Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, March 23, 2016

#စာအုပ်📚နဲ့ စမတ်ဖုန်း

#စာအုပ်📚နဲ့ စမတ်ဖုန်း

ဟိုတုန်းက ညနေဆိုရင် စာအုပ်ကိုယ်စီ ခါးမှာထိုးလို့ လူငယ်တွေ စာအုပ်ဆိုင်သို့ ခြေဦးလှည့်ကြ၊ ဖတ်ပြီးတဲ့ စာအုပ် ပြန်အပ်ပြီးရင် အသစ်ပြန်ငှားပြီးတာနဲ့ ထိုခေတ်အခေါ် ဒေါင်ဆိုင် ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကို သွားကြတာပါပဲ။ ကိုယ်စီ ဖတ်ပြီးသမျှ စာအုပ်တွေအကြောင်း ပြန်ပြောပြ၊ နားထောင် ဆွေးနွေး ငြင်းခုံကြ၊ အမြင်မတူ ငြင်းခုံကြပေ မယ့် အခုခေတ် အွန်လိုင်းမှာလို မင်းကို ငါ အန် (Unfriend) လိုက်မယ်၊ ဘလော့ (Block) လိုက်မယ် ဆိုတာမျိုး မဖြစ်ခဲ့ပါဘူး။ ဘယ်ဖြစ်မလဲ ကိုယ့်ရဲ့ ငြင်းခုံဘက်ဟာ ကိုယ့်လိုပဲ စာချစ်သူ၊ စာဖတ်သူ ကိုယ့်ရှေ့တင် သက်ရှိထင်ရှား ငုတ်တုတ်ထိုင်နေတဲ့သူကိုး။ ပြီးတော့ သူငြင်းတာကလည်း ကိုယ့် အဘိဓမ္မာ ကိုယ် ခိုင်မာအောင် အချက်အလက်နဲ့ ငြင်းခုံကြတာကိုး။ အကောင့်တု၊ အကောင့်ပုန်းတွေနဲ့ တာဝန်ခံ၊ တာဝန်ယူမှု မရှိတဲ့ ရန်လို ထိုးနှက်ခြင်းမျိုးမှ မဟုတ်တာ။
ဟိုတုန်းက လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ အခုခေတ် ကော်ဖီဆိုင် တော်တော်များများလို ကော်ဖီ တစ်ခွက်ဖိုးဟာ မိသားစု ထမင်း တစ်နပ်စာလောက် ဈေးခေါင်ခိုက်နေတာမျိုး မဟုတ်ပါ။ ဈေးချိုတဲ့ လက်ဖက်ရည် နှစ်ခွက်လောက် မှာပြီး သူငယ်ချင်း လေးငါးယောက်ထိုင်၊ အခမဲ့ရတဲ့ ရေနွေးကြမ်းကို လိုသလောက်တောင်း စကားဝိုင်း ကောင်းနိုင်တဲ့ ခေတ်မျိုးကိုး။
.
ပုံနှိပ်စာပေနဲ့ အွန်လိုင်း စာပေဆိုပြီး ဘာတွေ ခြားနား နေပါသလဲ။ မကြာသေးခင် ခေတ်ကထက်စာရင် စာပေ ရေးသား ပုံနှိပ်ထုတ်ဝေခွင့်တွေ ပိုရလာတဲ့ အခုအချိန်မှာ ပုံနှိပ်စာပေဟာ အကြောင်းအရာ မျိုးစုံ၊ အထူးသဖြင့် လွတ်လပ်ခွင့် တရားမျှတမှု အကြောင်းတွေ နိုင်ငံရေး နောက်ခံ သမိုင်းကြောင်းတွေ ဝေေ၀ဆာဆာ ထုတ်ဝေနိုင်လာ ကြလို့ ပိုအားကောင်းလာတာ အမှန်ပါပဲ။ ဒါပေမဲ့ အွန်လိုင်း စာပေကိုပဲ စွဲစွဲမြဲမြဲ ဖတ်နေတဲ့ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်း အချို့ အတွက်တော့ ပုံနှိပ်စာပေဟာ အလှမ်းဝေးနေဆဲပါ။
မနက် အိပ်ရာနိုးလို့ မျက်နှာမသစ်ခင် စမတ်ဖုန်းကို လှမ်းဆွဲ အင်တာနက်ထဲ ၀င်ကြတယ်။ Faceboo (ဖေ့စ်ဘွတ်)၊ Blog (ဘလော့)နဲ့ Google (ဂူဂဲလ်)ထဲ ဘာတွေကို ရှာဖွေကြည့်မိတတ်ကြပါသလဲ။ ဒီနေ့ ဘာထူးလဲပေါ့။ မနေ့ကသတင်း ဒီနေ့ ဘာဆက်ဖြစ်လဲ။
.
