Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 11, 2013

ဝတ်မှုံရွှေရည် ဘယ်လို ရုန်းထွက် ပညာ သင်ယူခဲ့သလဲ


 Tun Wai added 4 photos.


 Monday, February 11, 2013 အိမ့်သံစဉ် ဧရာဝတီ

ခင်လေးမြင့် (Teen မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃) ~

လူတိုင်း၊ လူတိုင်းက အတိုင်းအတာ တစ်ခု အထိ ချုပ်နှောင်မှုကို လက်ခံကြ ပေမဲ့ လွတ်လပ်မှု ကိုတော့ လူတိုင်း တပ်မက် ကြပါတယ်။ လူ့ဘ၀မှာ လွတ်လပ် ပျော်ရွှင်မှုကို အရဆုံး အချိန်ကလည်း ဆယ်
ကျော်သက် ဘ၀လို့ ပြောရင်လည်း ရပါတယ်။ ဘယ်လိုပဲ ပြောပြော ဆယ်ကျော်သက် ဘ၀တွေ ဆိုတာ လူ့ဘ၀မှာ မေ့လို့မရ၊ မကျော်ဖြတ်လို့ မရတဲ့ အချိန် ကာလတွေ ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။


ဒီနေ့ ဆယ်ကျော်သက် လူငယ် တွေကြား ရေပန်းစား နေတဲ့ ၀တ်မှုံရွှေရည်ရဲ့ ဆယ်ကျော်သက် ဘ၀အစ ၁၀ ကျော်၊ ၁၁ နှစ်လောက်မှာ စိတ်ညစ်စရာ တွေလည်း ရှိခဲ့သလို အမှတ်တရ ဖြစ်စရာ တွေလည်း ရှိခဲ့ ပါတယ်။ ၀တ်မှုံရွှေရည်က စိန့်သြဂတ် စတင်းကျောင်းမှာ ပညာသင် ခဲ့သူလည်း ဖြစ်ပါတယ်။

“ငယ်ငယ်တုန်းက အရမ်း မပျော်ရဘူး။ ပုံမှန်ပဲ၊ စိတ်ညစ်စရာ လေးတွေလည်း ရှိခဲ့တယ်။ ပျော်စရာတွေ ကတော့ ကျောင်းတက် ရတဲ့ အချိန်မှာ ရှိတယ်။ အိမ် မှာတော့ စိတ်ညစ် စရာလေးတွေ ရှိခဲ့တယ်” ၀တ်မှုံရွှေရည်က ဆယ်ကျော်သက် ဘ၀အစမှာ အိမ်တွင်းရေးနဲ့ ပတ်သက် တာတွေ စိတ်ညစ် စရာ ရှိပေမဲ့ ဆယ်ကျော်သက် ဘ၀ ကျောင်းက အဖြစ် အပျက်လေး တွေကို အိပ်မက်ထဲ ထိ စွဲလမ်း နေတုန်းပါပဲ။

“ကျောင်းခန်း ထဲမှာ သူငယ်ချင်းတွေနဲ့ အဖြစ် အပျက်တွေ၊ စာမေးပွဲ ဖြေတာ တွေလည်း အိပ်မက်ထဲထိ မက်နေ တုန်းပဲ။ အိပ်မက် ထဲမှာ စာမေးပွဲဖြေတာ၊ စာမရ သေးတာ၊ စာမေးပွဲ အခန်းထဲ ၀င်ဖို့ နောက်ကျ တာတွေ မက်နေတုန်းပဲ။ ၁၀ နှစ်၊ ၁၁ နှစ်မှာ စိတ်ညစ် စရာတွေ အများကြီး ကြုံခဲ့ရတယ်။ မိသားစုနဲ့ ပတ်သက်တာ လေးတွေပေါ့။

အများကြီးပဲ။ အဲဒါ တွေတော့ ပြောမပြ ချင်တော့ဘူး”လို့ ဆယ်ကျော်သက် ဘ၀ အတိတ် ပုံရိပ် တချို့ကို ၀တ်မှုံရွှေရည်က ပြောပြ ပါတယ်။ ၀တ်မှုံရွှေရည်က သရုပ်ဆောင် ဖြစ်မဲ့ လက္ခဏာ ငယ်စဉ် ကတည်းက ပါလာခဲ့ ပြီးသားပါ။ ၈ တန်း၊ ၉ တန်းအရွယ် မှာ မြီးကောင် ပေါက်မလေး ၀တ်မှုံရွှေရည်က အရမ်းကို လှချင်ခဲ့ ပါတယ်။

