Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 12, 2013

မြန်မာဆီက ဓာတ်ငွေ့ သာရပြီး မေတ္တာမရတဲ့ တရုတ်နိုင်ငံ

 
Burma-Newselite
မြန်မာဆီက ဓာတ်ငွေ့ သာရပြီး မေတ္တာမရတဲ့ တရုတ်နိုင်ငံ

(ထားထားမြင့်
ဆဲဗင်းဒေးသတင်းစာပါဘာသာပြန်ဆောင်းပါး)

တရုတ်ပြည်အနောက်ပိုင်းနှင့်ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်ထားသည့်အရှည် ရ၉၃ ကီလိုမီတာရှိသညိ့  မြန်မာကိုဖြတ်သွားသည့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်မှာ ဒါဇင်နှင့်ချီသည့်  စာသင်ကျောင်းအသစ်များ၊ ဆေးခန်းအသစ်များ ရှိနေပါသည်။ ထိုအဆောက်အအုံများမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်ခံပြီး တရုတ်အစိုးရ ဖွံဖြုးမှု အစီအစဉ်က ဆောက်လုပ်ထားခြင်းဖြစ်ပြီး တရုတ်အစိုးရ၏ မြန်မာအပေါ်ချဉ်းကပ်မှုပုံစံအသစ်၏ သက်သေသာဓက များလည်းဖြစ်ပါသည်။

မြန်မာနိုင်ငံက သယံဇာတများကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလိုအပ်မှူကြောင့် မြန်မာလူထုက ဝေဖန်မှုများကို ရင်ဆိုင်နေရသည့် တရုတ်အစိုးရက သူ၏နဂိုပုံစံကိုဖျောက်ပြီး ပြီးခဲ့သည့်အပတ်က သဘာဝဓတ်ငွေ့ လိုင်းသယ်ယူမှုမစခင်မှာ ခင်မင်ရင်းနှီးသော အိမ်နီးနားချင်းမိတ်ဆွေပုံဖမ်းကာ ဆက်ဆံခဲ့ ပါသည်။

တရုတ်အစိုးရ သတင်းအေဂျင်စီဆင်ဟွာက ထိုသဘာဝဓတ်ငွေ့ လိုင်းသည် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် စွမ်းအင်စီမံကိန်းဖြစ်ပြီးမြန်မာနှင့်တရုတ်နိုင်ငံသားတို့ ၏ ချစ်ကြည်ရင်းနှီးမှုကို သယ်ဆောင်လာသည်ဟု အမွှမ်းတင်ခဲ့ သည်။ တရုတ်ကုမဏီများကို ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် မြန်မာတွင်အလုပ်လုပ်ရန် တရုတ်အစိုးရက တိုက်တွန်းအားပေးခဲ့ သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း သဘာဝပိုက်လိုင်းအကြောင်း နောက်ဆုံးသတင်းအချက်အလက်များကို ဖေ့ဘုတ်အင်တာနက်လူမှုရေးစာမျက်နှာမှတဆင့် ရေးသားဖော်ပြပေးနေသည်။

သို့ သော်လည်းယခုနှစ်ကုန်တွင် တရုတ်နိုင်ငံက ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် ရေနံ ပိုက်လိုင်းအတွက်မှု တရုတ်အစိုးရ၏ နည်းဗျုဟာကို ပြန်လည်သုံးသပ်သင့်ကြောင်း ပညာရှင်များက ပြောကြားကြသည်။
သဘာဝဓတ်ငွေ့ ပိုက်လိုင်းတလျှောက် တရုတ်အစိုးရ ဆောက်ပေးထားသော ကျောင်းများနှင့် ဆေးခန်းများမှာ အဆောက်အဦမှလွဲ၍ဘာမှမရှိဟု မြန်မာများက အပြစ်တင်ကြသည်။ တရုတ်အပေါ်ကား ယခင်လိုဘဲ အဆိုးမြင်ကြတုန်းဘဲဖြစ်သည်။ တရုတ်အစိုးရက လည်း သူ၏အနုနည်းကို သုံးရန်အတိုင်းအတာတရပ်အထိသာရှိကြောင်း တွေ့ ရသည်။



