေရာမှာ သူ့စာအုပ်မပါရင် ကိုးကားစရာစာအုပ်မစုံသေးဘူး လို့တောင်ပြောစမှတ်ပြုရတဲ့ ဆရာကြီးတက်တိုး။ အဲ့ဒါ ကျွန်မတို့မြို့လေးကမွေးထုတ်ပေးလိုက်တဲ့ နာမည်ကျော်မိသားစု။
ကျွန်မတို့ မြန်မာလူမျိုးတွေ ကျား၊မ မရွေး အာခံတွင်းမှာ သွင်းငုံထားလေ့ရှိတဲ့ကွမ်းယာ။ အဲ့ဒီ ကွမ်းယာရဲ့ပါဝင်ပစ္စည်း ကွမ်းရွက်နဲ့ ကွမ်းသီးဟာ သူ့အပင်နဲ့သူ့အသီးမဟုတ်ဘူးဆိုတာသိကြရဲ့လား။ သနပ်ခါးပင်ကပွင့်တဲ့ပန်းနဲ့ သနပ်ခါးပန်းနဲ့ မတူသလိုပေါ့။ အမျိုးသမီးတွေ ကျောက်ပြင်မှာသွေးပြီးလူးရတဲ့
သနပ်ခါးတုံးတွေရတဲ့ သနပ်ခါးပင်က သတ်သတ်၊ ခေါင်းမှာပန်တဲ့
သနပ်ခါးပန်းပွင့်တဲ့ အပင်ကသတ်သတ်၊ မတူဘူး။ အဲဒီလိုပဲ ကွမ်ရွက်တွေရတဲ့
ကွမ်းပင်ပေါက်တဲ့ ကွမ်းခြံကသတ်သတ်၊ ကွမ်းသီးသီးတဲ့ ကွမ်းသီးပင်တွေပေါက်ရာ
ကွမ်းခြံကသတ်သတ် မတူဘူး။ ဒါပေမယ့် ကျွန်မတို့မြို့မှာ ကွမ်းသီးပင်ကော၊
ကွမ်းရွက်ပင်ကော နှစ်မျိုးလုံး စိုက်လို့အောင်မြင်တယ်။
မြို့လေးရဲ့ နာမည်ပေးကင်ပွန်းတပ်ကတော့ ရာဇဝင်ထဲကအတိုင်းပဲပေါ့။ အာဏာလုပွဲတွေကျင်းပလေ့ရှိတဲ့  မြန်မာ့ နန်းတွင်းအရှုပ်တော်ပုံတစ်ခုမှာ မွန်မင်းသမီးစုံတွဲဟာ အသက်လုပြေးရင်းကျွန်မကိုမွေးတဲ့မြို့လေးတည်ရှိရာ
အရပ်ကိုရောက်လာကြတယ်။ ဒီအနီးအနားမှာ သူ့လက်ထဲက ကွမ်းအစ်ပြုတ်ကျတဲ့အတွက်
“ကွမ်းကျကုန်း” ရယ်လို့ အမည်သမုတ်ရာက ကာလရွေ့လျားလာတဲ့ အခါ “ကွမ်းခြံကုန်း”
ရယ်လို့ အမည်တွင်သွားတော့သတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်လို့
ဇာတ်သိမ်းရလောက်အောင် မြို့လေးရဲ့နာမည်ရာဇဝင်က သိပ်ပုံပြင်ဆန်တယ်။
ကျွန်မတို့ မောင်နှမတွေ ညအိပ်ရာမဝင်မီ နားထောင်ခဲ့ရတဲ့ အဘိုး၊ အဘွား တွေရဲ့
အိပ်ရာဝင်ပုံပြင်တွေထဲမှာ မြို့ကလေးဖြစ်ပေါ်လာပုံကလည်း ပုံပြင်တစ်ပုဒ်ဆိုပါတော့။
ပုံပြင်ထက်တိကျတဲ့ အတ္ထုပ္ပတိလည်း ဒီမြို့လေးမှာရှိသေးတယ်။ အခုတော့ ပါးစပ်ရာဇဝင် ဆိုပါတော့။ ထမင်းစားရင်စကားတွေ ဖောင်ဖွဲ့လွန်းတဲ့ ကျွန်မတို့မောင်နှမတွေကို “ဟဲ့ မြန်မြန်စားလေ၊ ညည်းတို့ ထမင်းစားရင် အားကြီးကြာတာပဲ ခုနေများစစ်ဖြစ်လို့ကတော့ သေနတ်မှန်လို့ မသေဘဲ ထမင်းငတ်တာနဲ့သေကုန်ကြမှာ’။
အဲ့ဒီ့လိုမျိုး အဘွားကမြည်တွန်တောက်တီးရင် ကျွန်မ သိပ်စိတ်ဝင်စားတာ။
ထမင်းစားလို့ပြီးတာနဲ့ အဘွားနားကပ်၊ အဘွားနဲ့ အိပ်ယာထဲဝင်ရင်း “အဘွား
