Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, May 11, 2014

“နော်ဝေးဂုဏ်သိက္ခာကိုကာကွယ်တဲ့နေ့”


“နော်ဝေးဂုဏ်သိက္ခာကို ကာကွယ်တဲ့နေ့”

“နော်ဝေးဂုဏ်သိက္ခာကိုကာကွယ်တဲ့နေ့”

ဒီကနေ့ထုတ်(တနင်္ဂနွေ ၁၁မေ၂၀၁၄) ဒီမိုကရေစီတူဒေးသတင်းစာမှာဖော်ပြခဲ့တဲ့ ဆောင်းပါး။

နိုဘယ်ငြိမ်းချမ်းဆုချီးမြှင့်ခံရတဲ့(၁၉၈၉) နှစ် ငွေရတုအဖြင့် အော်စလို ကို ကြွရောက်လာမယ့် (မေ ၇-၉) နေ့ မတိုင်ခင်ကတည်းကတိဘက်ဘုန်းတော်ကြီးဒလိုင်လားမား အရေးတော်ပုံက နော်ဝေးနိုင်ငံရေးလောကမှာ ဟော့(တ်)ဖြစ်နေပါတယ်။တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် နော်ဝေးနိုင်ငံ လက်ရှိအစိုးရက ဘုန်းတော်ကြီးဒလိုင်လားမားကိုလက်ခံတွေ့ဆုံကြိုဆိုမှာ မဟုတ်ဘူးလို့ လူသိရှင်ကြားကြေငြာလိုက်ကတည်းက နော်ဝေးပြည်သူတွေရဲ့ပြစ်တင်ငြိုငြင်မှုကို သက်တမ်း ၆လလောက်သာရှိသေးတဲ့ အော်စလိုအစိုးရက ရင်ဆိုင်နေရတယ်။


တနေကုန်မိုးတဖွဲဖွဲကျပြီး အေးခဲနေတဲ့ ရာသီကို အံတုပြီး နော်ဝေးပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေဟာမနက် ၁၀နာရီကတည်းက ဘုန်းတော်ကြီးတည်းခို သီတင်းသုံးမယ့် ဂရင်းဟိုတယ်ရှေ့မှာ ကြိုဆိုဖို့စုဝေးရောက်ရှိနေကြတယ်။ ဟိုတယ်မျက်နှာမူရာ ပါလီမန်ရှေ့ မြက်ခင်းမှာလည်း ဒလိုင်လားမားကိုထောက်ခံကြိုဆိုသူနိုင်ငံရေးအဖွဲ့အစည်း တချို့နဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေဟာ မိုးကာတွေ၊ ထီးတွေကိုယ်စီဆောင်းပြီးစကားပြောစင်ပေါ်က အစိုးရအပေါ်ဝေဖန်ချက်တွေကို ဆူညံသံမပြု အာရုံစိုက်နေကြတယ်။ ငြိမ်သက်စွာနားထောင်နေတဲ့ ပြည်သူတွေဟာ သူတို့သဘောကျတဲ့ စကားဆို လက်ခုတ်လက်ဝါးတီးကြတယ်။ ဝေးကနဲအသံပြုထောက်ခံကြတယ်။

ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊တချိန်က မြန်မာပြည်ဒီမိုကရေစီအရေးကို အားပေးထောက်ခံခဲ့သူလည်းဖြစ်တဲ့ Kjell MagneBondevik က သူ ၀န်ကြီးချုပ်ဖြစ်စဉ်ကလည်း တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကို ကြုံခဲ့ရကြောင်း၊ဒါပေမယ့် နော်ဝေးနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ဂုဏ်သိက္ခာတရပ်လည်းဖြစ်တဲ့၊ လူ့အခွင့်အရေးနဲ့ငြိမ်းချမ်းရေးအပေါ် မှာတော့ကာကွယ်စောင့်ရှောက် ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်းနဲ့ တိဘက်ဘုန်းတော်ကြီးဒလိုင်လားမားဟာ ဗုဒ္ဓဘာသာခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ဘာသာအသီးသီးရဲ့ တူညီတဲ့သဘောထားဖြစ်တဲ့ငြိမ်းချမ်းရေးနဲ့ စုစည်းညီညွတ်မှုအပေါ်အခြေခံပြီး လူ့အဖွဲ့အစည်းရဲ့ ကောင်းနိုးရာရာကိုရွက်ဆောင်နေသူဖြစ်တယ်လို့ ပြောသွားတယ်။

