Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 21, 2013

ကျွန်တော်တို့ ဘယ်ရာစုနှစ်ထဲ ရောက်နေပါသလဲ BY မောင်ဝံသ

Nyein Chan Burma and Cloud Cuckoo Land shared Sa Maung's photo.
ကျွန်တော်တို့ ဘယ်ရာစုနှစ်ထဲ ရောက်နေပါသလဲ
BY မောင်ဝံသ

ပြည်သူ့ခေတ်ဂျာနယ်တွင်ပါရှိသည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါးအား ပြန်လည်ထုတ်နုတ်တင်ပြပါသည်။
ကျွန်တော် စင်ကာပူကို စတုတ္ထအကြိမ်သွားပြီး ဆေးပြန်စစ်နေလို့ ပြီးခဲ့တဲံ အပတ်က ဆောင်းပါး မရေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ကျွန်တော့် ကျန်းမာရေးကတော့ ဆေးကုသမှုခံယူနေဆဲလို့ပဲ အစီရင်ခံပါရစေ။ လူကတော့ ကီမို ဆေးသွင်းနေတဲ့ ရက်ပိုင်းတွေကလွဲလို့ နေကောင်းနေတာပါပဲ။ သို့ပေမယ့် အဲဒီရက်တွေမှာ မိမိကိုယ်ခံအားက အရမ်းကျဆင်းနေတာ ဖြစ်လို့ လူများများ စုဝေးတဲ့နေရာတွေကို မသွားဖို့၊ အနံ့အသက်တွေကို ရှောင်ဖို့ ဆရာဝန်များက ညွှန်ကြားထားပါတယ်။ သည့်အတွက် သွားသင့်လာသင့်တဲ့နေရာတွေကို မသွားနိုင်ဘဲ လူမှုရေးတာဝန်ပျက်ကွက်ရတာတွေကို မိတ်ဆွေများက နားလည် ခွင့်လွှတ်ပေးကြပါ။
ကျွန်တော်က ယခုအချိန်မှာ အရင်က နေထိုင်ခဲ့တဲ့ ၃၃လမ်း ဒေါင်းစာပေ မြေညီထပ်အခန်းမှာ မနေတော့ဘဲ ဘားလမ်း အထက်လမ်းက သမီးကြီးရဲ့ ခြောက်ထပ်အခန်းမှာ ပြောင်းနေတာ မသိသေးတဲ့ ကျွန်တော်နဲ့ တွေ့ချင်၊ သတင်းမေးချင်သူ မိတ်ဆွေရင်းချာများက ဒေါင်းစာပေကိုပဲ  ဆက်သွယ် တတ်ကြပါတယ်။ လာလည်ချင်တဲ့ ဧည့်သည်များက ဖုန်းဆက် ချိန်းဆိုတဲ့အခါ သမီးလတ်က လာလည်မည့်သူကို နေကောင်းရဲ့လား အရင်မေးရပါတယ်။ဖျားနာ ချောင်းဆိုး တစ်မျိုးမျိုးနဲ့ နေထိုင်မကောင်း ဖြစ်နေတယ်ဆိုရင်တော့ ဖေဖေနဲ့ မတွေ့ပါနဲ့ဦး၊ နေကောင်းမှ ထပ်ချိန်းပြီး လာပါရှင်လို့ တောင်းပန် ရပါသတဲ့။
တစ်နေ့ကတော့ အဲသလို ကြိုတင်ဖုန်းဆက်ပြီး တွေ့ချင်ကြောင်း လှမ်းပြောတဲ့ ဧည့်သည်တစ်ယောက်ကို သမီးက မမှတ်မိဘူး၊ နောက်တော့ အဲဒီလူက သတင်းထောက်ဈာန်ရခေါ် ဦးစိုးမင်းရဲ့ သားကြီးပါလို့ပြောတော့မှ တအံ့တသြနဲ့ ဖုန်းဆက်မေးပေးပါ့မယ် ပြောပြီး ကျွန်တော့်ဆီလှမ်းဆက်တယ်။ သူက ဂျာမနီပြန်တော့မှာမို့ မပြန်ခင်တွေ့သွားချင်တယ်ပြောလို့ ည ၈နာရီခွဲမှာ လာပါလို့ ချိန်းလိုက်ရပါတယ်။
