Tun Wai
*** ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမလား ***
( ဆဲဗင်ဒေးသတင်းစာပါ ဘာသာပြန်ဆောင်းပါး)
သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးပြောင်းလဲမှုများက သူရှေ့ ကအုပ်ချုပ်ခဲ့ သူများ၏ ကန့်သတ်ရည်မှန်းထားသည့် စည်းကမ်းကျနသောဒီမိုကရေစီဆိုတာထက် သာလွန်နေပြီဖြစ်ကြောင်း နေပြည်တော်က မြန်မာလွှတ်တော်အသစ်ကြီးက သက်သေပြနေပါသည်။ လွှတ်တော်ပထမဆုံးစတင်ခဲ့ သည်၂၀၁၁ခုနှစ်ဇန်န၀ါရီလအချိန်ကမှု ၂၀၁၀ခုနှစ်ရွှေးကောက်ပွဲတွင် အနိုင်အများဆုံးရခဲ့သည့် ကြံခိုင်ဖွံဖြိုးရေးပါတီဝင်များနှင့် ၂၅ရာခိုင်နှုန်းသော စစ်တပ်အမတ်များကြောင့် လွှတ်တော်သည် ရုပ်သေးလွှတ်တော်နှင့် တူနေခဲ့ သည်။ သို့ သော်လည်းတက်ကြွသည့် ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရရွှေမန်း၏ လက်အောက်တွင် မြန်မာလွှတ်တော်ကသတ္တိရှိလာပြီး ကြိုတင်ခန့်မှန်းရခက်ကာ သမ္မတကို ရင်ဆိုင်စိန်ခေါ်ရန် မကြောက်သည့်လွှတ်တော်တခုဖြစ်လာပါသည်။တိုင်းရင်းသားပါတီတခုကဖြစ်သည့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီက အမတ် ဦးလှစောက လွှတ်တော် အစဦးပိုင်းရက်များတွင် တခြားအတိုက်အခံလွှတ်တော်အမတ်များကဲ့သို့ပင်သူ၏ မေးခွန်းများဖြစ်သော ပြည်ထောင်စုစနစ်နှင့် ပြည်နယ်များပိုင်ဆိုင်မှု ဝေခွဲရေးနှင့်ဆိုင်သော မေးခွန်းများကိုတားမြစ်ခံခဲ့ရသည်ဟုဆိုသည်။သို့ သော်ယခုအချိန်တွင်မှူ “ “ကျနော်တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်လာပါပြီ။ ဒါဟာ တကယ့်ကို အပြုသဘောဆောင်ပြီး အဲဒိအတွက် ကျနော်တို့ အမတန်စိတ်ချမ်းသာရပါတယ်” ဟုသူက ပြောကြားသည်။ ၂၀၁၂ခုနှစ်ဧပြီလရွှေးကောက်ပွဲတွင်အနိုင်ရခဲ့သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်အမတ်ဦးဝင်းထိန်ကလည်း လွှတ်တော်သည် ယခုအခါ အလွန်ကို အသက်ဝင်လာပြီဟုဆိုသည်။ ကြံခိုင်ဖွံဖြိုးရေးပါတီက အမတ်များပင် လွှတ်တော်အဆိုပြုချက်များကို ဆင်ခြင်ညဏ်အပြည့်ဖြင့် သုံးသပ်စီစစ်အတည်ပြုလာကြပါသည်။ဦးရွှေမန်းက ထက်မြက်သော နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်ပြီး လာမည့်၂၀၁၅ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကောင်းယှဉ်ပြိုင်မည်ဟု မျှော်လင့်ထားကြသည်။သူကလွှတ်တော်ကို သူ၏ ကိုယ်ပိုင်အကြံအစည်၏ ရှေ့ ပြေးအဖြစ် အသုံးချနေပြီးသမ္မတဦးသိန်းစိန်၏ အာဏာကို အခါအားလျှော်စွာကန့်သတ်ထိန်းချုပ်ခဲ့ပါသည်။မြန်မာနိုင်ငံ၏ စနစ်အရ လွှတ်တော်အမတ်များက သမ္မတကို ရွေးချယ်ရပါသည်။ ဦးရွှေမန်းက လူကြိုက်များသော ဒေါ်အောင်ဆန်းစုကြည်နှင့်မဟာမိတ်ဖွဲ့ ထာပြီး သူ၏အများပြောသည်ကိုနားလည်လက်ခံမှူနှင် စေ့စပ်ညိနှိုင်းမှုတို့ ကြောင့် တခြားအတိုက်အခံအမတ်များ၏ လေးစားယုံကြည်မှုကိုလည်း ရရှိထားပါသည်။သူက အလားအလာရှိသောသမ္မတလောင်းတဦးဖြစ်လာနိုင်ပြီး စည်းမျဉ်းအရ ဒေါ်အောင်ဆန်းစုကြည်သာသမ္မတဖြစ်မလာနိုင်ခဲ့လျှင် သူက စစ်တပ်နှင့်အတိုက်အခံပါတီများအကြားက ခြားနားမှူများကို ကြားဝင်တံတားခင်းစေ့စပ်ပေးမည့်သူဖြစ်လာနိုင်ပါသည်။ စောင့်နေသူဒေါ်အောင်ဆန်းစုကြည်လူအများစု၏ အကြိုက်ကား ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှာ မြန်မာဒီမိုကရေစီလမ်းစပွင့်လင်းလာမှု၏ သိသာထင်ရှားသောအကျိုးဆက်များဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်နှင့် ဦးရွှေမန်းကို ထောက်ခံပေးခဲ့မှုက နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များကို ပိုမိုမြန်ဆန်လာစေသည်။ဒေါ်အောင်ဆန်းစုကြည်၏ ကူညီမှုများကို တုံပြန်သည့်အနေဖြင့်သမ္မတဦးသိန်းစိန်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တရားဝင်အသိအမှတ်ပြုပေးခဲ့ သည်။သူက ၂၀၁၂ ဧပြီလကြားဖြတ်ရွှေးကောက်ပွဲကို ၁၉၉၀ပြီးကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ပါဝင်ခွင့်ပြခဲ့ပြီး မျှတပြီးလွှတ်လပ်သည့် ရွှေးကောက်ပွဲဖြစ်စေခဲ့ သည်။ဆယ်စုနှစ်များစွာဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားဝင်အသိအမှတ်မပြုခဲ့ သော်လည်း သူ၏ သြဇာအာဏာကြီးမှုက ကျရှုံးမသွားဘူးဆိုသည်ကို ထိုကြားဖြတ်ရွှေးကောက်ပွဲက သက်သေပြခဲ့ သည်။ အမတ်နေရာ ၄၄နေရာယှဥင်္်ပြိုင်ရာတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၃နေရာအပြတ်အသတ်အနိုင်ရခဲ့ သည်။ ကြံခိုင်ရေးပါတီဝင်များစိုးမိုးထားသည့် အစိုးရရုံးများရှိသည့်နေပြည်တော်က အမတ်လေးနေရာမှာပင် ကြံခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့ သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုမဲပေးခဲ့ သူများက ဒီမိုကရေစီကိုလိုလားမှုကြောင့်ဖြစ်သလို မိသားစုဘ၀နှင့် မိမိလွတ်လပ်ခွင့်ကို တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်ကြောင့်လည်းဖြစ်သည်။ မြန်မာလွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ်လည်း စစ်တပ်က အတိုက်အခံများ၏ လေးစားမှုကိုပင် ခံရသူလည်းဖြစ်သည်။အာရှနိုင်ငံရေးလောကတွင် မိသားစုအစဉ်အလာကို လက်ခံသည့် သဘောရှိသည့်အတွက် ဖခင်ဖြစ်သူကြောင့် တခြားပြိုင်ဘက်များထက် သူက