Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 10, 2013

အောင်မြင်ခြင်း

 
Knowledge Library .
 "တကယ့်အောင်မြင်သူတွေဟာ အလုပ်မဖြစ်တဲ့ အတွေးတွေနဲ့ အချိန်မဖြုန်းဘူး။ ခက်ခက်ခဲခဲ မဖြစ်နိုင်တာ တွေလည်းမတွေးဘူး။ အန္တရာယ်ဖြစ်လောက်အောင်လည်း မစွန့်စားဘူး။ သူတို့ဟာ အပြုသဘောဆောင်တာ မျိုးတွေ ကိုပဲတွေးတယ်။ သူတို့အတွေးအခေါ်တွေဟာ အောင်မြင်ဖို့ အတွေးတွေပဲ ဖြစ်နေတတ် တာများတယ်။"

အထက်ကစကားစုကို ပြောသွားသူကတော့ ဒေါက်တာ Seymour Epstein ဖြစ်ပါတယ်။


ကိုယ်ဘာလိုချင်သလဲ

ကိုယ်ဘာလုပ်ချင်တာလဲ။

ကိုယ်ဘာဖြစ်ချင်တာလဲ။

ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာ ကိုပဲ တွေးရမယ်။ အကျိုးမရှိတာတွေကို မတွေး၊ မလုပ်ဘူးပေါ့။

"အောင်မြင်ခြင်း" ဆိုတာ မတော်တဆ ရောက်လာတာမဟုတ်ဘူး။ ကိုယ့်စိတ်ကူးကို အကောင်အထည်ဖော်ခြင်း ကနေ ရလာတဲ့ ရလဒ်၊ ကိုယ့်ရွေးချယ်မှုကနေ ဖြစ်လာတဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ပြောရရင် အောင်မြင်မှု ဆိုတာ ရွေးချယ်မှုမှန်ကန်လို့ဖြစ်လာတာ၊ ကံကောင်းလို့ဖြစ်လာတာမဟုတ်ပါဘူး။

ဘုန်းတော်ကြီးတစ်ပါးဟာ ကားမောင်းလာရင်း အင်မတန်လှပတဲ့ ခြံကြီးတစ်ခြံကိုတွေ့လိုက်ရ ပါတယ်။ သူက ခြံကြီးရဲ့အစပ်တစ်နေရာမှာ ကားကိုရပ်လိုက်ပြီး ကားထဲကထွက်လိုက်တယ်။ ခြံပြင်မှာ တိတ်တိတ်လေးရပ်ကြည့် နေရင်းက ဖွံ့ဖြိုးဝေဆာ သီးပွင့်နေကြတဲ့ သီးနှံတွေကို ခံစားကြည်နူးနေတယ်။ လယ်သမားကြီးတစ်ယောက်က ထွန်စက်ကိုမောင်းလာရင်း ဘုန်းတော်ကြီးရပ်နေတာကို တွေ့လိုက်တယ်။ ဘုန်းတော်ကြီးက "ဘုရားသခင်က ဒကာတော်ကို လှပတဲ့ခြံကြီးတစ်ခြံ ပေးသနားတော်မူထားတာပဲ။ ဘုရားသခင်ကို ကျေးဇူးတင်သင့်တာပေါ့" လို့ လယ်သမားကြီးကို လှမ်းပြောလိုက်တယ်။ လယ်သမားကြီးက ဘုန်းတော်ကြီးကိုကြည့်ပြီး "တင်ပါ့ ဆရာတော်ဘုရား။ ဘုရားသခင်က တပည့်တော်ကိုခြံကြီးတစ်ခြံ ပေးသနားတော်မူခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘုရားသခင်ပေးသနားတော်မူစဉ်က ဒီခြံဟာ ဒီအတိုင်းမဟုတ်ပါဘုရား" လို့ ပြန်ပြောလိုက်တယ်။ ဟုတ်ပါတယ်။ ဘုရားသခင်ကပေးတယ်ဆိုရင်လည်း အကြမ်းထည်သာပေးမှာပေါ့။ ကိုယ်တိုင်က ပြုပြင်ဖန်တီးခဲ့ရတာကို လစ်လျူရှုလို့မှ မရတာ။

"ထီပေါက်ရင် ကားဝယ်စီးပစ်လိုက်မယ်" ဒီအတွေးက ပေါကြောင်ကြောင်ကောင်တွေပဲပြောမယ်။ ထီပေါက်မှ ဆိုရင် ဖြစ်လာနိုင်ခြေ အများကြီးနည်းမှန်းသိလျက်နဲ့ပြောတာ။ ဒါပေမယ့် ထီထိုးတာဟာ ထီမထွက်မချင်းတော့ သူ့အတွက် တွန်းအားတစ်ခုဖြစ်ကောင်းဖြစ်မယ်။ ထီထွက်ရင်လည်း သူ့အတွက် စိတ်ပျက်စရာဖြစ်ကောင်းဖြစ်မယ်။ ထီပေါက်မှဖြစ်မယ်ဆိုရင် မဖြစ်နိုင်ဖို့များတယ်။ ဒါပေမယ့် ထီကျိန်းသေပေါက်မယ်ဆိုပြီး ကားကို ပါးစပ်နဲ့ သွားပြီးဝယ်ထားလို့မရဘူး။ ဘဝကိုရိုးရိုးလေး နေသွားမယ်ဆိုတဲ့သူတွေက ကိုယ့်ဘဝကို လုံခြုံသေချာအောင် လုပ်ကြတယ်။ မရေရာ မသေချာမှုတွေကို သဘောတွေ့သူတွေကတော့ အခွင့်အလမ်းကိုပဲရှာကြတယ်။

