Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 16, 2014

ဘာကြောင့် တိုင်းပြည် ဆင်းရဲနေတာလဲ


Fireflies
ဘာကြောင့် တိုင်းပြည် ဆင်းရဲနေတာလဲ
------------------------
Written by စိုးမိုး ( IN'D)
---------------------
( အစိုးရ၏စီမံခန့်ခွဲမှုသာလျှင် အဓိကအခရာ ဖြစ်ခြင်းကြောင့် တိုင်းပြည်တစ်ပြည်၏ ဆင်းရဲမွဲတေမှုအ တွက် ပြုပြင်ပြောင်းလဲရန် ခက်ခဲသော သို့တည်းမဟုတ် ညံ့ဖျင်းသောအစိုးရတစ်ရပ်သည်သာလျှင် အဓိကပြဿနာ အကြောင်းတစ်ရပ်ဖြစ်သည်။ )
--------------------

ကမ္ဘာ့လူဦးရေထက်ဝက်ခန့် အရေအတွက် ဖြစ်သော လူပေါင်းသုံး ဘီလီယံခန့်သည် နေ့စဉ်ဝင်ငွေ ဒေါ်လာ ၂ဒသမ ၅ဝ အောက် လျော့နည်း သော အသုံးစရိတ်ဖြင့် စားဝတ်နေရေးပြဿနာကို ရင် ဆိုင်ဖြေရှင်းနေရသည်။ ဆိုးရွားစွာချို့တဲ့သူများဖြစ်သော ၁ဒသမ၃ဘီလီယံခန့်မှာ ¤င်းတို့၏စားဝတ်နေရေးအသုံး စရိတ်အဖြစ် ၁ဒသမ၂၅ဒေါ်လာ လျော့နည်းသော ပမာဏကိုသာ သုံးစွဲနိုင်လေသည်။ ယူနီဆက်ဖ်အဆို အရ ကမ္ဘာပေါ်တွင် ကလေးငယ်တစ်ဘီလီယံခန့်မှာ ဆင်းရဲချို့တဲ့စွာ အသက်ရှင်နေထိုင်နေရပြီး ဆင်းရဲနွမ်း ပါးမှုဒဏ်ကြောင့် နေ့စဉ်၂၂ဝဝဝခန့် သေဆုံးနေရ ကြောင်း သိရှိရသည်။
ကမ္ဘာတစ်ဝန်းရှိ လူပေါင်းသန်း ၈၇ဝခန့်သည် လုံလောက်သောအစားအစာကို ရရှိစား သုံးနိုင်ခြင်းမရှိပေ။ ယင်းမှာ ကမ္ဘာ့နိုင်ငံတချို့၏ ဆင်း ရဲမွဲတေမှု၏ အကျိုးရလဒ်တစ်ခုဖြစ်သည်။
ယနေ့ကမ္ဘာတွင် သီးခြားရပ်တည်နေသော နိုင်ငံပေါင်း ၁၉ဝကျော်ခန့်ရှိရာ နိုင်ငံများကို ဖွံ့ဖြိုးပြီး နိုင်ငံ(ချမ်းသာပြီးနိုင်ငံ) သို့မဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံ(ဆင်း ရဲသောနိုင်ငံ)ဟူ၍ အတန်းအစားနှစ်ခု ခွဲခြားသတ်မှတ် လေသည်။ ဤတွင် နိုင်ငံများ၏ မတူညီသောအခြေ အနေများကြောင့် တွေးစရာမေးခွန်းတစ်ရပ်ပေါ်ထွက် လာသည်။ အဘယ်ကြောင့် တိုင်းပြည်ဆင်းရဲရပါသနည်း။
ယင်းမေးခွန်းအတွက် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ကာ သိသာကွဲပြားစေနိုင်သည်။ ဖွံ့ဖြိုးပြီး ချမ်းသာသောနိုင်ငံများတွင်ြ<ွကယ်ဝချမ်းသာမှုအတွက် ကောင်းမွန်သောကုန်သွယ်ရေးစနစ်အား ခြေကုပ်ယူ ထားသည်ကို မြင်တွေ့နိုင်သည်။ ဝန်ဆောင်မှုနှင့် ကုန် စည်ခေါင်းစဉ်နှစ်ရပ်ပါဝင်သော ကုန်သွယ်ရေးအတွက် အခြေခံလုပ်ငန်းစဉ်များကို အခြေပြုရသည်။ အခြေခံ လုပ်ငန်းစဉ်များက ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်မှီခိုရသည်။ ဤသည်က ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကောင်းမွန်စွာလည် ပတ်နေသော ဘောဂဗေဒယန္တရား သီအိုရီအချိတ်အ ဆက်များဖြစ်သည်။
