Nine Nine Sanay @ နိုင်းနိုင်းစနေ
ကျွန်တော်အလယ်တန်းတုန်းက ကျောင်းမှာ အတန်းလိုက် ရူပဗေဒအသိပညာပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ အမှတ်တွေမြင့်အောင်၊ အဆင့်တွေရအောင် ဆရာမက ပြိုင်ပွဲရဲ့အရေးပါတဲ့အချက်တွေ ကျွန်တော်တို့ကို ပြောပြနေခဲ့တယ်။ အဲဒီနောက် ဆရာမက အတန်းနောက်ဆုံးမှာထိုင်နေတဲ့ ရူပဗေဒဘာသာမှာ အဆင့်အနိမ့်ဆုံးရ ကျောင်းသားဆီသွားပြီး "ဒီတစ်ခေါက် ရူပဗေဒအသိပညာပြိုင်ပွဲမှာ အဆင့်ချိတ်ဖို့ မင်းကို အားကိုးရလိမ့်မယ်" လို့ ခေါင်းကိုပွတ်သပ်ပြီး ပြောလိုက်ပါတယ်။
ဆရာမစကားကို တစ်တန်းလုံးက နားမလည်ခဲ့ကြဘူး။ ဒါကို ဆရာမက ဖြေးဖြေးညင်သာနဲ့ ရှင်းပြပါတယ်။
"ဒီအတန်းထဲက အတန်းသားအားလုံးကို ဝိုင်းဖွဲ့စုစည်းလိုက်ရင် သစ်သားစည်ကြီးတစ်ခုနဲ့ တူနေပါတယ်။ အတန်းထဲက ကျောင်းသားတစ်ယောက်တိုင်းဟာ စည်ပတ်လည်က သစ်သားချပ်လေ...းတစ်ချပ်ဖြစ်တယ်။ ဒီစည်ကြီးထဲ ရေဘယ်လောက်ထည့်နိုင်မယ်၊ မထည့်နိုင်ဘူးဆိုတာ အရှည်ဆုံးသစ်သားချပ်ပေါ် မူတည်တာမဟုတ်ပါဘူး။ အတိုဆုံးသစ်သားချပ်ပေါ်မှာပဲ မူတည်တာပါ"

နောက်ဆုံးပြိုင်ပွဲမှာ ကျွန်တော်တို့အတန်းက ပထမရခဲ့သလို အဲဒီကျောင်းသားကလည်း တိုးတက်မှုရှိခဲ့ပါတယ်။
(တကယ်တော့.... အဖွဲ့တစ်ဖွဲ့ ထူးချွန်မှုရှိမရှိ၊ စည်းလုံးမှုရှိမရှိဆိုတာကို အညံ့ဆုံးအဖွဲ့ဝင်က အဆုံးအဖြတ်ပေးပါတယ်)
(တကယ်တော့.... အဖွဲ့တစ်ဖွဲ့ ထူးချွန်မှုရှိမရှိ၊ စည်းလုံးမှုရှိမရှိဆိုတာကို အညံ့ဆုံးအဖွဲ့ဝင်က အဆုံးအဖြတ်ပေးပါတယ်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။