လူငယ်နှင့်လွတ်လပ်ခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။ ။။။
ဒီတစ်ခေါက် ဆောင်းပါးမှာ လူငယ်နဲ့ လွတ်လပ်ခြင်းဆိုတဲ့ခေါင်း စဉ်နဲ့ ဆွေးနွေးမယ်။ လွတ်လပ် ခြင်းဆိုတာ အများကြီးကျယ်ပြန့် တယ်။ လူတိုင်း လွတ်လွတ်လပ် လပ်နေချင်ကြတယ်။ ချုပ်ချယ် တာကို မကြိုက်ကြဘူး။ ဒါကြောင့်တချို့ဆို လခစားအလုပ်ကို မ လုပ်ချင်ကြဘူး။ ကိုယ်ပိုင်အလုပ် ပဲ လုပ်ချင်ကြတယ်။ လခစား အလုပ်ဆိုတာ လွတ်လပ်မှုမရှိချင် ဘူး။ သို့သော် ဒီနေ့ခေတ်ကြီးမှာ အလုပ်ဆိုတာရွေးလို့မရတတ် ဘူး။ ရတဲ့အလုပ်ဝင်လုပ်ကြရတာ မျိုးရှိတယ်။ ကိုယ်တိုင်အလုပ်တစ် ခုတည်ထောင်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ တချို့လည်း အ လုပ်မှာ အဆင်မပြေတော့ တခြား အလုပ်ပြောင်းကြတယ်။ ပြောင်း တဲ့အလုပ်ကလည်း အရင်အလုပ် လိုပဲ ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ တချို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကျတာမျိုးတွေဖြစ်၊ လောက ကြီးကို အဆိုးမြင်၊ နောက်ဆုံး ဘဝကြီးကို လက်မြှောက်အရှုံးပေး သွားတာတွေတောင် တွေ့လာနေ ရတယ်။
ဘဝဆိုတာ တိုက်ပွဲတစ်ခုလို ပဲ။ အင်မတန်ရှုပ်ထွေးတယ်။ အ ကွေ့အကောက်၊ အနိမ့်အမြင့် များတတ်တယ်။ ရှုမြင်ပုံအပေါ်မှာ တော့ မူတည်မှာပေါ့လေ။ လိုချင် တာ၊ ရချင်တာ များလေ ထိခိုက် ဆုံးရှုံးမှုများတတ်လေပဲ။ လိုချင် တာ၊ ရချင်တာများတယ်ဆိုတာ ကလည်း သဘာဝပဲ။ ဒါမှလည်း ခေတ်နဲ့ညီတဲ့ လူနေမှုအဆင့်အ တန်းကို ရမှာကိုး။ ဒီတော့ လိုချင် တာ၊ ရချင်တာတွေရဖို့၊ ဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ။ ကိုယ့်မှာ အရည်အချင်းတွေ များနိုင်သမျှ များအောင် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားသင့်တာပေါ့။ အဲဒီအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပေးဆပ်သင့်တာ ပေးဆပ်ကြရ မယ်။ ဘာကိုမဆို လေးလေးနက် နက်တွေးရမယ်။ ဖောက်ထွက် တွေးခေါ်ရမယ်။ ဖြစ်နိုင်သမျှ အ ရာအားလုံးကို တွေးတောနိုင်ရ မယ်။ စိတ်ကူးယဉ်ရမယ်။ ဦး နှောက်ကို အလုပ်ပေးရမယ်။ ဦး နှောက်ကို အလုပ်ပေးရမယ်ဆို တာ အကြောင်းရှိတယ်။ မြန်မာ တွေက ဦးနှောက်ထက် ခွန်အား သုံးချင်ကြတယ်။ ရှည်ရှည်ဝေး ဝေးသိပ်မတွေးချင်ကြဘူး။ အမြင် ကျယ်သူနည်းတယ်။ ရောင့်ရဲတင်းတိမ်လွယ်တယ်။ လောဘနည်း တယ်။ ဒါကြောင့်လည်း မြန်မာစစ်ရင် ဆင်းရဲတဲ့သူများတာပေါ့။