အခွင့်အရေးများပိုရထားသည့်သဘောရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များတွင် စစ်တပ်ဝတ်စုံနှင့်ဗိုလ်ချုပ်အောင်ဆန်း၏ ထင်ရှားသည့်ဓာတ်ပုံနှင့် မကြာခဏ ယှဉ်တွဲဖော်ပြလေ့ရှိသည်။ ထိုဓတ်ပုံမှာ ဗိုလ်ချုပ်အောင်ဆန်း၁၉၄၇ခုနှစ်တွင် ဗြိတိသျှအစိုးရနှင့် လွတ်လပ်ရေးဆွေးနွေးရန်အတွက် လန်ဒန်ကိုသွားစဉ်က ရိုက်ကူးခဲ့ သောဓတ်ပုံဖြစ်ပါသည်။ စစ်အစိုးရကလက်ထက်က ပါတီ၏ လှုပ်ရှားမှုများကို ကန့်သတ်ထိန်းချုပ်ခံရသည့်ကြားထဲက ၂၀၁၂ခုနှစ်ကြားဖြတ်ရွှေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကအနိုင်ရခဲ့ပါသည်။ ထိုအချိန်က ခေါင်းဆောင်အတော်များများက အချုပ်ကျခံနေရသည်။အချို့ ဆိုလျှင်ထောင်ထဲမှာ ဆယ်စုနှစ်ချီကြာခဲ့သည်။ အများစုမှာ ပြောစမှတ်ပြုလောက်အောင် သူတို့ ၏ ရန်သူတော်ဟောင်းစစ်ဗိုလ်ချုပ်များကို ခွင့်လွှတ်နိုင်ကြသူများဖြစ်သည်။ ထောင်ထဲတွင် အနှစ်နှစ်ဆယ်ခန့် နေခဲ့ ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဦးဝင်းထိန်က ယခုအခါတွင်လွှတ်တော်အမတ်တယောက်အဖြစ်နှင့် လွှတ်တော်တွင် သူတို့ နှင့်အတူတွဲအလုပ်လုပ်နေရပါသည်။ ဗုဒ္ဓဘာသာတယောက်အနေဖြင့် သူကရင်ထဲတွင်ဒေါ်သမထားရှိဘဲ လက်စားချေလို သည့်အာဃာတ အတွေးများကိုလည်း သင်ပုန်းချေထားသည်ဟု သူကဆိုသည်။“ဒေါ်သဆိုတာမီးလိုဘဲ ။ ကိုယ်ပိုခံစားလေကိုယ့်ကို လောင်မြိုက်လေဘဲ”အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကယခုအခါတွင် မြေအောက်ဆန့် ကျင်လှုပ်ရှားမှုများလှုပ်ခဲ့ သော ပါတီတခုအနေအထားကနေ အစိုးရဖြစ်လာမည့် ပါတီတခုအနေအထားကို ပြောင်းလဲနေသည်။မြန်မာရွှေးကောက်ပွဲစနစ်အောက်တွင် ယခင် ကြားဖြတ်ရွှေးကောက်ပွဲကဲ့ သို့ အောင်မြင်မှူများကို နိုင်ငံလုံးအတိုင်းအတာအနိုင်ရခဲ့ပါက ၂၀၁၅ ရွှေးကောက်ပွဲတွင် အောင်နိုင်သူကြီးဖြစ်နိုင်ချေရှိပါသည်။ ကြံခိုင်ရေးပါတီအနေဖြင့် အမတ်တနေရာမှ မနိုင်သည့်အနေအထားမျိုးပင်ရှိလာနိုင်သည်။ပါတီအင်အားကို အားကောင်းလာရန်အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က ပထမအကျြိမ်မြောက်ပါတီညီလာခံကို မတ်လကကျင်းပခဲ့ သည်။ သို့ သော်အောင်မြင်မှုမှာ ထင်သလောက်မရခဲ့ ချေ။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအာဏာကို တဦးတည်းစွဲကိုင်ထားမှု မျိုးဆက်သစ်များနှင့်အကြံညဏ်သစ်များကို လက်မခံမှုအပေါ်ဝေဖန်မှုများရှိလာခဲ့ ၏ဒေါ်အောင်ဆန်းစုကြည်နှင့်နီးနီးကပ်ကပ်အတူလုပ်ဖူးခဲ့ သည့်မခင်လေးက ” ဒေါ်စုက