Hlaing Bwa shared Myawady News's photo.
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘက်စ်ကားများနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက ဝက်ဘ်ဆိုက်မှ တစ်ဆင့် တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (မ.ထ.သ) လက်အောက်ရှိ ပြေးဆွဲလျက်ရှိသော ဘက်စ်ကားများနှင့် ပတ်သက်၍ တိုင်ကြားနိုင်မည်ဖြစ်သည်။ မှတ်တိုင်ကျော်ရပ်ခြင်း၊ သတ်မှတ်ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်း၊ လူပိုတင်ခြင်း အစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ပြည်သူတွေအနေနဲ့ မထသ (ဗဟို) ကို လိပ်မူပြီး တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်က တစ်ဆင့်လည်း တိုင်ကြားနိုင်ပါတယ်” ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။ kyawthiha.john@mhtcentral.org.
“သတ်မှတ်ခေါက်ရေအတိုင်း မဆွဲဘဲ ခေါက်တိုးပြေးဆွဲတာမျိုး စတဲ့ အချက်တစ်ခုခု တွေ့လို့ရှိရင် နံပါတ်နဲ့အချိန်ကို မှတ်ထားပြီး တိုင်ကြားနိုင်ပါတယ်။ ပြည်သူမှ တိုင်ကြားခြင်းဆိုပြီး ရောက်လာတဲ့ စာတွေကို အရေးယူပေးနေတယ်” ဟု ဆက်လက် ပြောကြားသည်။ တိုင်ကြားလာသော စာများကို ဗဟိုသို့တင်ပြကာ ဗဟိုမှ တာဝန်ယူ ဖြေရှင်းပေးကြောင်း သိရသည်။ အချိန်နှင့် တစ်ပြေးညီ တိုင်ကြားနိုင်ရန် Facebook စာမျက်နှာကိုလည်း စီစဉ်နေကြောင်း သိရသည်။ မော်တော်ယာဉ် လုပ်ငန်းပေါင်း စုံထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ဝက်ဘ်ဆိုက်တွင် မထသနှင့် ပတ်သက်၍ သတင်းများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အလွယ်တကူ တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေ တချို့ကားပေါ်မှာ ရေးထားပေမယ့် တကယ်တမ်းတိုင်လို့ မရတာတို့၊ ဖုန်းနံပါတ် မှားနေတာမျိုးတွေ ရှိပါတယ်။ ဝက်ဘ်ဆိုက်မှာ တိုင်နိုင်မယ့်အပြင် အလွယ်တကူ Facebook မှာ တိုင်နိုင်မှာတို့ ၊ Hot Line ဖုန်းနံပါတ်တို့ရှိရင် ပိုကောင်းမယ်။ တိုင်တဲ့သူတွေ အနေနဲ့လည်း အချက်အလက် သေချာပေးပြီးတိုင်ဖို့ လိုအပ်ပါတယ်” ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးက သုံးသပ် ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar1
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။