ဆရာဈာန်ရသားကြီးလာမယ့်အချိန်ကိုစောင့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေကို လွမ်းဆွတ်တသ သတိရမိတယ်။ ကျွန်တော့်ရဲ့ စာပေဘ၀၊ သတင်းစာသမားဘ၀ ပြန်ပြောင်းသတိရချက်များ ပထမပိုင်းလို့ ဆိုနိုင်တဲ့ ]]ဝေါမြို့က လာခဲ့တယ်}} စာအုပ် (ဒေါင်းစာပေ၊ ၂၀၁၀)မှာ ပီဂျီစိုးမင်းခေါ် သတင်းထောက်ဈာန်ရ အကြောင်း ရေးလို့ရသမျှ ကျွန်တော် ထည့်သွင်းရေးသားခဲ့ပါတယ်။ သူဟာ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်ကို ကျွန်တော် အလုပ်သင်အဖြစ် စတင်ဝင်ရောက်ချိန် (၁၉၆၄ နိုဝင်ဘာလ)ကစပြီး ကျွန်တော့်ရဲ့ အနီးကပ် ဆရာ၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေရင်း၊ ရဲဘော်ရင်းတစ်ယောက်အဖြစ် စောင့်ရှောက် ခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀မှာ အင်မတန် မမေ့အပ်တဲ့ လူပုဂ္ဂိုလ် တစ်ယောက်ပါပဲ။
သူ့အကြောင်း ကျွန်တော်သိသလောက်က ပဲနွယ်ကုန်းဇာတိ၊ ပဲခူးအမျိုးသားကျောင်းက အထက်တန်းအောင်တယ်။ ကျွန်တော်လည်း အဲဒီကျောင်းထွက်ပါပဲ။ ဦးစိုးမင်းက ကျွန်တော့်ထက် ၁၂နှစ်ကြီးတော့ စီနီယာကြီးပေါ့။ သူ ရန်ကုန်တက္ကသိုလ်ဆက်တက်ရင်း ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်တယ်။ သူက ရှေ့ထွက်တဲ့ ကျောင်းသားခေါင်းဆောင် မဟုတ်ဘဲ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ယူဂျီတစ်ယောက်အဖြစ် ပါဝင် ခဲ့တာပါ။ ကျောင်းစရိတ်အတွက် တက္ကသိုလ်ဆေးရုံမှာ စာရေးဝင်လုပ်ရင်း တကသနဲ့ နီးနီးနားနားမှာ နေထိုင် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ သူတို့ခေတ်က ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးဘကောင်း၊ ဦးဇော်ဝင်းတို့နဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ခဲ့ပါတယ်။
ဦးစိုးမင်းဟာ ဆရာကြီး ထွန်းနေ့စဉ် ဦးထွန်းဖေတည်ထောင်တဲ့ ထွန်းနေ့စဉ်သတင်းစာမှာ ၁၉၅၅ခုနှစ်က စတင်အလုပ်လုပ်ခဲ့တယ်။  (ဦးထွန်းဖေဟာ နှယ်နှယ်ရရ မဟုတ်ပါ။ သူ့အကြောင်း ကျွန်တော့်ရဲ့ ]]ရှာမှ ရှားတဲ့ နိုင်ငံရေးသမား}}စာအုပ်မှာ အတော်ကလေး ရေးခဲ့ဖူးပါတယ်။ သူဟာ လွတ်လပ်ရေးခေတ်ဦး ၀န်ကြီးချုပ် ဦးနုရဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး ဖြစ်ခဲ့တယ်။ နောက်တော့ ဦးနုကို ဘ၀ရှင်မင်းတရားကြီးလို ဖြစ်လာပြီလို့ ဝေဖန်ကာ ၀န်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ပါတယ်။  ၁၉၂၀ တက္ကသိုလ်သပိတ်ကြီးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ကျောင်းက ထွက်တော့ သူရိယသတင်းစာ သတင်းထောက်၊ အယ်ဒီတာအဖြစ် စစ်ကြိုခေတ်ကတည်းက ထင်ရှားတဲ့ သတင်းစာဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။) ပီဂျီစိုးမင်းဟာ ထွန်းနေ့စဉ် သတင်းစာမှာ လေးငါးနှစ်လောက် အယ်ဒီတာလုပ်ခဲ့ပြီး ဦးနုလက်ထက် ထွန်းနေ့စဉ် သတင်းစာအပိတ်ခံရပြီး ဦးထွန်းဖေ အဖမ်းခံရချိန်မှာ  ပြည်ထောင်စုသတင်းစာ၊ အဲဒီကနေ ယုဝတီသတင်းစာစသည်ဖြင့် ပြောင်းရွှေ့ခဲ့တယ်။
၁၉၆၂ခု ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထောင်တော့ တကယ်ဆိုရှယ်လစ်လမ်းစဉ်သွားတော့မယ်လို့ ယုံကြည်စိတ်နဲ့ ဦးစိုးမင်းဟာ တော်တော် စောစောပိုင်းမှာကို ပါတီဝင်ခဲ့တယ်။ အဲဒါကြောင့်လဲ ဗဟိုနိုင်ငံရေးတက္ကသိုလ် ကေဒါသင်တန်း တတိယပတ် တက်ရောက်ခဲ့ရတယ်။ သင်တန်းဆင်းပြီးတာနဲ့ အစိုးရသတင်းစာ လုပ်သားပြည်သူ့နေ့စဉ်ကို ကေဒါတစ်ယောက်အနေနဲ့ တာဝန်ပေးစေလွှတ်ခြင်းခံရသူ ဖြစ်ပါတယ်။ သူဟာ ဗိုလ်တထောင်မြို့နယ် ပါတီယူနစ်နယ်မြေအတွင်းရှိ လုပ်သားပြည်သူ့နေ့စဉ် (မြန်မာ+အင်္ဂလိပ်)နဲ့ မြန်မာ့သတင်းစဉ် (ပြည်တွင်း+ပြည်ပ)တို့ ပါဝင်တဲ့ ပါတီစိတ်မှာ ပါတီစိတ်မှူး ဖြစ်လာတယ်။ ပါတီတာဝန်အရ အယ်ဒီတာချုပ် တွေကတောင် သူ့ကို လေးစားခန့်ညားရတယ်။ ပါတီတာဝန်ရှိသူတစ်ယောက် အနေနဲ့ စောင့်ထိန်းသောအားဖြင့် သူအလွန်ကြိုက်နှစ်သက်တဲ့ ယမကာ မှီဝဲခြင်းကို ၁၀နှစ်နီးနီးလောက် လုံးဝ ရှောင်ကြဉ်နေခဲ့သူ ဖြစ်ပါတယ်။  သို့ပေမယ့် ၁၉၇၃ မှာ ပိုလန်၊ ဆိုဗီယက်စတဲ့ အရှေ့ဥရောပ ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေကို မြန်မာသတင်းစာကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး အဖြစ် လိုက်ပါသွားပြီး ပြန်လာချိန်ကစလို့  သူအပြောင်းလဲကြီး ပြောင်းလဲ သွားပါတော့တယ်။ (မှတ်မှတ်ရရ ဦးစိုးမင်းတို့အဖွဲ့ကို ထိုစဉ်က အဖွဲ့ ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူက ဟံသာဝတီ ဦးဝင်းတင်ဖြစ်ပါတယ်။)  ဦးစိုးမင်း အရက်ပြန်သောက်တယ်။ လုပ်သားပြည်သူ့နေ့စဉ်မှာ သူ ပင်တိုင်ဆောင်းပါးတွေ ရေးတော့ ကလောင်နာမည်ကို သတင်းထောက် ဈာန်ရလို့ ပေးတယ်။ ဈာန်ရနာမည်ယူထားတဲ့အတိုင်း  သတင်းစာ ညဖောင်ပိတ်ချိန်နောက်ပိုင်း အမူးသောက်တော့တာပါပဲ။ ၁၉၇၀နှစ်များ စောစောပိုင်းက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာပါ သတင်းထောက်ဈာန်ရ ဆောင်းပါးတွေကို အတော်လူကြိုက်များကြပါတယ်။ သူ့ဆရာရင်း ထွန်းနေ့စဉ် ဦးထွန်းဖေရေးခဲ့ဖူးတဲ့ စတိုင်အတိုင်း အကြောင်းအရာ တစ်ခု စာတစ်ပိုဒ်၊ သရော်စာလိုလို၊ ဝေဖန်စာလိုလို၊ ဆက်တွေးစရာတွေ အများကြီးချန်ပြီး ရေးတတ်ပါတယ်။