တချို့က ပြောရင်လည်း မ ကြိုက်ကြဘူး။ သူများလစာစား ရင်၊ အကြောင်းမသင့်ရင် အပြော အဆိုတော့ ခံရမှာပဲ။ ကိုယ့်မှာ အ ရည်အချင်းနဲ့ပြည့်စုံနေပြီလား
အ ရင်ကြည့်။ ဘယ်နေရာမှာမဆို ဂုဏ်သိက္ခာရှိရှိ ရှင်သန်နိုင်သ လား၊
လောကကြီးကို ခွန်အားနဲ့မ ဟုတ်ဘဲ ဦးနှောက်နဲ့ စိန်ခေါ်နိုင်သ လား။
ကိုယ့်ကိုယ်ကိုယ်သုံးသပ်။ အိုကေဆို လောကကြီးကို စိန်ခေါ် လိုက်။
စိန်ခေါ်လိုက်ဆိုတာ ကိုယ် လုပ်ချင်တာ လုပ်လို့ပြောတာ။ ကိုယ်မှန်တယ်ထင်ရင်
ကိုယ့်လမ်း ကို ရဲရဲလျှောက်။ အဲဒါ လွတ်လပ် ရေးပဲ။ သို့သော် ဘယ်သူ့ကိုမှ လူ
မထင်ဘူး၊ ဘယ်သူ့ကိုမှ ဂရုမ စိုက်ဘူးလို့ ဆိုချင်တာ မဟုတ်ဘူး နော်။
ဒီလူ့အဖွဲ့အစည်းမှာ အများနဲ့လိုက်လျောညီထွေမနေနိုင်ဘူး၊
မနေတတ်ဘူးဆိုရင် ရှင်သန်ဖို့ ခဲ ယဉ်းတယ်။ အခုက ခေတ်ပြောင်း သွားပြီ။
ဘာမဆို ပေါ့ပေါ့ဆဆ လုပ်လို့မရတော့ဘူး။ လူ့အဖွဲ့အ စည်းကို တော်လှန်ချင်တယ်၊
ဖောက်ထွက်တွေးခေါ်ချင်တယ်၊ လူတွေကို စည်းရုံးသိမ်းသွင်းချင် တယ်ဆိုရင်
တော်လှန်နိုင်ပါ တယ်။ ပြင်ဆင်ပြောင်းလဲနိုင်ပါ တယ်။
စည်းရုံးသိမ်းသွင်းနိုင်ပါ တယ်။ သို့သော် ပညာဆိုတာ လို လာတယ်။ ပညာမတတ်ဘဲ
တော်လှန်ရေးလုပ်ရင် ကွန်မြူနစ်လို့အ ပြောခံရမှာပေါ့။ ဒါမှမဟုတ် လည်း အခု
ခေတ်စားနေတဲ့ အာ ဏာရှင်တို့၊ ဖက်ဆစ်တို့ဆိုတဲ့ စကားလုံးတွေနဲ့ အတိုက်အခိုက်
ခံရမှာပေါ့။
ဒီနေရာမှာ ပညာအရေးကြီး တယ်နော်။ ပညာတတ်ပြီး အမှား လုပ်ရင် လူတွေက ခွင့်လွှတ်တတ် တယ်။ ပညာရှိ သတိဖြစ်ခဲဆိုတာ မျိုး ပြောတတ်ကြတယ်။ ပညာ နည်းတဲ့သူက အမှားဖြစ်ရင် ပြော လို့မဆုံးတတ်ဘူး။ ပညာတတ်တဲ့ သူက အရက်မူး၊ လမ်းဘေးသေး ပန်းရင်တောင် အောက်ခြေလူ တန်းစားနဲ့တစ်သားတည်းရှိတဲ့ သူ
လို့ ကြံဖန်ချီးကျူးတာခံရတတ် တယ်။ ပညာမတတ်တဲ့သူ လမ်းဘေးသေးပန်းလို့ကတော့
အောက်တန်းစားလိုလို အပြောခံ ရမှာပေါ့။ ဆိုချင်တာက လောက ကြီးက မတရားဘူးဗျာ။