ကျောင်းက ခြေသည်းနီ၊ လက်သည်းနီ မဆိုးဖို့ တားမြစ် ထားပေမဲ့ ၀တ်မှုံရွှေရည်က လှချင်တဲ့ အတွက် ဆိုးခဲ့ပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ အဆူ အငေါက်ခံရင်း၊ လှချင်ခဲ့တဲ့ ၀တ်မှုံရွှေရည်က ၈ တန်း၊ ၉ တန်း ကျောင်းသူ ဘ၀က အပျော်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ကျောင်းမှာ အကမှာ ပါခဲ့တယ်။ ဘုရား ရှိခိုးပြီး တဲ့အချိန် ပြီးတာနဲ့ စာသင်တဲ့ အချိန် မ၀င်ဘဲ အက သွား ကျင့် မယ်ဆိုပြီး ပြေးတာပဲ။ ၈ တန်း အတန်းပိုင် ဆရာ ဦးတင်အောင်က အရမ်း သဘော ကောင်း တယ်။ အတန်းပိုင်က ဆရာ ဆိုတော့ ကျောင်းသားတွေ အရမ်းဆိုး ကြတယ်။

တစ်ချိန်လုံး အကခန်း ထဲမှာပဲ နေတယ်။ မုန့်တွေ စားတယ်။ စာမသင်ဘူး။ အဆူခံ ရတယ်။ အလှ အရမ်း ကြိုက်တော့ ခြေသည်း လက်သည်းနီ တွေလည်းဆိုး၊ အဲဒီလို နေခဲ့တာ”လို့ ၈ တန်းကျောင်းသူ ဘ၀ အမှတ် တရကို ပြောပြ ခဲ့ပါတယ်။ ၁၀ တန်းမှာတော့ ကျောင်းတက် ချိန်နည်းပြီး ကျူရှင်တွေ တက်ခဲ့တာ များပါတယ်။ ၀တ်မှုံရွှေရည်ရဲ့ အသက် အပိုင်းအခြား အလိုက်မှာ ပျော်စရာ၊ စိတ်ရှပ်စရာနဲ့ ဘ၀ အတွေ့အကြုံ များစွာ ကြုံတွေ့ ဖြတ်သန်း ခဲ့ရပါတယ်။

“အခု အချိန်မှာက အသက် ၁၆၊ ၁၇၊ ၁၈ ကို ပြန်တွေး လိုက်ရင် အဲဒီအချိန်က Mature မဖြစ်ဘူး။ အဲဒီ အချိန် တုန်းက စဉ်းစားခဲ့ တာတွေ၊ ထင်ခဲ့တာ တွေက အစစ် အမှန်တွေ မဟုတ်ဘူးဆိုတာ အခု အရွယ် ကျ ပြန်သုံးသပ် မိပါတယ်။

ဘယ်အရာ မဆို ကိုယ် တကယ်ထင်ခဲ့ တာတွေက တကယ် မဟုတ်ဘူးပေါ့။ အများကြီး ပါပဲ”လို့ ၀တ်မှုံ ရွှေရည်က ဆိုပါတယ်။ ၀တ်မှုံရွှေရည်က အသက် ၁၉ နှစ်အရွယ် မှာတော့ ဓာတ်ပုံတွေ ရိုက်၊
ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင် ဖြစ်နေပါပြီ။ အနုပညာ လောကကို မြင်ခဲ့တဲ့ အမြင်နဲ့ ပတ်သက် ပြီး“အဲဒီ အရွယ်တုန်းက ဓာတ်ပုံတွေ ရိုက်ရတယ်။

လူတွေ သိသွားမယ်။ မိန်းကလေး သဘာဝ ကိုယ့်ဓာတ်ပုံလေး တွေ မြင်ရရင် ပျော်ချင်တယ်။ သူများတွေ ကိုယ့်ကို သိတယ်။ ဒါပေမဲ့ အဲဒီလို ထင်ခဲ့ တာတွေက မဟုတ်ဘူး။ အရမ်း ခက်တယ်။ လွယ်လွယ် လေးလို့ ထင်ခဲ့တာ”လို့ ၀တ်မှုံရွှေရည်က ဆိုပါတယ်။ အနုပညာ လောက ထဲဝင်ခါစ ဆယ်ကျော်သက် ဘ၀မှာ မိခင်က တော်တော်လေး ချုပ်ချယ် ခဲ့ပါတယ်။ “အရမ်း ချုပ်ချယ်ခံ ရတယ်။ အပြင်လည်း မသွားရဘူး။

