Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 6, 2014

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အလှမ်းဝေး နေဦးမည်လား



ကချင်ပြည်နယ် ငြိမ်းချမ်းရေး အလှမ်းဝေး နေဦးမည်လား

“စစ်တိုက်နေတဲ့ လူမှန်သမျှ စစ်ကို မုန်းတယ်” ယင်းသည် ကချင်ပြည်နယ် ရှေ့တန်းစစ်မြေပြင် တစ်နေရာ တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်အရာရှိတစ်ဦး၏ ရင်ဖွင့်သံ ဖြစ်သည်။ ၁၇ နှစ်ကြာ ငြိမ်းချမ်း နေပြီးမှ တကျော့ပြန် ကြားရသည့် သေနတ်သံများ ယခုအချိန်အထိ မဆဲသေးချိန်တွင် ယင်းသို့ ညည်းတွား လိုက်ခြင်းပင်။

ကချင်ပြည်နယ်အတွင်း မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် တရားမ၀င် သစ်ထုတ်ယူမှုများကို တားဆီးရန် အတွက် အစိုးရ စစ်တပ်ဘက်မှပြောဆိုကာ လှုပ်ရှားလာသဖြင့် ကေအိုင်အိုနှင့် စစ်တပ်အကြား ဖေဖော် ၀ါရီလအတွင်းက ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။ ကေအိုင်အိုဖက်ကမူ အစိုးရတပ်၏ နယ်မြေစိုး မိုးရေး လှုပ်ရှားမှုကြောင့် ဖြစ်ပွားရသည်ဟု တုံ့ပြန်သည်။

“အစိုးရစစ်တပ်ရဲ့ သစ်မှောင်ခို ရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ ကေအိုင်အေတပ်စခန်း တွေ သိမ်းခံရတယ်” ဟု မြစ်ကြီးနားတွင် အခြေစိုက်ရုံး ဖွင့်ထားသည့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးမှု နည်းပညာအဖွဲ့ဝင် ဦးဒေါင်ခါးက ဆိုသည်။ တပ်မတော်ကမူ ကချင်ပြည်နယ် ဂျာအိန်ယန်ကျေးရွာရှိ တန် ချိန်လေးထောင်နီးပါးရှိသည့် သစ်ပုံကြီးကို သက်သေထူသည်။

သို့သော် ထိုသစ်များကို ကချင်ပြည်နယ်အတွင်း လွယ်လင့်တကူ ခုတ်ယူနိုင်သည့် အနေအထားမျိုး မဟုတ် တော့ဟု နှစ်ဖက်စလုံးက အတည်ပြုကြသည်။ ၎င်းတို့၏ ခန့်မှန်းချက်များအရ တရားမ၀င်သစ်များသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်း မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းရှိ ကသာ၊ ရွှေဂူ ထိုမှကချင်ပြည် နယ်မိုးမိတ်တို့မှ တစ်ဆင့် ၀င်ရောက်လာခြင်းဟု ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်အရ သစ်များသွားရာလမ်းကြောင်းသည် ဂျာအိန်ယန်ကနေ ခအူ-ပန်းတောင်း -မိုင်ဆာဗာ- လမယန်၊ ထိုမှတစ်ဆင့် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမှ တရုတ်နိုင်ငံအတွင်းသို့ ရောက်ရှိ သည်ဟု သိရသည်။

ဦးဒေါင်ခါးကမူ တရုတ်ကုန်သည်တို့၏ ပြောဆိုချက်အရ အဆိုပါသစ်များသည် အစိုးရထိန်းချုပ်နယ်မြေ အတွင်း ဖြတ်သန်းသယ်ယူလာခြင်း ဖြစ်သော်လည်း ကေအိုင်အေနယ်မြေအတွင်း ရောက်မှသာ ဖမ်းဆီး ခံရသည်ဟု ပြောသည်။