အဆင့်အ တန်းခွဲတဲ့လောကကြီးဖြစ်တယ်။
အညှာအတာကင်းတဲ့လောက ကြီးဖြစ်တယ်။ အသိနောက်ကျတဲ့ သူတွေအတွက် အခွင့်အလမ်း
နည်းတဲ့ လောကကြီးဖြစ်တယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လောက ကြီးဖြစ်တယ်။
အဲဒီလောကကြီး မတရားဘူးဆိုပြီး ပေါက်ကွဲမှုသံ စဉ်တွေနဲ့ အရွဲ့တိုက်နေမယ်ဆို
ရင် ကိုယ်ပဲနာတာပေါ့ဗျာ။ လော ကကြီးကို ကိုယ်က ရယ်မောနိုင်ဖို့
ကြိုးစားရတယ်။ မဟုတ်ရင် လောကကြီးက ကိုယ့်ကို ရယ်မောသွား လိမ့်မယ်ဆိုတဲ့
စကားရှိတယ်မ ဟုတ်လား။
ဒီနေရာမှာ လွတ်လပ်ခြင်းဆို တဲ့ အရသာကို နည်းနည်းချဲ့ဆွေး နွေးချင်တယ်။ ဒီအလုပ်မကြိုက် ရင် နောက်အလုပ်ပြောင်းနိုင်ရ မယ်။ ဒီဝန်းကျင်သဘောမကျရင် နောက်ဝန်းကျင် ပြောင်းနိုင်ရ မယ်။ ဒီတစ်နေရာ ရေးခွင့်မရရင် နောက်တစ်နေရာ ရေးနိုင်ရမယ်။ လွတ်လပ်စွာ တွေးခေါ်နိုင်ရမယ်။ ကြောက်ရွံ့ခြင်းက ကင်းဝေးရ မယ်။ ရန်သူရှိရင် ရင်ဆိုင်နိုင်ရ မယ်။ ရန်သူဝိုင်းထားရင် ဖောက် ထွက်နိုင်ရမယ်။ လွတ်လပ်ခြင်း အရသာကို တစ်ပါးသူတွေဆီ ကူး စက်ပျံ့နှံ့စေရမယ်။ ရေးကောင်း တိုင်း ရေးနေတာမဟုတ်ဘူးနော်။ လုပ်ရင်ဖြစ်တယ်ဆိုတဲ့သတင်း စကားပေးချင်တာဖြစ်တယ်။ ဘာ ပြောတယ်။ ပူလောင်ပါတယ် ဟုတ်လား။ ဒါပေါ့ဗျာ။ လွတ်လပ် ခြင်းရဲ့အရသာကို ရယူခံစားနိုင်ဖို့ ကြိုးစားတယ်ဆိုတာ အေးအေး သက်သာနေတဲ့သူတွေနဲ့ စာရင် တော့ ပူလောင်တာပေါ့ဗျာ။ သို့ သော် ခိုင်းသမျှ၊ ပြောသမျှ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ် စေ အောင့်သက်သက်နဲ့ လုပ်ရ တာ၊ မကြိုက်မနှစ်သက်သော် လည်း ဝမ်းရေးအတွက် အောင့်အည်းသည်းခံအလုပ်လုပ်ရ တာ
တွေနဲ့စာရင် ဘဝကို ဂုဏ်သိက္ခာ ရှိရှိ ရင်ဆိုင်နိုင်ဖို့အတွက်၊ လွတ်
လပ်ခြင်းအတွက် ပေးဆပ်ရတဲ့ အချိန်တွေ၊ ကြိုးပမ်းအားထုတ်မှုတွေဟာ
အများကြီးသာပါတယ် ဗျာ။
