Khant Naing added 2 new photos.
မင်းကွာ
ကိုရီးယားက စွန့်ပြစ်ထားတဲ့ မိဘမဲ့
ကိုရီးယားမလေးကို
နိုင်ငံ့ဝန်ကြီး ခန့်စရာလားကွ။
ကျွေးမွေးပြုစုရသေးတယ်
ပညာသင်ကြားပေးရသေးတယ်။
တော်ပြီပေါ့ ...
ဒီလောက်ဆိုရင်
အခုတော့ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ ပေးလိုက်သေးတယ်။
ဒီကောင်မလေး သမ္မတလုပ်မယ်ဆိုရင်လည်း ပေးမယ့်ပုံဘဲ။
မင်းတို့ပြင်သစ်မှာ
ငါတို့နိုင်ငံကလို နာဂစ်လောလို့ လူသိများတဲ့ ၂၀၀၈ အခြေခံဥပဒေမှာလို နိုင်ငံသားဖြစ်မှုတို့ ၅၉ တို့ ၄၃၆ တို့ မရှိဘူးလား။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့တွေ မရှိဘူးလား။
ငါတို့မှာ
တိုင်းပြည်အဖက်ဖက်က နိမ့်ကျပေမယ့်
ပညာရေးမှာ ဘယ်လောက် တော်နေပါစေ။ တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးရနေပါစေ
နိုင်ငံသားမဟုတ်ရင်
ဆေးတက္ကသိုလ်တက်ခွင့်မပေးဘူးကွ။
ဆရာဝန်မလုံလောက်လို့ ပြည်သူတွေ ရောဂါဝေဒနာခံစားနေကြပါစေ။
အသေခံခိုင်းလိုက်မယ်
ကုန်ကုန်ပြောမယ်။
နိုင်ငံကိုလွတ်လပ်ရေး ယူပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီးတောင်
လူမျိုးခြားနဲ့ယူလို့ သမ္မတမဖြစ်အောင် ဥပဒေနဲ့ တားဆီးထားတာ ...
မင်းတို့လို ဒီမိုကရေစီဘိုးအေနိုင်ငံကြီးဖြစ်ပြီး
တခြားနိုင်ငံက အဖေအမေ ဘယ်သူမှန်းမသိ လမ်းဘေးစွန့်ပစ်ထားတဲ့ကလေးကို
ကောက်ယူမွေးစား ပညာသင်ပေးပြီး
ဝန်ကြီးတက်အလုပ်မခံဘူးကွ။
မင်းတို့ ငါ့ကို
#သောက်ပိန်းမျက်ကန်းမျိုးညစ် လို့ ခေါ်ချင်ခေါ်ကွာ
သောက်ဂရု မစိုက်ဘူး :
Credit:
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။