Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 17, 2016

"ကြွေးယူပြုံးပြုံး ကြွေးဆပ်တော့လည်း ပြုံးနိုင်စေဖို့"

"ကြွေးယူပြုံးပြုံး ကြွေးဆပ်တော့လည်း ပြုံးနိုင်စေဖို့"

လူမှန်ရင် အကြွေးနဲ့မကင်းဘူးဆိုသလိုပါပဲ။
ကျွန်တော်တို့အားလုံးဟာ အကြွေးနဲ့ တစ်နည်း
မဟုတ် တစ်နည်းတော့ ပတ်သက်ဖူးကြတဲ့သူတွေ
ပါ။

အကြွေးရှိတယ်ဆိုတာ ကိုယ့်လည်ပင်းကိုယ်
ကျောက်ဆူးကြိုး ဆွဲထားသလိုပါပဲ။ ““ကြွေးတင်
နွံနစ် ကျွန်ဖြစ်”” ဆိုတဲ့ စကားလည်းရှိပါတယ်။
အကြွေးဆိုတဲ့အရာကa နွံလိုပဲ အောက်ကို ဆွဲချ
တတ်တဲ့သဘော ရှိပါတယ်။ အောက်ကို နစ်မသွား
အောင် ကိုယ်က ထိန်းထားနိုင်တယ် ဆိုရင်တောင်
မှ စိတ်ပူပင်ကြောင့်ကြမှုကို ဖြစ်စေပါတယ်။ ငွေ
ကြေး အောင်မြင်မှုပန်းတိုင်ဆီကို စတင်ချီတက်
တော့မယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက အကြွေး
တွေကို အရင်ဆုံး ရှင်းပစ်ဖို့ပါပဲ။

ကြွေးသက်ရှည်တာဟာ ကျွန်သက်ရှည်တာနဲ့
အတူတူပါပဲ။ ယူထားတဲ့ အကြွေးတွေကို ပြန်မဆပ်
နိုင်သေးသရွေ့ “အတိုး”တွေကတော့ တဖြည်းဖြည်း
တက်လာမှာပါပဲ။ ဒီအတိုးတွေကို ပေးဆပ်ရတဲ့
သူအတွက် ငွေကြေးဆိုင်ရာ အားအင်တွေ ချည့်နဲ့
စေမှာမလွဲပါဘူး။ ဒီတော့ အကြွေးတွေကို အမြန်
ဆုံး ဆပ်နိုင်ဖို့ အရေးကြီးပါတယ်။ အကြွေးတွေကို
အကျေဆပ်လိုက်နိုင်ခြင်းဟာ ကိုယ့်အပေါ်ပိနေတဲ့
ဝန်ထုပ်ဝန်ပိုးကို ရှင်းပစ်လိုက်တာနဲ့အတူတူပါပဲ။
ဝန်မပိလေလေ လှုပ်ရှားရတာ လွတ်လပ်လေလေ
ပါပဲ။

ဒါကြောင့် ကိုယ့်မှာ ပေးဆပ်စရာ အကြွေးတွေ
ရှိနေရင် ဘယ်လောက်ရှိသလဲဆိုတာ ချရေးပြီး
စာရင်းလုပ်လိုက်ပါ။ အကြွေးတွေဆပ်စရာ အများ
ကြီးပဲဆိုပြီး စိတ်ညစ်ညူးနေမယ့်အစား အကြွေး
တွေကို အကျေဆပ်နိုင်မယ့် အစီအစဉ် (ဏူညေ) ကို
ရေးဆွဲလိုက်တာက ပိုပြီး လက်တွေ့ဆန်မယ်လို့
ထင်ပါတယ်။

ရှိနေတဲ့ အကြွေးက ဘယ်လောက်လဲ၊ ဘယ်ပုံ
ဘယ်နည်းနဲ့ ပေးဆပ်မလဲ၊ လစဉ် ဘယ်လောက်
ပြန်ဆပ်နိုင်မလဲ၊ ဘယ်လောက် ကြာကြာ ပေးဆပ်
ရမလဲ၊ အမြန်ဆုံး အကြွေးကျေနိုင်မယ့် နည်းလမ်း
ဘာရှိသလဲ စတာတွေကို စဉ်းစားစီစဉ်ရမှာ ဖြစ်
ပါတယ်။