ဘေးထွက်ဆိုးကျိုးဆိုတာ တွေလည်း ရှိပါတယ်။ တချို့ လည်း ကြိုးစား အားထုတ်လွန်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာ သွားတာ၊ စာဖတ်လွန်ပြီး ကြောင် တောင်တောင်ဖြစ်သွားတာ၊ အုပ် စုက ခွဲထွက်သွားလို့ အဖယ်ကြဉ် ခံရတာ၊ ဟိုမရောက်ဒီမရောက် ဖြစ်ပြီး စိတ်ကျတာ၊ စိတ်ကြွတာ ဒါတွေ ဖြစ်တတ်ပါတယ်။ မလုပ် နိုင်ဘူးထင်ရင် လုပ်ကိုမလုပ်ပါနဲ့။ ခဏခဏကြုံဖူးလို့ ပြောတာပါ။ စကားအဖတ်တင်တယ်ဗျာ။ အ ချိန်ကုန်တယ်ဗျာ။ ကိုယ့်ကိုယ် ကိုယ် နားလည်နိုင်ဖို့က အဓိကပဲ ဗျ။ ကိုယ့်ကိုယ်ကိုယ် နားမလည် နိုင်တဲ့သူက အဆိုးဆုံးပဲ။ ကိုယ့် ကိုယ်ကိုယ် နားမလည်ဘဲ လော ကကြီးကို နားလည်ဖို့ကြိုးစားရင် မှားမှာပေါ့။ ဘာလုပ်လုပ်ကိုယ် ကိုယ်တိုင်ကသာ အစပြုရတယ်။ အပြောင်းအလဲကိုလည်း ကိုယ်က ပဲ အစပြုရတယ်။ ကိုယ်ကိုယ်တိုင် က ပထမဆုံးလွတ်လပ်ဖို့ လို တယ်။ လွတ်လပ်စွာ တွေးနိုင်ပြီ လား။ တချို့က အတွေးတွေ သိပ်များတယ်။ သူ့အတွေးနဲ့သူ ချည်ထားတယ်။ ရှေ့မရောက်ဘဲ နောက်ပြန်လည်သွားတယ်။ ပြီးခဲ့ တာတွေကို နောင်တပြန်ရတယ်။ အဲဒီကတည်းက လုပ်ခဲ့ရင် အခု အချိန်ဆို ဘာဖြစ်နေပြီ။ အဲဒီက တည်းက စုခဲ့ရင် အခုဆို ဘာဝယ် နိုင်နေပြီ။ ပြီးခဲ့ပြီပဲ။ မေ့လိုက်ပါ။ နောက်တစ်ခေါက် မမှားဖို့ လို တယ်။ အသိစိတ်ဆိုတာ ဘယ် တော့မှ နောက်ကျတယ်လို့တော့ မရှိပါဘူး။ အမှားကိုသိပြီး ပြန် လည်ပြင်ဆင်နိုင်တာ သတ္တိပဲ။ စစ်မှန်တဲ့ သတ္တိတွေများလာတဲ့အခါ လွတ်လပ်ခြင်းဆိုတာ ဖြစ်လာ လိမ့်မယ်။
အခု နိုင်ငံတကာမှာ ခေတ် စားနေတဲ့ အသုံးအနှုန်းတစ်ခုရှိ တယ်။ Freelance တို့၊ Inde-pendent တို့ဆိုတာ ဖြစ်တယ်။ လခစားမဟုတ်ဘဲ ငှားတဲ့သူရှိရင်၊ ခေါ်တဲ့သူရှိရင် အခကြေးငွေနဲ့ လိုက်တာပေါ့။ အခု နိုင်ငံတကာ သင်တန်းတွေ၊ အဖွဲ့အစည်းတွေ မှာ အဲဒီ Freelance တို့၊ Inde-pendent တို့ဆိုတဲ့ သင်တန်းဆ ရာတွေ၊ အလုပ်လုပ်နေသူတွေ မကြာမကြာတွေ့လာနေရတယ်။ မြန်မာနိုင်ငံမှာ သင်တန်းတစ်ခု လုပ်ချင်တယ်၊ ပရောဂျက်တစ်ခု စတင်ချင်တယ်ဆိုရင်လည်း အဲဒီ လို အချိန်ပိုင်း ငှားလို့ရတဲ့ကျွမ်း ကျင်သူတွေကို ရှာဖွေလေ့ရှိ တယ်။ ပညာတစ်ခုကိုတော့ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထား
ရမှာပေါ့။ ဘယ်လောက်လွတ် လပ်သလဲဗျာ။ ကိုယ့်ဘက်က ဈေးကွက်ရှာဖို့တော့
လိုတာပေါ့။ ကိုယ့်ရဲ့အရည်အသွေးက ကောင်းဖို့ တော့ လိုတာပေါ့။ ဦးနှောက်ပဲ