“အစိုးရရဲ့ ထိန်းချုပ်နယ်မြေကပဲ ဒီဘက်ကိုရောက်နိုင်ဖို့အတွက် အစိုးရတပ်ရင်းတွေ ရှိတယ်။ သူတို့ကို ပိုက်ဆံပေးပြီးတော့ ရောက်လာတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ သစ်လုံးများသည် မြစ်ကြီး နား-ဗန်းမော်လမ်းမကြီးကို ဖြတ်ကျော်၍ ကေအိုင်အို နယ်မြေအတွင်းသို့ ဖြတ်သန်းသွားသည့် တောတွင်း ဖောက်လုပ်ထားသော လမ်းများမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်။

မြစ်ကြီးနား-ဗန်းမော် ကျောက်ခင်းလမ်းမကြီးဘေးရှိ ၀ါးရုံတောများ၏နောက်တွင် သစ်ခိုးထုတ်ရန် စနစ် တကျ ဖောက်လုပ်ထားသော ပေ ၂၀ အကျယ်မြေသား လမ်းမာကြီးများလည်း ရှိနေသည်။ အဆိုပါ လမ်း များရှိရာကို သွပ်ပြားများဖြင့် ကာရံထားပြီး ဖြတ်မသွားနိုင်အောင် အစိုးရ စစ်တပ်ဘက်မှ မိုင်းများထောင် ထားကာ လမ်းသွားလမ်းလာများ မြင်သာအောင်“သတိမိုင်းရှိသည်”ဟု အနီရောင်ဆေးဖြင့် ရေးထားသော စာတန်းများလည်း ကပ်ထားသည်။

“ရှောင်ကွင်းလမ်းတွေက တောထဲ တောင်ထဲမှာ နေရာတကာရှိတာပဲကိုး။ အကုန်လုံးက ပင့်ကူမျှင်တွေ လိုပဲ လေ၊ လမ်းတွေ ဖောက်ထားတာ” ဟု မြစ်ကြီးနားမြို့နေ ဒေသခံဦးစိုင်းထိန်လင်းက ဆိုသည်။ ယင်း အချက်ကို တပ်မတော်အရာရှိကလည်း အတည်ပြုခဲ့ပြီး “ဒီနေရာတွေက လွတ်မြောက် နယ်မြေ ဖြစ်နေ တယ်။ ဒီကနေ ခိုးထုတ်လို့ရတယ်။ အရင် တစ်လလောက်ကမှ ပိတ်ထားလိုက်တာ။ ရှေ့မှာလမ်းအကျယ် ပဲ။ မြေသားလမ်း ပေ၂၀ ပေါ့။ အမာပဲ။ အဓိက,က တရုတ်ပဲ ဖောက်တာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် ထိုသို့ ဖော်ထုတ်ရရှိပြီးသော လမ်းခုနစ်နေရာကို အစိုးရတပ်က မိုင်းများထောင်ကာ ပိတ်ဆို့ ထားနိုင်ခဲ့ပြီဟု ဆိုသည်။ ယခင်က အဆိုပါလမ်းများသည် တပ်မတော်၊ ကေအိုင်အိုနှင့် တရုတ်ကုန်သည် တို့ နားလည်မှုဖြင့် ဖြတ်သန်းသွားနေသော လမ်းများ ဖြစ်ကြသည်။ “သုံးနားညီ ပေါ့။ အဲဒီတုန်းကတော့ တပ်လည်း ပါမယ်။ ကေအိုင်အိုလည်း ပါမယ်။ ကုန်သည်လည်း ပါမယ်။ အဲလို သုံးနားညီရင်တော့ သွားလို့ ရတာပေါ့” ဟု အဆိုပါ တပ်မတော် အရာရှိက ပြောသည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၀ နှစ်ကျော်ကာလတွင် တရားမ၀င် သစ်ဖမ်းဆီးရမိမှုမှာ တန်လေးသိန်း နီးပါးရှိသည်ဟု သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။ ကေအိုင်အို ကမူ သစ်ဖြင့်စီးပွားရေးမလုပ်ဟု ငြင်းဆိုသည်။နယ်မြေအတွင်း ဖြတ်သန်းသွားမှုများကို အခွန်ပုံစံမျိုးသာကောက် ခံသည်ဟု ဦးဒေါင်ခါးက ပြောသည်။ ဖြတ်သန်းသွားလာသည့် ယာဉ်စီးရေနှင့် သတ်မှတ် ကောက်ခံသည့် နှုန်းထားကိုမူ ၎င်းက အတည်ပြု ပြောဆိုခြင်း မရှိပေ။