စစ်ဖြစ်တဲ့ အကြောင်းပြောပြစမ်းပါ။ နားထောင်ချင်လို့” လို့ဆိုလိုက်တာနဲ့
သူ့အသက် ၃၀ ပတ်ဝန်းကျင် အငယ်ဆုံးကလေးကျွန်မအမေ အခါလည် သမီးလေးကိုချီပြီး
ဗုံးခိုကျင်းထဲလှိမ့်ဝင်လို က်ရတာတွေ၊ ညနေစောင်းတာနဲ့ ထမင်းစားစရာရှိတာမြန်မြန်စား၊ ပြီးတာနဲ့ အိမ်အောက်မှာ တူးထားတဲ့ဗုံးခိုကျင်းထဲမှာ ဆင်းနေရတယ်ဆိုတာတွေ စီကာပတ်ကုံးပြောပြတော့တာပါပဲ။ မမှောင်ခင်အပြီးလက်စသတ်ရတယ် ။ မီးရောင်မြင်ရင်လှမ်းပစ်တာတဲ့။
ကျွန်မတို့မြို့လေးရဲ့ အလယ်ကောင်မှာ ချောင်းသုံးချောင်းဆုံတဲ့ ချောင်းလေးတစ်ချောင်းရှိပါတ ယ်။ အမြဲတမ်း ဝဲကတောါထိုးနေတတ်တဲ့နေရာပေါ့ ။
အဲ့ဒီ့နေရာနဲ့နီးတဲ့ လူနေအိမ်လေးတစ်ချို့ကို ဝဲထောင့်လို့တောင်
အမှတ်သညာပြုခေါ်ရလောက်တဲ့ အထိ ထင်သာမြင်သာတဲ့ အရပ်ပေါ့။ အဲ့ဒီ့ချောင်းတွေဟာ
မြို့ကလေးအတွက် ငါး၊ ပုစွန်တွေရနိုင်သလို ဖက်ဆစ်တော်လှန်ရေးကာလ
ကျည်ဆန်မိုး၊ ဗုံးမိုးရွာသွန်းရာနေရာလည်း ဖြစ်ခဲ့တယ်။ နိပွန်တပ်မတော်ကြီး က မြန်မာ့မြေမှာအရေးမလှတော့တဲ့ အတွက်
သူ့တပ်တွေလာလမ်းကနေ ပြန်ဆုတ်ခွာကြတယ်။ ကျွန်မတို့မြို့လေးက
ပင်လယ်ထွက်ပေါက်လေ။ စကားစပ်မိလို့ပြောရဦးမယ်။ “လက်ခုပ်ကုန်း”
အပန်းဖြေကမ်းခြေ လုပ်ခဲ့ကြသေးတယ်လေ။
ငပလီကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ စပ်စဲကမ်းခြေတို့လောက်တော့ ဘယ်လှပါ့မလဲ။ လက်ခုပ်ကုန်းရဲ့ အရှေ့တည့်တည့် ပင်လယ်ထဲမှာ သောင်ခုံကြီးထွန်းနေတာ ဧကပေါင်း နည်းမှမနည်းပဲ။ 'မြစိမ်းသောင်' လို့တောင် နာမည်ပေးပြီးရွာနီးစပ်ချုပ် က
စိုက်ပျိုးရေးသမားတွေ ထွန်ယက်စိုက်ပျိုးနေတာ နှစ်ပေါင်းကြာလှပေါ့။
အဲ့ဒါနဲ့ပဲ လက်ခုပ်ကုန်း အပန်းဖြေစခန်းကြီးလည်း ခုတော့
ဧည့်သည်မလာတော့ပါဘူး။ နိုင်ငံတော် ဘဏ္ဍာငွေတွေနဲ့ ဆောက်ခဲ့တဲ့ ဟိုတယ်ကြီးတွေ
နှမြောစရာကောင်းလိုက်တာ။
ပြောလက်စစကားတောင် ဘယ်ရောက်သွားပါလိမ့်။ သြော်… စစ်အတွင်းကာလ။ အဲ့ဒီ ဆုတ်လာတဲ့ ဂျပန်စစ်သားတွေ ပင်လယ်ကိုဖြတ်ပြီး ယိုးဒယားဘက်ကူးဖို့ ဂျပန်စစ်သင်္ဘောတွေက အသင့်လာစောင့်နေကြတယ်။ ပင်လယ်ဝမှာ ဒီအတိုင်းထားရင် မဟာမိတ်တပ်တွေမြင်မှာစိုးလို့ ကျွန်မတို့မြို့လေးရဲ့ချောင်းတွေထဲမှာ ကျောက်ချထားကြတယ်။ ကျွန်မတို့မြို့ရဲ့ချောင်းေ တွမှာ ဒီရေ အတက်အကျရှိတဲ့အတွက် ဒီရောက်တောတွေပေါက်တယ်။ ဓနိပင်၊ လမုင်၊ ကနစိုပင် အဲဒီလိုအပင်တွေက ချောင်းစပ်မှာတောထနေတာပေါ့။