စိုက်ရတာလေ။ ဈေးကွက်လည်း ရပြီ။အရည်အသွေးကိုလည်း ထိန်းနိုင် တယ်ဆိုရင်
ကိုယ်က သူတို့ဆီ သွားစရာမလိုဘူး။ သူတို့က ကိုယ့်ဆီလာလိမ့်မယ်။ အဲဒါ လွတ်လပ်
ခြင်းပဲပေါ့။
အောင်အောင်(IR)
။။။။။။။။။။။။။။။။။။။။။။။။။။
ဒီတစ်ခေါက် ဆောင်းပါးမှာ လူငယ်နဲ့ လွတ်လပ်ခြင်းဆိုတဲ့ခေါင်း စဉ်နဲ့ ဆွေးနွေးမယ်။ လွတ်လပ် ခြင်းဆိုတာ အများကြီးကျယ်ပြန့် တယ်။ လူတိုင်း လွတ်လွတ်လပ် လပ်နေချင်ကြတယ်။ ချုပ်ချယ် တာကို မကြိုက်ကြဘူး။ ဒါကြောင့်တချို့ဆို လခစားအလုပ်ကို မ လုပ်ချင်ကြဘူး။ ကိုယ်ပိုင်အလုပ် ပဲ လုပ်ချင်ကြတယ်။ လခစား အလုပ်ဆိုတာ လွတ်လပ်မှုမရှိချင် ဘူး။ သို့သော် ဒီနေ့ခေတ်ကြီးမှာ အလုပ်ဆိုတာရွေးလို့မရတတ် ဘူး။ ရတဲ့အလုပ်ဝင်လုပ်ကြရတာ မျိုးရှိတယ်။ ကိုယ်တိုင်အလုပ်တစ် ခုတည်ထောင်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ တချို့လည်း အ လုပ်မှာ အဆင်မပြေတော့ တခြား အလုပ်ပြောင်းကြတယ်။ ပြောင်း တဲ့အလုပ်ကလည်း အရင်အလုပ် လိုပဲ ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ တချို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကျတာမျိုးတွေဖြစ်၊ လောက ကြီးကို အဆိုးမြင်၊ နောက်ဆုံး ဘဝကြီးကို လက်မြှောက်အရှုံးပေး သွားတာတွေတောင် တွေ့လာနေ ရတယ်။
ဘဝဆိုတာ တိုက်ပွဲတစ်ခုလို ပဲ။ အင်မတန်ရှုပ်ထွေးတယ်။ အ ကွေ့အကောက်၊ အနိမ့်အမြင့် များတတ်တယ်။ ရှုမြင်ပုံအပေါ်မှာ တော့ မူတည်မှာပေါ့လေ။ လိုချင် တာ၊ ရချင်တာ များလေ ထိခိုက် ဆုံးရှုံးမှုများတတ်လေပဲ။ လိုချင် တာ၊ ရချင်တာများတယ်ဆိုတာ ကလည်း သဘာဝပဲ။ ဒါမှလည်း ခေတ်နဲ့ညီတဲ့ လူနေမှုအဆင့်အ တန်းကို ရမှာကိုး။ ဒီတော့ လိုချင် တာ၊ ရချင်တာတွေရဖို့၊ ဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ။ ကိုယ့်မှာ အရည်အချင်းတွေ များနိုင်သမျှ များအောင် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားသင့်တာပေါ့။ အဲဒီအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပေးဆပ်သင့်တာ ပေးဆပ်ကြရ မယ်။ ဘာကိုမဆို လေးလေးနက် နက်တွေးရမယ်။ ဖောက်ထွက် တွေးခေါ်ရမယ်။ ဖြစ်နိုင်သမျှ အ ရာအားလုံးကို တွေးတောနိုင်ရ မယ်။ စိတ်ကူးယဉ်ရမယ်။ ဦး နှောက်ကို အလုပ်ပေးရမယ်။ ဦး နှောက်ကို အလုပ်ပေးရမယ်ဆို တာ အကြောင်းရှိတယ်။ မြန်မာ တွေက ဦးနှောက်ထက် ခွန်အား သုံးချင်ကြတယ်။ ရှည်ရှည်ဝေး ဝေးသိပ်မတွေးချင်ကြဘူး။ အမြင် ကျယ်သူနည်းတယ်။ ရောင့်ရဲတင်းတိမ်လွယ်တယ်။ လောဘနည်း တယ်။ ဒါကြောင့်လည်း မြန်မာစစ်ရင် ဆင်းရဲတဲ့သူများတာပေါ့။
တချို့က ပြောရင်လည်း မ ကြိုက်ကြဘူး။ သူများလစာစား ရင်၊ အကြောင်းမသင့်ရင် အပြော အဆိုတော့ ခံရမှာပဲ။ ကိုယ့်မှာ အ ရည်အချင်းနဲ့ပြည့်စုံနေပြီလ
ဒီနေရာမှာ ပညာအရေးကြီး တယ်နော်။ ပညာတတ်ပြီး အမှား လုပ်ရင် လူတွေက ခွင့်လွှတ်တတ် တယ်။ ပညာရှိ သတိဖြစ်ခဲဆိုတာ မျိုး ပြောတတ်ကြတယ်။ ပညာ နည်းတဲ့သူက အမှားဖြစ်ရင် ပြော လို့မဆုံးတတ်ဘူး။ ပညာတတ်တဲ့ သူက အရက်မူး၊ လမ်းဘေးသေး ပန်းရင်တောင် အောက်ခြေလူ တန်းစားနဲ့တစ်သားတည်းရှိတဲ့
ဒီနေရာမှာ လွတ်လပ်ခြင်းဆို တဲ့ အရသာကို နည်းနည်းချဲ့ဆွေး နွေးချင်တယ်။ ဒီအလုပ်မကြိုက် ရင် နောက်အလုပ်ပြောင်းနိုင်ရ မယ်။ ဒီဝန်းကျင်သဘောမကျရင် နောက်ဝန်းကျင် ပြောင်းနိုင်ရ မယ်။ ဒီတစ်နေရာ ရေးခွင့်မရရင် နောက်တစ်နေရာ ရေးနိုင်ရမယ်။ လွတ်လပ်စွာ တွေးခေါ်နိုင်ရမယ်။ ကြောက်ရွံ့ခြင်းက ကင်းဝေးရ မယ်။ ရန်သူရှိရင် ရင်ဆိုင်နိုင်ရ မယ်။ ရန်သူဝိုင်းထားရင် ဖောက် ထွက်နိုင်ရမယ်။ လွတ်လပ်ခြင်း အရသာကို တစ်ပါးသူတွေဆီ ကူး စက်ပျံ့နှံ့စေရမယ်။ ရေးကောင်း တိုင်း ရေးနေတာမဟုတ်ဘူးနော်။ လုပ်ရင်ဖြစ်တယ်ဆိုတဲ့သတင်း စကားပေးချင်တာဖြစ်တယ်။ ဘာ ပြောတယ်။ ပူလောင်ပါတယ် ဟုတ်လား။ ဒါပေါ့ဗျာ။ လွတ်လပ် ခြင်းရဲ့အရသာကို ရယူခံစားနိုင်ဖို့ ကြိုးစားတယ်ဆိုတာ အေးအေး သက်သာနေတဲ့သူတွေနဲ့ စာရင် တော့ ပူလောင်တာပေါ့ဗျာ။ သို့ သော် ခိုင်းသမျှ၊ ပြောသမျှ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ် စေ အောင့်သက်သက်နဲ့ လုပ်ရ တာ၊ မကြိုက်မနှစ်သက်သော် လည်း ဝမ်းရေးအတွက် အောင့်အည်းသည်းခံအလုပ်လုပ်ရ
