Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, March 7, 2016

" စွန့်ဦးတီထွင်ခဲ့ကြသူများ ''

" စွန့်ဦးတီထွင်ခဲ့ကြသူများ ''
---------------------------------------
၁၉ ရာစုနှစ်မှစ၍ ၂၀ ရာစုသို့ ကူပြောင်းလာချိန်တွင် သိပ္ပံပညာသည်လည်း တစထက်တစ ပို၍ပို၍ ထွန်းကားလာလေသည်။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ များစွာ ပြောင်းလဲတိုးတက်ခဲ့၏။


 " မီးရထား "
-------------

အင်္ဂလန်နိုင်ငံတွင် 'စတီဗင်ဆင်(Stevenson) က ရော့ကက် (Rocket) ခေါ် မီးရထားခေါင်းတွဲကို တီထွင်ခဲ့ရာ တစ်နာရီလျှင် မိုင် ၄၀/၅၀ ခန့် မောင်းနှင်နိုင်ခဲ့သည်။ အင်္ဂလန်နိုင်ငံကပင် ၁၈၂၅ ခုနှစ်တွင် ပထမမီးရထာလမ်းကို စတောက်တန်(Stockton) နှင့် ဒါလန်တန်(Darlington) မြို့နှစ်မြို့ အကြား၌ ဖောက်လုပ် ဆက်သွယ်ခဲ့လေသည်။

၁၉ ရာစုနှစ် ကုန်ခါးနီးတွင် ဥရောပတစ်တိုက်လုံး၌ မီးရထားလမ်းများသည် ကွန်ရက်သကဲ့သို့ သွယ်တန်းခဲ့ပြီး ဖြစ်လေသည်။ မီးရထားလမ်းများ ဖောက်လုပ်နိုင်ခြင်းကြောင့် သွားရေးလာရေးမှာ လျင်မြန် လာခဲ့ပြီး လမ်းပမ်းဆက်သွယ်ရေး၌ ခရီးတွင်ကျယ်လာခဲ့တော့သည်။

°°°

 ' မီးသင်္ဘောများ '
----------------------

မီးသင်္ဘောများကို ၁၉ ရာစုနှစ် အစပိုင်းက စတင်တည်ဆောက်ခဲ့သော်လည်း မြစ်ကြောင်းခရီးများ၌သာ အသုံးပြု့ခဲ့ရပါတယ်။ ၁၈၁၉ ခုနှစ်ခန့်တွင် အမေရိကန်တို့သည် အတ္တလန်တိတ် ပင်လယ်ကို မီးသင်္ဘောဖြင့် ကူးဖြတ်ကြပါသည်။ ထိုစဉ်က မီးသင်္ဘောတွင် အင်ဂျင်စက်သာမက စက်ပျက်လျှင် လေအားကိုပါ ရယူ အသုံပြု့နိုင်ရန် ရွက်တိုင်ကိုလည်း တပ်ဆင်ထားပါသည်။

သို့သော်လည်း ထိုမီးသင်္ဘောများ၌ စက်ကိုဘေး၌ တပ်ဆင်ထားရသဖြင့် ရေလှိုင်းပြင်းထန်သောအခါ စက်ကရိယာ အစိတ်အပိုင်းများကျိုးပဲ့ ပျက်စီးကုန်ကြ၏။ ထိုကြောင့် မီးသင်္ဘောများတွင် လှိုင်းဒဏ်မှ ကာကွယ်နိုင်သော စက်ပုန်းများကို တီထွင် တပ်ဆင်လာကြသည်။

လူသားတို့၏ တီထွင်ကြိုးစားမှုများအရ မီးသင်္ဘောများသည် အရွယ်အစားနှင့် မောင်းနှင်အားပါ တစ်စထက်တစ်စ တိုးတက်လာခဲ့ရာ ၂၀ ရာစုနှစ်အတွင်း ၁၉၁၀ ခုနှစ်တွင် အတ္တလန်တိတ် ပင်လယ်ကို ၅ ရက်မျှနှင့်ပင် ဖြတ်သန်းနိုင်စွမ်း ရှိလာခဲ့လေသည်။

°°°

 ' မော်တော်ကား '
---------------------

ကုန်းလမ်း၌ ခရီးတွင်ကျယ်စေရန် မီးရထား ပေါ်ခဲ့ပြီးနောက် မော်တော်ယာဉ်များကိုပါ တီထွင်နိုင်ခဲ့သည်။ ကားများကို ရှေးဦးစွာ တီထွင်နိုင်သူမှာ ဂျာမန်လူမျိုး ဒိန်မလာ(Daimler) ဆိုသူ ဖြစ်၏။ ၎င်းက ရေနွေးငွေ့အားဖြင့် မောင်းနှင်နိုင်သော ကားကို စတင်တည်ဆောက်ခဲ့သည်။

၎င်း၏ တီထွင်ချက်ကို အစပြု့ပြီးနောက်တွင် ရေနွေးငွေ့အစား ဓာတ်ဆီများဖြင့် အစားထိုး မောင်းနှင်နိုင်သော ကားများ ပေါ်ပေါက်လာပြီး ၂၀ ရာစုနှစ်တွင် အမျိုးစားစုံသော ယာဉ်းများကို တိုးတက် ပြု့လုပ်နိုင်ခဲ့ကြလေသည်။

