Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 6, 2013

“စာဖတ်ခြင်းအနုပညာ-၁-”


 ဝေ(စီးပွားရေးတက္ကသိုလ်)
ဒီနေ့ ကျွန်မတို့ ဆွေးနွေးမယ့် ခေါင်းစဉ်လေးက “ စာဖတ်ခြင်း အနုပညာ” ဆိုတဲ့ အကြောင်းလေးဆိုတော့... ကျွန်မက စာဖတ်ခြင်းဆိုတာကို မဆွေးနွေးခင် အနုပညာ ဆိုတာလေးကို အရင်စပြီး ကျွန်မနားလည်သလောက်လေး ဆွေးနွေးကြည့်ချင်ပါတယ်။


ပါဠိလို သုခုမပညာလို့ခေါ်တဲ့ အနုပညာဆိုတာ လူမျိုးတစ်မျိုး ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ကြေးမုံပြင်လို့ တင်စားရင်လည်း မမှားဘူးပေါ့နော်။ တချို့ပညာရှင်တွေ...ကဆို လူမျိုးတစ်မျိုးရဲ့ ကြီးကျယ်ခမ်းနားတဲ့ဆောင်ရွက်ချက်တွေ...
( ဥပမာ- တိုက်ရည်ခိုက်ရည်ကောင်းခဲ့တာတွေ၊ နိုင်ငံ့အင်ပါယာကို အကြီးကြီးတည်ထောင်နိုင်ခဲ့တာတွေ...) အဲ့လိုမျိုး လက်ရုံးရည်ထက်စာရင်တဲ့ အဲဒီလူမျိုးစုဖန်တီးခဲ့တဲ့ အနုပညာဟာ သူတို့ရဲ့ လူနေမှုအဆင့်အတန်းကို ပိုပြီးတော့ ထင်ဟပ်ပြနိုင်တယ်လို့တောင် ယူဆကြတယ်လို့ ကျွန်မဖတ်ဖူးပါတယ်။

အဲဒီတော့ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကိုတောင် ထင်ဟပ်ပြနိုင်တဲ့ အနုပညာဆိုတာ.. ဘာလဲလို့ လေ့လာကြည့်တဲ့အခါမှာ.. ကျွန်မဖတ်ဖူးတာလေးပေါ့နော်။ အနုပညာဆိုတာတဲ့ လူတွေရဲ့စိတ်ကို လှုပ်ရှားစေနိုင်တဲ့ ပညာမျိုး၊ လူတွေရဲ့စေတနာကို လှုံ့ဆော်နှိုးဆွပေးနိုင်တဲ့ ပညာမျိုးလို့ ဆိုထားတာကိုတွေ့ရတယ်။

ဆိုလိုတာကတော့ အနုပညာဆိုတာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး နားလည်စာနာနိုင်အောင်၊ နှလုံးသားချင်းနီးစပ်နိုင်အောင် တံတားခင်းပေးနိုင်တဲ့ အရာလို့ပြောချင်တာပါ။

ဥပမာ လူတစ်ယောက်က သူ ခံစားရတဲ့ အကြောင်းအရာတစ်ခုကို သူ့စေတနာနဲ့ သူ့စိတ်ကူးဥာဏ်ရှိသလောက် ဖန်တီးဖော်ပြလိုက်တဲ့အခါမှာ အဲဒီအနုပညာကို ခံစားရတဲ့ တစ်ဖက်လူမှာလည်း ရသတစ်ခုခုဖြစ်ပေါ်လာပါတယ်။ ရသ၉ပါးထဲက တစ်ပါးပါးပေါ့နော်။ အဲလိုရသပေါ်လာလို့လည်း အနုပညာကို ရသပညာလို့လည်း ခေါ်ကြတာထင်ပါတယ်။

အနုပညာမှာဆိုရင် ပန်းချီ၊ ပန်းပု၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် .. အဲဒီလိုမျိုးစုံပါဝင်တဲ့အထဲက ကျွန်မတို့ဆွေးနွေးမယ့် ခေါင်းစဉ်က စာဖတ်ခြင်းအနုပညာဆိုတော့ စာပေအကြောင်းလေးကိုပဲ အဓိကဆွေးနွေးကြတာပေါ့နော်။