ထိုသို့ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံ (ဆင်းရဲသောနိုင်ငံ)များ၏ ဆင်း ရဲမွဲတေမှု အကြောင်းရင်းများ ကို ဆန်းစစ်လေ့လာရန် ခဲ ယဉ်းတော့မည်မဟုတ်ချေ။ ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries) ကို စီး ပွားရေးအရ ဖွံ့ဖြိုးတိုးတက် မှုဆုတ်ယုတ်နေသောနိုင်ငံ များဖြစ်သည်ကို တွေ့ရှိရခြင်း ကြောင့်LEDCS (Less Eco- nomically Developed Countries) ကို ခေါ်ဆိုက ပို၍သင့်လျော်ပြည့်စုံ လိမ့်မည်ဖြစ်သည်။
သို့သော် ဖွံ့ဖြိုးဆဲဆင်းရဲသောနိုင်ငံများတွင် စီးပွားရေးကဏ္ဍသာမက တိုင်းပြည်ကို ဆင်းရဲမွဲတေစေ သည့် အခြားသောအကြောင်းတရားများလည်း ပါဝင် ဆက်နွှယ်နေသည်။ တိုင်းပြည်တစ်ပြည်ကို ဆင်းရဲစေ နိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်စေနိုင်သော အကြောင်းအရာများထဲတွင် ပထဝီမြေမျက်နှာပြင်အနေ အထား၊ နိုင်ငံရေးအခြေအနေနှင့် ယဉ်ကျေးမှု၊ လူမှု ဆက်ဆံရေးထုံးတမ်းအစဉ်အလာ ဟူသောအကြောင်း အချက်သုံးရပ်လည်း အဓိကပါဝင်ပတ်သက်နေသည်။
ယင်းအကြောင်းအရင်းသုံးရပ်ပေါ်တွင် ခေါင်းစဉ်ခွဲများ ထပ်မံခွဲထုတ်နိုင်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ဆုတ် ယုတ်ခြင်းနှင့် ပထဝီမြေမျက်နှာသွင်ပြင်အနေအထား ခေါင်းစဉ် အောက်တွင် ရာသီဥတု၊ တည်နေရာအနေ အထား၊ သဘာဝအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှုဟူ၍ ခေါင်းစဉ်ထပ်ခွဲနိုင်သည်။
ရာသီဥတုအခြေအနေအရ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲသောနိုင်ငံများကိုကြည့်လိုက်လျှင် အပူပိုင်းဇုန် ဒေသများအတွင်း ကျရောက်နေသည်ကို မြင်တွေ့နိုင် ပြီး ရေအရင်းအမြစ်ရှားပါးမှု၊ မြေဆီသြဇာခန်းခြောက် နည်းပါးမှု၊ ရောဂါဘယထူပြောမှုများကို တွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် ဥရောပနှင့် တောင်အမေရိက၏ ရာသီ ဥတုအခြေအနေကြောင့် အကျိုးအမြတ်ဖြစ်ထွန်းမှုကို လေ့လာကြည့်ရှုနိုင်သည်။ တည်နေရာအနေအ ထား၏ အကျိုးရလဒ်အဖြစ် ကုန်းပိတ် နိုင်ငံများအဖြစ် တည်ရှိလေ့ရှိ သော ဆင်းရဲသည့်နိုင်ငံများနှင့် အမေရိကန်၊ တရုတ်ကဲ့သို့ သော ကုန်သွယ်ရေးနှင့် ရေ လမ်းကြောင်းများ ပွင့်လင်း သည့်အခြေအနေကို နှိုင်း ယှဉ် ကြည့်ရှုနိုင်သည်။ သဘာဝအရင်းအမြစ် ပေါြ<ွကယ်ဝမှုအတွက် ဆော်ဒီအာ ရေဗျနှင့် ယူအေအီးနိုင်ငံတို့၏ ရေနံအရင်းအမြစ် ပိုင်ဆိုင်ထားမှု နှင့် ရွှေနှင့်စိန်ထွက်ရှိမှုကြောင့် အာဖရိက တိုက်အတွင်း စီးပွားဖြစ်ထွန်းလျက်ရှိသော တောင်အာ ဖရိကနိုင်ငံက သာဓကတစ်ရပ်ပင်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်တည်ငြိမ်မှု၏ အရေးပါအရာရောက်မှုကို သဘာဝဘေးအန္တရာယ်ကုန်းမြေများတွင် တည်ရှိနေ သော အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏အခြေအနေ ကို ကြည့်ရန်ရှိကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သဘာဝ ဘေးအန္တရာယ်စိုးရိမ်ပူပန်မှုကြောင့် ဆုံးရှုံးလက်လွှတ် ရသည်ကို မြင်တွေ့နိုင်သည်။
တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုကို ဆုတ်ယုတ် ဆင်းရဲစေသော ပင်မအကြောင်းအချက်သုံးချက်ထဲမှ ဒုတိယတစ်ချက်ဖြစ်သော နိုင်ငံရေးအခြေအနေတွင် ညံ့ဖျင်းသောအစိုးရ၊ အကျင့်ပျက်ခြစားမှု၊ ကုန်သွယ်ရေး ဥပဒေများနှင့် နိုင်ငံရေးအခြေအနေ မငြိမ်မသက်မှု ဟူသော ခေါင်းစဉ်ငယ်များပါဝင်နေသည်။ တိုင်းပြည် တစ်ပြည်တွင် အစိုးရသူများအနေဖြင့် တိုင်းပြည်၏ အခြေခံလုပ်ငန်းဆောင်တာများ တည်ဆောက်ထိန်း သိမ်းခြင်း၊ ဘဏ္ဍာငွေများကို အသိÓဏ်ရှိစွာဖြင့် မှန် မှန်ကန်ကန် သုံးစွဲနိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေမူထုံး များကို အိမ်တွင်းမှားယွင်းစွာစီမံအုပ်ချုပ်နေပါက တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်လမ်းစကို မည်သို့မျှတွေ့ရှိနိုင်မည် မဟုတ်ပေ။ အကျင့်ပျက်ခြစားမှုပြဿနာရပ်မှာ နိုင်ငံ တွင်း အစိုးရဌာနဆိုင်ရာလုပ်ငန်းများ၏အစီအစဉ်များ ကို အကောင်အထည်မဖော်နိုင်ခြင်း၊ အချိန်ကြန့်ကြာမှု များကို ဖြစ်ပေါ်လာစေခြင်းကြောင့် တိုင်းပြည်ဆင်းရဲ ခြင်းမှ ရုန်းထွက်ရန်ကြိုးပမ်းရာတွင် အဓိကရန်သူဟုပင် ဆိုနိုင်သည်။ ကုန်သွယ်ရေးဥပဒေများနှင့်ပတ်သက်၍ လွန်စွာရှုပ်ထွေးသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ခြင်း ကြောင့် ကျယ်ပြန့်သော အကြောင်းတရားများရှိနေ သည်။
ဥပမာ တစ်စုံတစ်ခုအနေဖြင့်ဆိုရသော် ဖွံ့ ဖြိုးပြီးနိုင်ငံများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မတူညီ သော အခွန်စည်းကြပ်မှုဥပဒေများဖြင့် ¤င်းတို့၏ပို့ကုန် တန်ဖိုးလျှော့ချနေခြင်းဖြစ်သည်။ အမေရိကန်နှင့် ဥရောပ တို့ ထိန်းချုပ်ထားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) တွင် ဖွံ့ဖြိုးဆဲနိုင်ငံအသီးသီးအတွက် မတူညီသောစည်း မျဉ်းပြဋ္ဌာန်းချက်များရှိနေကာ ယင်းမှာ တရားမဝင် သော လုပ်ရပ်တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံခြားပို့ကုန်အခွန် စည်းကြပ် နှုန်းမှာ လေးဆခန့်ပိုမိုမြင့်မားနေခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ စီးပွားရေးအတွက် တရားမျှတမှုမရှိသောအထိ နာမှုတစ်ခု ဖြစ်သည်။ ကျန်ရှိသောတိုင်းပြည်တချို့အား ဆင်းရဲသောနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်စေသည့်အကြောင်းတစ်ချက်မှာ နိုင်ငံရေးအခြေအနေမငြိမ်သက်မှုဖြစ်သည်။ အဓိကအားဖြင့် ပြည်တွင်းလူ မျိုးစုဝင်များကြား ပဋိပက္ခဖြစ်ပွားမှုဖြစ်ပြီး ဥပမာအား ဖြင့် ဆိုမာလီယာ၊ အာဖဂန်နစ္စတန်နှင့် သီရိလင်္ကာနိုင်ငံ တို့မှာ ထင်ရှားသောသာဓကများဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဆုတ်ယုတ် စေသော အဓိကနောက်ဆုံးအချက်မှာ ယဉ်ကျေးမှုနှင့် လူမှုရေးပြဿနာများဖြစ်ပြီး ယင်းခေါင်းစဉ်အောက် တွင် လူမျိုးရေးခွဲခြားမှု၊ လူဦးရေနှင့် ယဉ်ကျေးမှုထုံး တမ်းစဉ်လာ အကြောင်းတရားများတည်ရှိနေသည်။ လူမျိုးရေးခွဲခြားမှုပြဿနာများအဖြစ် ကင်မရွန်းနိုင်ငံ တွင် ပြင်သစ်စကားပြောသူများနှင့် အင်္ဂလိပ်စကား ပြောသူများတွင် ပြင်သစ်စကားပြောသူများအတွက် အခြေခံလုပ်ငန်းစဉ်များဆောင်ရွက်ပေးမှုက သာဓက အဖြစ် မြင်တွေ့နိုင်သကဲ့သို့ အလားတူဖြစ်ရပ်များကို ကနေဒါ၊ ဗြိတိန်၊ စပိန်နှင့် တောင်အာဖရိကနိုင်ငံတို့ တွင်လည်း တွေ့ရှိနိုင်သည်။ လူဦးရေပြဿနာအတွက် လူဦးရေနှစ်ဆ၊ သုံးဆမြင့်တက်လာမှုမှာ ¤င်းတို့၏စီး ပွားရေးကို ဟန်ချက်ညီအောင်ချိန်ညှိနိုင်သော ဖွံ့ဖြိုးပြီး ချမ်းသာသောနိုင်ငံများအတွက် ပြဿနာမရှိလှသော် လည်း ဖွံ့ဖြိုးဆဲဆင်းရဲသောနိုင်ငံများအတွက် ခေါင်းခဲ စေမည့် ပြဿနာတစ်ရပ်ဖြစ်သည်။ နောက်ဆုံးအချက် မှာ တိုင်းပြည်များ၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများဖြစ် ပြီး အထူးသဖြင့် အမျိုးသမီးထု၏ စွမ်းအားအရင်းအမြစ် များကို စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ပါဝင်လှုပ်ရှားခွင့်ကို ယဉ်ကျေးမှုထုံးတမ်း စဉ်လာများအရ အဟန့်အတားဖြစ်စေခြင်းဖြစ်သည်။
ဥပမာအားဖြင့် ဘာသာရေးဝါဒ အစွန်းရောက်သော တာ လီဘန်၊ အာဖဂန်နစ္စတန်၊ ကွန်မြူနစ်ဝါဒကျင့်သုံးသော မြောက်ကိုရီးယား၊ တရုတ်နှင့် ယဉ်ကျေးမှုဓလေ့စရိုက် များ လွှမ်းမိုးမှုကြီးမားသော အိန္ဒိယနိုင်ငံများကို ရှုမြင် သုံးသပ်နိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် တိုင်းပြည်တစ်ပြည် ၏ ဆင်းရဲမွဲတေမှုတွင် အကြောင်းအချက်များစွာပါဝင် သော်လည်း အနှစ်ချုပ်အားဖြင့် ပထဝီမြေမျက်နှာသွင် ပြင်အနေအထား၊ နိုင်ငံရေးအခြေအနေနှင့် ယဉ်ကျေး မှုဓလေ့စရိုက်များဟူ၍ အချက်သုံးချက်ပေါ်တွင်သာ မှီခိုနေသည်။ ယင်းအကြောင်းအချက်များတွင် ပြုပြင် ပြောင်းလဲဖန်တီးရန် လွယ်ကူသောအကြောင်းအချက် များနှင့် မလွယ်ကူသော အကြောင်းအချက်ဟူ၍ ပြန် လည်ခွဲခြားနိုင် သည်။ ပြုပြင်ပြောင်း လဲဖန်တီးမှုများကို မည်သည့်အရာက ပုံဖော်နိုင်မည်နည်း။ စင်စစ် ချင့်ချိန် တွေးဆကြည့်လျှင် တိုင်းပြည်တစ်ပြည်၏ အထွတ်အခေါင် ဖြစ်သော အစိုးရ၏စီမံခန့်ခွဲမှုသာလျှင် အဓိကအခရာ ဖြစ်ခြင်းကြောင့် တိုင်းပြည်တစ်ပြည်၏ ဆင်းရဲမွဲတေမှုအ တွက် ပြုပြင်ပြောင်းလဲရန် ခက်ခဲသော သို့တည်းမဟုတ် ညံ့ဖျင်းသောအစိုးရတစ်ရပ်သည်သာလျှင် အဓိကပြဿနာ အကြောင်းတစ်ရပ်ဖြစ်သည်ဟု ယူဆမိ ပါကြောင်း ဆွေး နွေးတင်ပြလိုက်ရပါသည်။
**********************
credit toး The Flower News Journal Vol-10 , No.11
March 11 - 17 , 2014

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။