ဂျပန်သင်္ဘောသားတွေက ကမ်းစပ်က လမုပင်ကိုင်းတွေကိုခုတ်၊ စစ်သင်္ဘောတွေကို
အုပ်ပြီးဝှက်ထားကြတယ်တဲ့။ ကောင်းကင်ကနေ လေယာဉ်နဲ့ကြည့်ရင်မမြင်ရအော င်ပေါ့လေ။
ဒါပေမယ့် သူတို့အချင်းချင်းဆက်သွယ်တဲ့ 
စကားပြောစက်ကို မဟာမိတ်တွေက ကြားဖြတ်နားထောင်ပြီး သင်္ဘောတွေရဲ့ တည်နေရာကို
သိသွားပါလေရော။ ကျွန်မတို့မြို့လေး ကြမ္မာငင်တာပြောပါတယ်။ ညဘက်လဲရောက်ရော
အဘွားပြောတဲ့ 'ကျွဲညီနောင်' ဆိုတဲ့ ဗုံးကျဲလေယာဉ်ပျံ
အမည်းကြီးနှစ်စင်းရောက်လာပြီး စိတ်တိုင်းကျ တစ်ညလုံးဗုံးတွေလာကျဲတာ မနက်လင်းအားကြီးအချိန်ရောက် မှပြန်သွားကြသတဲ့။
ဘာပြောကောင်းမလဲ၊ တစ်မြို့လုံးဖွတ်ဖွတ်ညက်ညက် ကြေသွားတာပဲတဲ့လေ။ ချောင်းလေးခြားတဲ့ ပေကုန်းရွာနဲ့ သုံးခွရွာဆိုတာ ချောင်းကူးတံတားလေးနဲ့ကူးသန်းသွားရတဲ့ ရွာနှစ်ရွာပေါ့။ အဲ့ဒီ နှစ်ရွာစလုံးမီးလောင်ပြင်ကြီးဖြစ်ပြီးစစ်ရှောင်ချိန် မမီလိုက်တဲ့ ရွာသူရွာသားတွေ သေလိုက်ကြတာမြင်ရက်စရာတောင် မရှိဘူးတဲ့။
"သမီးတို့ အခုတက်နေတဲ့ အမျိုးသားကျောင်း အနောက်ပေါက်က ဆယ်ပေပတ်လည်လောက်ချိုင့်နေတဲ့ ရေအိုင်လေးတွေ့လား၊ အဲ့တာ ဗုံးကျခဲ့တဲ့နေရာပေါ့။ လူတစ်ဖက်လောက် မြေကြီးတုံးတွေမြောက်တက်သွားပြီး
အဘတို့ခြံထဲကျလာတာ။ အိမ်တောင်ပြိုတယ်။ အဲဒါ အစက ကျင်းနက်ကြီး အခုမှ
ရေပြန်ပြည့်တာ"တဲ့။ အဘိုးက သူကြုံခဲ့ရတဲ့ စစ်တလင်းကြီးကို
ဆေးလိပ်မီးခိုးတွေကြားမှာ ပြန်မြင်ပြီးပြောပြနေတာပေါ့ ။
ဟုတ်ပါရဲ့။ အမျိုးသားကျောင်းကြီးအကြောင်းကျန်ခဲ့တော့မလို့။
ကိုလိုနီခေတ်မှာ ကျောင်းသားတွေ သပိတ်မှောက်ကြတယ်လေ။ 'ဗမာစာသည်တို့စာ၊
ဗမာစကားသည်တို့စကား ကျွန်ပညာရေးစနစ် အလိုမရှိလို့ ကြွေးကြော်ခဲ့ကြပါရောလား။
အဲဒီလို သပိတ်မှောက်အပြီးမှာ မြန်မာနိုင်ငံအနှံ့ အမျိုးသားကျောင်းတွေ အစီအရီပေါ်လာတော့တာပါပဲ။ စစ်မှန်တဲ့ အမျိုးသားရေးစိတ်၊ သူ့ကျွန်မခံလိုစိတ်ရှိတဲ့မြို့တွေထဲမှာကျွန်မတို့မြို့ လေးလည်းပါတာပေါ့။ကျွန်မတို့ မြို့မှာလဲအမျိုးသားကျောင်း ရှိတယ်။ပထမဦးဆုံးကျောင်းအု ပ်ဆရာကြီးက ဦးဝန်ဆိုတဲ့မင်းသုဝဏ်ပေါ့။ အခုဆိုတော့ ထ(၂) ဆိုတဲ့မြို့တွင်းကျောင်းပေါ့ ။ မြို့ပြင်ကျောင်းက ထ(၁)။ ကျွန်မဆယ်တန်းအောင်ခဲ့တဲ့ကျောင်းပေါ့။
