နယ်လ်ဆင်မန်ဒဲလားက ပြောခဲ့တယ် ....
(၁) ကိစ္စရပ်မပြီးမြောက် မအောင်မြင်ခင်မှာ ဒါဟာမဖြစ်နိုင်ပါဘူးလို့ပဲ မြင်ကြတာပါပဲ။
(၂) တောင်ထိပ်တစ်ခုကိုရောက်ပြီးတဲ့နောက် နောက်ထပ်ဒီ့ထက်မြင့်တဲ့တောင်တွေ တက်ရဦးမယ်ဆိုတာကို သင်သတိထားမိလိမ့်မယ်။
(၃) ပညာရေးဆိုတာ လောကကြီးကိုပြောင်းလဲပစ်နိုင်တဲ့ အင်အားအရှိဆုံး လက်နက်ပါ။
(၄) ကျွန်တော်က အကောင်းမြင်ဝါဒီသမားတစ်ဦးပါ။ ဒါဟာ မွေးရာပါလား၊ နောက်ပိုင်းမှ အကျင့်အဖြစ်မွေးမြူခဲ့တာလားဆိုတာကို ကျွန်တော်တိတိကျကျမသိဘူး။ အကောင်းမြင်ဝါဒီသမားတစ်ဦးဟာ နေရောင်ဘက်ကိုဦးတည်ပြီး ရှေ့သို့တက်လှမ်းနေဖို့ လိုအပ်ပါတယ်။
(၅) ဘဝမှာ အမြင့်မြတ်ဆုံးဂုဏ်ကျက်သရေဆိုတာ ဘယ်တော့မှ လဲပြိုမကျတာမဟုတ်ဘူး... လဲပြိုကျပြီးတဲ့နောက် နောက်ထပ်တစ်ဖန် ပြန်လွှင့်ထူနိုင်ခြင်းပါပဲ။
(၆) အချုပ်အနှောင်ကလွတ်ပြီး လွတ်လပ်ခြင်းဆီသွားတဲ့ ထောင်တံခါးဝကို ကျွန်တော်ဖြတ်သန်းနေချိန်မှာ ကျွန်တော်သိလိုက်ပါတယ်... တကယ်လို့ နာကျင်မှုနဲ့အမုန်းရန်ငြိုးကို ကျွန်တော်လွှတ်မချနိုင်ခဲ့ရင် ကျွန်တော်ဟာ ထောင်ထဲမှာပဲ တကယ်ရှိနေဦးမှာပဲ။
(၇) သတ္တိရှိရဲရင့်သူတွေဟာ ငြိမ်းချမ်းရေးအတွက်ဆိုရင် ခွင့်လွှတ်ရမှာကိုမကြောက်ဘူး။
(၈) ဘယ်သူကမှ မွေးဖွားလာကတည်းက အသားအရောင်ကွဲပြားလို့၊ ဘက်ကရောင်းမတူလို့ ဒါမှမဟုတ် ကိုးကွယ်တဲ့ဘာသာကြောင့်ဆိုပြီး တခြားသူကို မမုန်းဘူး။ မုန်းတယ်ဆိုတာ မုန်းတာကို သူတို့သင်ယူခဲ့လို့ပါ။ တကယ်လို့ မုန်းတာကိုသူတို့သင်ယူနိုင်ရင် ချစ်တာကိုလည်း သူတို့သင်ယူနိုင်ပါတယ်။ အချစ်က အမုန်းထက် လူတွေရဲ့ရင်ထဲကို သဘာဝအလျောက် ပိုဝင်နိုင်လို့ပါပဲ။
ဖတ်မိတာလေးကို ကြိုးစားဘာသာပြန်မျှဝေပါတယ်..
နိုင်းနိုင်းစနေ (March.7.2014)
နိုင်းနိုင်းစနေ (March.7.2014)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။