ဘေးထွက်ဆိုးကျိုးဆိုတာ တွေလည်း ရှိပါတယ်။ တချို့ လည်း ကြိုးစား အားထုတ်လွန်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာ သွားတာ၊ စာဖတ်လွန်ပြီး ကြောင် တောင်တောင်ဖြစ်သွားတာ၊ အုပ် စုက ခွဲထွက်သွားလို့ အဖယ်ကြဉ် ခံရတာ၊ ဟိုမရောက်ဒီမရောက် ဖြစ်ပြီး စိတ်ကျတာ၊ စိတ်ကြွတာ ဒါတွေ ဖြစ်တတ်ပါတယ်။ မလုပ် နိုင်ဘူးထင်ရင် လုပ်ကိုမလုပ်ပါနဲ့။ ခဏခဏကြုံဖူးလို့ ပြောတာပါ။ စကားအဖတ်တင်တယ်ဗျာ။ အ ချိန်ကုန်တယ်ဗျာ။ ကိုယ့်ကိုယ် ကိုယ် နားလည်နိုင်ဖို့က အဓိကပဲ ဗျ။ ကိုယ့်ကိုယ်ကိုယ် နားမလည် နိုင်တဲ့သူက အဆိုးဆုံးပဲ။ ကိုယ့် ကိုယ်ကိုယ် နားမလည်ဘဲ လော ကကြီးကို နားလည်ဖို့ကြိုးစားရင် မှားမှာပေါ့။ ဘာလုပ်လုပ်ကိုယ် ကိုယ်တိုင်ကသာ အစပြုရတယ်။ အပြောင်းအလဲကိုလည်း ကိုယ်က ပဲ အစပြုရတယ်။ ကိုယ်ကိုယ်တိုင် က ပထမဆုံးလွတ်လပ်ဖို့ လို တယ်။ လွတ်လပ်စွာ တွေးနိုင်ပြီ လား။ တချို့က အတွေးတွေ သိပ်များတယ်။ သူ့အတွေးနဲ့သူ ချည်ထားတယ်။ ရှေ့မရောက်ဘဲ နောက်ပြန်လည်သွားတယ်။ ပြီးခဲ့ တာတွေကို နောင်တပြန်ရတယ်။ အဲဒီကတည်းက လုပ်ခဲ့ရင် အခု အချိန်ဆို ဘာဖြစ်နေပြီ။ အဲဒီက တည်းက စုခဲ့ရင် အခုဆို ဘာဝယ် နိုင်နေပြီ။ ပြီးခဲ့ပြီပဲ။ မေ့လိုက်ပါ။ နောက်တစ်ခေါက် မမှားဖို့ လို တယ်။ အသိစိတ်ဆိုတာ ဘယ် တော့မှ နောက်ကျတယ်လို့တော့ မရှိပါဘူး။ အမှားကိုသိပြီး ပြန် လည်ပြင်ဆင်နိုင်တာ သတ္တိပဲ။ စစ်မှန်တဲ့ သတ္တိတွေများလာတဲ့အခါ လွတ်လပ်ခြင်းဆိုတာ ဖြစ်လာ လိမ့်မယ်။
အခု နိုင်ငံတကာမှာ ခေတ် စားနေတဲ့ အသုံးအနှုန်းတစ်ခုရှိ တယ်။ Freelance တို့၊ Inde-pendent တို့ဆိုတာ ဖြစ်တယ်။ လခစားမဟုတ်ဘဲ ငှားတဲ့သူရှိရင်၊ ခေါ်တဲ့သူရှိရင် အခကြေးငွေနဲ့ လိုက်တာပေါ့။ အခု နိုင်ငံတကာ သင်တန်းတွေ၊ အဖွဲ့အစည်းတွေ မှာ အဲဒီ Freelance တို့၊ Inde-pendent တို့ဆိုတဲ့ သင်တန်းဆ ရာတွေ၊ အလုပ်လုပ်နေသူတွေ မကြာမကြာတွေ့လာနေရတယ်။ မြန်မာနိုင်ငံမှာ သင်တန်းတစ်ခု လုပ်ချင်တယ်၊ ပရောဂျက်တစ်ခု စတင်ချင်တယ်ဆိုရင်လည်း အဲဒီ လို အချိန်ပိုင်း ငှားလို့ရတဲ့ကျွမ်း ကျင်သူတွေကို ရှာဖွေလေ့ရှိ တယ်။ ပညာတစ်ခုကိုတော့ ကျွမ်းကျွမ်းကျင်ကျင်တတ်မြေ
အောင်အောင်(IR)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။