မြို့တွင်းကျောင်းမှာ သမိုင်းရှိသလို မြို့ပြင်ကျောင်းကလဲ ရာဇဝင်နဲ့ပါ။ တစ်ပါတီအာဏာရှင်စနစ်အောက်ကအ လွတ်ရုန်းထွက်ကြဖို့ ၁၉၈၈ခုနစ် သြဂုတ် ၈ရက်ကိုရှစ်လေးလုံးအရေးတော် ပုန်အဖြစ်နိုင်ငံအနှံ့ တပ်လှန့် လိုက်တဲ့အချိန် ၈-၈-၈၈ စနေနေ့ညနေ ၄ နာရီ ကျောင်းဆင်းချိန်မှာ ခွပ်ဒေါင်းအလံလွှင့်ထူပြီးတော်လှန်ရေးစခဲ့တဲ့ကျောင်းပေါ့ ။ မြို့နယ်ပါတီကောင်စီလူကြီးေ တွ အကြမ်းဖက်ဖြေရှင်းခဲ့တဲ့အတွ က် အရပ်သားတစ်ယောက်သေခဲ့ရတယ်။ တစ်မြို့လုံးဒေါသူပုန်ထပြီး ပါတီယူနစ်ရုံးထဲကပစ္စည်းတွေဖျက်ဆီးပစ်တာ မှတ်မိသေးတယ်။
ကျွန်မ သူငယ်ချင်းတစ်ယောက်က အရှေ့ပေတရာလမ်းမပေါ်ကို တီဗွီကြီးချခွဲပစ်လိုက်တာ ပြန်မြင်ယောင်တယ်။ တီဗွီမှန်အခုံးကြီးက မကွဲပဲကျန်နေပြီး ထပ်ခွဲလည်း မကွဲခဲ့ဘူး။ ဒါတော့ လွန်တာပေါ့လို့ အပြစ်တင်မစောနဲ့နော်။ အဲဒီ ရုပ်မြင်သံကြားစက်နဲ့ပတ်သတ် ပြီး တစ်မြို့လုံးမှာ ခံစားချက်ကိုယ်စီနဲ့မို့ပါ။ ၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်မှာ ကျွန်မတို့မြို့ကို အစိုးရက တီဗွီသုံးလုံးချပေးတယ်။
သိတယ်မို့လား။ မဆလ ခေတ်၊ သမဝါယမခေတ်၊ အရာရာခွဲတမ်းနဲ့ပေးရတဲ့ခေတ် ။
အဲ့ဒီတီဗွီလဲ ခွဲတမ်းနဲ့ရတာဖြစ်မှာပေါ့။ တစ်မြို့လုံးအတွက် သုံးလုံး။
နိုင်ငံခြားသင်္ဘောတွေမှာ ကြမ်းတိုက်၊ သံချေးခွာ၊ ဘာပဲလုပ်လုပ်
မြန်မာနိုင်ငံပြန်ရောက်ရင်ေ တာ့ သိတယ်မလား။ သင်္ဘောသားပဲ။ သူတို့ပဲ ယူခွင့်ရှိတဲ့ ကတ်ဆတ်၊ တီဗွီ၊ ကား အဲ့ဒါလေးတွေပဲ အကောင်းလုပ်ပြီးဝယ်သုံးရတဲ့ ခေတ်။ အဲ့ဒီတော့ အိမ်တိုင်းမှာအခုလို တီဗွီမရှိဘူး။ ရေဒီယိုလေးတစ်လုံး တစ်လမ်းလုံးဝိုင်းနားထောင်ရ သလို။ တီဗွီတစ်လုံးတစ်မြို့လုံး အုံကြည့်ရတဲ့ခေတ်။ အဲဒီအချိန်မှာရောက်လာတဲ့ တီဗွီသုံးလုံးကို ဘယ်လိုထားလဲ သိလား။
မြို့ပြင်က ကျွန်မတို့ကျောင်းရုံးခန်းမှာတစ်လုံး၊
မြို့လယ်ခေါင်ပါတီယူနစ် ရုံး အပေါ်ထပ် ဝရန်တာမှာတစ်လုံး၊ မြို့အနောက်ဘက်
ရဲစခန်းရှေ့မှာ နတ်စင်လို စင်လေးနဲ့ ဗီရိုလိုသော့ခတ်ပြီးတော့ တစ်လုံး။
အဲ့ဒီလို အသီးသီး နေရာချထားတယ်။ ရှင်စဉ်းစားကြည့်လေ။ တီဗွီလေး
တစ်ခါကြည့်ဖို့အရေး မြို့ပြင်ထွက်ရဦးမယ်။ စာသင်ကျောင်းဆိုတာမျိုးက
ကျောင်းသားရှိတဲ့ အချိန်သာဟုတ်နေတာ။ ကျောင်းဆင်းသွားတဲ့ ညအချိန်