ပြီးတော့ ကိုယ်ချေးငွေယူထားတဲ့ အကြွေးရှင်
ကိုလည်း အကြွေးတွေ ပုံမှန်ပြန်ဆပ်တော့မည်
ဖြစ်ကြောင်းကိုလည်း အသိပေးထားဖို့ လိုအပ်ပါ
တယ်။ ဘယ်အကြွေးရှင်မဆို သူတို့အကြွေးကို
ပြန်ဆပ်ဖို့အတွက် အစီအစဉ် ပြုလုပ်နေတာ သိပြီ
ဆိုရင် သူတို့လည်း သင့်ကိုအားပေးကြမှာပါ။ လော
လောဆယ် မဆပ်နိုင်သေးရင်လည်း ပြန်ဆပ်ဖို့
ကြိုးစားနေကြောင်းကို သိပါစေ။

သင် အောင်မြင်သူ ဖြစ်ချင်တယ်ဆိုရင် အကြွေး
ရှင်ကို ဘယ်တော့မှ ရှောင်ပြေးဖို့ မစဉ်းစားပါနဲ့။
အကြွေးရှင်က ဖုန်းဆက်ပြီးမတောင်းခင် ကိုယ်က
သူ့ဆီကို အရင်ဆက်သွယ်နိုင်ဖို့ လိုအပ်ပါတယ်။
ပုံမှန်အားဖြင့်ကတော့ အကြွေးရှင်ကပဲ လိုက်
ဆက်သွယ်ပြီး တောင်းရတဲ့အဖြစ်ပါ။ ဒါပေမဲ့ သင်
က သင့်အကြွေးရှင်ကို သူမဆက်သွယ်ခင် အရင်
ဆုံး ဆက်သွယ်လိုက်ခြင်းဟာ လောလောဆယ်
သင် မဆပ်နိုင်သေးဘူးဆိုရင်တောင်မှ သင့်အပေါ်
ယုံကြည်မှုတွေ ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ “ကြွေး
ယူပြုံးပြုံး၊ တောင်းတော့မုန်း” ဆိုတာမျိုး မဖြစ်စေ
ဘဲ အကြွေးယူတုန်းကလည်း ကိုယ်က ပြုံးခဲ့သလို၊
ပြန်ဆပ်ရင်လည်း ပြုံးရွှင်စွာ ဆပ်နိုင်ဖို့ လိုအပ်
ပါတယ်။

ကိုယ်ဝင်တဲ့ဝင်ငွေ၊ ကိုယ်ရတဲ့ငွေတွေထဲက
အကြွေးဆပ်ဖို့အတွက် ရာခိုင်နှုန်းသတ်မှတ်ပြီး
ဖယ်ထားပါ။ ကိုယ်ဖယ်ထားတဲ့ နှုန်းထားအတိုင်း
လစဉ်ပုံမှန်ပေးသွားရင်ဖြင့် ဘယ်ကာလလောက်
ဆိုရင် အကြွေးကျေကာလ ဖြစ်ပြီဆိုတာကို တစ်ခါ
တည်း တွက်ချက်ထားပါ။ ဒီလို စီစဉ်ခြင်းဟာ
သင့်ကို ယုံကြည်မှုတွေ ဖြစ်ထွန်းလာစေပါတယ်။
အစီအစဉ်ချမှတ်ပြီးရင်တော့ အမှန်တကယ် လိုက်
နာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ချေးငွေနဲ့ အကြွေးတွေ အားလုံးကို အပြတ်ရှင်း
နိုင်ပြီဆိုရင်တော့ စိတ်လက်ပေါ့ပါးပြီး ရှာဖွေ ရသမျှ
ငွေတွေဟာ သူများအတွက် မဖြစ်တော့ပါဘူး။ ငွေ
ကြေး အောင်မြင်မှုပန်းတိုင်ဆီကို လွတ်လပ်ပေါ့ပါး
တဲ့ စိတ်တွေနဲ့ ချီတက်ဖို့ လမ်းပွင့်သွားပြီပဲ ဖြစ်ပါ
တယ်။ ကြွေးမြီကင်းတဲ့ဘ၀ဟာ ဘယ်လောက်
စိတ်လက်ပေါ့ပါးသလဲဆိုတာ အကြွေးတွေ
အားလုံးကျေသွားရင် ကိုယ်တိုင်ခံစားသိရှိရမှာပါ
ဒီလို အကြွေးတွေ ကင်းရှင်းပြီးတဲ့နောက် အကြွေး
ထပ်အတင်ခံချင်သေးပါသလား။

