Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 11, 2013

သူငယ်ချင်းရေ…….

KhingKhing Su shared ဘဝအားမာန်'s photo.
သူငယ်ချင်းရေ…….

စကားပြောမိတဲ့အခါတိုင်း စိတ်ဓာတ်ကျသံတွေပဲ ကြားနေရပါလားကွာ။ အခက်အခဲတွေအတွက် သောကတွေနဲ့ ပူပန်နေ နေရတာလား။ ဘဝဆိုတာကို မင်းကတိုက်ပွဲလို သဘောထားနေရင်တော့ ဘဝလုံး တိုက်ပွဲလို တိုက်နေရတော့မှာပေါ့။ ဘာဖြစ်ဖြစ် စိတ်မညစ်စေချင်ဘူးကွာ။

မင်းသိပါတယ်။ ငါတို့ကမ္ဘာကြီးထဲ မပူတဲ့လူဆိုတာ ရှိလို့လား။ လူတိုင်းမှာ သူ့အပူနဲ့သူ ဘဝကို ထောင်မတ်အောင် ထူနေရတာပါ။ မင်းမှာသာ အပူရှိနေတာ မဟုတ်ပါဘူး။ လူတိုင်း အပူသည်တွေချည်းပါပဲကွာ။ ဒါပေမဲ့ လူတိုင်းက သူတို့အပူကို ထုတ်ညည်းမပြတတ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သောကအပူဆိုတာ လောကလူတွေနဲ့ အမြဲတမ်း ထပ်တူရှိနေလို့လေ။

ဒါဟာ တဖွဖွ ညည်းညူနေရမယ့် အရာမဟုတ်ဘူး သူငယ်ချင်း။ ညည်းနေလို့လဲ သောကအပူခဲက တို့ဘဝထဲကနေ ပျောက်သွားမှာမို့လို့လား။ ဘယ်လိုနည်းနဲ့မှ မပျောက်နိုင်ဘူးဆိုတာ မင်းသိပါတယ်ကွာ။ ဒါနဲ့များ ဟိုအတွက်တွေးပူ၊ ဒီအတွက်တွေးပူ၊ ရင်ဆိုင်ရမယ့် အနာဂတ်အရေးတွေလည်း ဘာမှန်းမသိသေးဘဲနဲ့ အပူထဲမှာပဲ စိမ်ထားရင်တော့ ဒီထဲက မင်းဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး။

မင်းကို ငါပြောပြမယ်။ သောကအပူဆိုတာက မီးထက်ပူတယ်ကွ။ 
ဒီထက်ပြောရရင် ငရဲမီးထက်လည်း ပူတာပဲ။ မင်းစဉ်းစားကြည့်လေ။ မီးတို့ ငရဲမီးတို့ဆိုတာက သူနဲ့ထိရင် ထိတဲ့နေရာလေးပဲ ပူတာပဲမဟုတ်လား။ သောကအပူဆိုတာက မင်းရဲ့ဘယ်နားထိထိ တစ်ကိုယ်လုံးကို ပူမှာပဲ။ အဲဒီအပူကို ဖျောက်ဖျက်မယူတတ်ရင် မင်းတစ်ဘဝလုံးထိ ပူလောင်ကျွမ်းလိမ့်မယ်။

ဘဝအခက်အခဲတွေအတွက် ပူမနေဖို့ ငါပြောလိုက်တဲ့အခါတိုင်းလည်း “မင်းနဲ့ငါဟာ တူမှမတူတာပဲကွာ” လို့ မင်းအမြဲတမ်းလိုလိုပဲ ပြောတတ်တယ်။ ဟုတ်တယ်….မင်းနဲ့ငါဟာ မတူဘူး။ မွေးဖွားကြီးပြင်းတာချင်းလည်း မတူဘူး။ နေရာဌာနချင်းလည်း မတူဘူး။ အတတ်ချင်းလည်း မတူဘူး။ ရည်ရွယ်ချက်ချင်းလည်း မတူဘူး။ ဘာမှကို မတူပါဘူး။ ဒါပေမဲ့ လူ လူချင်းတော့ အတူတူပါပဲကွာ။ 

လူအချင်းချင်း ငါက မပူဘဲ မင်းကဘာကြောင့်ပူနေရတာလဲ။ အပူဆိုတာကို မဖျောက်ရင် ငါတို့ဘဝထဲမှာ မီးပါတောက်သွားနိုင်တယ်။ ဒီလိုဆိုရင် ဘဝဟာ မီးလောင်ထားတဲ့ သစ်တုံးတစ်တုံးထက် ဘာမှမပိုသလိုပဲ မင်းတစ်ဘဝလုံးလည်း လူပူခဲကြီးကလွဲပြီး ဘာမှကို သုံးလို့ရမှာ မဟုတ်တော့ဘူး။ လူဖြစ်ပြီး လူမစစ်ရင် လောကထဲမှာ အပိုပါပဲကွာ။ 