လက်ဝဲပါတီခေါင်းဆောင်တယောက်ကလည်း ဒုတိယကမ္ဘာစစ်ကာလ ကြုံခဲ့ဖူးတဲ့အဖြစ်တခုနဲ့ ယှဉ်ပြီးပြောသွားတာက  “ တနေ့မှာ ပင်ပမ်းနွမ်းနယ်ပြီးဆာလောင်နေတဲ့ ဂျာမန်စစ်သားတွေကျနော့အဖွားရဲ့ ဥယျဉ်ခြံကိုရောက်လာတယ်၊ ပြီးတော့ အသီးအနှံတချို့ရောင်းပေးဖို့ပြောတယ်၊ကျနော့ရဲ့ဖခင်ဟာ အဲဒီတုန်းက နာဇီတွေရဲ့ ချုပ်နှောင်မှုကိုခံနေရပါတယ်၊ ဒါပေမယ့် အဖွားကသူ့သားအတွက် စိတ်ခံစားမှုနဲ့  ဂျာမန်ကျူးကျော်သူတွေရဲ့မေတ္တာရပ်ခံမှုကို မတုန့်ပြန်ခဲ့ဘူး၊ ဘယ်လိုလူမျိုးပဲဖြစ်ပါစေ ငါ့အိမ်ခြံထဲ လာတဲ့သူမှန်သမျှအစာငတ်ပြတ်ပြီး မပြန်စေရ..ဆိုပြီး ရန်သူတွေကို ရှိတာထုတ်ပြီး ကျွေးမွေးခဲ့တယ်၊ မေတ္တာပြခဲ့တယ်၊ဒီကနေ့ကျနော်တို့နိုင်ငံကို အလည်လာတဲ့ဧည့်သည်ကိုတောင် အိမ်ရှင်ဖြစ်တဲ့အစိုးရက နှုတ်ဆက်ကြိုဆိုမှုမပြုနိုင်တာ၊စကားထွက်မပြောနိုင်တာဟာ နိုင်ငံအတွက် အကြီးအကျယ် အရှက်ရစေပါတယ်” လို့ ပြောသွားတယ်။

SVပါတီခေါင်းဆောင်တယောက်ကတော့ လူငယ်ဘ၀က တိဘက်ပြည်ကို အလည်ရောက်ဖူးပြီး၊ တိဘက်ပညာရှင်တွေရဲ့အံ့မခန်းဘွယ် ယဉ်ကျေးမှု၊ အနုပညာလက်ရာတွေကို မြင်ခဲ့ရကြောင်း၊ တရုတ်အစိုးရက ဘာသာရေးအဆောက်အဦးတိုင်းမှာလုံခြုံရေးကင်မရာတွေ တပ်ဆင်ထားပြီး တိဘက်ရဟန်းပျိုအများစုဟာ နိုင်ငံခြားသားတွေနဲ့ စကားမပြောရဲတဲ့အကြောင်း၊တရက်မှာ တိဘက်ရဟန်းပျိုတယောက်က မိမိကို တိတ်တဆိတ်ခေါ်ပြီး ခါးကြားမှာဝှက်ယူလာတဲ့ စာလေးတစောင်ကိုကမန်းကတန်းပေးခဲ့တယ်။စာထဲမှာ နိုင်ငံတကာက မိမိတို့ကို ကူညီဘို့၊ ထောက်ခံဘို့၊ မိမိတို့ဖိနှိပ်ခံနေရမှုကိုသိအောင်ပြောပြကြဘို့ အကူအညီတောင်းခံကြောင်း ရေးထားပါတယ်၊ လို့ပြောသွားတယ်။

