Hlaing Bwa shared 8 DAYS A WEEK ENTERTAINMENT's photo.
ဆင်ဆာတွေလွတ်လပ်လာတဲ့ အပေါ်မှာ ၀တ်စားဆင်ယင်လာတဲ့ မြန်မာမိန်ကလေးတစ်ယောက်အနေ နဲ့ အန္တရာယ်ကိုဖိတ်ခေါ်နေတယ်လို့ မမိုး မြင်မိတယ်။ မြန်မာပြည်မှာ အဲ ဒီလောက်ကြီး မဖြစ်သင့်ဘူးလို့ထင် တယ်။ အမေရိကားလိုနေရာမျိုး မှာတောင် လုပ်ငန်းခွင်နဲ့ပတ်သက် လာတာတို့၊ မသင့်တော်တဲ့နေရာမျိုး မှာဆို အတိုတွေဝတ်လာရင် ချက် ချင်း ပြန်လွှတ်တာမျိုးရှိတယ်။
အဲဒီ တော့ သူပိုင်ဆိုင်ရာ နယ်မြေအသီး သီးကိုဝင်မယ်။ ဌာနအသီးသီးကို သွားမယ်ဆို သူ့ကန့်သတ်ချက်နဲ့သူ ရှိပါတယ်။ ဘုရားကိုသွားရင်ဘာ ၀တ်ရမယ်၊ ဌာနကိုသွားရင်ဘာဝတ် ရမယ်၊ တက္ကသိုလ်ကျောင်းကိုသွား ရင် ဘာဝတ်ရမယ်ဆိုပြီးကန့်သတ် ချက်ရှိပါတယ်။ အဲဒီကန့်သတ်တဲ့ နေရာမဟုတ်ဘဲ လမ်းမပေါ်သွားနေ တဲ့နေရာမျိုးကတော့ လမ်းပေါ်မှာ ရှိတဲ့ ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ရဲ၊ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ် တဲ့သူတွေမရှိသရွေ့တော့ ကန့်သတ် လို့မရပါဘူး။ ၀တ်နေမှာပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ကတော့ မီ ဒီယာတွေကလည်း အဓိကပါပဲ။ မီ ဒီယာ Channel တွေက ပြနေတဲ့ ပုံတွေ၊ မဂ္ဂဇင်း၊ သတင်းဂျာနယ်တွေ က အဓိကပါပဲ။ အဲဒီစာမျက်နှာတွေ ကို လှန်လိုက်လို့တွေ့ရတဲ့ ပုံစံတွေ မျိုး အပြင်ကလိုက်ဝတ်ကြတာလေ။ စာပေ၊ စာနယ်ဇင်းကလည်း တာဝန် တွေ အသိစိတ်တွေနဲ့ ကိုယ့်ရဲ့စာ ပေသတင်းအချက်အလက်နဲ့ ယဉ် ကျေးမှုကိုပြန်လည်ပြီး လမ်းမှန်ထိန်း သိမ်းပေးနိုင်ရင်ပိုကောင်းပါတယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။