ပြည်သူများ သတိကြီးကြစေလို
-------------------------- ------------
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပတ်သတ်ပြီး ဒီရက်ထဲမှာ တစ်ချို့သော သံဃာတော်တွေက ဆန္ဒပြမယ်ဆိုတဲ့ ကိစ္စဟာ အင်မတန်အောက်တန်းကျပြီး ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားတဲ့ သာသနာတော်ကို ခုတုံးလုပ်တဲ့ ကိစ္စ ဆိုတာ ထင်ရှားပါတယ်။ မိမိတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ ရောင်စုံပန်းခင်ကြီးဖြစ်ပါတ ယ်။
ဒီလိုလုပ်မယ်လို့ ပြောတဲ့ ဘုန်းကြီးတွေဟာ အမျိုးသားရေးဆိုတဲ့ စကားလုံးလှလှတွေ သုံးပြီးတော့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်၊ ပြည်သူတွေရဲ့ ညီညွတ်မှုကို သွေးခွဲနေကြတာပဲ ဖြစ်ပါတယ်။ မိမိကတော့ ရှင်းပါသည်။
အသုံးမကျတဲ့ တစ်ချို့သော ဘုန်းကြီးတွေကြောင့် အကျင့်သီလနဲ့ပြည်စုံတဲ့ ဆရာတော်ကြီးများရဲ့ ဂုဏ်သိက္ခာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်နေတာကို စိတ်မကောင်းပါဘူး။ သူတို့အုပ်စုတွေ ဆန္ဒထုတ်ဖော်ခဲ့ကြရင်လည်း ဒါဟာ ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ခရစ်ယာန် ဘာသာဝင်ညီအစ်ကိုမောင်နှမအား လုံးကို သိစေချင်ပါတယ်။
အမျိုးသားရေးခေါင်းစဉ်တပ်ပြီး
ကျန်တဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကို စော်ကား၊ ဘာသာရေးကို ခုတုံးလုပ်ပြီး
သူတို့ လုပ်ချင်ရာ လုပ်လို့ရအောင် အာဏာရူးတွေနဲ့ပေါင်းပြီး ယုတ်မာကြမယ့်
တိုင်းပြည်ကို အန္တရာယ်ရောက်မည့် ကိစ္စဖြစ်တာကြောင့် အမှန်တရားကို
လိုလားကြတဲ့ ဗုဒ္ဓဘာသာဝင်များကလည်း လက်မခံကြဖို့ တိုက်တွန်းပါရစေ။
ဒီမိုကရေစီအစိုးရ ဆိုတာ ပြည်သူ့ဆန္ဒနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ပြည်သူက မကြိုက်ရင် ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ အမျိုးသားရေး အမည်ခံဝါဒီတွေ ပြောသလို ဒီမိုကရေစီရရင် တိုင်းပြည်က ဘာသာခြားတွေနဲ့ ကုလားလက်အောက် ရောက်မည်ဆိုတာ မဟုတ်ပါဘူး။
ဒီနေ့မပြောခဲ့ရင် နောင်တအချိန်မှာ သမိုင်းတရားခံ ဖြစ်နိုင်တာကြောင့် အမျိုးသားရေးဆိုတဲ့ စကားလုံးလှလှလေးကြောင့် သမိုင်းတရားခံ မဖြစ်အောင်၊ ပြည်သူ့ပြည်သားများ အနေနဲ့ အမှန်တရားဘက်တော်များ အဖြစ် သမိုင်းရေးထိုးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။
အရှင်ထာဝရ(နော်ဝေ)
--------------------------
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပတ်သတ်ပြီး ဒီရက်ထဲမှာ တစ်ချို့သော သံဃာတော်တွေက ဆန္ဒပြမယ်ဆိုတဲ့ ကိစ္စဟာ အင်မတန်အောက်တန်းကျပြီး ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားတဲ့ သာသနာတော်ကို ခုတုံးလုပ်တဲ့ ကိစ္စ ဆိုတာ ထင်ရှားပါတယ်။ မိမိတို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့
ဒီလိုလုပ်မယ်လို့ ပြောတဲ့ ဘုန်းကြီးတွေဟာ အမျိုးသားရေးဆိုတဲ့ စကားလုံးလှလှတွေ သုံးပြီးတော့ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်၊ ပြည်သူတွေရဲ့ ညီညွတ်မှုကို သွေးခွဲနေကြတာပဲ ဖြစ်ပါတယ်။ မိမိကတော့ ရှင်းပါသည်။
အသုံးမကျတဲ့ တစ်ချို့သော ဘုန်းကြီးတွေကြောင့် အကျင့်သီလနဲ့ပြည်စုံတဲ့ ဆရာတော်ကြီးများရဲ့ ဂုဏ်သိက္ခာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်နေတာကို စိတ်မကောင်းပါဘူး။ သူတို့အုပ်စုတွေ ဆန္ဒထုတ်ဖော်ခဲ့ကြရင်လည်း ဒါဟာ ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ခရစ်ယာန် ဘာသာဝင်ညီအစ်ကိုမောင်နှမအား
အမျိုးသားရေးခေါင်းစဉ်တပ်ပြ
ပြည်သူက မကြိုက်ရင် ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ အမျိုးသားရေး အမည်ခံဝါဒီတွေ ပြောသလို ဒီမိုကရေစီရရင် တိုင်းပြည်က ဘာသာခြားတွေနဲ့ ကုလားလက်အောက် ရောက်မည်ဆိုတာ မဟုတ်ပါဘူး။
ဒီနေ့မပြောခဲ့ရင် နောင်တအချိန်မှာ သမိုင်းတရားခံ ဖြစ်နိုင်တာကြောင့် အမျိုးသားရေးဆိုတဲ့ စကားလုံးလှလှလေးကြောင့် သမိုင်းတရားခံ မဖြစ်အောင်၊ ပြည်သူ့ပြည်သားများ အနေနဲ့ အမှန်တရားဘက်တော်များ အဖြစ် သမိုင်းရေးထိုးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။
အရှင်ထာဝရ(နော်ဝေ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။