Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 20, 2016

ကဗျာစာအုပ်တအုပ် ကျိုချက်ခြင်း


 Scorpion Soup For Soul

သီချင်းခွေထုတ်ရတာဟာ အကျိုးအမြတ်အရ အတော်လေးစွန့်စားရတာလို့ပြောရင် ကဗျာစာအုပ်ထုတ်ဝေကြတဲ့ကဗျာဆရာတွေက ပြုံးပြီးကြည့်နေမလားပဲ။ ကဗျာစာအုပ်ထုတ်ဝေတာက သီချင်းခွေထုတ်ဝေတာထက်ကို ငွေကြေး၊ ကျော်ကြားမှုအစရှိတဲ့ အကျိုးအမြတ်နည်းပါးပါတယ်။ ဒါပေမယ့် ကိုယ်ရေးခဲ့တဲ့ကဗျာတွေကို စာအုပ်အဖြစ်ထုတ်ဝေတော့မှ တစုတဝေးဖြစ်သွားတာကိုးဗျ။ အဲဒါ အတော်လေးကောင်းတဲ့အကျိုးအမြတ်ပဲ။


ဒါပေမယ့် တေးရေးနိုင်းနိုင်ရဲ့ ကဗျာစာအုပ်ထုတ်ဝေတာကတော့ အတော်လေးထူးခြားလို့ ခင်များတို့ကို ဒီစာအုပ်လေးအကြောင်း နည်းနည်းဖောက်သည်ချချင်တယ်။ သူ့ကဗျာစာအုပ်ထုတ်ဝေတာဟာ မူလဖန်တီးထားတဲ့ကဗျာတွေစုစည်းရုံသက်သက်မဟုတ်ပဲ မူလကဗျာတွေကို အခြေခံပြီး ကဗျာရွတ်ဆိုမှု၊ ကဗျာရွတ်ဆိုခြင်းအတွက်နောက်ခံတေးဂီတ၊ Animation၊ နောက်ပြီးတော့ မျက်နှာဖုံးပန်းချီ အစရှိတဲ့ဆက်စက်နေတဲ့ အနုပညာအသစ်တွေထပ်မံမွေးဖွားဖြစ်ကြတယ်။

ကဗျာစာအုပ်ထုတ်ဖြစ်ပုံကို တေးရေးနိုင်းနိုင်က အခုလိုပြောပြပါတယ်။

" ကဗျာတွေက ၁၉၉၀ နှင့် ၂၀၀၀ ကြားရေးတာတွေ မန်းလေးတက္ကသိုလ်တက်နေချိန်ကရေးခဲ့တာတွေပေါ့။ ကိုယ့်မှာ ကိုယ်ပိုင်စာအုပ်တိုက်ရှိပေမယ့် ကိုယ့်စာအုပ်ကိုယ်ထုတ်ရတာ မသင့်လျော်ဘူးထင်လို့ ဒီတိုင်းထားထားခဲ့တာ။ ကိုယ့်သူငယ်ချင်းတွေကထုတ်ပါဟလို့ ပြောပေမယ့် မသိသလိုနေခဲ့တာ။"

"တရက်တော့ လေးဖြူနဲ့ မန်းလေးက မင်းသီဟလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း ကိုယ်ထုတ်တဲ့ ခင်ဇော်မြင့် ကဗျာစာအုပ်လေးထွက်ချိန်နဲ့ တိုက်နေတော့ လက်ဆောင်ပေးတော့ မင်းကဗျာတွေ မထုတ်ဘူးလားလို့ မေးတယ်။ ကိုယ်က မထုတ်ဘူးလို့ ပြောတော့ မင်းမထုတ်ရင်ငါထုတ်မယ် မင်း အညာသားယဉ်ကျေးမူစာစဉ်ကပဲထုတ်ပါ။ ငါစီစဉ်ထုတ်ဝေသူလုပ်မယ်လို့ ပြောတယ်။ သူကကျောင်းသားဘဝကတည်းက ကိုယ့် ကဗျာတွေဖတ်ဖူးတယ်။"