မိုးချုပ်တဲ့ အထိလည်း မလည်ရဘူး။ ညနေ ၅ နာရီလောက်ဆို အိမ်ထဲ ကိုဝင်ရ တယ်”လို့ ၀တ်မှုံရွှေရည် က ပြောပြပါတယ်။ ဒီလို ကန့်သတ်မှု တွေရှိခဲ့ရင် တချို့ ဆယ်ကျော်သက် တွေက ခိုးလုပ်ချင် ကြတာတွေ ရှိပါတယ်။“ကစ်ကစ်က ခိုးမလုပ် ရဲတာ၊ သတ္တိ မရှိတာ၊ လူကြီးတွေ ပြောသလို ဖြစ်မှာလည်း ကြောက် တယ်။

မလုပ်နဲ့ ဆိုတဲ့ အရာကို ပိုပြီး လုပ်ချင်တာ ကတော့ အမှန်ပါပဲ။ လူကြီး မိဘတွေက ကြိုမြင်၊ ကြို သိတော့
ပြောပေမဲ့ ငယ်ငယ်တုန်း ကတော့ နားမလည် ခဲ့ဘူး။ တစ်ချိန်လုံး ဆူပဲ နေတယ်လို့ ထင်တာ။ ဘယ်လို လုပ်ရင် ဘာဖြစ်မယ်ဆိုတာ လူကြီးတွေက သိတော့ စိတ်ပူခဲ့တာ ဒီအရွယ် ရောက်လာမှ အဲဒါ တွေကို သဘောပေါက်တာ”လို့ ဆယ်ကျော်သက် အရွယ်မှာ လူကြီးတွေ အပေါ် ထင်မြင်ခဲ့ မှုများကို ၀တ်မှုံရွှေရည် က ပြောပြ ခဲ့ပါတယ်။

လူတိုင်း၊ လူတိုင်းမှာ အသက် တစ်နှစ် ကြီးလာတာ နဲ့အမျှ စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှု၊ ပြဿနာ တွေက တစ်စတစ်စ ပိုမို များပြား လာခဲ့ ပါတယ်။ ဆယ်ကျော် သက်ဘ၀မှာ ရုန်းကန် စရာ ဘာမှမရှိဘဲ မိဘ အုပ်ထိန်းမှု အောက်မှာ မိဘဆီက ပိုက်ဆံ လက်ဖြန့် တောင်းပြီး ၀တ်မှုံရွှေရည်က ဖြတ်သန်း ခဲ့ပါတယ်။

“အခု အချိန်မှာတော့ ကိုယ့်ရဲ့ Professional အလုပ်ကို ကိုယ်တိုင် လုပ်ရတယ်။ ကိုယ့်အလုပ် ဆိုတာ ကလည်း ကိုယ်တစ်ယောက် တည်းနဲ့ မူတည် သွားတာကိုး။ အဲဒီတော့ ထိန်းချုပ် ရတာတွေ၊ ဆုံးဖြတ် ရတာတွေ၊ ဝေခွဲရ တာတွေ ပါနေပြီ”လို့ လက်ရှိ အခြေအနေကို ၀တ်မှုံရွှေရည်က ဆိုပါ သေးတယ်။

ဆယ်ကျော်သက် ဆိုတဲ့ အရွယ်က သစ်ရွက် လှုပ်တာ၊ သစ်ရွက်ကြွေတာ မြင်ရင် ရယ်ချင်တဲ့ အရွယ်ပါ။ “အဲဒီ အချိန်တုန်းက ကစ်ကစ်တို့လည်း ရင်ခုန်ဖူး တာပဲ။ ဒါပေမဲ့ ၁၆၊ ၁၇၊ ၁၈ က မှား လည်း မှားနိုင်တယ်။ ဆုံးဖြတ်ချက် လည်းမှား နိုင်တယ်။ မှားတတ်တယ်။ အဲဒီအရွယ်မှာ ထင်တာတွေက တကယ် မဟုတ်ဘူး ဆိုတာ ကြီးလာမှ သိတာ။ အဲဒီ အရွယ်မှာ မမှားဖို့တော့ လိုတယ်။

မိဘ စကား နားထောင်ဖို့ လိုတယ်။ မိဘတွေက ဒီအရွယ်က နေကြီးလာလို့ မြင် လို့ပြောတာ။ မိဘ စကား နားထောင်သင့်တယ်။ ဆုံးဖြတ်ချက် မမှားဖို့ လိုတယ်။ စိတ်မကစား ဘဲ မိဘ အုပ်ထိန်းမှု အောက်မှာ မိဘစကား နားထောင်ဖို့ လိုတယ်”လို့ ၀တ်မှုံရွှေရည်က သူ့ရဲ့ ဆယ်ကျော်သက် ဘ၀ ဖြတ်သန်း မှုနဲ့ယှဉ်ပြီး ဒီနေ့ဆယ် ကျော်သက်များ အတွက် အမှတ်တရ စကား ဆိုခဲ့ ပါတယ်။

http://tunwai-states.blogspot.jp/2013/02/blog-post_1073.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။