တစ်ယောက်တည်းဘယ်သူသွားရဲမလဲ ။ ချောက်ခြားစရာကြီး။ အဲ့ဒီတော့ မြို့ပြင်က တီဗွီက ဘယ်သူမှမကြည့်။ မြို့အနောက်ဘက်ရဲစခန်းရှေ့က တော့ ည၇နာရီ တီဗွီစလာတာနဲ့ သော့ကိုင်ထားတဲ့ရဲက ဖွင့်ပေးတယ်။ ပြီးမပိတ်။
ပါတီယူနစ်ရုံးပေါ်က တီဗွီကတော့ သူတို့ရုံးကလူတွေ၊ ဥက္ကဋ္ဌ မိသားစုတွေက ဝရန်တာမှာ ထိုင်ခုံကိုယ်စီနဲ့အခန့်သား ကျုပ်တို့ မြို့သူမြို့သားတွေကတော့ ပေတရာလမ်းပေါ် ဖင်ထိုင်ခုံလေးတွေခုပြီးထိုင်မော့။ ကားလာရင်ဖယ်ပေးရသေးတယ်။ မိုးရာသီများဆိုထီးဆောင်းပြီးမော့ရတာ။ ကျုပ်တို့ဘဝတွေက တစ်ခါတစ်လေများ သူတို့လာမဖွင့်ရင် မကြည့်ရဘူး။ ဖင်ထိုင်ခုံလေးတွေကိုင်ပြီး လာရာလမ်းကိုပြန်ရတာ။
အဲဒီလို မကျေနပ်တာတွေများလာတော့ ရှစ်လေးလုံးအရေးအခင်းလည်းဖြ စ်ရော၊ ပါတီကောင်စီ ဥက္ကဋ္ဌတွေ မြို့ကထွက်ပြေးလို့လွတ်သွား ပေမယ့် သူတို့ခေါင်းတွေအစား တီဗွီကိုရိုက်ခွဲပစ်လိုက်တာ မှတ်ကရော။ ဒါပေမယ့် ကျန်တာ ဘာမှမဖျက်ဆီးခဲ့ပါဘူး။ ရှစ်လေူလုံးအရေးတော်ပုံကြီး မှာ
ကျွန်မတို့မြို့လေးက ဂုဏ်သိက္ခာရှိစွာ တည်ငြိမ်စွာ အာဏာရှင်ကို
ဆန့်ကျင်ပြခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို လိုချင်ကြသူတွေထဲမှာ
ကျွန်မတို့မြို့သားတွေပါခဲ့ ကြသလို အင်းစိန်ထောင်ထဲ ပို့ခံရသူတွေထဲမှာလည်း ဒီမြို့သားတွေပါတာပါပဲ။ နာဂစ်မုန်တိုင်းကြီးမြစ်ဝကျွန်းပေါ်ဒေသကို
ဝင်မွှေတော့ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ အဲဒီလို
အပျက်အစီး အသေအဆုံးများတဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့မြို့ တွေထဲမှာ
ထူးထူးခြားခြား ရန်ကုန်တိုင်းဒေသကြီးထဲက ကျွန်မတို့မြို့လေး
တစ်မြို့တည်းပါတယ်။ လူသေတွေဆိုတာမြင်မကောင်း။ တစ်လလောက်အထိ မြို့ကလေးဟာ
အလောင်းတွေ က အနံ့နဲ့ လွှမ်းနေတုန်း။ သောက်ရေကန်ထဲက အလောင်းတွေ၊
အိမ်အောက်ထဲရောက်နေတဲ့ အလောင်းတွေ၊ ကွမ်းသီးပင်အဖျားမှာ
ဖက်ထားတဲ့အလောင်းတွေ။ အဲ့ဒီလို ကြေကွဲသွေးပျက်စရာ မြင်ကွင်းတွေလည်း
ကျွန်မတို့မြို့ကလေးမှာ ကြုံခဲ့ရတယ်။
မီးခိုးမထွက်တာတစ်ခုကလွဲရင်
အမှတ်တမဲ့ဆို စစ်ဖြစ်ထားတဲ့အတိုင်း။ အပင်တွေကျိုးပဲ့ပျက်စီး၊
အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတဲ့ ကျွန်မတို့မြို့ကလေး။ အခုတော့
နာလန်ထရုံမက ပြန်လည်သန်စွမ်းလာခဲ့ပြီ။ အရင်ကဆို ရန်ကုန်လာဖို့အရေး
ကားဂိတ်မှာ ဘယ်ကားများထွက်လေမလဲ တမျှော်မျှော်စောင့်ခဲ့ရ။ စီးရတော့လဲ
ဝီလီဂျစ်ဆိုတာ အကောင်းဆုံးရယ်။ ခုများတော့ နောက်ဆုံးပေါ်ကားအမျိုးမျိုး တွေ ဥဒဟို ဖြတ်သန်းသွားလာနေကြပြီလေ။ ကားတွေပေါလွန်းလို့ ခရီးသည်ကို ကားသမားက ပွေ့မချီယုံတမယ်ခေါ်နေကြတာ အလုအယက်။
ကျွန်မတို့ငယ်ငယ်က နေ့စဉ်ကျောင်းသွားကျောင်းပြ န် ခြေကျင်တစ်လှည့် ကုန်းကြောင်းတစ်လှည့်ကျောင်းတက်ခဲ့ရတာ။ မောင်ဗမာ စက်ဘီးလေးလောက်စီးနိုင်ရင်ကို
သူဋ္ဌေးစာရင်းဝင်။ ခုများတော့ အိမ်တိုင်းမှာ ဆိုက်ကယ်ရှိတယ်။ ကျောင်းသားလည်း
ဆိုင်ကယ်နဲ့ ဈေးသည်လည်းဆိုင်ကယ်နဲ့။ ကျောင်းဆရာလည်းဆိုင်ကယ်နဲ့
ဦးရှင်ကြီးတင်သူကလည်းဆိုင် ကယ်နဲ့။
အခြားမြို့လေးတွေနဲ့တန်းတူ ကျွန်မတို့မြို့လေးတိုးတက်လာခဲ့ပြီဆိုပါတော့။ ဟိုအရင်က တစ်နှစ်နေလို့ဆရာဝန်တစ်ယောက်မပေါ်ထွန်းခဲ့ပေမယ့်
အခုများတော့ ဂုဏ်ထူးနဲ့ အောင်သူတွေအောတိုက်။ စစ်ဗိုလ်တွေ။ ဆရာဝန်တွေ။
အင်ဂျင်နီယာတွေ ဆိုတာ တင်းကျမ်း။ဒါပေမယ့် တွေးစရာရှိတာက……
ဆရာကြီး မင်းသုဝဏ်တို့လို စာဆိုရှင်ကြီးတွေ ပေါ်ထွက်မလာတာ ဘာကြောင့်ပါလိမ့်။ ဆရာမကြီးဒ်ါနုယဉ်တို့လို လောကကြီးကို အနုစိတ်ပုံဖော်နိုင်တဲ့ ရသစာပေပညာရှင်တွေ ဘာလို့ပေါ်ထွက်မလာပါလိမ့်။
ဆရာကြီးတက်တိုးလို ပရော်ဖက်ရှင်နယ် ပညာရှင်ကြီးတွေ အခုထိမတွေ့ရသေးတာ ဘာကြောင့်ပါလိမ့်၊ ပညာတတ်လူတန်းစားတွေပေါလာပြီး
ပညာရှင်လူတန်းစား မရှိသလောက်ရှားနေတာဟာ ကျွန်မတို့မြို့လေးအတွက်
စိတ်မကောင်းစရာပါပဲ။ တကယ်ဆိုရင် ကျွန်မတို့မြို့လေးကို ဝန်းရံထားတဲ့
မြစ်ချောင်း အင်းအိုင် လယ်ယာ ရှုခင်းတွေဟာ သိပ်ကို စိတ်ကူးယဉ်စရာကောင်းတဲ့
အရာတွေပါ။ "လယ်တောက အပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးလာပေး၊
မနက်တုံးဆီက ကြော့ဆုံးကို မောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး" တဲ့။ ဆရာကြီး မင်းသုဝဏ်ရဲ့ အင်မတန် လက်ရာမြောက်တဲ့
ကဗျာတစ်ပုဒ်။ ဆရာကြီးက အဲ့ ကဗျာကို ကျွန်မတို့မြို့မှာ စပ်ခဲ့တာ။ အခုတော့
ကျွန်မတို့မြို့လေးက အဲ့လို ကဗျာတွေ မကြားရတော့ဘူး။ လွမ်းစရာကောင်းလိုက်တာ။
