Aye Chan Mon
မြန်မာပြည်က အကောက်ခွန်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေက ပညာတတ်တွေ မဟုတ်ဘဲ လူပြိန်းတွေးတွေးပြီး သူတို့ စိတ်ထဲ ထင်ရာတွေ လျှောက်ပြောပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြတော့လည်း လက်မခံကြဘူး ။
ဖြစ်ပွားပုံက 15W40 type အင်ဂျင်ဝိုင်တွေကို ကွန်တိန်နာ နဲ့ လိုင်စင်လျှောက်ပြီး တရားဝင် အခွန်ဆောင်ပြီး သွင်းလာတာကို သူတို့ စစ်ဆေးကြတယ် ။
1 Drum = 200 Ltr လို့ ရေးထားပါတယ် ။ သွင်းကုန်လိုင်စင်လျှောက်တဲ့ အထဲမှာ အလေးချိန် ဖော်ပြထားတာက ဆီအမျိုးအစား အလိုက် မတူညီတဲ့ အလေးချိန်များ ကို ထုတ်လုပ်သူရဲ့ Standard အတိုင်း ဖော်ပြထားပါတယ် ။
ဥာဏ်ကြီးရှင် အကောက်ခွန်က ပညာရှင်များက 200 Ltr လို့ ရေးထားတဲ့ အတွက် 200 Kg ရှိရမယ်ဆိုပြီး ပြောပါတယ် ။ သွင်းကုန်လိုင်စင်မှာ 200Kg လို့ မဖော်ပြထားတဲ့ အတွက် ပစ္စည်းအလွဲ ဆိုပြီး ပြဿနာ ရှာပါတယ် ။ စက်သုံးဆီများရဲ့ အလေးချိန်ဟာ သိပ်သည်းဆပေါ်မှာ မူတည်ပြီး အမျိုးအစားအလိုက် ပြောင်းလဲ နိုင်တယ်လို့ ရှင်းပြတာ လုံးဝ လက်မခံဘူး ။ အင်ဂျင်ဝိုင်နဲ့ အမဲဆီ ဆိုရင် 1 Drum ချင်းတူရင် အလေးချိန် အများကြီး ကွာခြားသွားနိုင်တယ်လို့ လွယ်ကူစွာ ဥပမာပေးလည်း နားမလည်ဘူး ။
သူက ဘာပြောတယ် ထင်လည်း တစ်ပေမှာ ၁၂ လက်မ ရှိရမယ်ဆိုတဲ့ စံနှုန်း အတိုင်း ၊ အခုကိစ္စမှာလည်း Standard တခု ရှိရမယ်ဆိုတာချည်းဘဲ ဇွတ်ပြောနေတယ် ။
ဒါနဲ့ အင်ဂျင်ဝိုင် 15W40 Type မှာတောင် ထုတ်လုပ်သူပေါ် မူတည်ပြီး အလေးချိန် အနည်းငယ် ကွဲလွဲနိုင်ပါတယ် လို့ စက်ရွက်စာတမ်းနဲ့ သက်သေပြပြီး ရှင်းပြလည်း ဒင်းတို့ က လက်မခံပါဘူး ။ 1 Ltr ကို 1 Kg ဖြစ်ရမယ်လို့ ဇွတ်အတင်းငြင်းပြီး ပိုက်ဆံ မရရအောင် ညစ်နေပါတယ် ။
သူတို့ တကယ် မသိလို့ ငွေညှစ်ဖို့ နည်းလမ်းရပြီ ဆိုပြီး ဒီလို စကားမျိုး ပြောခဲ့ တယ် ဆိုရင်တောင် ၊ အခုလို သေချာရှင်းပြပြီးသွားတဲ့ အခါ နားလည် လက်ခံ သင့် ပါတယ် ။
ဒီလောက်တောင် ပညာ အခြေခံ နည်းပါးတဲ့ လူကို အကောက်ခွန် အရာရှိ ရာထူး ဘာဖြစ်လို့ ပေးထားတာလည်း ကျနော် စဉ်းစားလို့ ကို မရဘူး ဖြစ်နေတယ် ။ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်းမယ်လို့ အော်ဟစ်နေတဲ့ အစိုးရသစ်ရဲ့ လက်ထက်မှာ သာမန် လူတွေတောင် နားလည်နိုင်တဲ့ အရာကို အစိုးရ အရာရှိဖြစ်တဲ့ သူတို့ နားမလည်ကြတာ မြင်ရတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ သိအောင် ရေးလိုက်တာပါ ။
သူတို့ ပြောနေကြတဲ့ စကားတွေက တကယ့် ဟာသလိုပါဘဲ ဗျာ ၊ ဒါပေမယ့် သူတို့ နဲ့ တကယ် ထိတွေ ဆက်ဆံရတဲ့ လူတွေကတော့ အတော်လေးကို စိတ်ပျက်သံတွေနဲ့ ညည်းတွားနေကြတာ မြင်ခဲ့ ရတယ် ။
Credit to :Burma Thwe
https://www.facebook.com/
အေးချမ်းမွန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။