စာပေမှာ သုတစာပေနဲ့ ရသစာပေဆိုပြီးတော့ နှစ်မျိုးရှိတဲ့နေရာမှာ သုတစာပေဆိုတာကတော့ အသိပညာကိုဇောင်းပေးတဲ့ အသိပေးစာပေဖြစ်ပြီး ရသစာပေဆိုတာကတော့ စေတနာကို နှိုးဆွပေးတဲ့အတွက် စေတနာနှိုးစာပေ၊ နောက်တစ်မျိုး အနုစာပေလို့လည်း ခေါ်ကြတယ်လို့ မှတ်သားဖူးပါတယ်။

ရသစာပေကိုဖတ်တဲ့စာဖတ်သူတွေရဲ့ စိတ်ထဲမှာ စာရေးဆရာရဲ့ အရေးအသား၊ အဖွဲ့အနွဲ့၊ ဇာတ်အိမ်ဇတ်ကွက် ကို လိုက်ပြီး ၀မ်းသာတာ၊ ၀မ်းနည်းတာ၊ ထိတ်လန့်ကြေကွဲတာ၊ ကြောက်ရွံ့တာ.. အဲဒီလို စိတ်အရသာအမျိုးမျိုးကို ဖြစ်ပေါ်စေတာဆိုတော့...
သူက သုတစာပေလိုမျိုး ဦးနှောက်နဲ့ မှတ်သားဆင်ခြင်ရတာထက် နှလုံးသားနဲ့ စာနာနားလည်ရတာမျိုးပါ။

ဒီတော့ သုတစာပေတွေက ဦးနှောက်အသိဥာဏ်ကို တိုးပွားစေသလိုပဲ ရသစာပေကတော့ နှလုံးသားကို ရင့်ကျက်ဖွံ့ဖြိုးစေတဲ့ နှလုံးသားအဟာရတွေပါ။ တချို့ လောကီရေးရာကိစ္စတွေမှာ ဦးနှောက်သုံးမှ အောင်မြင်နိုင်တဲ့ ကိစ္စတွေရှိတယ်ဆိုပေမဲ့ တကယ်တမ်းတော့ နှလုံးသားခံစားချက်နဲ့ ပေါင်းစပ်စာနာနိုင်မှသာ လူသားဆန်တဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှုမျိုးကို ရနိုင်မယ်လို့ ကျွန်မထင်ပါတယ်။

ဒါကြောင့်လည်း လူတွေအားလုံး၊ အထူးသဖြင့် လူငယ်တွေကို နှလုံးသားတွေ နူးညံ့ နွေးထွေးလာစေဖို့၊ တစ်ဦးနဲ့တစ်ဦး စာနာနားလည်နိုင်စေဖို့၊ စိတ်ဓါတ်ရင့်ကျက်တည်ငြိမ်လာစေဖို့ ရသစာပေတွေကိုလည်း အချိန်ပေးပြီးတော့ကို ဖတ်ပါလို့ ကျွန်မက အကြံပေးချင်ပါတယ်။

++++++++

ဝေ(စီးပွားရေးတက္ကသိုလ်)

(ဧရာဝတီစာပေပွဲတော်မှာ ဆရာမခင်ပန်းနှင်း၊ ဆရာမင်းဝေဟင်၊ ဆရာမှူးဆက်ပိုင်၊ ဆရာမချောအိမာန်တို့နဲ့ ကျွန်မ ဝေ(စီးပွားရေးတက္ကသိုလ်) တို့ ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အကြောင်းအရာလေးပါ။ စာဖတ်သူမိတ်ဆွေတစ်ယောက်က တင်ပေးဖို့ တောင်းဆိုတာကြောင့်... တခြားဆရာတွေ ဆွေးနွေးသွားခဲ့တာက ကျွန်မမှာ စာရိုက်ပြီးသားလည်း အပြည့်အစုံမရှိ၊ အသံလည်းသွင်းမထားမိတာမို့
ကျွန်မဆွေးနွေးခဲ့တာလေးကိုပဲ တင်ပေးလိုက်ရတာပါ။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။