Popular Journal
" လူထုအရေးတော်ပုံ ခရီးကြမ်းကို ဖြတ်သန်းခဲ့သူ မိုးဝင်းရဲ့ ၈၈ ကောက်ကြောင်း "
၁၉၈၈ခုနှစ်ရဲ့ လူထုအရေး တော်ပုံမှာ သဘင်မင်းသားကြီး ဦးမိုးဝင်းကလည်း ပြည်သူတွေ နဲ့အတူပါဝင်ခဲ့ပါတယ်။ ၈၈ကာလ ရဲ့ ကြမ်းတမ်းမှုတွေကို ဦးမိုး ဝင်းလည်း ကြုံတွေ့ခဲ့ရပါ တယ်။ ပြည်သူတွေရဲ့ခံစားချက်က အနု ပညာရှင်တွေရဲ့ခံစားချက်နဲ့ ထပ် တူပါပဲဆိုတဲ့စိတ်နဲ့လူထု အရေး တော်ပုံမှာပါဝင်ခဲ့တဲ့ ဦးမိုးဝင်းရဲ့
၈၈ကာလဖြတ်သန်းမှုပုံရိပ်တွေကို မေးမြန်းတင်ဆက်လိုက်ပါတယ်။
(၂၈)နှစ်အရွယ် လူငယ်တစ်ယောက် ရဲ့ ၈၈ကာလအမှတ်တရ
မသေလို့ ကျန်တဲ့သူတွေထဲ မှာကျွန်တော်လည်း တစ်ယောက် အပါအဝင်ပါ။ ဘာမျှော်ကိုးချက် နဲ့မှ လုပ်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော့်အသက်က ၈၈ကာလ မှာ ၂၈နှစ်ရှိပါပြီ။ တကယ်ကို တက် တက်ကြွကြွနဲ့ သေရင်သေပါစေဆိုတဲ့ စိတ်မျိုးတွေနဲ့ပေါ့။ ကျွန်တော်အမြဲတမ်းပြောခဲ့တဲ့ စကားရှိပါတယ်။ ပြည်သူတွေ ရဲ့ဝေဒနာ၊ပြည်သူတွေရဲ့ ဒဏ် ရာ၊ပြည်သူတွေရဲ့ခံစားချက်
ကျွန် တော်တို့နဲ့အတူတူပါပဲ။ ပြည်သူ တွေက ကျွန်တော်တို့ကို ထမင်း ကျွေးနေတာပါ။
ပြည်သူတွေ သည် ကျွန်တော်တို့ကို အားပေး နေတာ။ ပြည်သူတွေ ဘာဖြစ် ချင်လဲဆိုတာကို ကျွန်တော်တို့ က သူတို့နဲ့ အတူ တူ အပြင်ထွက်၊ အသက်နဲ့ရင်းပြီးတော့ ပြောဖို့ အဆင်သင့်ပါပဲဆိုတဲ့ ခံစားချက် ကြောင့် ကျွန်တော့်အနေနဲ့ ဝင် ပြီးလုပ်ဖြစ်တာပါ။ အမှတ်တရ တွေက
များလွန်းအားကြီးတယ်။ ကြေကွဲစရာတွေလည်း တွေ့ခဲ့ရ ပါတယ်။ တစ်ယောက်နဲ့ တစ် ယောက် သတ်ကြ၊ ဖြတ်ကြ လို့ သေသွားကြတဲ့လူတွေကို မြင်ဖူး ခဲ့တယ်။
ခါးသီးဖွယ်ရာ အတွေ့ အကြုံတွေပေါ့။ အမှတ်တရတွေ ထဲ က တစ်ခုပြောပြရမယ်ဆိုရင် ရန်ကုန်ဆေးရုံကြီးမှာအစာငတ် ခံဆန္ဒပြကြတယ်။ နယ်ပယ် အသီးသီးက လူတွေ အကုန်နီး ပါးပါတယ်။
ညဘက်ရောက်ရင် ရှေ့ကနေ စစ်ကားကြီးတွေက ဖြတ်သွားကြတယ်။ ဘယ်အချိန် မှာ ဝင်ပစ်မလဲဆိုတာ မသိဘဲနဲ့ နိုင်ငံ့အတွက်ကို တက်တက်ကြွ ကြွလုပ်ဆောင်ခဲ့ကြတာ။
အနုပညာရောင်းရင်းတွေနဲ့အတူ ၈၈ ကိုကျော်ဖြတ်
ကိုဇာဂနာ၊ကိုဇင်ဝိုင်း၊အရိုင်း၊ ညောင်ညောင်၊ဂျေညီညီ အများ ကြီးပါပဲ။ဟောရင်း၊ ပြောရင်းက နေသူ့ အုပ်စုနဲ့သူဖြစ်ကုန်ကြ တယ်။ဘယ်သူမှတာဝန်ပေးတာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် တာဝန်တွေနဲ့ သွားနေတာပေါ့။ ယခုလက်ရှိ သဘင်အစည်း အရုံးအဆောက်အအုံကြီးက အရင်တုန်းက သဘင်သမဂ္ဂကြီး ပေါ့။အဲဒီမှာကိုဇင်ဝိုင်းက သမဂ္ဂ