“တရုတ်က အဆောက်အအုံဆောက်တဲ့ နေရာမှာတော့ အရမ်းတော်ပါတယ် ။ဒါပေမယ့် ဒေသခံတွေ သဘောကျလာအောင် လုပ်ဖို့ ကတော့ တခြားစီဘဲ ။မြန်မာက အခြေကြီးတဲ့ နိုင်ငံ တရုတ်တွေသူတို့ နိုင်ငံမှာလာလုပ်နေတာ မလိုလားကြဘူး“
ဟု နိုင်ငံတကာ နည်းဗျုဟာလေ့လာရေးမှ အကြီးတန်းသုတေသီ အဲလက်စ်နိုင်းလ်က ပြောကြားသည်။တရုတ်များက ပြောသကဲ့ သို့  သဘာဝဓတ်ငွေ့ ပိုက်လိုင်းဆောက်လုပ်ခြင်း သည်နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် စီမံကိန်းဆိုသည်ကို မြန်မာကလက်မခံဟု သူကဆိုသည်။
“တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို မြန်မာက သတိထားနေပြီ ။ခေါင်းဆောင်ပိုင်းကလည်း ဒါဟာတကယ်ဘဲ ပြည်သူတွေက နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အရာလို့ ထင်သလားဆိုတာကိုနားထောင်ဖို့ လိုလာပြီ”
နိုင်ငံတကာနှင့်မြန်မာကအဆက်အသွယ်ဖြတ်တောက်ခဲ့ သည့်နှစ်များမှာ တရုတ်က အုပ်ချုပ်သူ စစ်အစိုးရနှင့် ပူးပေါင်းပြီး မြန်မာ၏ ကြွယ်ဝချမ်းသာသော သယံဇာတအရင်းအမြစ်များကို လက်ဝါးကြီးအုပိခဲ့ ပါသည်။ သို့ သော်လည်း မြန်မာက တကမ္ဘာလုံးနှင့်အဆက်အသွယ်လမ်းပွင့်လာပြီး ဒီမိုကရေစီစနစ်ဆီကူးပြောင်းလာသည့်အခါ တရုတ်နိုင်ငံအနေဖြင့် ပြိုင်ဘက်အသစ်များ ၀ိုင်းနေပြီဖြစ်ကြောင်း သဘောပေါက်လာခဲ့ သည်။
တချိနိတည်းမှာပင် မြန်မာနိုင်ငံမှာ တရုတ်အစိုးရကို မလိုမုန်းတီးမှုများ အားကောင်းလာပြီး ယခင်ကဲ့သို့ တရုတ်အစိုးရ၏ တောင်းဆိုချက်များကိုလည်း လိုက်လျောမှုနည်းပါးလာသည်။ မြန်မာအစိုးရက ဒီမိုကရေစီစနစ်ကို ပိုဦးတည်သွားလေလေ ပြည်သူများ၏ တိုင်တန်းအပြစ်တင်မှုကို ပိုအာရုံစိုက်နားထောင်ရလေဖြစ်လာ၏
၂၀၁၁ခုနှစ်တွင် သမ္မတဦးသိန်းစိန်က လူထုဆန္ဒဖြင့်အငြင်းပွားနေသော ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ သည်။ ပြီးခဲ့ သည့်လများတွင် မြန်မာကို ပြန်လည်ဆွဲဆောင်ရန် တရုတ်အစိုးရက သူ၏ ကြိုးပမ်းအားထုတ်မှုများကို နှစ်ဆတိုးခဲ့ သည်။
ပြီးခဲ့ သည့်ဇူလိုင်လတွင် သူတို့ ၏ရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သတ်ပြီး မြန်မာလူထု၏ စိုးရိမ်မှုကိုဖြေရှင်းမည့် ဆွေးနွေးပွဲတခုကို မြန်မာနိုင်ငံ၏ စီမံကိန်းကြီးများတွင် ပါဝင်နေသည့်တရုတ်ကုမ္ပဏီများနှင့် တရုတ်သံရုံးကကျင်းပခဲ့ သည်။



တရုတ်မြန်မာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကလည်း စတင်ကတည်းက မကြာခဏဆန္ဒပြမှုများနှင့်အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည် ။ထိုပိုက်လိုင်းက တိုင်းရင်းသားလက်နက်ကိုင်များ ဒေသကိုပါဖြတ်သန်းသွားပြီး လယ်သမားနှင့်ယာသမားများကို နေရာပြောင်းရွေ့ စေခဲ့ သည်။ ထိုပိုက်လိုင်းကြောင့်မည်သူက အမြတ်ထွက် ငွေရရှိသွားသနည်းဆိုသော သံသယဖြစ်မှုတွေ တိုးပွားလာခဲ့ သည်။
အဆိုပါသဘာဝဓတ်ငွေ့ လိုင်းကို နိုင်ငံခြောက်နိုင်ငံက ပါဝင်ခဲ့ သော်လည်း တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPCက ရင်းနှီးမြုပ်နှံမှု ၏ ၅၀.၉ ရာခိုင်နှုန်းဖြစ်၏ မြန်မာက တနှစ်ဓတ်ငွေ့ ၁၂ဘီလီယံ ကုဗမီတာကို ဖြတ်သန်းခအဖြစ်ရရှိမည်ဖြစ်ပါသည်။
ကြီးမားသောအခြေခံအဆောက်အအုံစီမံကိန်းများသည် နိုင်ငံနှစ်နိုင်ငံပိုမိုရင်းနှီးလာအောင် ဆောင်ရွက်ပေးနိုင်သော်လည်း တရုတ်မြန်မာ သဘာဝဓတ်ငွေ့ လိုင်းကတော့ ထိုကဲ့ သို့ မဟုတ်ပါ။ ထိုပိုက်လိုင်အစား ကားလမ်းမကြီးများ သို့ မဟုတ် ရထားလမ်းများဆိုပါကနှစ်နိုင်ငံမှလူများ ကူးသန်းသွားလာမှု တိုးမြင့်လာစေနိုင်ပါသည်။