သတင်းတွေကို စာလုံးတွေနဲ့ ဖွဲ့စည်းထားတာ မှန်ပေမယ့် ဒီနေရာမှာ သတင်းဖတ်သူနဲ့ စာဖတ်သူ တူတယ်လို့ မခံစားရပါ။ ဆိုလိုတာက စာပေ ယဉ်ကျေးမှု ဆိုတာ ရသ၊ သုတ၊ အတွေးအခေါ် လူမှုကျင့်ဝတ် စသည်တို့ပါပဲ။ အင်ဖော်မေးရှင်းခေါ်တဲ့ သတင်းကို မခေါ်ပါ။ သတင်းထူး ဆိုရာမှာလည်း ဖြစ်ရပ်များသာမက မိမိကို အာရုံစိုက်လာ အောင် လုပ်ကြံစွက် ဖန်တီးယူမှုမျိုးကိုပါ။ ဒီနေ့ ဒါတွေ ထူးတယ်ထဲ ထည့်ပြောကြတာကိုး။ တစ်ယောက်နဲ့ တစ်ယောက် ခေတ်နောက်ကျတယ် မဖြစ်ဖို့ သတင်းနောက် ကောက်ကောက်ပါ လိုက်ပြေးနေကြခြင်းဟာ ဦးနှောက်ကို အားပေးတဲ့ အတွေးအခေါ် စာပေ၊ နှလုံးသား ရင့်ကျက် ပြည့်ဝစေတဲ့ ရသ စာပေကောင်းများနဲ့ ဝေးကွာစေတတ် ပါတယ်။
.
ပုံနှိပ်စာအုပ်တွေ ဆိုတာမျိုးက အွန်လိုင်းစာပေနဲ့ ယှဉ်ရင် အကန့်အသတ်ရှိပါတယ်။ စာအုပ် ဘယ်လောက်ထူထူ ဖတ်ပြီးသွားရင် ထိုင်တွေးစရာ အချိန်၊ ပြီးတော့ ဦးနှောက် နေရာ ကျန်သေးတာကိုး။ အွန်လိုင်း စာပေကတော့ တစ်ယောက်က နှစ်သက်လို့ (Share) မျှဝေလိုက်သမျှ မူရင်းပိုင်ရှင်ဆီ ၀င်ကြည့်၊ အဲဒီ စာမျက်နှာတွေထဲမှာ သူက အခြား ကောင်းနိုးရာရာတွေ ထပ်မျှဝေထားတော့ နောက်ထပ် မူရင်းထဲ ထပ်ဝင်ဖတ်စရာတွေက ထပ်ခါ ထပ်ခါများ။ မထွက်နိုင်တော့ဘဲ အကြောင်းအရာ တစ်ခုတည်းမှာ သမာဓိကောင်းကောင်းနဲ့ ဖတ်ရ တွေးရတာမျိုး မဟုတ်တော့ ပါဘူး။
.
ပုံနှိပ်ခေတ်တုန်းက စာရှည်လည်း အချိန်ယူ အရသာရှိရှိ ဖတ်နိုင်ကြပါတယ်။ လိုရင်းဆီ ရောက်အောင် စာရေးသူရဲ့ ရေးဖွဲ့မှု အတတ်ပညာကို ကျေကျေနပ်နပ် လိုက်ပါခံစားနိုင်ခဲ့ ကြတာပါ။ အခု အွန်လိုင်းခေတ်မှာတော့ စာရှည်ရင် မဖတ်ချင်တောာ့ဘူး ဆိုတဲ့ ပြဿနာကို တည့်တည့် တိုးနေကြရပါပြီ။ ရွေးချယ်စရာတွေ အင်မတန် များတဲ့အခါ စာရှည်သော်လည်း ယုံယုံကြည်ကြည် လိုက်ပါနိုင်ဖို့ ခက်လာတဲ့ သဘောပါ။ စကားလုံး အကန့်အသတ်နဲ့ လိုတိုရှင်း ရေးနိုင်တဲ့ တွစ်တာ (Twitter) လို ဆိုရှယ် မီဒီယာမျိုးတွေ တွင်ကျယ်လာတာကလည်း အချိန်ဆင်းရဲတဲ့ ခေတ်အတွက် အင်မတန် ကောင်းမွန်တဲ့ အမျိုးအစား တစ်ခုပါပဲ။
.