အစိုးရတပ်က ဧရာဝတီမြစ် တစ်လျှောက် ကေအိုင်အေ၏ ရှေ့တန်းစခန်းများကို သိမ်းယူနေသည်ဟု ဦးဒေါင်ခါးက ပြောသည်။ တပ်မတော်ဖက်ကမူ “တားလို့ ဖမ်းလို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်းက ပါဝင်ပတ်သက်နေလို့ ခုခံရင်တော့ ငြိမှာပဲ။ ခုခံပစ်ခတ်ရင်တော့ ထိတွေ့မှုဆိုတာ ဖြစ်လာမှာပဲ။ တိုက်ပွဲ လို့တော့ ပြောလို့ မရပါဘူး။ ကျွန်တော်တို့ကလည်း ရအောင် တားမှာပဲ။ သူတို့ကတားရင် ထိတွေ့မှု ဖြစ် မှာပဲ။ ထိပ်တိုက်တွေ့မှာပေါ့” ဟု အရာရှိ တစ်ဦးက ပြောသည်။

ဦးဒေါင်ခါးကမူ “အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းစခန်းတွေ သိမ်းခံနေရတာဟာ ယုံကြည်မှုကို ထိခိုက် စေတယ်” ဟု ပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးနိုင်ရန် ညှိနှိုင်းမှုများလုပ်ဆောင်နေပြီ ဖြစ်သည်။သို့သော် ကေအိုင်အေနှင့်မူ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးပင် သဘောတူညီမှု မရရှိသေးပေ။

၂၀၁၃ ခုနှစ် နှောင်းပိုင်းအတွင်း စစ်ရှိန်လျှော့ကာတိုက်ပွဲများ မဖြစ်ပွားစေရေး ပူးတွဲစောင့်ကြည့်ကြီးကြပ် ရေး ကော်မတီဖွဲ့ရန်ကိစ္စ သဘောတူခဲ့ကြသော်လည်း ယနေ့တိုင် အကောင်အထည် မဖော်နိုင်သေးပေ။ မြန်မာငြိမ်းချမ်းရေးစင်တာမှ နည်းပညာ အထောက်အကူပြုအဖွဲ့ဝင် ဦးမင်းဇော်ဦးကတော့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီပြီးပါက ပြေလည်သွား နိုင်ဖွယ်ရှိသည်ဟု သုံးသပ်သည်။

“တစ်နိုင်ငံလုံးမှာ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့တွေ ရှိလာမယ်၊ ဒီလိုရှိလာရင် အခုလို ဖြစ် တယ်ဆိုရင် အဲဒီ အဖွဲ့အစည်းမှာ ပြဿနာဖြေရှင်းတဲ့ အဖွဲ့တွေ ရှိမယ်” ဟု ၎င်းက ပြောသည်။ ထို့ နောက် ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်တွင် ထိုသို့သောကိစ္စများ ပြေလည်စွာဖြေရှင်းနိုင်ရန် မျှော်မှန်းထားခြင်း ဖြစ်သည်။ ပဋိပက္ခများအကြား အမြတ်ထုတ်ကြသည့် ဘေးနိုင်ငံသား စီးပွားရေးသမား များကြောင့်လည်း အခြေအနေတို့ ရှုပ်ထွေးစေသည်ဟု ပြောသည်။