နေ့လည်၁၁နာရီမှာ  ဘုန်းတော်ကြီးဒလိုင်လားမား တည်းခိုရာဂရင်းဟိုတယ်ကို ဆိုက်ရောက်လာပါတယ်။ လမ်းဘေးဝဲယာကလူထုပရိဿတ်ကြီးဟာလည်းတိဘက်အလံငယ်တွေဝှေ့ရမ်းပြီးဟိုတယ်ရှေ့ မျက်နှာမူစုဝေးလိုက်ကြတယ်။ လူပေါင်းရာနဲ့ချီရှိတယ်။ နော်ဝေးပြည်သူတွေဒီလောက်များများလာအားပေးတယ်ဆိုတာ အစိုးရရဲ့ ဒလိုင်လားမားခရီးစဉ်အပေါ် အသိအမှတ်မပြုမှု၊ လူ့အခွင့်အရေးစံနှုန်းကိုမငဲ့ကွက်မှု၊ လူ့ဂုဏ်သိက္ခာအပေါ် မထောက်ထားမှုတွေအပေါ် အခြေခံပြီး မကြေမချမ်းမှုတွေနဲ့လာကြိုကြတာဖြစ်တယ်။ဒလိုင်လားမားကိုမြင်တာနဲ့ ဆယ်ကျော်သက်ရွယ်လူငယ်တွေရော၊ လူကြီးတွေ၊ အဖိုးအဖွားတွေရောအော်ဟစ်နှုတ်ဆက်ကြိုဆိုကြတယ်။ တိဘက်အလံကြီးတွေတလွှင့်လွှင့်နဲ့။ မကြာခင် ဟိုတယ်အပေါ်ထပ်လေသာဆောင်ကနေ ဘုန်းတော်ကြီးလူလုံးပြပါတယ်။ ယခင်နိုဘယ်လ်ဆုရှင်တွေပြုနေကျ အစဉ်အလာတွေနဲ့ဆန့်ကျင်ပြီး ဘုန်းတော်ကြီးဟာ လေသာဆောင်ကနေမိုက်ကရိုဖုံးနဲ့ နှုတ်ခွန်းဆက်စကားပြောပါတယ်။ လူထုပရိတ်ဿတ်ကြီးနဲ့ တိုက်ရိုက်ဆက်ဆံခွင့်ရတာပဲဖြစ်တယ်။ 