“ တရုတ်က မြန်မာမှာနာမည်ပျက်နေပြီ။ တရုတ်က သူ့ စီးပွားရေးဘဲ အဓိကစိတ်ဝင်စားတယ်လို့ လူတွေက ထင်နေကြတယ်’ လုံခြုံရေးနှင် တိုးတက်ရေးမှုဝါဒဌာနမှ အာရှအစီအစဉ်အကြီးအကဲ ဘာနက်ဘာဂျာက ပြောကြားသည်။
“အခုအထိ ပိုက်လိုင်းတလျှောက်ကလူတွေက အဲဒိစီမံကိန်းနဲ့ ပတ်သတ်ပြီး ပြန်ရတာနည်းနည်းဘဲရှိသေးတယ်။ လူတွေက သူတို့ မြေတွေက ပြောင်းပေးရတယ်။ အများစုမှာ ပြန်ရတဲ့ မြေရောအိမ်ရောက မကောင်းဘူး ။လျော်ကြေးကလည်း သူတို့ ဘ၀ ပြန်တည်ဆောက်ဖို့ လုံလုံလောက်လောက်မရဘူး”

ပိုက်လိုင်းတလျှောက်ရှိ လူမှုရေး၊စီးပွားရေး၊ သဘာဝန်းကျင် အကျိုးသက်ရောက်မှုများကို ပြည်သူများအသိအမြင်တိုးစေရန် ဦးဆောင်လှုပ်ရှားနေသော ရွေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုမှ ခေါင်းဆောင်ဦးဝင်းအောင်က မြန်မာအများစုမှာ အဘယ်ကြောင့် အစိုးရ က တရုတ်ကို ရေနံ နှင့်သဘာဝဓာတ်ငွေ့ တင်ပို့ရသည်ကို နားမလည်ကြဟု ဆိုပါသည်။ အဘယ်ကြောင်ဆိုသော်မြန်မာမှာ လူဦးရေ လေးပုံတပုံသာလျှပ်စစ်မီးရရှိပြီး အများစုက ထင်းမီးဖိုတွေကို သုံးစွဲနေကြသည့်အတွက်ဖြစ်သည်။

“တရုတ်ဆန့်ကျင်ရေးက ပိုဆိုးလာလာပြီ။ တရုတ်အစိုးရအနေနဲ့မြန်မာအစိုးရကနေ တဆင့်သွားမယ့် အစား မြန်မာနိုင်ငံသားတွေနဲ့ တိုက်ရိုက်ဆောင်ရွက်သွားဖို့  နည်းလမ်းရှာရမယ်။ လူတွေနဲ့ စကားပြောရမယ် တိုင်ပင်ရမယ်။ စေ့ စပ်ညိနှိုင်းမယ်ဆိုတဲ့ မူဝါဒက အပြုသဘောဆန်ပါတယ်။ဒါပေမဲ့ ဒီစီမံကိန်းတခုတည်းအတွက်မဟုတ်ဘဲ ရေရှည် စီမံကိန်းအတွက်ပါ လုပ်ဆောင်သင့်တယ်’ဟု ဦးဝင်းအောင်က ပြောကြားသည်။
တရုတ်နိုင်ငံ၏ မြန်မာအပေါ်ပြောင်းလဲလိုက်သောအချိုသတ် ဗျုဟာမှာအောင်မြင်ပုံမရဘဲ ဆန့်ကျင်ဘက်ဆိုးကျိုးများသာဖြစ်ပွားလာသည်ဟု တရုတ်သံတမန်များနှင့် မြန်မာနိုင်ငံမှာမကြာသေးခင်က ဆုံခဲ့ သော မစ္စတာဘာဂျာကဆိုသည်။ တရုတ်ကုမ္ပဏီများနှင့်တိုက်ရိုက်စကားပြောရန်ကြိုးစားသော ဒေသခံများသည် တရုတ်တို့ က ငြင်းဆိုမှုကြောင့် ဒေါ်သထွက်ကုန်ကြသည်ဟု သူကပြောကြားသည်။

“ မျှော်လင့်တာနဲ့ တခြားစီဘဲ။သူတို့ ရဲ့ ကြိုးပမ်းမှုက တကယ့်အခြေအနေကို ပိုတောင်ဆိုးသွားစေလိမ့်မယ် ။တရုတ်ကုမ္ပဏီတွေက အဲဒိအယူအဆတွေ ကို ပြောင်းလဲဖို့ တခြားနည်းလမ်းကို မရှာသရွေ့  အခြေအနေက ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး”

South China Morning Post သတင်းစာပါGas flows from Myanmar, but Beijing finds goodwill is another matter ဆောင်းပါးကို ထားထားမြင့်မှဘာသာပြန်ဆိုပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။

!
t
s
e
B
e
h
T
e
B