သင်သိသင့်တဲ့ မြေကမ္ဘာရဲ့ အချက်အလက်များ
၁။ ကမ္ဘာကြီးရဲ့အလေးချိန်ဟာ တန်ပေါင်း ၆ဘီလီယံ ထရီလီယံ
ရှိပါတယ်။ဒါကိုချရေးမယ်ဆိုရင် ၆ရဲ့နောက် မှာ သုံည၂၁လုံးကိုထည့်
ရပါမယ်။

၂။ ကမ္ဘာကြီးဟာ သူရဲ့ဂြိုလ်ပတ်လမ်းကြောင်းပေါ်မှာ ၁နာရီကို ၁၀၇၂၀၀ကီလိုမီတာ အမြန်နှုန်းနဲ့ ရွေ့လျားနေပါတယ်။
၃။ ကမ္ဘာကြီးရဲ့ ဧရိယာစုစုပေါင်း ၁၀၀%ကို ရေမျက်နှာပြင် ၇၀.၈% နဲ့ ကုန်းမြေ ၂၉.၂% တို့နဲ့ ဖွဲ့စည်းထားပါတယ်။
၎။ နေဟာ ကမ္ဘာထက် အဆပေါင်း ၃၃၀၃၃၀ ဆကြီးပါတယ်။
၅။ ၁၉၇၀ ဧပြီ ၂၂ရက်နေ့ ကို ပထမဆုံး ကမ္ဘာမြေရဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီနေ့ဟာ ရရှားခေါင်းဆောင် လီနင်ရဲ့မွေးနေ့နဲ့တူညီနေပါတယ်။
၆။နေ့တစ်နေ့ရဲ့ကြာချိန်ဟာ နှစ်ပေါင်းတစ်ရာကို ၁၇မီလီစက္ကန့် တိုးတိုးလာပါတယ်။
၇။တကယ်တော့ ကမ္ဘာကြီးဟာ အတိအကျလုံးဝန်းမနေပါဘူး။
အီကွေဒါက ၀န်ရိုးတစ်ခုကနေတစ်ခုကို ဆက်ထားတဲ့ နေရာဟာ ၂၆.၅မိုင်ကွာခြားနေပါတယ်။
၈။ ကမ္ဘာမြေဆွဲအားဟာလည်း မတူညီပါဘူး။ အီကွေဒါမှာ ၁၅၀ပေါင်ရှိတဲ့ လူတစ်ယောက်ဟာမြောက်ဝန်ရိုး
ပေါ်မှာဆိုရင်တော့ ၁၅၁ပေါင်ဖြစ်သွားပါလိမ့်မယ်။
၉။ကမ္ဘာဟာရိုးရိုး ဂြိုလ်တစ်လုံးပဲဖြစ်တဲ့အတွက် သူ့မှာနာမည်မရှိပါဘူး။ ကမ္ဘာ(world) ဆိုတဲ့ စကားလုံးကို ၅ရာစုလောက်က ဂရိတ်ဗြိတိန်မှာနေထိုင်ကြတဲ့ Anglo-Saxons လို့ခေါ်တဲ့လူမျိုးစုတွေက စတင် သတ်မှတ် ခဲ့ကြပါတယ်။
၁၀။ကမ္ဘာမြေရဲ့ အအေးဆုံး အပူချိန်ကတော့ -၁၂၈.၆ဒီဂရီဖာရင်ဟိုက် ပဲဖြစ်ပါတယ်။၁၉၈၃ ဇူလိုင်လ ၂၁ရက်နေ့မှာ အန္တာတိကတိုက်က Vostok Station မှာတိုင်းယူရရှိခဲ့တာပဲဖြစ်ပါတယ်။
အမြင့်ဆုံး အပူချိန်ကတော့ ၁၃၆ဒီဂရီဖာရင်ဟိုဖြစ်ပြီး ၁၉၂၂စက်တင်ဘာ ၁၃ရက်က လစ်ဗျားနိုင်ငံမှာ မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။
Credit to thutazone
K.K(ကနောင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။