KhingKhing Su shared ဘဝအားမာန်'s photo.
ကျွန်တော်တို့ကမ္ဘာမှာ အားငယ်နေသူကို အားပေးရမယ်ဆိုတာ သိကြပေမယ့်လည်း ကျင့်သုံးသူကအနည်းငယ်မျှသာ ရှိပါတ...ယ်။ အားငယ်နေသူကို အားပေးဖို့ထက် ထပ်ပြီးတော့ ဖိနှိပ်ချင်သူတွေက ခပ်များများပါ။
တဘက်လူ အားငယ်နေချိန်မှာ “သူဟာ ငါပြောသမျှ ခံရမှာမလွဲပါဘူး။ သာနေတုန်းလေး ပညာပေးနှိပ်ကွက်ထားဦးမှပဲ” ဆိုတဲ့ အတွေးဆိုးတွေနဲ့ လူအချင်းချင်းအပေါ်မှာ လူဇော်လူမော် လုပ်ချင်ကြတယ်။ မကောင်းဘူးလို့ သိနေကြပေမဲ့လည်း လုပ်နေကြတာ အတော်ကိုဆိုးရွားလှပါတယ်။
လူဆိုတာက အခန့်မသင့်ရင် အားငယ်တတ်တဲ့ လူမျိုးတွေချည်းပဲ မဟုတ်လား။ အားမငယ်အောင် စိတ်ဓာတ်တွေမြင့်ပြီး ကိုယ့်ကိုယ်ကို တွန်းကန်ထားလို့သာ ဘဝမှာ အားမငယ်ကြတာပါ။ ကိုယ်ကစိတ်ဓာတ်မြင့်မားလို့ အားမငယ်တတ်ပေမယ့် အားငယ်နေသူကို နှိပ်ကွက်ဖို့တော့ မသင့်ပါဘူး။
တကယ်တော့ အားငယ်တယ်ဆိုတာ ကိုယ့်မှာ တစ်ခုခု ချို့ယွင်းနေရင်ပဲဖြစ်ဖြစ်၊ မြင့်မားတဲ့ဘဝကို အရယူဖို့အတွက် မတတ်နိုင်တော့တဲ့ အခါပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတို့၊ အဖွဲ့အစည်းတို့၊ မိသားစုတို့ အစရှိတဲ့ အသိုင်းအဝိုင်းကြားက ပြစ်ပယ်ခံရတာပဲဖြစ်ဖြစ်၊ အထီးကျန်စိတ်တွေ ဝင်လာတဲ့အခါ အားငယ်စိတ်ဟာ ဖြစ်လာတတ်ကြတယ်။
အားမငယ်တတ်ဘူးဆိုတဲ့ လူတွေမှာ ဘယ်လိုလူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ထိန်းနေတဲ့ကြားကနေ အခန့်မသင့်ရင် အားငယ်စိတ်က ငယ်ထိတ်ကိုတောင် တက်ဆောင့်တတ်တာပဲလေ။ ဒီလိုဖြစ်တတ်တဲ့ လူအချင်းချင်း စာနာစိတ်တွေ ထားရှိခြင်းက ပိုကောင်းပါတယ်။
မစာနာတဲ့ သူတွေအတွက်တော့ ဘဝဆိုတာက သံသရာအဝိုင်းထဲမှာ လည်နေတာမို့ အလှည့်ဆိုတာလည်း တချိန်ချိန်တော့ ပြန်ကြုံတတ်မှာပဲ။ ကိုယ့်ထိမှနာတတ်တာ ကောင်းမွန်တဲ့စိတ်ထား မဟုတ်ပါဘူး။ ကိုယ်ချင်းစာတရားနဲ့ အကြင်နာတရားတွေ လူတိုင်းမှာရှိနေဖို့ကတော့ အလိုအပ်ဆုံးပါပဲ။
ကျွန်တော့်သူငယ်ချင်းတွေလည်း အောင်မြင်မှုအတွက် ရှေ့ဆက်နေတဲ့ ဘဝလမ်းမှာ ပျော်ရွှင်စွာ လျှောက်လှမ်းချင်တယ်ဆိုရင် အားငယ်သူကို ဖေးကူဖို့အတွက် နှလုံးသားတံခါးကို အကြင်နာတရားနဲ့ ဖွင့်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ…..
လင်းမြတ်(ပန်းတောင်း)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။