ဒီလိုနဲ့ မက်ဂါစတား လေးဖြူက ကဗျာစာအုပ်ထုတ်ဝေဖို့ဖြစ်လာပါတယ်။ လေးဖြူနဲ့သူက ကောလိပ်ကျောင်းသားဘဝကတည်းက ခင်မင်စွဲရှိကြသူတွေဆိုတော့ ကဗျာတွေကလဲ အထူးမိတ်ဆက်စရာမလိုတော့ဘူးပေါ့ဗျာ။

ကဗျာတွေက ဆယ်စုနှစ်(၁) ခုစာထဲက ကဗျာတွေကို စုမှာဆိုတော့ ကဗျာအပုဒ်အရေအတွက်အကြောင်းကိုမေးဖြစ်တော့ နိုင်းနိုင်က ဒီလိုဖြေပါတယ်။

"အဲဒါတွေထဲက အပုဒ် ၂၀ ရွေးပြီးထုတ်တာ အပိုင်းသုံးပိုင်းခွဲပြီးတင်ဆက်ထားပါတယ်။ အင်္ဂလိပ်ဘာသာကို ကိုသစ်မင်းရဲ့အစ်ကို ဒေါက်တာဝဏ္ဏ (Raymond Wunna) ကပြန်ဆိုပေးထားပါတယ်။"

ထူးခြားတာက ကဗျာရွတ်ဆိုမှုတွေလဲ ကျကျနနကြီးကို အသံဖမ်းစတူဒီယိုမှာ နောက်ခံဂီတတွေဘာတွေနဲ့လုပ်မယ်လို့ကြားထားတော့ အဲဒီအကြောင်းလေးကို သူက အခုလိုရှင်းပြပါတယ်။

"မြန်မာဘာသာနဲ့ကဗျာ ၇ ပုဒ် အင်္ဂလိပ်ဘာသာနဲ့သုံးပုဒ်ရွတ်
 ထားတယ်။ မြန်မာ (၇) ပုဒ်မှာ ကိုယ်က (၂) ပုဒ်၊ လေးဖြူ က (၂) ပုဒ်၊ ဂေဂေး ဆိုတဲ့ကလေးမက (၃) ပုဒ်ရွတ်တယ်။ အင်္ဂလိပ်ဘာသာ နဲ့ သုံးပုဒ်က လေးဖြူရွတ်တယ်။ ကဗျာတွေ အရင်ရွတ်ဆိုပြီးမှ တပုဒ်ချင်းစီကပေးတဲ့ အသံနဲ့လိုက်ဖက်ညီတဲ့ ဂီတသံနဲ့ ပံ့ပိုးပေးရတယ်။ မန်းလေးတက္ကသိုလ်မှာကျောင်းနေဖက် ခုဂီတမိတ်က ဆရာစိုင်းဝင်းဦးက ကလပ်စစ်ကယ်ဂစ်တာ။ လေးဖြူက အကူးစတစ်ဂစ်တာ။ ကိုကြီးမောင်ဆိုသူက ဆက်ဆိုဖုန်းပေါ့။ အဲဒါ အငဲ အတွက်နှစ်ပုဒ် စန္တယားသိမ်းမောင်နဲ့မသွင်းရသေးဘူး။ အငဲ မေမြို့ရောက်နေလို့။ နောက်ခံဂီတနဲ့ ကဗျာရွတ်ထားတာလေးတွေကို စီဒီလေးနဲ့ထည့်ပြီး ကဗျာစာအုပ်နဲ့အတူထည့်ပေးမှာပါ။ Animation က ပုံတွေ ရာချီရေးရတာ တစက္ကန့် ပုံ (၂၀) အနည်းဆုံး (၁) မိနစ်စာပေါ့လေ။"

ကဗျာစာအုပ်ရဲ့ မျက်နှာဖုံးက အတော်ထူးခြားလှပါတယ်။ ဒါကြောင့် မျက်နှာဖုံးအနုပညာရဲ့ နောက်ကြောင်းရာဇဝင်ကိုပဲ မေးဖြစ်ခဲ့တယ်။

