You'realways Onmymind
သတိတရားသည် တည့်မတ်စွာ လျှောက်လှမ်းနိုင်ဖို့ အရေး
ကြီးသောသော့ဖြစ်၏။ မည်မျှ ကွေ့ကောက်ပိတ်ပင်ထားသော မောဟ အမှောင်ထု ကိလေသာမုန်တိုင်းကြီးတွင်း ရောက်နေပါစေ သတိဖြင့်
စူးစိုက်ကြည့်ရှု၍ ပညာလက်နက်ဖြင့် ဖြိုခွင်းလိုက်ပါက အမှောင်ထု
၏နောက်ကွယ်မှ အလင်းဓာတ်ကို မြင်ရမည်ဖြစ်ပေသည်။ ထို သတိ ပညာ နှစ်ပါးသည် ဒွန်တွဲပြီးနေရမည့်တရားများ
ခက်ခြင်းနှင့်လွယ်ခြင်း
ခက်ခြင်းသည် တရားလေးပါးပျောက်နေခြင်းကြေ
ထို တရားလေးပါးမှာ- လုပ်ချင်သည့် စိတ်ဆန္ဒ၊ လုပ်တတ်သည့် ပညာ၊ အားထုတ်နေကျဖြစ်သော ၀ီရိယတရားတို့ဖြစ်၏။ ၎င်း စိတ်၊ ဆန္ဒ၊ ၀ီရိယ၊ ပညာဆိုသည့် အဓိပတိတရားလေးပါးသာ ထည့်လုပ်၊ ဘာလုပ်လုပ် လွယ်ကူပြီး အောင်မြင်မှာ သေချာပေသည်။
အသိနှင့်အကျင့်
အကျင့်မပါသော အသိတရားများက မိမိကိုယ်ကို ဖျက်ဆီးဖို့သာ ဖြစ်နေ တတ်၏။ အသိကို လိုက်မကျင့်လျှင် နောက်ဆုံး၌ သိသလိုလို မသိသ လိုလိုနှင့် မသိသည်သာလျှင် ဖြစ်သွားတတ်သောကြောင့် အသိနှင့်အကျင့် ထပ်တူကျစေရန် ၀ိဇ္ဇာစရဏ သမ္ပန္နော- အသိရော အကျင့်ပါ ပြည့်စုံတော် မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ရန်ကိုရန်ချင်း မတုံနှင်းနှင့်၊ မေတ္တာဖြင့်သာ အောင်မြင်ရာ၏...
ရန်ဟူရာ၌ သူတစ်ပါးမှ မိမိအားကျေနပ်မှုမရှိအောင် ပြုလုပ်ခံရခြင်း၊ လက်တုန့်ပြန်ချင်စိတ် ပေါက်အောင် မိမိ၏ဒေါသစိတ်တို့ကို နှိုးဆွပေးခြင်း၊ လိုချင်တာမရလို့ မကျေမနပ်ဖြစ်ရခြင်း စသည့် လောကဓံတရားများ ပင်ဖြစ်ပေသည်။ ထိုလောကဓံတရားများနှင့် ရင်ဆိုင်ရတိုင်း လောကဒဏ်ရာ ကိုယ်သာနာ၊ စိတ်မှာမနာနှင့် ဆိုသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း ဓမ္မကိုနှလုံးသွင်းခြင်းဖြင်
မြတ်သောအကျင့်တရား
သည်းခံခြင်းထက်လွန်သောတရားမ
တို့ကို အစဉ်သနားစောင့်ရှောက်သကဲ့သိ
တတ်၏။ သည်းခံခြင်းတရား မရှိပါမူကား ကျန်သောပါရမီတရားများလည်း ပျက်စီး ပပျောက်တတ်ပေသည်။ ထို့ကြောင့် ခန္တီစ-သည်းခံခြင်းတရားကို အချိန်တိုင်း သတိကပ်၍ ဖြည့်ကျင့်ရာ၏။
စိတ်ကောင်းနှင့်ယှဉ်
အများအကျိုးကို အစဉ်ဆောင်ရွက်နေသူတို့၌ စိတ်ကောင်းနှင့်ယှဉ်ပြီး လုပ်ဆောင်မှုကြောင့် မိမိ၏ ထိုထိုကောင်းမှုတရားတို့ကို မလုပ်ခင်မှာရော၊ လုပ်နေစဉ်မှာရော၊ လုပ်ပြီးသည့်အခါမှာရော ၀မ်းမြောက်ဝမ်းသာဖြစ်ရ၏။
အဖျက်တရားတို့နှင့်လည်း ကြုံတွေ့ရတတ်၏။ ထိုသို့ကြုံတွေ့ရသောအခါ တွင် ကောင်းမွန်သောစိတ်အား မပျက်စီးစေရန် အရေးကြီးပေသည်။ စိတ်ကောင်းနှင့်သာ အမြဲယှဉ်ရာ၏။ အများအကျိုး၊ ရွက်သယ်ပိုးက၊ မဖဲ့ စကောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင့်လော့။ (ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ဘုရားကြီး)
ကုသိုလ်၊ အကုသိုလ်
ကုသိုလ်ကောင်းမှုတရားတို့၌ အမြဲမွေ့လျော်နေခြင်းသည် ကောင်းကျိုး ချမ်းသာအဖြာဖြာတို့ ကိန်းဝပ်စည်ပင်နေခြင်းပင်ဖြ
တို့၌ အမြဲမွေ့လျော်နေခြင်းသည်ကား
(ထွန်းထွန်းလှိုင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။