" အောင်မြင်မှုကို ဆက်လက်ထိန်းထားနိုင်ဖို့အတွ က် ရိုးသားမှုရှိဖို့ နဲ့ လေ့လာမှုတွေ ရပ်မသွားမိဖို့လိုတယ်ဆိုတဲ့ ဆရာမောင်သာချို "
Q. ဆရာ့ရဲ့ ငယ်ဘ၀ဖြတ်သန်းမှုကို ပြောပြပါဦးဆရာ။
A. ဆရာက ကွမ်းခြံကုန်းဇာတိ။ ကွမ်းခြံကုန်းက ရန်ကုန်တိုင်းထဲမှာ ပါတယ်။ ရန်ကုန်မြို့ကနေ မိုင် ၃၀ လောက် ဝေးတယ်။ ဆရာက ကွမ်းခြံကုန်းမှာ မွေးပေမယ့် ငယ်ငယ်ကတည်းက ရန်ကုန် မှာ ကျောင်းလာတက်ရတယ်။ အဲဒီတုန်းက ၁၉၅၈-၅၉ ခုနှစ်ဝန်းကျင်ဆိုတော့ ဦးနေ၀င်း အာဏာသိမ်းပြီးခါစ၊ ဦးနုအာဏာလက်လွတ်ခါစ အချိန်ပေါ့။ တိုင်းပြည်ရဲ့ အခြေအနေက မငြိမ်မသက် ဖြစ်နေပြီး နေရာတိုင်းမှာ သူပုန်တွေ ရှိနေတယ်။ အဲဒီတော့ ဆရာ့မိဘက ဆရာ့ကို ရန်ကုန် ပို့ပြီး ကျောင်းထားတယ်။ ဆရာက အင်္ဂလိပ်ကျောင်းမှာ တက်ရတယ်။ အင်္ဂလိပ်ကျောင်းမှာက မြန်မာစာမသင်ဘူး။ အင်္ဂလိပ်စာနဲ့ သင်္ချာပဲ သင်တယ်။ အင်္ဂလိပ်ကျောင်းမှာ သုံးတန်းတက်နေတဲ့ အချိန်မှာ တိုင်းပြည်က နည်းနည်းလေး ငြိမ်းချမ်းသွားတယ်။
အဲဒီတော့ ဆရာ့မိဘက ဆရာ့ကို ကွမ်းခြံကုန်း ပြန်ခေါ်ခဲ့တယ်။ ကွမ်းခြံကုန်းက အစိုးရကျောင်းမှာ ကျောင်းပြန်တက်ရတယ်။ အစိုးရကျောင်း က ကျောင်းအုပ်ကြီးကို ဆရာ့မိဘက ဆရာ အင်္ဂလိပ်ကျောင်းမှာ သုံးတန်း အထိ တက်ခဲ့ဖူးတယ်ဆိုပြီး ပြောပြလိုက်တော့ ကျောင်းအုပ်ကြီးက ဆရာ့ကို သုံးတန်းကစပြီး တက်ခိုင်းတယ်။ သူငယ်တန်းကစပြီး တက်စရာ မလိုတော့ဘူး။ ကွမ်းခြံကုန်းက အစိုးရကျောင်းမှာ ခြောက်တန်းအထိ တက်ခဲ့တယ်။ ခုနစ်တန်းရောက်တော့ ရန်ကုန် ပြန်ပြောင်းလာခဲ့တယ်။ ခုနစ်တန်းနှစ်ကစပြီး တောက်လျှောက် ရန်ကုန်မှာပဲ ကျောင်းတက်ခဲ့တယ်။
Q. ဆရာငယ်ငယ်က ဘယ်လိုရည်မှန်းချက် ရှိခဲ့လဲဆရာ။
A. ဆရာငယ်ငယ်ကတည်းက ကြီးလာရင် တက္ကသိုလ်မှာ ဆရာလုပ်မယ် လို့ ရည်မှန်းချက်ထားခဲ့တယ်။ တက္ကသိုလ်မှာ ဆရာဖြစ်အောင်လည်း စာတွေ ကြိုးစားခဲ့တယ်။ ဒုတိယရည်မှန်းချက်ကတော့ စာရေးတဲ့အလုပ် လုပ်မယ်လို့ စဉ်းစားထားတယ်။ အဲဒီတော့ ငယ်ငယ်ကတည်းက စာအုပ်တွေအများကြီး ဖတ်ခဲ့တယ်။ စာတွေ ကြိုးစားပြီး