Royal Hero Media
ဘီယာတွင်ပါဝင်သော အခါး အရသာဖြစ်စေသည့် အက်စစ်များ သည် အသင့်အတင့်သောက်သုံးမည် ဆိုပါက ဆီးချိုရောဂါ၊ အချို့သော ကင်ဆာ ရောဂါများနှင့် ကိုယ်အလေး ချိန်လျှော့ချနိုင်ရန်အတွက်ပါ အကျိုးရှိကြောင်း လေ့လာမှုများအရ သိရသည်။
ဝါရှင်တန်တက္ကသိုလ်မှ သုတေသီများသည် X-ray Crystall- ography နည်းပညာအသုံးပြု၍ ဘီယာချက်သည့်လုပ်ငန်းတွင် ပါဝင် သော ကုန်ကြမ်းများအား လေ့လာခဲ့ကြ သည်။
ဘီယာတွင်ပါဝင်သော humulone မော်လီကျူးများမှာ ဘီယာချက် လုပ်ငန်း စဉ်တွင် ကာဗွန်အက်တမ်များ ပါဝင်သော ကွင်း (ring) တစ်ခုအပို ထပ်ပေါင်း ခံရပြီး ကာဗွန်ကွင်းပေါင်း သည့်နေရာကိုလိုက်၍ humulone မော်လီကျူးအမျိုးအစားနှစ်မျိုး ရရှိနိုင်သည်။ အဆိုပါ (salt crystals) မော်လီ ကျူးများကို ဆားပုံဆောင်ခဲ (salt crystals) များအဖြစ်ပြောင်း၍ X-ray Crystallography နည်းပညာ ဖြင့်လေ့လာခဲ့ရာ ဆီးချိုရောဂါ၊ ကင်ဆာ ရောဂါများကို ကာကွယ်ရန် နှင့် ကိုယ်အလေးချိန်လျှော့ချရန် အတွက် အသုံးဝင်သောပစ္စည်း များဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။
သို့သော် humulone မော်လီ ကျူးများသည် ဘီယာချက်ဖြစ်စဉ်တွင် အပို ရရှိလာသော ကာဗွန်ကွင်းတည် နေရာကိုလိုက်၍ ကျန်းမာရေးထိခိုက် စေသော အမျိုးအစားနှင့် ကျန်းမာရေး အတွက် အကျိုးရှိသော အမျိုးအစား နှစ်မျိုးပါဝင်နိုင်သည်။ ထို့ကြောင့် ဘီယာသောက်ရုံဖြင့် အကျိုးပြုပစ္စည်း များသာမက အန္တရာယ်ရှိပစ္စည်းများပါ ရရှိနိုင်သည့်အတွက် ကျန်းမာရေးကို သိသာစွာအထောက်အကူပြုခြင်း မရှိပေ။
အကျိုးပြု humulone မော်လီ ကျူးများကို သီးသန့်ဖန်တီး၍ ဆေးဝါး အဖြစ် ထုတ်လုပ် ရောင်းချရန် ကြိုးပမ်း လျက်ရှိကြောင်း သုတေသီများက ဆိုသည်။
Ref; health-magnesia
ဇော်ကို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။