အွန်လိုင်းမှာ ဝေဖန် အကြံပြုချက် ကွန်မန့် (Comment) တွေထဲ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများနှင့် ပြီးစလွယ် ရေးနေကြတာ အတော်များများက ထောက်ပြဝေဖန်သံတွေ ညံနေပါပြီ။ ဘာကြောင့်ပါလဲ။ ဆွမ်းကြီး ၀ိုင်းလောင်းတယ် ဆိုတဲ့ စကားဟာ မူရင်း ဒါနကုသိုလ် ကိစ်္စမျိုးဖြစ်ပေမယ့် သွယ်ဝိုက် တင်စားကြတဲ့ အခါမှာတော့ တစ်စုံတစ်ယောက်ကို အများက ၀ိုင်းဖွဲ့ ထိုးနှက်ကြတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ တစ်ယောက်တစ်လက်နဲ့ ဘယ်သူ ဘယ်နှချက်မှန်းမသိ ၀ိုင်းဝန်း နှိပ်ကွပ်ကြတယ်ဆိုရာမှာ တာဝန်ခံ၊ တာဝန်ယူမှု မရှိတဲ့ ထိုးနှက်ချက်များ အများစု ပါနေတတ်ပါတယ်။ တချို့ဆို ရည်ရွယ်ချက်ရှိရှိ နစ်နာအောင် အားထုတ်တာမျိုး လည်း ပါတာပေါ့။ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူ အမျိုးအစားကို အချက်အလက်နဲ့ တုံ့ပြန် ခုခံတာမျိုးတော့ ရှိရမှာပါ။
.
အရေးကြီးတာက တာဝန်ခံ၊ တာဝန်ယူမှု ရှိတဲ့ စာ အမျိုးအစားတွေ ဖြစ်ဖို့ပါပဲ။ အမှောင်ခေတ် တစ်လျှောက်မှာ အဖွဲ့အစည်း တစ်ခုကို တာဝန်ခံ၊ တာဝန်ယူစိတ်နဲ့ တည်ထောင် နိုင်ခွင့်၊ အယူအဆနဲ့ ယုံကြည်ရာကို တာဝန်ခံ၊ တာဝန်ယူ ပြောဆိုရေးသားခွင့်တွေ ဖျက်ဆီး ပိတ်ပင်ခံခဲ့ရတာ အားလုံး အသိပါ။
.
ပုံနှိပ် စာပေခေတ်မှ အွန်လိုင်း စာပေခေတ် ပြောင်းသွားတာ အကြောင်း မဟုတ်ပါ။ ဈေးချိုတဲ့ လက်ဖက်ရည် တစ်ခွက်ကို လေးငါးယောက် ထိုင်သောက်တဲ့ ခေတ်မှ ထမင်း တစ်နပ်စာ ကော်ဖီ တစ်ခွက် ခေတ်ပြောင်းတာ ကိုလည်း မဖွဲ့ဆိုပါ။ လက်ဖက်ရည် ကော်ဖီနဲ့ တွဲဖက် သုံးဆောင်စရာ စာအုပ်စာပေမှ စမတ်ဖုန်းအဖြစ် ပြောင်းသွား တာလည်း အဓိက မဟုတ်ပါ။ ဦးနှောက်အတွက် ဉာဏ်ပညာ ကို အားပေးသော အတွေးအခေါ် စာပေမျိုးတွေ နှလုံးသား အတွက် စာနာမှုနှင့် ရင့်ကျက်မှုကို ပေးစွမ်းသော ရသ စာပေကောင်းမျိုး။ ပြုစု ရေးသားသူ ဖတ်ရှုဝေဖန်နိုင်စွမ်း ရှိသူ မျိုးဆက်များကို တောင့်တမိပါကြောင်း။
.
#မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၇၊ အပတ်စဉ် ဆောင်းပါး။ ]

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။