သူ့ရဲ့ လူသိများတဲ့ မူလကလောင်အမည်က ပီဂျီစိုးမင်းပါ။ ပီဂျီဆိုတာ ဘာလဲမေးရင် သူဖြေချင်သလိုဖြေတယ်။ ပဲနွယ်ကုန်းသားမို့လို့ ပီဂျီလို့ အတိုကောက် ရေးတာလို့ ပြောသလို ကမ္ဘာကျော် စာရေးဆရာကြီး ပီဂျီဝု(ဒ်)ဟောက်(စ်)ကို ကြိုက်လွန်းလို့ ယူထားတာလို့ ပြောချင် ပြောတယ်။ ကျွန်တော့်ကိုကျတော့ တိုးတိုးကြိတ်ပြောတယ်။ ပီဂျီဆိုတာ ပြည်သူ့ပြောက်ကျား (People’s Guarilla)ကို ဆိုလိုတယ်။ ဒါပေမယ့် ဒါက လူသိခံလို့ မဖြစ်ဘူးလို့ ပြောပါတယ်။
ကျွန်တော်က ပီဂျီကြီး ပြန်သောက်တဲ့ အချိန်မှာ မြန်မာ့အလင်း သတင်းစာ တိုက်ကို အယ်ဒီတာရာထူးနဲ့ ပြောင်းရွှေ့လာတာ သုံးနှစ်လောက်ရှိပါပြီ။ သူမူးလာရင်  ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဖြစ်နေတဲ့ ကျွန်တော့်ကို ဖုန်းဆက် ချိန်းတယ်။ ညသန်ကောင်ကျော်မှ ကျွန်တော်တို့ ဆုံမိကြပြီး ချောင်ကျကျ ဆိုင်တစ်ဆိုင်မှာ သွားထိုင်ကြတယ်။ ထပ်သောက်ပြီး သူ့ရင်ထဲ ဖြစ်နေတာတွေ ဖွင့်အန် တော့တာပါပဲ။  ဆိုရှယ်လစ်နာမည်ခံပြီး အာဏာရှင်စနစ် ကျင့်သုံးနေသမျှ ငါတို့တွေ ဘယ်တော့မှ ဆိုရှယ်လစ် ပန်းတိုင်ရောက်တော့မှာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထိန်းညှိဖို့ အတိုက်အခံပါတီ ရှိရမယ်။ စီးပွားရေးမှာ နယ်စပ်ကုန်သွယ်ရေးတွေ ဖွင့်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ပေးရမယ်။ ခုအတိုင်း တံခါးပိတ် စီးပွားရေးပုံစံနဲ့ဆိုရင် ငါတို့တိုင်းပြည်ပျက်ပြီ စတာတွေ ပြောတယ်။
၁၉၇၄ခု ဦးသန့်အရေးအခင်းနောက်ပိုင်းမှာတော့ ဈာန်ရကြီး ပို၍ပေါက်ကွဲလာ ပါတယ်။ နောက်ဆုံး ၁၉၇၅ နှစ်ကုန်လောက်မှာ ဦးနေ၀င်းဆီ အကြံပေးစာ တစ်စောင်ရေးပို့လိုက်တယ်။ သုံးပတ်လောက်အကြာမှာ သူ့ကို ဦးနေ၀င်းက ခေါ်တွ့တယ်။ တစ်နာရီကျော်ကြာတယ်တဲ့။ ထိုစဉ်က ညွှန်ချုပ် ဦးသာထွန်းက မှတ်တမ်းလိုက်ရေးတယ်။ ဒါတွေက နောက် သူပြန်ပြောပြတာတွေပါ။ ကိုဈာန်ရက အဓိကနှစ်ချက်တင်ပြတယ်။ (၁) ၁၉၇၈ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံပါတီတစ်ခု တည်ထောင်ခွင့်ပြုပြီး နှစ်ပါတီ စနစ်နဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးဖို့၊ (၂) နယ်စပ်ကုန်သွယ်ရေးတွေဖွင့်ပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ဖော်ထုတ်ဖို့ တင်ပြခဲ့တယ်။ ဦးနေ၀င်းက ထုံးစံအတိုင်း ]]စဉ်းစားသင့်တဲ့ အချက်တွေပဲ၊ စဉ်းစားကြသေးတာပေါ့}}လို့ ပြောလိုက်တာကို ကိုဈာန်ရက အဟုတ်ကြီးထင်ပြီး တက်ကြွစွာမျှော်လင့်နေခဲ့တယ်။ တိုတိုပြောရရင် သူမျှော်လင့်တာတွေဘာတစ်ခုမှ ဖြစ်မလာတဲ့အပြင် သူ့ကို ထောက်လှမ်းရေးက နှစ်ကြိမ်မက ခေါ်ခေါ်သွားပြီး သူ့ရဲ့ ဈာန်ရဆောင်းပါး တချို့ထဲက အဓိပ္ပာယ်ဝှက်နဲ့ ရေးထားတဲ့ စာပိုဒ်တချို့ဟာ ဘာကို ပြောချင် တာလဲ၊ ဘာဘာညာညာစတာတွေ လျှောက်မေးပြီး အပြစ်ရှာ အမှုဆင်မယ့် အလားအလာတွေ ဖြစ်လာပါတော့တယ်။
နောက်ဆုံးတော့ သူ့ခမျာ ၁၉၇၆ နှစ်ကုန်ခါနီးလောက်မှာ မိသားစုပါ ခေါ်ပြီး ကရင်ပြည်နယ် ကေအင်ယူနယ်မြေ တောလမ်းက ဖြတ်လို့ ထိုင်းနယ်စပ်ကို ထွက်ပြေးရတော့တယ်။ သူပြေးပြီဆိုတာ သိသွားပြီးမကြာပါဘူး။ ထောက်လှမ်း ရေး (၇)က ကျွန်တော့်ကို ခေါ်ပြီး သူနဲ့ပတ်သက်တဲ့ စစ်ချက်တွေယူပါတယ်။ ဈာန်ရစာအုပ်တွေ ထုတ်ဝေခဲ့တဲ့ စပယ်ဦး ဦးတင်စိုးလည်း ခေါ်ယူစစ်ဆေးခံရ သေးတယ်။ ကျွန်တော်က အမေရိကန်နိုင်ငံ မစ်ရှီဂန်တက္ကသိုလ်ကို သတင်းစာပညာဖဲလိုးရှစ်သင်တန်းသွားတက်ဖို့ ရွေးချယ်ခံထားရပြီးသား အချိန်မှာ ခုလို စစ်ဆေးခံရတော့ ပြည်ထဲရေးက ကျွန်တော့်ကို ပတ်စပို့မပေးဖို့ ကန့်ကွက်တာနဲ့ ကြုံရပါသေးတယ်။ နောက်တော့ ပြန်ကြားရေးဝန်ကြီးက တာဝန်ယူပါတယ်လို့ ထောက်ခံချက်ပေးလို့ ပတ်စပို့ရခဲ့ပါတယ်။
ကျွန်တော် မစ်ရှီဂန်ရောက်ပြီး သုံးလလောက်အကြာမှာAsia Week စာစောင်မှာ ဦးစိုးမင်းတို့ မိသားစုဓာတ်ပုံတွေနဲ့ ထိုင်းနယ်စပ်ရောက်နေတဲ့ မြန်မာ ပြည်ပြေးသတင်းစာဆရာအကြောင်းဆိုပြီး ပါလာပါတယ်။ ဦးနေ၀င်းနဲ့ တွေ့ဆုံအကြံပေးခဲ့ပုံ၊ ဘာမှ ထူးခြားမှုမရှိလို့ စိတ်ပျက်ပြီး ထွက်လာခဲ့ပုံတွေ ရေးထားပါတယ်။ နယ်စပ်မှာ ဒုက္ခရောက်နေတာတွေကိုပါ သိရလို့ သူ့မိတ်ဆွေရင်းချာများအဖြစ် ကျွန်တော် သိထားတဲ့ အမေရိကန်သတင်းစာ ဆရာ တချို့ကို ကျွန်တော် ဖုန်းနံပါတ်တွေ ရအောင် စုံစမ်းပြီး အကြောင်းကြား ခဲ့သေးတယ်။ သူတို့လည်း တတ်နိုင်သလောက်ကူညီမယ် ပြောပေမယ့် မအောင်မြင်ပါဘူး။ ထိုင်းက အမေရိကန်သံရုံးက ကိုဈာန်ရကို ခိုလှုံခွင့် မပေးဘဲ နောက်ဆုံးတော့ ဂျာမနီနိုင်ငံ (ထိုစဉ်က အနောက်ဂျာမနီ)က နိုင်ငံရေး ဒုက္ခသည်အဖြစ် လက်ခံလိုက်ပါတယ်။ သူဟာ ဥရောပရောက်ရောက်ချင်း မြန်မာပြည်ပြေးများအဖွဲ့Political Exiles of Burma ဆိုတဲ့အမည်နဲ့ အဖွဲ့တစ်ဖွဲ့တည်ထောင်တဲ့အကြောင်း၊ ပြည်ပြေးအင်အား ၄၀လောက်ရှိကြောင်း ဘီဘီစီ သတင်းတစ်ပုဒ် ကြေညာတာ ကြားလိုက်ရတယ်။