အဲဒီတော့ မင်းဘဝကို ဘာဖြစ်ချင်တာလဲဆိုတာ စဉ်းစားပေါ့။ လူထဲကလူတစ်ယောက်ပဲ မပူရဘူးလို့လည်း ငါမဆိုလိုပါဘူး။ ပူပါ၊ ရပါတယ်။ ဒါပေမဲ့ မီလောင်တဲ့ထိတော့ မဖြစ်စေနဲ့ပေါ့ကွာ။ အမြဲတမ်းပဲ မင်းညည်းညူနေမယ်ဆိုရင်တော့ ဘယ်တော့မှခေါင်းမော့နိုင်မှာ မဟုတ်တော့ဘူး။ ဘာမှမလုပ်ရသေးဘဲနဲ့ ရောက်မလာသေးတဲ့ အနာဂတ်အရေးတွေကို ကြိုပြီးပူပန်နေတာတွေဟာ ဆိုးကျိုးထက် ဘာကိုမှ မင်းပိုရမှာမဟုတ်ဘူး။

ငါဘာတွေပြောနေတယ်ဆိုတာ မင်း သဘောပေါက်မှာပါကွာ။ မင်းကိုငါထပ်ပြောမယ်။ ဘဝအခက်အခဲဆိုတာ လူတိုင်းမှာ ကြုံတွေ့နေကျပဲ။ မင်းကထူးပြီး ပူစရာကို မလိုဘူး။ ပြီးတော့ “အခက်ခဲဆိုတာ အရှုံးပေးရင် နှလုံးအေးတဲ့ဆေးပါကွာ” လို့ မင်းတွေးထားတာတွေ ရပ်လိုက်ပါတော့။ ဘာမှလည်း မကြိုးစားရသေးဘဲနဲ့ မအောင်မြင်မှာကို ကြိုတွေးကြောက်တာတွေလည်း မင်းဘဝထဲကနေ ထုတ်ပစ်လိုက်ပါတော့။

တကယ့်လက်တွေ့ကျကျ ကြိုးစားမှုတွေ အားမထုတ်ရသေးဘဲနဲ့ ယုံကြည်မှုတွေ လျော့လာတတ်တာလည်း ဖြစ်တတ်တာမို့ အားတင်းပြီးတော့ ရှေ့ဆက်ပါ။   ကြုံတွေ့လာမယ့် အခက်အခဲဟူသမျှ ရင်ဆိုင်ဖြေရှင်းဖို့ စိတ်ဓာတ်ကောင်းတွေ မင်းမှာ ရှိနေရင် လုံလောက်ပြီ။ ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ရင်ဆိုင်ဝံ့ရင် အနိုင်ရပါတယ်ကွာ။

နောက်ဆုံးအနေနဲ့ မင်းကို ငါတစ်ခုပြောပါရစေ။ ကြိုးစားပြီးတော့ ရင်ဆိုင်မယ်ဆိုရင် ရယူနိုင်မယ့် အခွင့်အရေးတွေကို  မကြိုးစားဘဲ လက်လွှတ်ဆုံးရှုံး မခံပါနဲ့။ လူထဲကလူ အောင်လံထူနိုင်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကောင်းတွေကို မွေးမြူပါ။ တွေ့ကရာ ပူနေမယ်ဆိုတဲ့ စိတ်ကိုဖျောက်ပြီး ရင်ဆိုင်အနိုင်ယူမယ်ဆိုတဲ့စိတ်တွေ မင်းဘဝထဲမှာ ရှိနေပါစေ။ 

အရာရာမှာ အနိုင်ယူတဲ့ အောင်နိုင်သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။
                                                                                      မင်းရဲ့သူငယ်ချင်း

အမြဲတမ်းပူပန်နေတတ်တဲ့ ကျွန်တော့်သူငယ်ချင်းမလေးတစ်ယောက်ကို ရည်ရွယ်ပါသည်။

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ………
               လင်းမြတ်(ပန်းတောင်း)
 
စကားပြောမိတဲ့အခါတိုင်း စိတ်ဓာတ်ကျသံတွေပဲ ကြားနေရပါလားကွာ။ အခက်အခဲတွေအတွက် သောကတွေနဲ့ ပူပန်နေ နေရတာလား။ ဘဝဆိုတာကို မင်းကတိုက်ပွဲလို သဘောထားနေရင်...တော့ ဘဝလုံး တိုက်ပွဲလို တိုက်နေရတော့မှာပေါ့။ ဘာဖြစ်ဖြစ် စိတ်မညစ်စေချင်ဘူးကွာ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။