ကျွန်မ 'ဇမ္ဗူအေး' ကိုလည်း လွမ်းသေးတယ် ။ ကျွန်မ တို့မြို့ရဲ့ တစ်ရုံတည်းသော ရုပ်ရှင်ရုံကြီးပေါ့။ ဒီညပြမယ့်ဇာတ်ကားက ဘာ၊ ဘယ်မင်းသား၊ ဘယ်မင်းသမီးတွေပါဝင်သရုတ်ဆောင်ထားတယ်ဆိုတာမနက်ဘက် ဈေးစည်ချိန်ဆို ဦးအီစလံက ဂျစ်ကားခေါင်မိုးပေါ် အော်လံကြီးတင်ပြီးလိုက်ကြေညာတာပေါ့။အခု အဲဒီအသံ ကျွန်မ မကြားခဲ့မိဘူး။ဘုရားကြီးထဲမှာ ဘုရာဝတ်ဖြည့်ပြီးအပြန်ရုပ်ရှင်ရုံဘက်လှမ်းကြည့် မိသေးတယ်။မြက်ပင်တွေကြားထဲမှာ ရုပ်ရှင်ရုံကြီးက ငေါင်စင်းစင်းကြီးထိုင်လို့ သနားပါတယ်။
ဒါပေမဲ့ ဒီမြို့လေးကို ကျွန်မသိပ်ချစ်နေတာပဘာလို့လဲဆိုတော့ ကျွန်မကိုမွေးခဲ့တဲ့ကျေးဇူး ရှင်မြို့ဖြစ်နေလို့ပေါ့။ ။
(31st December, 2015 - Standard Time Daily)
(Written by - ဂျေလှသင်)
မြို့နာမည်ကတော့မမေးနဲ့နော်
မူလတန်းမှာ အော်ဆိုလို့သိပ်ကောင်းတဲ့ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန်ကျောင်းတက်မယ်’ တို့၊ ‘ကြာနီနှစ်ပွင့် ဖြူတစ်ပွင့် တဲနဲ့ပနံသင့်’ တို့လိုကဗျာတွေကစလို့ အထက်တန်းအထိ အလွတ်ကျက်ခဲ့ရတဲ့ ‘ပျဉ်းမငုတ်တို သက်ကျားအို’ လိုကဗျာတွေဟာ ဆရာကြီးမင်းသုဝဏ်ရဲ့ လက်ရာတွေပေါ့။ အဲ့ဒီ့ ဆရာကြီးရဲ့ မွေးရပ်ဇာတိမြို့ ရွှေခြံမြေလို့ မြို့ခံတွေက အမွှမ်းတင်ခေါ်ခဲ့ကြပေမယ့် တကယ့်မြေပုံပေါ်က နာမည်ကတော့ ကွမ်းခြံကုန်းမြို့။
စာတစ်တန်၊ ပေတစ်ဖွဲ့ရေးရလောက်အောင် ကဗျာမဆန်ပေမယ့် နိုင်ငံကျော်စာဆိုတော်တွေကိ
ကျွန်မတို့ မြန်မာလူမျိုးတွေ ကျား၊မ မရွေး အာခံတွင်းမှာ သွင်းငုံထားလေ့ရှိတဲ့ကွမ်းယ
မြို့လေးရဲ့ နာမည်ပေးကင်ပွန်းတပ်ကတော့ ရာဇဝင်ထဲကအတိုင်းပဲပေါ့။ အာဏာလုပွဲတွေကျင်းပလေ့ရှိတဲ
ပုံပြင်ထက်တိကျတဲ့ အတ္ထုပ္ပတိလည်း ဒီမြို့လေးမှာရှိသေးတယ်။ အခုတော့ ပါးစပ်ရာဇဝင် ဆိုပါတော့။ ထမင်းစားရင်စကားတွေ ဖောင်ဖွဲ့လွန်းတဲ့ ကျွန်မတို့မောင်နှမတွေကို “ဟဲ့ မြန်မြန်စားလေ၊ ညည်းတို့ ထမင်းစားရင် အားကြီးကြာတာပဲ ခုနေများစစ်ဖြစ်လို့ကတော့ သေနတ်မှန်လို့ မသေဘဲ ထမင်းငတ်တာနဲ့သေကုန်ကြမှာ’။
ကျွန်မတို့မြို့လေးရဲ့ အလယ်ကောင်မှာ ချောင်းသုံးချောင်းဆုံတဲ့ ချောင်းလေးတစ်ချောင်းရှိပါတ
ငပလီကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ စပ်စဲကမ်းခြေတို့လောက်တော့ ဘယ်လှပါ့မလဲ။ လက်ခုပ်ကုန်းရဲ့ အရှေ့တည့်တည့် ပင်လယ်ထဲမှာ သောင်ခုံကြီးထွန်းနေတာ ဧကပေါင်း နည်းမှမနည်းပဲ။ 'မြစိမ်းသောင်' လို့တောင် နာမည်ပေးပြီးရွာနီးစပ်ချုပ်