၁၉၈၀ပြည့်နှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ဦးနုအပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လာကြချိန်မှာ သူပြန်လာမလားလို့ ကျွန်တော် မျှော်မိသေးတယ်။ လူတော့ မလာဘဲ ဂျာမနီကနေ စာရှည်ကြီးတစ်စောင် ကျွန်တော့်ဆီ ရေးလိုက်ပါတယ်။ မြန်မာပြည်မှာ အတိုက်အခံပါတီ တည်ထောင်ခွင့်ရှိပြီး လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့် မရှိသမျှ၊ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိသမျှ သူပြန်လာမည်မဟုတ်ဘူးလို့ အတိအလင်း ရေးလိုက်တာ ပါ။ ခင်ဗျားဆီ အခု ရေးလိုက်တဲ့စာကို ထောက်လှမ်းရေးတွေက ဖောက်ဖတ်ပြီး ဖြစ်လိမ့်မယ်၊ ခင်ဗျားဆီရောက်လို့ ဖတ်ပြီးရင် ထောက်လှမ်းရေးကို အပ်လိုက်ပါ။ မအပ်ရင် ခင်ဗျား ဒုက္ခရောက်လိမ့်မယ်လို့လဲ ရေးထားတယ်။ ကျွန်တော်ကတော့ ထောက်လှမ်းရေးကို မအပ်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနကို အပ်လိုက်ပါတယ်။ ၀န်ကြီးဌာနကပဲ ကျွန်တော့်ကို တစ်ကြိမ်ခေါ်ပြီး ဦးစိုးမင်းနဲ့ ပတ်သက်ခဲ့ပုံတွေ နည်းနည်းပါးပါး မေးမှတ်ပါတယ်။
အဲဒီစာထဲမှာ ကျွန်တော်မမေ့နိုင်တဲ့ တင်စားချက်တစ်ခုကို တွေ့လိုက်တယ်။ ]]ကျုပ် ကိုယ့်တိုင်းပြည်ကထွက်လာတော့မှ ၂၀ရာစု ကမ္ဘာကြီးထဲကို တကယ် ရောက်သွားတာ သိလိုက်ရတယ်။ မြန်မာပြည်ဟာ ၂၀ရာစု ကမ္ဘာကြီးထဲက နိုင်ငံတစ်နိုင်ငံဆိုပေမယ့် တကယ်က ၁၉ရာစုထဲမှာပဲ ရှိနေသေးတာ ရင်နာစရာ ပါ။ ဒီလို ဖြစ်ရတာ ပြည်သူတွေနဲ့ ဘာမှ မဆိုင်ဘူး။ အဓမ္မ စိုးမိုးအုပ်ချုပ်ပြီး တိုင်းပြည်ကို ပျက်အောင် ဖျက်ဆီးသူတစ်စုကြောင့် ဖြစ်ခဲ့ရတာလို့ ကျုပ်ပြောရဲတယ်။ ခုဆိုရင် ကျုပ်ရဲ့သားသမီးတွေ၊ နောက်မျိုးဆက်တွေဟာ သူများနည်းတူ ၂၀ရာစုလူသားတွေ ဖြစ်လာတော့မယ်။ အဲဒါ နေရိပ်လာမှာကို နေပူထဲက မစောင့်ဘဲ နေရိပ်ရှိတဲ့နေရာကို ရောက်အောင် သွားလိုက်လို့ပဲ မဟုတ်လား။ ခင်ဗျားတို့ကတော့ ၁၉ရာစုထဲကနေ ၂၀ ရာစုထဲရောက်ဖို့တောင် နှစ်ပေါင်း ဘယ်လောက် စောင့်ကြရမလဲမသိဘူး။ ကျုပ်ကတော့ မြန်မာပြည်မှာ လွတ်လပ်တဲ့ သတင်းစာတစ်စောင်ထုတ်ဝေနိုင်တဲ့အချိန်ကျမှ ပြန်လာ တော့မယ်ဗျို့}}