ရဲ့အကြံပေးပေါ့။ တစ်စုတစ်ဝေး ကြီးနေခဲ့ကြတယ်။ သမဂ္ဂကြီး ထောင်လိုက်ကြတယ်။
ကျွန်တော် လည်း ဟောပြောပွဲတွေ တော် တော်ဟောပြောဖြစ်ခဲ့တယ်။ အနုပညာရှင်တစ် ယောက်အနေ နဲ့လည်း ဖိတ်တာတွေ ရှိတယ်။ အဲဒီတော့ တစ်ခါတလေလည်း ကျွန်တော်တို့ကသဘင် အကြောင်း လည်းပြောပြရတယ်။ အနုပညာ သည်နဲ့ပြည်သူတွေဆိုတာ လက် တွဲနေရမယ်။ အတူတူလက်တွဲ ပြီးတော့ ဒီအရေးတော်ပုံကြီးကို ဆင်နွှဲကြပါစို့လို့ ဟောပြောဖြစ် တယ်။ ကျွန်တော် ထောင်ထဲ ရောက်တော့ ကိုယ့်ကိုယ်ကိုယ် ဆိတ်ကြည့်မိပါတယ်။ငါရုပ်ရှင် ရိုက်နေတာလား။ ပြဇာတ်ကနေ တာလားပေါ့။ထောင်ထဲ ဘယ်လို
ရောက်တာလဲဆိုပြီး ပြန်စဉ်း စားဖြစ်တော့ပြည်သူတွေ အတွက် ပြောလို့ ရောက်ရတယ်ဆိုပြီး ကြောက်စိတ်မရှိတော့ဘူး။ ကဲ သေချင်လည်း သေပါစေတော့ ဆိုပြီး စိတ်ကို
အားတင်းခဲ့တယ်။
၈၈ကို လူငယ်တွေသိဖို့လို
လူငယ်တွေအနေနဲ့ သိ သင့်တာပေါ့။ မသိလို့မဖြစ်ဘူး လေ။ ဒီခေတ်ကြီးကိုမှ မသိရင် ညံ့ရာကျပါလိမ့်မယ်။ လူငယ် တွေအနေနဲ့ ၈၈ကို သိအောင် ကြိုးစားကြရမယ်။ သိစရာ အများကြီးထဲမှာ ၈၈ သည် အရေးကြီးဆုံး သိရမယ့် အကြောင်းအရာတစ်ခုဖြစ်ပါ တယ်။ မမေ့အပ်တဲ့နေ့တွေထဲမှာ ၈၈ဆိုတာကလည်း ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို ထုတ်ဖော် တဲ့
နေ့ထူးနေ့မြတ်တစ်ခုပါပဲ။ ဖြစ်နိုင်ရင် ၈၈ဆိုတဲ့ နေ့ကြီးကို ဒီမိုကရေစီရဲ့အစ နေ့ထူးနေ့မြတ် ကြီးတစ်နေ့အဖြစ်သတ်မှတ်သင့် တယ်။ လူငယ်တွေကလည်း ဒီ အကြောင်းကိုထဲထဲဝင်ဝင် လေ့လာ သင့်တယ်။ဒီအကြောင်းနဲ့ ပတ် သက်ပြီး စာအုပ်တွေ ထွက်သင့် တယ်။ စာပေရေးသားတဲ့သူတွေ ကလည်း အမှန်တရားတွေကို ရေး သင့်တာပေါ့။ ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာကိုပေါ့။
ဘာ ကြောင့်လဲဆိုတော့ နောင်လာ နောက်သားတွေဆိုရင်၈၈ကဘာ မှန်းမသိတာတွေ များနေတာ လေ။အာဇာနည်ဆိုတာ ဘာလဲ ဆိုတာကို ပြောသလို၊ ၈၈ဆိုတာ ဘာလဲဆိုတာကို သိသင့်ပါတယ်။ တိုင်းပြည်ရဲ့ အခက်အခဲဆုံး ကာလကြီးတစ်ခုကို ကျော်ဖြတ် ရတဲ့ အရေးတော်ပုံကြီး ဖြစ်ပါ တယ်။လူငယ်တွေအနေနဲ့ ဒီနေ့ ကိုလေ့လာပါ။
ပြီးရင်တိုင်းပြည် ကို ဒုက္ခတွင်းထဲ ဘယ်တော့မှ မရောက်အောင်လို့ ကယ်တင် ပါ။ ရဲဝံ့စွာနဲ့ မမှန်ကန်မှုတွေကို ဖော်ထုတ်မယ်။ ပြောဆိုမယ်။ တိုက်ပွဲဝင်မယ်ဆိုရင် ဒါ့ထက်တို့ နိုင်ငံကြီး ကောင်းမွန်သွားပါ လိမ့်မယ်။ ကြောက်စိတ်တွေကို ဖယ်ရှားပြီးအမှန်တရားဆိုတာ ကို ရဲဝံ့စွာပြောရဲတာ ၈၈ကာလ က စလိုက်တာပါပဲဆိုတာကို လူငယ်တွေ သိဖို့သင့်ပါတယ်။
လင်းအက္ခရာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။