ပြောလက်စစကားတောင် ဘယ်ရောက်သွားပါလိမ့်။ သြော်… စစ်အတွင်းကာလ။ အဲ့ဒီ ဆုတ်လာတဲ့ ဂျပန်စစ်သားတွေ ပင်လယ်ကိုဖြတ်ပြီး ယိုးဒယားဘက်ကူးဖို့ ဂျပန်စစ်သင်္ဘောတွေက အသင့်လာစောင့်နေကြတယ်။ ပင်လယ်ဝမှာ ဒီအတိုင်းထားရင် မဟာမိတ်တပ်တွေမြင်မှာစိုးလိ
ဒါပေမယ့် သူတို့အချင်းချင်းဆက်သွယ်တဲ
ဘာပြောကောင်းမလဲ၊ တစ်မြို့လုံးဖွတ်ဖွတ်ညက်ညက်
"သမီးတို့ အခုတက်နေတဲ့ အမျိုးသားကျောင်း အနောက်ပေါက်က ဆယ်ပေပတ်လည်လောက်ချိုင့်နေတ
ဟုတ်ပါရဲ့။ အမျိုးသားကျောင်းကြီးအကြောင
အဲဒီလို သပိတ်မှောက်အပြီးမှာ မြန်မာနိုင်ငံအနှံ့ အမျိုးသားကျောင်းတွေ အစီအရီပေါ်လာတော့တာပါပဲ။ စစ်မှန်တဲ့ အမျိုးသားရေးစိတ်၊ သူ့ကျွန်မခံလိုစိတ်ရှိတဲ့မြ
မြို့တွင်းကျောင်းမှာ သမိုင်းရှိသလို မြို့ပြင်ကျောင်းကလဲ ရာဇဝင်နဲ့ပါ။ တစ်ပါတီအာဏာရှင်စနစ်အောက်ကအ
ကျွန်မ သူငယ်ချင်းတစ်ယောက်က အရှေ့ပေတရာလမ်းမပေါ်ကို တီဗွီကြီးချခွဲပစ်လိုက်တာ ပြန်မြင်ယောင်တယ်။ တီဗွီမှန်အခုံးကြီးက မကွဲပဲကျန်နေပြီး ထပ်ခွဲလည်း မကွဲခဲ့ဘူး။ ဒါတော့ လွန်တာပေါ့လို့ အပြစ်တင်မစောနဲ့နော်။ အဲဒီ ရုပ်မြင်သံကြားစက်နဲ့ပတ်သတ်
သိတယ်မို့လား။ မဆလ ခေတ်၊ သမဝါယမခေတ်၊ အရာရာခွဲတမ်းနဲ့ပေးရတဲ့ခေတ်
မြို့ပြင်က ကျွန်မတို့ကျောင်းရုံးခန်းမ
ပါတီယူနစ်ရုံးပေါ်က တီဗွီကတော့ သူတို့ရုံးကလူတွေ၊ ဥက္ကဋ္ဌ မိသားစုတွေက ဝရန်တာမှာ ထိုင်ခုံကိုယ်စီနဲ့အခန့်သား
အဲဒီလို မကျေနပ်တာတွေများလာတော့ ရှစ်လေးလုံးအရေးအခင်းလည်းဖြ
မီးခိုးမထွက်တာတစ်ခုကလွဲရင်
ကျွန်မတို့ငယ်ငယ်က နေ့စဉ်ကျောင်းသွားကျောင်းပြ
အခြားမြို့လေးတွေနဲ့တန်းတူ ကျွန်မတို့မြို့လေးတိုးတက်လ
ဆရာကြီး မင်းသုဝဏ်တို့လို စာဆိုရှင်ကြီးတွေ ပေါ်ထွက်မလာတာ ဘာကြောင့်ပါလိမ့်။ ဆရာမကြီးဒ်ါနုယဉ်တို့လို လောကကြီးကို အနုစိတ်ပုံဖော်နိုင်တဲ့ ရသစာပေပညာရှင်တွေ ဘာလို့ပေါ်ထွက်မလာပါလိမ့်။
ဆရာကြီးတက်တိုးလို ပရော်ဖက်ရှင်နယ် ပညာရှင်ကြီးတွေ အခုထိမတွေ့ရသေးတာ ဘာကြောင့်ပါလိမ့်၊ ပညာတတ်လူတန်းစားတွေပေါလာပြီ
ကျွန်မ 'ဇမ္ဗူအေး' ကိုလည်း လွမ်းသေးတယ် ။ ကျွန်မ တို့မြို့ရဲ့ တစ်ရုံတည်းသော ရုပ်ရှင်ရုံကြီးပေါ့။ ဒီညပြမယ့်ဇာတ်ကားက ဘာ၊ ဘယ်မင်းသား၊ ဘယ်မင်းသမီးတွေပါဝင်သရုတ်ဆေ
ဒါပေမဲ့ ဒီမြို့လေးကို ကျွန်မသိပ်ချစ်နေတာပဘာလို့လ
(31st December, 2015 - Standard Time Daily)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။