နောက်ပိုင်း သူ့သတင်း မကြားတော့ဘဲနေရာက ဦးစိုးမင်းဟာ ၁၉၈၃ခုမှာ ဘွန်းမြို့ဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသမှု ခံယူရင်း ကွယ်လွန်သွားကြောင်း အသံလွှင့်ဌာနတချို့မှာ ပါလာတာ ကြားလိုက်ရပါတယ်။
ဦးစိုးမင်းရဲ့သားကြီးဟာ ချိန်းထားတဲ့ အချိန် အတိအကျ ည ၈နာရီခွဲမှာ ရောက်လာပါတယ်။ ရန်ကုန်နေ သူ့ဆွေမျိုးသားချင်းတချို့လဲ ခေါ်လာသေး တယ်။ သူ့ကို ဘယ်လိုမှ မမှတ်မိတော့ဘူး။ သူတို့ထွက်သွားတုန်းက ၁၄နှစ်သား လောက်၊ အခု ၄၈ နှစ်ရှိပြီ။ အင်ဂျင်နီယာကြီးတစ်ယောက်ဖြစ်နေပြီ။ သူကတော့ မြန်မာမိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သူ့အောက်က ညီနဲ့ နှမလေးကတော့ ဂျာမန်နဲ့ပဲ အကြောင်းပါကြတယ်။ သူ့အမေနဲ့ သူနဲ့ ၁၉၉၆ခု Visit Myanmar Year မှာ ဂျာမနီက မြန်မာ သံအမတ်က ထောက်ခံချက်နဲ့ မြန်မာပြည် ပြန်လာလည်ကြသေးတာ ပြောပြလို့ အံ့သြ ရသေးတယ်။ အဲဒီတုန်းက ကျွန်တော်က ထောင်ထဲရောက်နေတာရယ်၊ သူတို့နောက်က ထောက်လှမ်းရေး နှစ်ယောက် လိုက်စောင့်နေတာရယ်ကြောင့် ကျွန်တော့်အိမ်ကို မလာနိုင်ခဲ့တာ ပြောပြတယ်။ ]]မင်းတို့ ဒီကို ပြန်လာနေဖို့ စိတ်ကူး ရှိလား}}လို့ မေးကြည့်တယ်။ ဘာမှ ပြန်မပြောဘဲ ရယ်နေပါတယ်။ သူ့အဖေပြောသလို ၂၁ ရာစုထဲ တကယ်ရောက်မှ ပြန်လာမယ်လို့ ပြောချင် သလားမသိပါ။ ၂၁ ရာစု မပြောနဲ့ဦး ငါ့တူ၊ တို့တတွေ ၂၀ ရာစုထဲကတောင် ထွက်လာသေးရဲ့လား ပြန်ကြည့်ရဦးမယ်လို့ ကျွန်တော့် စိတ်ထဲက ပြောမိပါတယ်။

၁၅ ၀၂ ၂၀၁၃
maungwuntha@gmail.com 

NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ပြည်သူ့ခေတ်ဂျာနယ်တွင်ပါရှိသည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါးအား ပြန်လည်ထုတ်နုတ်တင်ပြပါသည်။
ကျွန်တော်... စင်ကာပူကို စတုတ္ထအကြိမ်သွားပြီး ဆေးပြန်စစ်နေလို့ ပြီးခဲ့တဲံ အပတ်က ဆောင်းပါး မရေးနိုင်ခဲ့တာ တောင်းပန်ပါတယ်။ ကျွန်တော့် ကျန်းမာရေးကတော့ ဆေးကုသမှုခံယူနေဆဲလို့ပဲ အစီရင်ခံပါရစေ။ လူကတော့ ကီမို ဆေးသွင်းနေတဲ့ ရက်ပိုင်းတွေကလွဲလို့ နေကောင်းနေတာပါပဲ။ သို့ပေမယ့် အဲဒီရက်တွေမှာ မိမိကိုယ်ခံအားက အရမ်းကျဆင်းနေတာ ဖြစ်လို့ လူများများ စုဝေးတဲ့နေရာတွေကို မသွားဖို့၊ အနံ့အသက်တွေကို ရှောင်ဖို့ ဆရာဝန်များက ညွှန်ကြားထားပါတယ်။ သည့်အတွက် သွားသင့်လာသင့်တဲ့နေရာတွေကို မသွားနိုင်ဘဲ လူမှုရေးတာဝန်ပျက်ကွက်ရတာတွေကို မိတ်ဆွေများက နားလည် ခွင့်လွှတ်ပေးကြပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။