ဧဒင်ဥယျာဉ်(အွန်လိုင်းပေါ်ကအိုအေစစ်) and 3 others shared ချစ်သူဖတ်ဖို့  အချစ်စာမျက်နှာ's photo.
ပြည်တွင်းမှာနေ…
ပြည်သူတွေနဲ့ တသားတည်း
ဒုက္ခကို ခါးစည်းခံရင်း
ထောင်နှုတ်ခမ်းကိုလည်း ရဲရဲနင်းမတဲ့
ဥစ္စာချို့တဲ့ပေမယ့်
သတ္တိမချို့ငဲ့
လက်နက်မဲ့ သူပုန်။
နယ်စပ်မှာနေ…
တိုင်းရင်းသားတွေနဲ့ တသားတည်း
ငှက်ဖျားနဲ့ ငတ်ပြတ်မှုဒဏ်
တတိယနိုင်ငံရဲ့ ဖြားယောင်းမှုဒဏ်အပေါင်းကို
ကောင်းကောင်းကြီး ကြံ့ကြံခံလျက်
ယုံကြည်ချက်ကို မြဲမြံကိုင်စွဲ
တော်လှန်ဆဲဖြစ်တဲ့
တောထဲက သူပုန်။
တတိယနိုင်ငံမှာနေ…
ပြည်သူတွေနဲ့ ကင်းကွာ
ယုံကြည်ချက်ဆိုတာကို
အမှိုက်ပစ်သလို တော်ရာချထားခဲ့ပြီး
ဒေါ်လာရကြောင်းကိုသာ နှလုံးသွင်း
ပြည်တွင်းကလူကို ရေကင်းပြ
ပြည်ပကလူကို ဆရာလုပ်ရင်း
အပျင်းပြေ အာလူးလည်းဖုတ်ရင်း
ဘလော့ဂ်လုပ်တတ်တဲ့
လေသေနတ် သူပုန်။
မှတ်ချက်။...............။ တတိယနိုင်ငံဟူသည်မှာ Third country ခေါ် နိုင်ငံရေးခိုလှုံခွင့်ဖြင့်ဖြစ်
ကိုပေါ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။