Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 10, 2014

Symbol of medicine ဆေးပညာ သင်္ကေတ

Symbol of medicine ဆေးပညာ သင်္ကေတ

ဆရာဝန့်ကားဆိုရင် ကားမှန်မှာ မြွေရုပ်လေးရှိတာ သတိထားမိသူများမှာပါ။ မြန်မာပြည်မှာသာ အဲလိုများတယ်။ တချို့တိုင်းပြည်တွေမှာ ကြက်ခြေနီတဆိပ်သုံးတာလဲရှိတယ်။ ကြက်ခြေဖြူ (ဆွစ်ဇာလန်) အလံကို ကပ်တာလဲရှိတယ်။ ကျွန်တော်က ပန်းချီလေးဘာလေး ရေးတတ်တော့ ဆေးကျောင်းသားဘဝတုံးက ဆရာတယောက်ရဲ့ ပေါ်ကာစ (မာဇဒါ-ဖင်မလီယာ) ကားသစ်လေးမှာ စက်ဝိုင်းထဲမယ် မြွေသဘောမျိုး မျဉ်းကြောင်း (ဇစ်-ဇက်) နဲ့ဆွဲပြီး၊မြွေမျက်စိအဖြစ် ထိပ်နားလောက်မှာ အနီစက်ကလေးတခု ချပေးလိုက်ပါတယ်။ အဲဒီတုံးက ဒီသင်္ကေတာဟာ သမိုင်းနဲ့အညီဖြစ်တာကို မသိခဲ့ပါ။

ဘယ်တိုင်းပြည်မှာမဆို ဆေးညာနဲ့ပတ်သက်ရင် အများဆုံးသုံးကြတဲ့ သင်္ကေတဟာ မြွေပတ်နေတဲ့ တုတ်ချောင်းလေး ဖြစ်တယ်။ ဒါဟာ ပဟေဠိတခုလဲ ဖြစ်ပါတယ်။ ဆရာဝန်တွေတောင် လုံးစေ့ပတ်စေ့ မသိသူကများတယ်။ ဖတ်မှတ် လေ့လာသူတွေကြားမှာလဲ အမြင်တွေခြားနားတယ်။ ဆေးတောင်ဝှေးလား၊ တုတ်ကောက်လား၊ ဆေးထိုးအပ်လား၊ မြွေက တကောင်လား။ နှစ်ကောင်လား၊ မြွေမှာ အဆိပ်ရှိလား၊ မရှိလား။ ဘယ်တုံးက ဘာကြောင့်သုံးခဲ့တာလဲ။ တောင်ပံပါတာ နဲ့ မပါတာ။ ဘာ-ညာ၊ စသဖြင့့်။

နိုင်ငံတကာမှာ အများစုလက်ခံသုံးစွဲနေတာက Rod of Asclepius (အက်စကလိပီးယပ်စ်) အချောင်းဖြစ်တယ်။ ဂရိဒဏ္ဍာရီအရ Rod of Asclepius ဟာ Serpent-entwined rod မြွေ ဒါမှမဟုတ် မြွေလို တွားသွားတဲ့ အကောင်ပါတဲ့ တုတ်ချောင်းလို့ အဓိပ္ပါယ်ရတယ်။ ဒီမြွေကအဆိပ်မရှိဘူး။ မကျန်းမာသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ လဲလျှောင်းရာ ကြမ်းပြင်မှာ တွားသွာနေကြလေ့ ရှိကြတယ်။ ဒီလို ရောဂါဘယတွေကို ပျောက်စေနိုင်စွမ်းကို ယုံကြည်လာရာကနေ ပိုပြီး ရေပမ်းစားလာခဲ့တယ်။ Asklepian လို့လဲ ခေါ်သေးတယ်။ အေသင်ဒဏ္ဍာရီတပုဒ် အလိုအရ (အက်စကလိပီးယပ်စ်) ဟာ ကြောက်စရာကောင်းလှတဲ့ မိန်းမ Gorgon (ဂေါ်ဂွန်) ရဲ့ သွေးကို ဆေးအဖြစ်ရခဲ့တယ်လို့ ဆိုထားတယ်။ ဒီမိန်းမရဲ့ ဘယ်ဘက်ကရတဲ့သွေးဟာ လူတွေကို သေစေပြီး ညာဘက်ကရတဲ့သွေးက သေသူကိုပြန်ရှင်စေနိုင်တယ်။

အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက ကွဲပြားကြတယ်။ ဘာသာရေး၊ စာပေနဲ့ ဒဏ္ဍာရီတွေထဲမှာ ဒီလို မြွေလိုအကောင်းမျိုးကို သားသမီး ထွန်းကားစေရေး ဒါမှမဟုတ် အသက် ဖန်တီးဖြစ်တည်မှုအတွက် ကိုယ်စားပြုတယ်။ မြွေဟာ အရေခွံလဲတတ်တာမို့ အသစ်ဖြစ်ခြင်း မွေးဖွါးခြင်း၊ ပြောင်းလဲခြင်း၊ မသေနိုင်ခြင်း၊ ကုစားပေးခြင်းဆိုတဲ့ အဓိပ္ပါယ်တွေကို ဆောင်စေတယ်။ တချို့က "သေခြင်းတရား၊ ရှင်သန်ခြင်း နဲ့ ရောဂါဝေဒနာတွေကြား တာဝန်များရတဲ့ သမားတော်" လို့ ယူဆတယ်။ နောက်ပြီး ဆေးဝါး နဲ့ အဆိပ် ဆိုတဲ့အစွန်းနှစ်ပါးကို ချိန်ဆရတဲ့ပညာကိုလဲ ကိုယ်စားပြုတယ်။

မြွေဆိပ်ဟာ ဆေးဘက်မှာ သုံးနိုင်တယ်။ အနာကျက်စေအာင်၊ သတိလစ်စေအောင် လုပ်နိုင်တယ်။ သွေးကြောထဲ သွေးခဲပိတ်နေတာ၊ ကင်ဆာ၊ ဆီးချို နဲ့ ဦးနှောက်ရောဂါတချို့မှာ သုံးတယ်။ သုတေသနတွေလဲ လုပ်နေတယ်။ မြွေဟာ အသိဥာဏ်ကြီးမားတယ်လို့လဲ ယုံကြည်ကြတယ်။

ဒီသင်္ကေတကိုအသုံးပြုတာဟာ အမေရိကားမှာ ဆေးပညာနဲ့ပတ်သက်တာအားလုံးထဲက ပညာပိုင်းဆိုင်ရာမှာ ၆၂% နဲ့ ဆေးပညာ + ငွေကြေးနဲ့ဆိုင်တာတွေမှာ ၇၆% သုံးတယ်လို့ သုတေသနတခုကဆိုပါတယ်။ မမှန်ဘူး၊ မသင့်ဘူးလို့ ဝေဖန်တာတွေလဲရှိတာပါဘဲ။ သူတို့ သုံးနေတာမျိုးက Caduceus (ကဒူးစီးယပ်စ်) ဆိုတာ ဂရိ အိုလံပစ်နတ်ဘုရား Hermes (ဟားမီစ်) ရဲ့ လက်စွဲတော် ကိုင်ဆောင်ရတဲ့ အဆောင်ဖြစ်တယ်။ ရောမသမိုင်းမှာတော့ ဘုရားရဲ့တမန်တော် Mercury (မာကျူရီ) လက်ဝဲလက်ထဲမှာ ကိုင်ရတဲ့ အဆောင် ဖြစ်တယ်။ ဒီခေတ်ပေါ်သင်္ကေတမှာ မြွေနှစ်ကောင်ပါတယ်။ လက်စွဲတော်မှာ တောင်ပံပါတာဟာ တမန်တော်သဘောဖြစ်တယ်။ တကယ်က ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ အငြင်ပွါးမှုတွေမှာ ဘက်မလိုက်စေရအောင် လမ်းညွှန်မှုပေးရတာဖြစ်တယ်။ ဒါကြောင့် ဒီသင်္ကေတတုတ်ချောင်းကို Symbol of medicine ဆေးပညာသင်္ကေတ၊ Medical practice ဆေးကုသမှုကိုယ်စားပြု သုံးနေကြတာဟာ မှားတယ်လို့ ဆိုတယ်။