နိုင်းနိုင်က အခုလိုရှင်းပြပါတယ်။

" ဒါက မင်းနဲ့လည်းသိတဲ့ ကိုချမ်းငြိမ်းကျော်။ (သူက လေးဖြူရဲ့ ဒိုင်ယာရီအယ်လ်ဘမ်ရဲ့ ကာဗာပန်းချီဆွဲသူပေါ့၊ ကိုနိုင်းနိုင်နဲ့တမြို့တည်းသားပဲ။)။ ဒါမျိုးအနုပညာကို Recycled Art စွန့်ပစ်ပစ္စည်းတွေနဲ့ဖန်တီးတဲ့ အနုပညာလက်ရာပေါ့။ ကျောက်စိမ်းဖြတ်တဲ့ အလုပ်ရုံကကျောက်ဖြတ်စလေးတွေနဲ့လုပ်တာ။ ကျောက်စိမ်းချပ်ကြီးတွေရဲ့ အကောင်းဆုံးအပိုင်းတွေက လက်ကောက်တွေ၊ ဘုရားဆင်းတုတွေ၊ ကွန်ရင်မယ်တော်တွေ၊ အန်းကုန်းဘိုးဘိုးကြီးတွေဖြစ်သွားပြီ။ ကောင်မလေးတယောက်လက်ကောက်ဝတ်ပေါ်ရောက်သွားပြီ။ ကိုးကွယ်ရာ စင်တွေပေါ်ရောက်သွားပြီ။ စွန့်ပစ်ပစ္စည်း အဖြစ်ကျန်ခဲ့တဲ့ အမိုက်ပုံထဲက စွန့်ပစ်ပစ္စည်းလေးတွေဟာလည်း အထားအသိုမှန်ကန်ရင် အလှတရားတခု ဖန်တီးလို့ ရတယ်ဆိုတာပြောချင်တာ။"

ဒါနဲ့အရေးကြီးတာမေးဖြစ်တယ်။ ကဗျာစာအုပ်ရဲ့နာမည်ရယ်၊ ဘယ်တော့ထွက်မယ်ဆိုတာရယ်။

"နိုင်းနိုင်...၏...လို့ အမည်ရပါတယ်။ ထွက်ရက်တော့အေးဆေးပဲ။ သင်္ကြန်ပြီးမှထွက်မယ်။"

တေးရေး၊ ကဗျာဆရာ နိုင်းနိုင်နဲ့ ကျွန်တော်ပြောဖြစ်ကြတာ အဲဒါပါပဲ။ ရော့ခ်ကာနှစ်ယောက်ဖြစ်တဲ့ လေးဖြူနဲ့အငဲတို့ရဲ့ ကဗျာရွတ်သံတွေဟာ ဘယ်လိုအသံမျိုးတွေဖြစ်လာမလဲဆိုတာ ခင်များတို့စိတ်ဝင်စားသလို ကျွန်တော်လဲစိတ်ဝင်စားတယ်။ ကဗျာဆရာကိုယ်တိုင်နဲ့ ဂေဂေးလဲ ကဗျာရွတ်ထားသေးတယ်။ နောက်ခံဂီတနဲ့ ဘာနဲ့ရွတ်ဆိုကြမှာ။ ထို့အတူ Animation သရုပ်ဖော်လဲပါသေးသကိုး။

ဖန်တီးသူတွေဖက်ကတော့ စိတ်ရှည်လက်ရှည်နဲ့ အနုပညာတခုကိုအခြေခံပြီး ဆင့်ပွားအနုပညာတွေ တခုပြီးတခုဖန်တီးထားတယ်။ ခင်များတို့ ကျုပ်တို့ ခံစားသူတွေဖက်ကရော အဆင်သင့်ဖြစ်နေပြီလားလို့ မတိုးမကျယ်မေးချင်သေးတယ်။

ခင်တဲ့
ကိုဝီ

ဖိုတိုခရက်ဒစ် - နိုင်းနိုင်ရဲ့ဂစ်တာဆရာစိုင်းဝင်းဦး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။