လူအချို့ဟာ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု လှေကားထစ်လိုလုပ်ပြီး တက်သွားချိန်မှာ၊ အချို့ကတော့ ခုမှ လှေကားတစ်ထစ်ကိုတက်ဖို့ ဘာကြောင့်ပြင်ဆင်နေကြတာလဲ။

လူတစ်ယောက်ဟာ ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲမှန်သမျှကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ဖြေရှင်းရင်းက ပန်းတိုင် ကို မရောက်ရောက်အောင် လျှောက်နိုင်ခဲ့တယ်။ နောက်တစ်ယောက်ကတော့ လှေလှော်ရင်း တက်ကျိုး အဆိုးတွေ ချည်းပဲ ရင်ဆိုင်နေရတာ ဘာကြောင့်လဲ။

အထက်ကမေးခွန်းနှစ်ခုကို ဖြေနိုင်ရင် ဘဝကို ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ သိသွားလိမ့်မယ်။ ကိုယ့်ဘဝကို ပြောင်းပြန်လှန်လိုက်သလိုလည်း ဖြစ်သွားလိမ့်မယ်။

"အောင်မြင်ချင်ရင် မအောင်မြင်တာတွေဆင်ခြင်" လို့ အမည်မသိသူတစ်ဦးက ပြောဖူးပါတယ်။

အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းတွေနဲ့ပတ်သက်ပြီး သုတေသနတွေအများကြီးလုပ်ဖူးတယ်။ အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို အောင်မြင်သူတွေရဲ့သမိုင်းစဉ်ကို ခြေရာခံပြီးတော့ လေ့လာနိုင်တယ်။ လူ့ဘဝမှာ အောင်မြင်မှု အတွက် ငယ်တယ် ကြီးတယ်၊ အချိန်တိုတယ် ရှည်တယ်ဆိုတာမရှိဘူး။ ဘယ်နယ်မှာအောင်မြင်မှဆိုပြီးတော့လည်း ကန့်သတ်ထားလို့မရဘူး။

အောင်မြင်မှုတွေမှာ သဲလွန်စလေးတွေရှိတယ်။ အောင်မြင်သူတွေကိုကြည့်၊ သူတို့ကိုခြေရာခံ ကိုယ်လည်းအောင် မြင်လိမ့်မယ်။ အလားတူ မအောင်မြင်သူတွေကိုကြည့်ပြီးတော့လည်း ဆင်ခြင်တတ် မြင်တတ်ရင် ကိုယ်တိုင်လည်း ပြင်တတ်လိမ့်မယ်ထင်ပါတယ်။

အောင်မြင်ခြင်းမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ စူးစိုက်မှုရှိမယ်၊ စိုက်လိုက်မတ်တပ်လုပ်တတ်မယ်၊ ဆောင်သင့် တာတွေဆောင်မယ်၊ ရှောင်သင့်တာတွေ ရှောင်မယ် ဒီလောက်ဆိုရင်ရနေပြီ။ ဆုံးရှုံးခြင်းဆိုတာ အမှားကို အကြိမ် ကြိမ်ကျူးလွန်နေမိလို့လည်း ဖြစ်နိုင်တာပဲ။ ဒီလိုပြောလိုက်လို့ လွယ်လိုက်တာလို့ မထင်ပါနဲ့။ အပြောလွယ် အလုပ်ခက်တတ်ပါတယ်။ အချို့ကလည်း ရိုးရိုးလေးနဲ့ မြင်သွားတာလည်းရှိနိုင်တယ်။ အဓိကပြောချင်တာက လွယ်လွယ်၊ ခက်ခက်၊ မြင်တတ်မှ ဆင်ခြင်တတ်မယ်။

ရယ်စရာကို ရယ်မောနိုင်ခြင်း
ပညာရှိများရဲ့ လေးစားမှုကိုခံရခြင်း
ကလေးတွေရဲ့ ချစ်ခင်မြတ်နိုးမှုကိုခံရခြင်း
ရိုးသားတဲ့ဝေဖန်မှုကို လက်ခံခြင်း
မှားယွင်းမှုကို လက်ခံတတ်ခြင်း
အလှအပကို ခံစားတတ်ခြင်း
သူတစ်ပါးကို အကောင်းမြင်ပေးတတ်ခြင်း
အပေးသာရှိ အယူကိုမသိခြင်း
ဆင်ခြေမများ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်း
စိတ်ထက် အားသန် ပျော်ရွှင်စွာလုပ်ဆောင်တတ်ခြင်း
သူတစ်ပါးအတွက် ဘဝကိုပေးဆပ်တတ်ခြင်း
ထိုသူမျိုးသာ အောင်မြင်ရာ၏။

အထက်ကစကားစုလေးကို အမည်မသိသူတစ်ဦးက ရေးခဲ့တာပါ။ စဉ်းစားဆင်ခြင်ကြည့်ပါ။
http://www.maukkha.org/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။