ဒလိုင်လားမားကနော်ဝေးလူထုပရိဿတ်ကြီးကို လက်အုပ်ချီ ဂါရ၀ပြုလိုက်တယ်။ မာန်မာနကင်းစင်ပြီးပြုံးရွှင်နေတဲ့ဘုန်းတော်ကြီးရဲ့ မျက်နှာဟာ တောက်ပနေတယ်။ ပထမဆုံး နော်ဝေးပြည်သူတွေအခုလိုသူ့အပေါ် မေတ္တာ၊ဂရုဏာထားပြီး လာရောက်တွေ့ဆုံစုဝေးကြတာကို ကျေးဇူးတင်တဲ့အကြောင်း၊ မိမိဟာလည်း လောကထဲကလူသားတယောက်ဖြစ်သလိုပရိဿတ်ကြီးနဲ့လည်းဘာမှ ကွဲပြားခြားနားမှုမရှိတဲ့အကြောင်း၊ လူတိုင်းဟာ တစ်ဦးနဲ့တစ်ဦးခွဲခြားမှု၊ ကွဲပြားမှုမရှိသလို လွတ်လပ်မှု၊ ငြိမ်းချမ်းမှု ကိုယ်စီလိုလားတတ်ကြောင်း၊ လူသားတိုင်းပျော်ရွှင်ငြိမ်းအေးမှုကိုလိုလားတယ်၊ အဲဒီပျော်ရွှင်မှု၊ ငြိမ်းအေးမှုဟာ စိတ်နှလုံးသားနဲ့သာသက်ဆိုင်ပြီးငွေကြေးကြွယ်ဝမှုတွေ၊ ရုပ်ဝတ္တုတွေနဲ့ ၀ယ်ယူလို့မရနိုင်ကြောင်းဟောသွားခဲ့တယ်။ ဘုန်းတော်ကြီးဟောပြောနေစဉ် ဂရင်းဟိုတယ်ရဲ့ ၀ဲဘက်၊ ပလက်ဖောင်းမှာ “ဒလိုင်လားမား၊ လိမ်ညာမှုတွေရပ်၊ဘာသာရေးလွတ်လပ်မှုအလိုရှိတယ်” ဆိုပြီး ပိုစတာကိုင် ကြွေးကြော်သံတွေဟစ်အော် ဆန္ဒပြနေတဲ့လူ ၅၀၀န်းကျင်ကိုတွေ့ရတယ်။ တိဘက်ယောဂီဝတ်စုံဝတ်ထားသူတွေလည်းပါတယ်။ အသားအရောင်မျိုးစုံ၊လူမျိုးစုံပါဝင်တယ်။ အော်စလို တက္ကသိုလ်က စိတ်ပညာပါမောက္ခတစ်ဦးက ဦးဆောင်တာဖြစ်တယ်။စုံစမ်းမေးမြန်းကြည့်တော့ ဗုဒ္ဓဘာသာလမ်းစဉ်နဲ့ရော၊ ကျင့်စဉ်နဲ့ပါ ခြားနားပြီး ပန်းတိုင်ရောက်နိုင်ဘို့ခက်ခဲတဲ့ဝိဥာဉ်အယူဝါဒကိုးကွယ်ယုံကြည်သူတွေဖြစ်ပြီး ဒလိုင်လားမားကြီးကိုယ်တိုင် အဆိုပါအယူဝါဒကို ကန့်သတ်ထားတယ်လို့သိရတယ်။(ဒလိုင်လားမားအဆိုအရ၅ကြိမ်မြောက်ဒလိုင်လားမားနဲ့၊ ၁၃ကြိမ်မြောက်ဒလိုင်လားမားတို့ခေတ်ကလည်း ၀ိဥာဉ်ကိုးကွယ်တဲ့ဝါဒကိုတားမြစ်ခဲ့ဖူးကြောင်းသိရတယ်) ယခ္ခု ၁၄ကြိမ်မြောက်ဒလိုင်လားမားက ဟိုတယ်လေသာဆောင်ကနေ အဆိုပါဆန္ဒပြသူတွေကိုရည်ညွှန်းပြီးမိမိကိုကြိုဆိုတဲ့အထူးဧည့်သည်တွေကိုလည်း လေးစားပါကြောင်း၊ မိမိဟာဒီမိုကရေစီကိုယုံကြည်သူမို့ဒီမိုကရေစီ နည်းကျကျ လုပ်ဆောင်မှုတွေ သဘောကျတဲ့အကြောင်း ပြောဆိုသွားတာကို ပရိဿတ်တွေကသြဘာပေးကြတယ်။

 ဒလိုင်လားမားကြီးဟာ အထူးသဖြင့် ချစ်ခြင်းမေတ္တာတရားနဲ့ မျှတ ငြိမ်းချမ်းစွာအတူယှဉ်တွဲရပ်တည်နိုင်ခွင့်ရှိတဲ့ လူ့အဖွဲ့အစည်းကို အဓိကညွှန်းသွားတာတွေ့ရတယ်။
သူ့ရဲ့သတင်းစာရှင်းပွဲမှာလည်း မိမိခရီးစဉ်ဟာ လူသားတန်ဘိုး မြှင့်တင်ဘို့နဲ့ ညီညွတ်မျှတမှုကိုမြှင့်တင်ထိမ်းကျောင်းပေးဖို့ဖြစ်တယ်၊ မိမိအနေနဲ့ လူပရိဿတ်တွေနဲ့ စကားပြောဆိုရတာကိုစိတ်ဝင်စားတယ် လို့ပြောခဲ့တယ်။ ဘာသာရေးချည်းသက်သက်ဟောပြောနေတာတော့မဟုတ်ဖူး၊ သတင်းထောက်တွေကမေးရင်နိုင်ငံရေးလည်းပြောတယ်။ သူအဓိကပြောနေတာက “အကြောက်တရားနဲ့ ယုံကြည်မှုအတူယှဉ်သွားလို့မရဘူး၊စိုးရိမ်ကြောက်ရွံမှုကိုဖယ်ရှားဘို့လိုတယ်၊ တရုတ်က မိမိသွားလေရာစိုးရိမ်ပူပန်မှုကိုပြသနေတယ်၊တိဘက်မှာလည်း အကြောက်တရားတွေနဲ့ အုပ်ချုပ်ထားတယ်၊”လို့ပြောသွားတယ်။ “ နိုင်ငံခြားသားတွေတိဘက်ပြည်ကို အလည်အပတ်သွားဖို့ကျိုးစားပါ၊ အဲဒီကအခြေအနေမှန်တွေကို သိအောင်သွားကြည့်ကြပါ”လို့ပြောတော့ ဒလိုင်လားမားကို လာဖို့ဖိတ်ကြားခဲ့တဲ့ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဌကအနားမှာရှိတဲ့ ဒလိုင်လားမားကို “နော်ဝေးပြည်သူတွေ တိဘက်သွားခွင့်မရှိဘူး၊ တရုတ်ကပိတ်ပင်ထားတယ်”လို့လှမ်းထောက်ပါတယ်၊ အဲဒီတော့ ဒလိုင်လားမားက ချက်ချင်းပဲ “ ခင်ဗျားတို့အစိုးရက တရုတ်ကိုအခုတိုက်တွန်းလို့ရပြီ၊ နော်ဝေးနိုင်ငံသားတွေကို တရုတ်ပြည်ကိုသွားဖို့ခွင့်ပြုခိုင်း”လို့ ပြောလို့ မီဒီယာသမားတွေပွဲကျကုန်တယ်။
 “ တရုတ်လူငယ်တွေ ကမ္ဘာအနှံ့ထွက်ပညာသင်မှုတွေ များများပေါ်လာစေချင်တယ်၊အခု အမေရိကား နဲ့ ဥရောပ၊ အိန္ဒိယမှာ တရုတ်လူငယ်တွေပညာဆည်းပူးနေတယ်၊ ကောင်းတဲ့လက္ခဏာဖြစ်တယ်၊ဒါမှ နိုင်ငံတကာကအခြေအနေတွေပိုသိမြင်လာမယ်၊ ရုပ်ဝတ္တုသာမက အတွေးအခေါ်နဲ့ အသိပညာပေါင်းကူးဆက်ဆံမှုတွေပိုဖြစ်လာမယ်”လို့ ဘုန်းတော်ကြီးကပြောခဲ့တယ်။

တရုတ်အစိုးရကဒလိုင်လားမားကိုသာမက မိမိတို့အတိုက်အခံနိုင်ငံရေးသမား Liu Xiaobo (၂၀၁၀ နိုဘယ်ငြိမ်းချမ်းဆု)ကိုလည်း မထောက်ခံဘို့ နော်ဝေးအစိုးရကို သတိပေးခဲ့တယ်၊ ဒါကိုလည်း နော်ဝေးအစိုးရသစ်ကသဘောတူထားပါတယ်။ မီဒီယာတွေနဲ့တွေ့ဆုံမေးမြန်းပွဲတခုမှာ တရုတ်ပြည်နဲ့ပတ်သက်ပြီး “ တရုတ်ဟာဒီထက်ပိုမိုလွတ်လပ်တဲ့၊ အပြောင်းအလဲတခုဆီ သွားရတော့မှာဖြစ်တယ်၊ ပြောင်းလဲကောင်းပြောင်းလဲရတော့မှာဖြစ်တယ်”လို့ပြောသွားတယ်၊ “ အရင်က ကြောင်ဖြူဖြစ်ပစေ၊ ကြောင်နက်ဖြစ်ပစေ ကြွက်ခုတ်နိုင်ဖို့အဓိကလို့ပြောခဲ့ပေမယ့်ဒီကနေ့ ကြောင်အနက်တွေချည်းကြွက်ခုတ်နေတယ်၊ ခြစားမှုတွေနေရာအနှံ့အကြီးအကျယ်ပဲ” လို့လည်းသရော်သွားတယ်။