ရေးခဲ့တယ်။ ငယ်ငယ်ကတည်းက တက္ကသိုလ်ဆရာဘ၀နဲ့ အသက်မွေးဝမ်းကျောင်း လုပ်လို့ရရင်ရ၊ ဒါမှမဟုတ် စာရေးတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်မယ်လို့ ဆုံးဖြတ်ထား တယ်။ အဲဒီအလုပ်နှစ်ခုကလွဲရင် ကျန်တဲ့အလုပ်တွေကို ဆရာ စိတ်လည်း မ၀င်စားဘူး။ ၀ါသနာလည်း မပါဘူး။ လုပ်လည်းမလုပ်ချင်ဘူး။
Q. အဲဒါဆိုရင် ငယ်ငယ်ကတည်းက စာရေးဆရာ ဖြစ်ချင်ခဲ့တာလားဆရာ။
A. ငယ်ငယ်ကတည်းက စာရေးဆရာ ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။ စာရေးချင်တာ။ ဘာကြောင့် စာရေးချင်တာလဲဆိုတော့ ဆရာတို့ခေတ် တုန်းက ရွာတွေမှာ စာကြည့်တိုက်တွေ ရှိတယ်။ အဲဒီအချိန်တုန်းက ရွာတွေက ဖွံ့ဖြိုးတိုးတက်တယ်။ ရွာတော်တော်များများမှာ စာကြည့်တိုက်တွေ ရှိတယ်။ ဆရာတို့ရွာမှာလည်း စာကြည့်တိုက်တစ်ခု ရှိတယ်။ ရွာလယ်ကောင်မှာရှိတဲ့ အိမ်ကြီးတစ်အိမ်မှာ လူမနေဘူး။ လူမနေတော့ အဲဒီအိမ်ကို စာကြည့်တိုက်လုပ်ထားတယ်။ အဲဒီ စာကြည့်တိုက်မှာ ဆရာ စာသွားဖတ်တယ်။ စာကြည့်တိုက်မှာ ရှိနေတဲ့ စာအုပ်တော်တော်များများကို ဖတ်ခဲ့တယ်။ စာအုပ်တွေကို ဖတ်ရင်းနဲ့ စာဖတ်တာ ၀ါသနာပါသွားတယ်။ နောက်တော့ စာရေးဆရာတွေ ရေးထားတာတွေကို အားကျပြီး ကိုယ်ပါ စာရေးချင် တဲ့စိတ် ဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး စာပေသန္ဓေတည်ခဲ့တယ်လို့ ဆရာထင်တယ်။
Q. ဆရာ စာစရေးဖြစ်တဲ့အကြောင်း ပြောပြပေးပါဦးဆရာ။
A. ခုနစ်တန်းနှစ်မှာ ဆရာ ရန်ကုန်ပြောင်းလာတော့ ဖတ်စရာ စာအုပ်တွေ ပိုများလာတယ်။ ကဗျာစာအုပ်တွေကို ဖတ်ရင်းနဲ့ ကဗျာရေးဖို့ စိတ်ဝင်စားလာတယ်။ အဲဒီတော့ ရှစ်တန်းနှစ်မှာ ကဗျာတွေ ရေးပြီး မဂ္ဂဇင်းတိုက်၊ ဂျာနယ်တိုက်တွေကို ပို့ခဲ့တယ်။ တစ်လကို ကဗျာအပုဒ် ၃၀၊ ၄၀ လောက် ရေးပြီးပို့ခဲ့တယ်။ ဒါပေမဲ့ တစ်ပုဒ်မှ မပါခဲ့ဘူး။ ဆရာ့ကဗျာတွေ အရွေးမခံခဲ့ရဘူး။ အဲဒီအချိန်တုန်းကတော့ စိတ်ထဲမှာ ကိုယ့်ကို နှိမ်တယ်လို့ ထင်ခဲ့တယ်။ အမှန်အတိုင်း ပြောရရင် ကဗျာတွေရေးပြီး ပို့ခဲ့ပေမယ့်လည်း ကဗျာရေးနည်းကို ဆရာ တကယ်မသိခဲ့ဘူး။ ကာရန်ဆိုတာ ဘာမှန်း မသိခဲ့ဘူး။ ကာရန်ကိုတောင် မသိဘဲနဲ့ ကဗျာရေးခဲ့တာ။ အခုအချိန် မှာ ပြန်တွေးကြည့်လိုက်တော့ ကိုယ့်ရဲ့ကဗျာတွေဟာ ကာရန်တွေ လွဲနေလို့ အယ်ဒီတာတွေ မရွေးခဲ့တာပါလားဆိုပြီး သဘောပေါက်သွားတယ်။ ကိုယ်ရေးတဲ့ ကဗျာတွေ တစ်ပုဒ်မှ အရွေးမခံရတော့ စာပေနယ်မှာ လမ်းစပျောက်သလိုမျိုး ဖြစ်ခဲ့တယ်။
ကိုးတန်းနှစ်ရောက်တော့ ဆရာ့စိတ်ကို ပြောင်းလဲသွားစေတဲ့ စာအုပ် တစ်အုပ်ကို ဖတ်လိုက်ရတယ်။ အဲဒီစာအုပ်က ဆရာမြသန်းတင့် ရေးထား တဲ့ မြန်မာ့ကျေးတောနေတို့၏ ကဗျာများစာအုပ် ဖြစ်တယ်။ အဲဒီစာအုပ်ကိုဖတ်ပြီးတဲ့နော က်မှာ
စာကောင်းပေကောင်းတွေကိုပဲ ဖတ်တော့မယ်ဆိုပြီး ဆရာကြီးရွှေဥဒေါင်း၊
ဆရာဒဂုန်တာရာ၊ ဆရာ ဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့် အစရှိတဲ့ နာမည်ကျော်
စာရေးဆရာတွေရဲ့ စာအုပ်တွေကို ဖတ်ခဲ့တယ်။ သူတို့တစ်တွေရဲ့ စာရေးပုံ၊
စာရေးနည်းတွေကို လေ့လာတယ်။ ကဗျာဆရာတွေက ကဗျာဘယ်လိုရေး သလဲဆိုတာ လေ့လာတယ်။
ကိုးတန်းနှစ်မှာ ကဗျာတွေရေးပြီး မဂ္ဂဇင်းတိုက်၊ ဂျာနယ်တိုက်တွေကို
ပို့ခဲ့တယ်။ ကဗျာတစ်ပုဒ် အရွေးခံခဲ့ရတယ်။ ဆရာ့ရဲ့ပထမဦးဆုံးကဗျာက
သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းမှာ ပါခဲ့တယ်။ နောက်တော့ တေဇဂျာနယ်မှာ
ပါခဲ့တယ်။ ဆောင်းပါးတွေ လည်းရေးတော့ ငွေတာရီမဂ္ဂဇင်းမှာ ဆရာ့ရဲ့ဆောင်းပါး
ပါခဲ့တယ်။
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်
Q. ဆရာ့ရဲ့ ငယ်ဘ၀ဖြတ်သန်းမှုကို ပြောပြပါဦးဆရာ။
A. ဆရာက ကွမ်းခြံကုန်းဇာတိ။ ကွမ်းခြံကုန်းက ရန်ကုန်တိုင်းထဲမှာ ပါတယ်။ ရန်ကုန်မြို့ကနေ မိုင် ၃၀ လောက် ဝေးတယ်။ ဆရာက ကွမ်းခြံကုန်းမှာ မွေးပေမယ့် ငယ်ငယ်ကတည်းက ရန်ကုန် မှာ ကျောင်းလာတက်ရတယ်။ အဲဒီတုန်းက ၁၉၅၈-၅၉ ခုနှစ်ဝန်းကျင်ဆိုတော့ ဦးနေ၀င်း အာဏာသိမ်းပြီးခါစ၊ ဦးနုအာဏာလက်လွတ်ခါစ အချိန်ပေါ့။ တိုင်းပြည်ရဲ့ အခြေအနေက မငြိမ်မသက် ဖြစ်နေပြီး နေရာတိုင်းမှာ သူပုန်တွေ ရှိနေတယ်။ အဲဒီတော့ ဆရာ့မိဘက ဆရာ့ကို ရန်ကုန် ပို့ပြီး ကျောင်းထားတယ်။ ဆရာက အင်္ဂလိပ်ကျောင်းမှာ တက်ရတယ်။ အင်္ဂလိပ်ကျောင်းမှာက မြန်မာစာမသင်ဘူး။ အင်္ဂလိပ်စာနဲ့ သင်္ချာပဲ သင်တယ်။ အင်္ဂလိပ်ကျောင်းမှာ သုံးတန်းတက်နေတဲ့ အချိန်မှာ တိုင်းပြည်က နည်းနည်းလေး ငြိမ်းချမ်းသွားတယ်။