အကြွေးယူတာ ကောင်းလား၊ မကောင်းလား ဆို
တာကတော့ ဘယ်လို အသုံးချမလဲ၊ ဘယ်လို စီမံ
ခန့်ခွဲမလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်ပါ
တယ်။ အကြွေးကြောင့် ကြီးပွား ချမ်းသာသွားနိုင်
သလို အကြွေးကြောင့် ဆင်းရဲမွဲတေ ဘ၀ပျက်သွား
နိုင်ချေလည်း ရှိပါတယ်။

အထူးအခွင့်အရေးတစ်ရပ်အဖြစ် အတိုးပေး
စရာမလိုတဲ့ ချေးငွေ ဒါမှမဟုတ် အသက်သာဆုံး
အတိုးနဲ့ ချေးငွေရပြီး အကျိုးအမြတ် ဖြစ်ထွန်းစေ
မယ့် စီးပွားရေုးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ
လုပ်တာကိုတော့ အသိအမှတ် ပြုပါတယ်။ ဒါပေ
မဲ့ ““အကြွေး”” ဆိုတာ မီးနဲ့ကစားရသလို အန်္တရာယ်
ကြီးမားတယ်ဆိုတာကတော့ လုံးဝ မမေ့သင့်ပါ
ဘူး။ စွန့်စားမှုကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့
အကြွေးကို ခုတုံးလုပ်ပြီး ငွေကြေးအောင်မြင်မှုဆီ
ကို တက်လှမ်းဖို့ကို အားပေးပါတယ်။

အဓိက အရေးကြီးတာကတော့ ““အကြွေးရဲ့
ကျေးကျွန်”” မဖြစ်စေဘဲ ““အကြွေးရဲ့ အရှင်သခင်””
ဖြစ်အောင် လုပ်ဖို့ပါပဲ။ ငွေကြေးကို ကောင်းစွာ
စီမံခန့်ခွဲနိုင်တဲ့ ပညာမရှိဘဲနဲ့ အကြွေးကို ကောင်း
ကောင်း ထိန်းချုပ်နိုင်ဖို့ဆိုတာ ခက်ပါလိမ့်မယ်။
ကိုယ်နိုင်မယ်ထင်ရင်တော့ လုပ်နိုင်ပါတယ်။ ကိုယ်
က မဟန်ရင်တော့ အကြွေးက ကိုယ့်ကို နိုင်သွား
ပါလိမ့်မယ်။ အကြွေးက နိုင်သွားပြီဆိုရင်တော့
လုံးပါးပါးတော့မှာပါပဲ။ ဒီတော့ အကြွေးဆိုတာ
သင့်ရဲ့ ငွေကြေးဆိုင်ရာ ဉဏ်ရည် (Financial IQ)
ပေါ်မှာ မူတည်ပြီး ““အကောင်းဆုံး မိတ်ဆွေ”” ဖြစ်
နိုင်သလို ““အဆိုးဆုံး ရန်သူ””လည်း ဖြစ်နိုင်တယ်
ဆိုတာ အမြဲနှလုံးသွင်းထားဖို့ လိုပါတယ်။

ဘယ်လို အကြောင်းပြချက်နဲ့ အကြွေးယူတာ
ဖြစ်စေ နောက်ဆုံးမှာတော့ အတိုးရော အရင်းပါ
ပေးဆပ်ရမှာပဲ ဖြစ်ပါတယ်။ အကြွေးကင်းရင် စိတ်
ရှင်းတယ်၊ စိတ်ရှင်းရင် ဘ၀လည်းရှင်းမှာ ဖြစ်ပါ
တယ်။ ဖြစ်နိုင်ရင်တော့ အကြွေးလုံးဝ မရှိတာဟာ
အကောင်းဆုံးပါပဲ။ ရှိနေရင်လည်း ဒီနေ့က စတင်
ပြီး စီမံကိန်းဆွဲကာ အပြတ်ရှင်းပစ်ဖို့ တိုက်တွန်း
လိုပါတယ်။

Let’s Fly Together!
Credit to ဖူးကျော်ဇင် (Future Wave)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။