တရုတ်အစိုးရဟာ၂၀၁၀ခုနှစ်က နိုင်ငံရေးအကျဉ်းသားအတိုက်အခံခေါင်းဆောင် Liu Xiaobo ကို နိုဘယ်လ်ဆုချီးမြှင့်ကတည်းကအဆင့်မြင့်သံတမန်ဆက်ဆံရေးကို ရပ်ဆိုင်းခဲ့တယ်။ နော်ဝေးနိုင်ငံက ထင်ရှားလူသိများတဲ့၊အနုပညာ၊ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်ကလူတွေကို ဗီဇာပိတ်ပင်ခဲ့သလို နော်ဝေးနိုင်ငံကနှစ်စဉ် တင်ပို့နေတဲ့ဆော်လမွန်ငါးတွေအ၀ယ်ရပ်လိုက်တယ်။ နော်ဝေးက အင်္ဂလန်၊ ဂျာမဏီနဲ့ ရုရှားကိုပို့တဲ့ဆော်လမွန်ငါးတွေဟာတရုတ်ထက်နည်းပါတယ်။ အခုလို တရုတ်နဲ့ နော်ဝေးအစိုးရဆက်ဆံရေးကောင်းအောင် အလျှော့ပေးမှုဟာ၂နိုင်ငံကုန်သွယ်ရေးကို အလေးသာသွားစေမှာဖြစ်ပါတယ်။ဒါပေမယ့် နော်ဝေးနိုင်ငံက ရင်းနှီးပေးလိုက်ရတဲ့တန်ဘိုးကတော့ ဆော်လမွန်ငါးတန်ချိန်တသောင်းကျော်နဲ့ နှစ်စဉ်ကုန်သွယ်လမ်းကြောင်းမှဝင်ငွေ၅ဘီလျှံထက်မကအောင် အဆမတန်များလွန်းပါတယ်။ 

အဲဒါက နော်ဝေးပြည်သူတွေအနှစ်နှစ်အလလ တန်ဘိုးထားထိမ်းသိမ်းခဲ့တဲ့ လူသားတန်ဘိုး(HumanValue )ပါ။ ပြီးတော့ လူ့ဂုဏ်သိက္ခာနဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ အားနည်းတဲ့အမှန်တရားဘက်ကဖြောင့်မတ်စွာရပ်တည်မှုတရားတွေဖြစ်တယ်။ အဲဒီအရာတွေဟာ နော်ဝေးပြည်သူတွေ တန်ဘိုးထားတဲ့ရတနာဖြစ်တယ်။ဒီကနေ့ကာလ နော်ဝေးအစိုးရရဲ့တရုတ်နိုင်ငံအပေါ်စီးပွားရေးအရ အလျှော့ပေးဆက်ဆံလိုက်တာဟာနော်ဝေးပြည်သူတွေ ငွေနဲ့တိုင်းတာလို့မရတဲ့ နှလုံးသားကရတနာတစ်ပါး ပွန်းပဲ့သွားသလိုပါဘဲ။ဒါကြောင့်လည်း လူ့ဂုဏ်သိက္ခာကိုဓနဥစ္စာထက်တန်ဘိုးထားတတ်တဲ့ နော်ဝေးပြည်သူတွေက မိမိနိုင်ငံကိုပြန်သွားခွင့်မရရှာသေးသလို တိဘက်ပြည်သူ၃သန်းခွဲကို ကိုယ်စားပြုနေတဲ့ ခေါင်းဆောင်တိဘက်ဘုန်းတော်ကြီးကိုတခဲနက်ဂုဏ်ပြုနေတာဖြစ်တယ်။ တနည်းအားဖြင့် မိမိတို့အစိုးရဆုံးဖြတ်ချက်ကြောင့် လျှောကျသွားတဲ့တိုင်းပြည်ဂုဏ်သိက္ခာကို အရေးပေါ် ကာကွယ်လိုက်တဲ့နေ့ပဲဖြစ်တယ်။

ကိုညို(အော်စလို)
၀၈မေ၊၂၀၁၄
ကိုးကား-NRK News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။