အဲဒီတော့ ဆရာ့မိဘက ဆရာ့ကို ကွမ်းခြံကုန်း ပြန်ခေါ်ခဲ့တယ်။ ကွမ်းခြံကုန်းက အစိုးရကျောင်းမှာ ကျောင်းပြန်တက်ရတယ်။ အစိုးရကျောင်း က ကျောင်းအုပ်ကြီးကို ဆရာ့မိဘက ဆရာ အင်္ဂလိပ်ကျောင်းမှာ သုံးတန်း အထိ တက်ခဲ့ဖူးတယ်ဆိုပြီး ပြောပြလိုက်တော့ ကျောင်းအုပ်ကြီးက ဆရာ့ကို သုံးတန်းကစပြီး တက်ခိုင်းတယ်။ သူငယ်တန်းကစပြီး တက်စရာ မလိုတော့ဘူး။ ကွမ်းခြံကုန်းက အစိုးရကျောင်းမှာ ခြောက်တန်းအထိ တက်ခဲ့တယ်။ ခုနစ်တန်းရောက်တော့ ရန်ကုန် ပြန်ပြောင်းလာခဲ့တယ်။ ခုနစ်တန်းနှစ်ကစပြီး တောက်လျှောက် ရန်ကုန်မှာပဲ ကျောင်းတက်ခဲ့တယ်။
Q. ဆရာငယ်ငယ်က ဘယ်လိုရည်မှန်းချက် ရှိခဲ့လဲဆရာ။
A. ဆရာငယ်ငယ်ကတည်းက ကြီးလာရင် တက္ကသိုလ်မှာ ဆရာလုပ်မယ် လို့ ရည်မှန်းချက်ထားခဲ့တယ်။ တက္ကသိုလ်မှာ ဆရာဖြစ်အောင်လည်း စာတွေ ကြိုးစားခဲ့တယ်။ ဒုတိယရည်မှန်းချက်ကတော့ စာရေးတဲ့အလုပ် လုပ်မယ်လို့ စဉ်းစားထားတယ်။ အဲဒီတော့ ငယ်ငယ်ကတည်းက စာအုပ်တွေအများကြီး ဖတ်ခဲ့တယ်။ စာတွေ ကြိုးစားပြီး ရေးခဲ့တယ်။ ငယ်ငယ်ကတည်းက တက္ကသိုလ်ဆရာဘ၀နဲ့ အသက်မွေးဝမ်းကျောင်း လုပ်လို့ရရင်ရ၊ ဒါမှမဟုတ် စာရေးတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်မယ်လို့ ဆုံးဖြတ်ထား တယ်။ အဲဒီအလုပ်နှစ်ခုကလွဲရင် ကျန်တဲ့အလုပ်တွေကို ဆရာ စိတ်လည်း မ၀င်စားဘူး။ ၀ါသနာလည်း မပါဘူး။ လုပ်လည်းမလုပ်ချင်ဘူး။
Q. အဲဒါဆိုရင် ငယ်ငယ်ကတည်းက စာရေးဆရာ ဖြစ်ချင်ခဲ့တာလားဆရာ။
A. ငယ်ငယ်ကတည်းက စာရေးဆရာ ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။ စာရေးချင်တာ။ ဘာကြောင့် စာရေးချင်တာလဲဆိုတော့ ဆရာတို့ခေတ် တုန်းက ရွာတွေမှာ စာကြည့်တိုက်တွေ ရှိတယ်။ အဲဒီအချိန်တုန်းက ရွာတွေက ဖွံ့ဖြိုးတိုးတက်တယ်။ ရွာတော်တော်များများမှာ စာကြည့်တိုက်တွေ ရှိတယ်။ ဆရာတို့ရွာမှာလည်း စာကြည့်တိုက်တစ်ခု ရှိတယ်။ ရွာလယ်ကောင်မှာရှိတဲ့ အိမ်ကြီးတစ်အိမ်မှာ လူမနေဘူး။ လူမနေတော့ အဲဒီအိမ်ကို စာကြည့်တိုက်လုပ်ထားတယ်။ အဲဒီ စာကြည့်တိုက်မှာ ဆရာ စာသွားဖတ်တယ်။ စာကြည့်တိုက်မှာ ရှိနေတဲ့ စာအုပ်တော်တော်များများကို ဖတ်ခဲ့တယ်။ စာအုပ်တွေကို ဖတ်ရင်းနဲ့ စာဖတ်တာ ၀ါသနာပါသွားတယ်။ နောက်တော့ စာရေးဆရာတွေ ရေးထားတာတွေကို အားကျပြီး ကိုယ်ပါ စာရေးချင် တဲ့စိတ် ဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး စာပေသန္ဓေတည်ခဲ့တယ်လို့ ဆရာထင်တယ်။
Q. ဆရာ စာစရေးဖြစ်တဲ့အကြောင်း ပြောပြပေးပါဦးဆရာ။
A. ခုနစ်တန်းနှစ်မှာ ဆရာ ရန်ကုန်ပြောင်းလာတော့ ဖတ်စရာ စာအုပ်တွေ ပိုများလာတယ်။ ကဗျာစာအုပ်တွေကို ဖတ်ရင်းနဲ့ ကဗျာရေးဖို့ စိတ်ဝင်စားလာတယ်။ အဲဒီတော့ ရှစ်တန်းနှစ်မှာ ကဗျာတွေ ရေးပြီး မဂ္ဂဇင်းတိုက်၊ ဂျာနယ်တိုက်တွေကို ပို့ခဲ့တယ်။ တစ်လကို ကဗျာအပုဒ် ၃၀၊ ၄၀ လောက် ရေးပြီးပို့ခဲ့တယ်။ ဒါပေမဲ့ တစ်ပုဒ်မှ မပါခဲ့ဘူး။ ဆရာ့ကဗျာတွေ အရွေးမခံခဲ့ရဘူး။ အဲဒီအချိန်တုန်းကတော့ စိတ်ထဲမှာ ကိုယ့်ကို နှိမ်တယ်လို့ ထင်ခဲ့တယ်။ အမှန်အတိုင်း ပြောရရင် ကဗျာတွေရေးပြီး ပို့ခဲ့ပေမယ့်လည်း ကဗျာရေးနည်းကို ဆရာ တကယ်မသိခဲ့ဘူး။ ကာရန်ဆိုတာ ဘာမှန်း မသိခဲ့ဘူး။ ကာရန်ကိုတောင် မသိဘဲနဲ့ ကဗျာရေးခဲ့တာ။ အခုအချိန် မှာ ပြန်တွေးကြည့်လိုက်တော့ ကိုယ့်ရဲ့ကဗျာတွေဟာ ကာရန်တွေ လွဲနေလို့ အယ်ဒီတာတွေ မရွေးခဲ့တာပါလားဆိုပြီး သဘောပေါက်သွားတယ်။ ကိုယ်ရေးတဲ့ ကဗျာတွေ တစ်ပုဒ်မှ အရွေးမခံရတော့ စာပေနယ်မှာ လမ်းစပျောက်သလိုမျိုး ဖြစ်ခဲ့တယ်။
ကိုးတန်းနှစ်ရောက်တော့ ဆရာ့စိတ်ကို ပြောင်းလဲသွားစေတဲ့ စာအုပ် တစ်အုပ်ကို ဖတ်လိုက်ရတယ်။ အဲဒီစာအုပ်က ဆရာမြသန်းတင့် ရေးထား တဲ့ မြန်မာ့ကျေးတောနေတို့၏ ကဗျာများစာအုပ် ဖြစ်တယ်။ အဲဒီစာအုပ်ကိုဖတ်ပြီးတဲ့နော
Eternal Light Magazine
March 2016
၅နှစ်ပြည့်အထူးထုတ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။