°°°

 ' လေယာဉ်ပျံများ '
-----------------------

၁၉ ရာစုနှစ်အကုန် ၂၀ ရာစုနှစ်သို့ ကူးပြောင်းလာသောအခါတွင် ကုန်းလမ်း၊ ရေလမ်းများ၌သာမက ကောင်းကင်ပြင်၌ပါ သွားလာနိုင်သော လေယာဉ်ပျံများကိုလည်း တီထွင်လာနိုင်ခဲ့လေသည်။

လေယာဉ်ပျံကို ၁၈၉၇ ခုနှစ်တွင် အမေရိကန်လူမျိုး 'လင်းလေး'(Langley) ဆိုသူက စတင်ကြံစည်တီထွင်ခဲ့ပါသည်။

၁၉၀၅ ခုနှစ်သို့ ရောက်သောအခါတွင် အမေရိကန်နိုင်ငံသားများပင်ဖြစ်သော 'ရိုက်ညီနောင်'(Wright Brother) တို့၏ ကြိုးပမ်းချက်အရ ပိုမိုတိုးတက် ကောင်းမွန်သော လေယာဉ်ပျံကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့ကြသည်။ ၁၉၀၉ ခုနှစ်မှ အစပြု့၍ လျင်မြန်စွာ တိုးတက်ကောင်းမွန်လာသော လေယာဉ်သည် လူသားတို့အတွက် များစွာ အထောက်အကူဖြစ်စေသော သယ်ယူပို့ဆောင်ရေ ယာဉ်တစ်ခု ဖြစ်လာတော့သည်။

°°°

 ' ဆေးအတက်ပညာ '
--------------------------

၁၉ ရာစုမှ ၂၀ ရာစုနှစ်သို့ ကူးပြောင်းသောကာလတွင် သိပ္ပံပညာ ပိုမိုတိုးတက်လာသည်နှင့်အမျှ ဆေးအတက်ပညာမှာလည်း အထူးတိုးတက်လာခဲ့လေသည်။ ဆေးဝါးကုသခြင်း၊ ခွဲစိတ် ဖြတ်တောက် ကုသခြင်းတို့နှင့် ပတ်သက်သော အတက်ပညာများ၊ ကရိယာများနှင့် ကောင်းမွန်သောဆေးများ တစ်နေ့တခြား တိုးတက်လားလေသည်။

၁၈၄၇ ခုနှစ်တွင် ခွဲစိတ်ကုသရာ၌ များစွာအသုံးဝင်သော 'မေ့ဆေး'ကို 'ဆာဂျိမ်းစ်ဆင်မဆင်' (Sir James Simpson) ဆိုသူက တီထွင်ခဲ့သည်။

၁၈၇၀ ခုနှစ်တွင် 'လော့ဒ်လစ္စတာ' (Lord Lister) ဆိုသူ အင်္ဂလိပ်ဆရာဝန် တစ်ဦးက အဆိပ်တားဆေးကို တီထွင်ခဲ့သည်။

ကျောက်ကပ်ရောဂါ ကာကွယ်ဆေးကို အင်္ဂလိပ်လူမျိုး 'ဂျင်းနား'(Jenner) က တီထွင်ခဲ့သည်။

ပြင်သစ်လူမျိုး 'ပါစတာ'(Pasteur) က သာမန်မျက်စိဖြင့် မမြင်နိုင်သည့် သေးမွှားသော ရောဂါပိုးများကို ကာကွယ်သည့် ထိုးဆေးများကို တီထွင်ခဲ့သည်။

ဂျာမန်လူမျိုး 'ကော့ခ်'(Koch) က ကာလဝမ်းရောဂါနှင့် ချောင်းဆိုးသွေးပါရောဂါ ဖြစ်စေသော ရောဂါပိုးများကို ကာကွယ်ရန် ဆေးများကို စမ်းသပ်ရှာဖွေနိုင်ခဲ့ကြပါသည်။

°°°

 ' လျှပ်စစ်စွမ်းအင် '
-----------------------

လျှပ်စစ်စွမ်းအင်၏ သဘောကို ၁၈၃၁ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး 'မိုက်ကယ်ဖာရာဒေး' (Michael Faraday) ဆိုသူက လက်တွေ့စမ်းသပ်ရာမှ စတင်တွေ့ရှိခဲ့သည်။ ၁၉ ရာစုနှစ်ပိုင်း ၁၈၈၀ မှ ၁၈၉၀ ကြားကာလတွင် လျှပ်စစ်အတက်ပညာများ ပိုမို၍ ထွန်းကားလာခဲ့သည်။

လျှပ်စစ်ပညာများ တိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်ကို အမျိုးမျိုးအဖုံဖုံ အသုံးပြု့လာကြသည်။