တရုတ်ပြည်ဘက်သို့ သစ်တင်ယာဉ်များဖြတ်လျှင် သက်ဆိုင်ရာနယ်မြေရှိ အဖွဲ့အစည်းများကို ပေးရသည့် အခွန်ငွေက ကားတစ်စီးလျှင် သိန်းဆယ်ဂဏန်းရှိသည်ဟု နှစ်ဖက်အဖွဲ့အစည်းများ၏ ပြောဆိုချက်အရ သိရသည်။

တရုတ်နိုင်ငံတွင်းတွင် သစ်တောကြိုးဝိုင်းများကို ပေးမထုတ်ဘဲ ထိန်းသိမ်းထားသောကြောင့် လိုအပ်သော သစ်ကို မြန်မာပြည်တွင်းမှ တုတ်ကုန်သည်များက ဒေသခံ အချို့နှင့်ပေါင်းကာ ထုတ်ယူနေခြင်းဖြစ်ပြီးကျွန်ျးနှင့် တမလန်းသစ် အများဆုံး ထုတ်ယူလျက် ရှိသည်။ တမလန်းသစ်တစ်တန်ကို ကုန်ကြမ်းဈေးအရ တရုတ်ငွေ ယွမ် ၂ သိန်း ခန့်ပေါက်သောကြောင့် မြန်မာငွေနှင့်ဆိုလျှင် သိန်း ၃၀၀ နီးပါး တန်ကြေးရှိသည် ဟု သစ်ကုန်သည်အချို့က ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်တော့ သစ်မှောင်ခိုနှင့်ပတ်သက်ပြီး ရရှိထားသည့် ဓာတ်ပုံ၊ မြေပုံစာရွက် စာတမ်းများနှင့်တကွ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိစ္စကို တရုတ်တို့ထံ သို့ တရားဝင် ကန့်ကွက်ထားပြီပြီဟု သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က လွှတ်တော်သို့ ယခုလအတွင်း အသိပေးပြောဆိုထားပြီး ဖြစ်သည်။ အထူးသဖြင့် မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်အတွင်း တရား မ၀င်သစ်နှင့် သတ္တုထုတ်ယူနေမှုများကို သံတမန်နည်းဖြင့် ဖြေရှင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

ကေအိုင်အိုဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ငြိမ်းချမ်းရေး လိုချင်တယ်လည်း ပြောတယ်။ သူ့ တစ် ဖက်သတ် ပေတံစည်းကမ်းနဲ့ တခြားအဖွဲ့ပေါ်မှာ အတင်းအဓမ္မအင်အားသုံးပြီးမှ ဖြေရှင်းတယ်ဆိုတဲ့ကိစ္စ က ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်မှာ ဘယ်လောက်အထိ စိတ်ပိုင်းဖြတ် ထားသလဲ။ ဘယ် လောက်အထိ စိတ်ပါဝင်စားလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပြီ” ဟု ပြောသည်။

မည်သို့ပင်ဆိုစေ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက် ၂၀၁၁ ခုနှစ်မှ စတင် စစ်ဆင်ရေးပါဝင်ခဲ့သူများ အားလုံးကတော့ ယခုအချိန်ထိ အမျှော်လင့်ဆုံးမှာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲများပင်ဖြစ်သည်ဟု ဆိုသည်။
“ဒီမှာ တစ်လမ်းလုံးသွားနေတဲ့ အချိန်မှာ ဘယ်အချိန်ဆွေးနွေးမလဲဆိုတာပဲ ခေါင်းထဲရှိတယ်။ ဘယ်အချိန် ငြိမ်းချမ်းမလဲဆိုတာပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပြန်ချင်တယ် လေ။ အားလုံးက” ဟု ကချင်ပြည်နယ်စစ်ပွဲ များတွင် ပါဝင်ခဲ့သူ ရှေ့တန်းစစ်မြေပြင်မှ အရာရှိက သူ၏ခံစားချက် ကို ဆိုသည်။

( စုမြတ်ဝေ ) ( Mizzima )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။