ဆရာဝန်တွေ ရွတ်ဆိုလိုက်နာကြရတဲ့ Hippocratic Oath (ဟစ်ပိုခရေးတီးစ်) ပဋိညာဉ် မူရင်းမှာ ဒီလိုစထားတယ်။ “ကျွန်ုပ်သည် သမားတော်ကြီး Apollo (အပိုလို) အားလည်းကောင်း၊ Asclepius (အက်စ်ကလိပီးယပ်စ်) အားလည်းကောင်း၊ Hygieia (ဟိုက်ဂျီယာ) အားလည်းကောင်း၊ Panacea (ပင်နာစီးယပ်) နှင့် နတ်ဘုရားများ အားလည်းကောင်း တိုင်တည်လျှက့့်”

၁။ Apollo (အပိုလို) ဟာ ကုသပေးသူ၊ မကောင်းဆိုးဝါးတွေရန်က အကာကွယ်ပေးသူ အဖြစ် ရှေးဟောင်းဂရိနဲ့ ရောမက ဒဏ္ဍာရီတွေထဲမှာ အရေးအပါဆုံး နတ်ဘုရားတဆူဖြစ်တယ်။ (အိလိယက်) မဟာကဗျာကြီးထဲမှာ ဘုရားသမားတော် အဖြစ် ဖေါ်ညွှန်းထားတယ်။ သူကတော့ မြားတံကိုသုံးတယ်။

၂။ (အပိုလို) ရဲ့သား ဆေးပညာဖခင် Aesculapius (အက်စကလိပီးယပ်စ်) ရဲ့ လက်စွဲတော် ကိုင်ရတဲ့ ဆေးတောင်ဝှေး ဖြစ်လာတယ်။ မရဏကို မြွေဆီက နေရခဲ့တာဖြစ်တယ်။ သူကနေ လူတွေကို မသေအောင် ဆေးကုသပေးခဲ့တော့ လူတွေကိုသေမျိုးဖြစ်စေအောင် (ဇီးယပ်) ဘုရင်ကြီးကနေ ဆေးဆရာကို မိုးကျိုးလက်နက်နဲ့ သေစေခဲ့တယ်။ "ဒီဒဏ္ဍာရီကနေ လူတွေဟာ သဘာဝတရားကို မလွန်ဆန်နိုင်ဘူးဆိုတာ သက်သပြေလိုက်တာဖြစ်တယ်။"

၃။ (အက်စကလိပီးယပ်စ်) ရဲ့သမီးတော်ဟာ Hygieia (ဟိုက်ဂျီယာ) ဖြစ်ပြီး ဆေးဝါး နတ်ဘုရားမဖြစ်တယ်။ သူ့သင်္ကေတကတော့ Bowl of Hygieia (ဟိုက်ဂျီယာ) ခွက်ဖြစ်ပြီး၊ မြွေတကောင်လဲပါတယ်။

၎။ Panacea (ပင်နာစီယာ) ဆိုတာကတော့ Universal remedy ၉၆ ပါး ရောဂါ အားလုံးကို ပျောက်ကင်းစေတဲ့ဆေးဝါး နတ်သမီးဖြစ်တယ်။

ကောက်ချက်ချရရင် ဆေးပညာ၊ ဆရာဝန်၊ ဆေးဝါး၊ ဆေးကုသမှုတွေဟာ (ဟားမီစ်) နဲ့ (မာကျူရီ) တို့နဲ့မသက်ဆိုင်ဘဲ (အပိုလို)၊ (အက်စ်ကလိပီးယပ်စ်)၊ (ဟိုက်ဂျီယာ)၊ (ပင်နာစီယာ) တို့သာ ဆိုင်တယ်။ ဒါကြောင့် မြွေတကောင်တည်း ပတ်နေတဲ့ တုတ်ချောင်းကို ဆေးပညာမှာ သုံးနေတာဟာ သမိုင်းနဲ့ညီတယ်။ အဆိပ်မရှိတဲ့မြွေဖြစ်ပြီး၊ တောင်ပံလဲ မပါရပါ။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၃

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။