Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 8, 2013

ဒူးနာခြင်းအကြောင်း

Ko Nyo and KhingKhing Su shared သက်တန့်ချို's photo.
ဒူးနာခြင်းအကြောင်း 

ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရ်ွတွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက်မှာရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။ အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက်ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေးခြင်းက တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီးလည်းစစ်ဆေးနိုင်ပါတယ် ။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေအပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကိုဖြစ်စေတယ် အဆစ်တွေကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။  

ဒူးနာခြင်းကိုအဖြစ်များစေတဲ့အချက်တွေကဘာတွေလဲ

တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြစ်ပါတယ် ။ 

ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ 

ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို  သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုးတွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံသဏ္ဍာန်နဲ့ အလေးအပင်တွေမတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ် ။ 

အရွတ်ဒါဏ်ရာများ 

မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖက်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။  Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။  အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ နာနေလေ့ရှိပါတယ် ။  ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆိုတာ အနိမ့်ဆုံးနာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာနာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုးလောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာတွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မတာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော်မလဲအောင်သတိထားရပါမယ် ။ 

တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကိုဖွင့်ပြီးခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကိုဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့်သလဲ ဆိုတာကတော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။ 

ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ 

ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ နဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတာဖြစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို အဆစ်ယောင်ခြင်းတွေဖြစ်စေတာဖြစ်ပါတယ် ။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory  ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံရောင်သလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့ကတော့ဒူးဆစ်တစ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာကနေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေအိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကိုဖြစ်စေတယ် ။ အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်းကိုဖြစ်စေတဲ့အဓိကအချက်လည်းဖြစ်ပါတယ် ။ 

အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရတတ်ပါတယ် ။ တစ်ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက်မှာဖြစ်တဲ့ပြည်တည်နာတွေကြောင့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါတယ် ။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ ကုသမှုတွေကတော့ခွဲစိတ်ခြင်း ဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလုပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံးထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို  Chondromalacia လို့ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာမျိုးကြောင့်ဖြစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်းပါရှိပါတယ် ။ 

ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ သတိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ အလောတကြီးမဖြစ်ကြဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့ အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခုဖြစ်တာကြောင့်သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။ 

သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. <http://www.medicinenet.com/total_knee_replacement/article.htm>.
Additional resources from WebMD Boots UK on Knee Pain

ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ ...Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရ်ွတွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက်မှာရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။ အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက်ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေးခြင်းက တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီးလည်းစစ်ဆေးနိုင်ပါတယ် ။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေအပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကိုဖြစ်စေတယ် အဆစ်တွေကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။

ဒူးနာခြင်းကိုအဖြစ်များစေတဲ့အချက်တွေကဘာတွေလဲ

တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြစ်ပါတယ် ။

ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ

ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုးတွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံသဏ္ဍာန်နဲ့ အလေးအပင်တွေမတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ် ။

အရွတ်ဒါဏ်ရာများ

မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖက်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။ Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။ အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ နာနေလေ့ရှိပါတယ် ။ ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆိုတာ အနိမ့်ဆုံးနာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာနာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုးလောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာတွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မတာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော်မလဲအောင်သတိထားရပါမယ် ။

တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကိုဖွင့်ပြီးခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကိုဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့်သလဲ ဆိုတာကတော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။

ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ

ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ နဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတာဖြစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို အဆစ်ယောင်ခြင်းတွေဖြစ်စေတာဖြစ်ပါတယ် ။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံရောင်သလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့ကတော့ဒူးဆစ်တစ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာကနေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေအိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကိုဖြစ်စေတယ် ။ အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်းကိုဖြစ်စေတဲ့အဓိကအချက်လည်းဖြစ်ပါတယ်

အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရတတ်ပါတယ် ။ တစ်ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက်မှာဖြစ်တဲ့ပြည်တည်နာတွေကြောင့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါတယ် ။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ ကုသမှုတွေကတော့ခွဲစိတ်ခြင်း ဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလုပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံးထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို Chondromalacia လို့ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာမျိုးကြောင့်ဖြစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်းပါရှိပါတယ် ။

ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ သတိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ အလောတကြီးမဖြစ်ကြဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့ အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခုဖြစ်တာကြောင့်သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။

သက်တန့်ချို
REFERENCES:
Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003.
Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001.
Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. <http://www.medicinenet.com/total_knee_replacement/article.htm>.
Additional resources from WebMD Boots UK on Knee Pain

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။