လျှပ်စစ်စွမ်းအင်ကြောင့် 'မော့စ်'(Morse) ဆိုသူ အမေရိကန်လူမျိုးတစ်ဦးက သံကြိုးကြေးနန်း ကို တီးထွင်ခဲ့သည်။

'ဘဲလ်'(Bell) ဆိုသူ အမေရိကန်လူမျိုးကလည်း စကားပြောကြေးနန်း (ဖုန်း)ကို တီထွင်ခဲ့သည်။

'မာကိုနီ' ဆိုသူ အီတာလျံအမျိုးသားက ကြိုးမဲ့ကြေးနန်းကို အသီးသီး တီထွင်ခဲ့ကြပါသည်။

°°°

 ' ဗိသုကာပညာ '
--------------------

သိပ္ပံပညာထွန်းကားလာမှုနှင့် တစ်ဆက်တည်းမှာပင် လောကဓာတ်ပညာသည်လည်း တရှိန်ထိုး တိုးတက်လာရာ သံမဏိလုပ်ငန်းများမှာ အထူးသဖြင့် အောင်မြင်ထွန်းကား လာခဲ့၏။ သံမဏိများကို အရည်ကျိုသွန်းလောင်းခြင်းဖြင့် ကြီးမား ခန့်ထည်လှသော တံတားကြီးများ၊ မြင့်မာလှသော တိုက်အိမ် အဆောက်အဦးများ ဆောက်လုပ်ခြင်း စသည့်အတက်ပညာများမှာလည်း အံ့မခန်းလောက်အောင်ပင် တိုးတက်လာခဲ့လေသည်။

°°°

 ' သိပ္ပံပညာ၏ ရှာဖွေတွေ့ရှိချက်များ '
----------------------------------------------

ဂရိလူမျိုး 'ဒေမော်ကရီးတပ်စ်' (Democritus) (၄၆၀-၃၇၀ ဘီစီ) လက်ထက်မှ အင်္ဂလိပ်လူမျိုး 'ဂျွန်ဒါလတန်' (John Dalton) (၁၇၆၆-၁၈၄၄) လက်ထက်အထိ အနုမြူရုပ်ဝတ္ထုကို ခွဲစိတ် ဖြတ်တောက်၍ မရသော အမာခံ ဒြဗ်အဖြစ် ယူဆခဲ့ကြ၏။

၁၈၉၅ ခုနှစ်တွင် ဂျာမန်လူမျိုး 'ရွန်းဂဲင်'(Rontgon) (၁၈၄၅-၁၉၂၃) သည် အနုမြူမှ ထွက်လာသော 'အိပ်ခ်စ်ရေး' (X.Ray) ကို မတော်တဆ တွေ့ရှိရပြီးသည့်နောက် ၁၈၉၅ ခုနှစ်နှင့် ၁၉၀၀ ခုနှစ်များအကြားတွင် အင်္ဂလိပ်လူမျိုး 'ဂျေ-ဂျေ သော်မဆင်' (J.J.Thompson) နှင့် 'ရူသာဖိုဒ့်' (Rutherford) ဆိုသူတို့က အနုမြူကို ခွဲစိတ်နိုင်ခဲ့ကြသည်။ အနုမြူကို ခွဲစိတ်ကြည့်ရာမှ ပရိုတွန်(Protons) ခေါ် လျှပ်စစ်အဖိုနှင့် အီလက်ထရွန် (Electrons) ခေါ် လျှပ်စစ်အမတို့ကို တွေ့ရှိလာခဲ့၏။

ထိုပြင် 'ဆာဂျိမ်းချာ့ဒ်ဝစ်ခ်' (Sir James Chadwick) ဆိုသူက နျူထရွန်(Neutrons) ခေါ် ဓာတ်မြုံကိုလည်း ၂၀ ရာစုနှစ် အဦးပိုင်းတွင် တွေ့ရှိခဲ့ပြန်သည်။ ၂၀ ရာစုနှစ်သို့ ချင်းနင်းဝင်ရောက်လာသောအခါတွင် အနုမြူသည် ရှေးက ယုဆသကဲ့သို့ အမာခံဒြဗ် မဟုတ်တော့ပဲ အာကာသအတွင်း နေနှင်ဂြိုဟ်များ လှည့်ပတ်လှုပ်ရှားနေကြသည့် နည်းတူ အနုမြူ၏ အတွင်း၌လည်း နျူကလီးယား(Neucleus) ခေါ် ဗဟိုဝတ်ဆံကို လျှပ်စစ် အမဓာတ်များက ပတ်ချာလည်၍ လှည့်ပတ် လှုပ်ရှားနေသော သဘောကို ရှာဖွေတွေ့ရှိလာကြသည်။

အနုမြူကို ခွဲစိတ် စမ်းသပ်မှု အောင်မြင်သည်နှင့်အမျှ အလွန်ထူးဆန်း အံ့သြဖွယ်ရာ ဖြစ်ရပ်များသည်လည်း ပေါ်ပေါက်လာခဲ့ကြတော့သည်။

°°°

ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (တတိယတွဲ)
(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပညာပေးစာစောင်)
ဖေဖော်ဝါရီလထုတ် ၁၉၆၆ ခု။

•••

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။