တခုခုပြောလိုက်ရင် မူဝါဒဖြစ်သွားတာဘဲ။ ဒေါ်စုကို ဝေဖန်လိုက်တာနဲ့  သစ္စာဖောက်ဖြစ်သွားတာဘဲ”ဟု ပြောကြားသည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည် စိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ စီးပွားရေး ၊နိုင်ငံခြားရေးမူဝါဒများကို ချမှတ်နိုင်မည်လားဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည်၏ခေါင်းဆောင်မှုက စမ်းသပ်မှုတခုသဖွယ်ဖြစ်လာပါလိမ့်မည်။ ယခုလို အတူတကွပူးပေါင်းလုပ်ဆောင်ရန် နှစ်နှစ်ကြာမြငိ့ခန့်ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂၀၁၅ ရွှေးကောက်ပွဲတွင် နိုင်ခဲ့သည်ဆိုလျှင်ပင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်လာနိုင်သေးမည်မဟုတ်။ အခြေခံဥပဒေအရ သူ့ကို သမ္မတဖြစ်ရန် ကန့်သတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၉ခုနှစ်တွင်ကွယ်လွန်ခဲ့ သည့် အင်္ဂလန်နိုင်ငံသားမိုက်ကယ်အဲရစ်ကိုလက်ထပ်ခဲ့ပြီးသားနှစ်ဦးမှာလည်း ဗြိတိသျှ နိုင်ငံကူးလတ်မှတ်ကိုင်ဆောင်သည့် နိုင်ငံခြားသားများဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်က ၂၀၀၈ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးစားနေသည်။စစ်တပ်ကမှူ အခြေခံဥပဒေကို ပြင်ဆင်ရန်အဆိုပြုသမျှကို တချက်လွှတ်အာဏာဖြင့် ပယ်ဖျက်မည်ဖြစ်သည်။ ကြံခိုင်ရေးပါတီထဲတွင် သူရရွှေမန်းဦးဆောင်သောအဖွဲ့ ကသာ ၂၀၁၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချု့ပ် အာဏာရလာမည်ကို ရှောင်လွှဲနိုင်မည့်နည်းလမ်းမှာေ၇ွှးကောက်ပွဲစနစ်ကိုပြောင်းလဲရန်နှင့် လွှတ်တော်ကိုယ်စားလှယ်အချိုးအစားစနစ်ကို ပြောင်းလဲရန်ဖြစ်သည်ကို နားလည်သဘောပေါက်သည်။ ထို့ ကြောင့် အခြေခံဥပဒေကိုပြင်ဆင်ချင်သည်။အခြေခံဥပဒေက မည်သည့်ရွှေးကောက်ပွဲစနစ်ကိုကျင့်သုံးရမည်ကို သီးခြားပြဌာန်း မထားသော်လည်းအောက်လွှတ်တော်အနေဖြင့် အမတ်တဦးချင်းစီစနစ်ဖြင့် ဖွဲ့ စည်းရန်လိုအပ်သည်။ သို့ အတွက် လွှတ်တော်ကိုယ်စားလှယ်အချိုးအစားစနစ်ကို ပြောင်းလဲရန် အခြေခံဥပဒေကိုပြင်ဆင်ရန်လိုအပ်သည်။ မတ်လက ကြံခိုင်ရေးပါတီက အကျိုးအကြောင်းမပြောဘဲ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန် လွှတ်တော်ကော်မတီတခု တည်ထောင်ခိုင်းခဲ့ သည်။ ပါတီအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန်အကောင်းဆုံးအချိန်မှာလွှတ်တော်တွင် အမတ်အများဆုံးရှိနေသည့် အချိန်ဖြစ်ပါသည်။တိုင်းရင်းသားပါတီများဖြစ်သည့် ကရင်၊ချင်း။ရှမ်းပါတီများမှာ ကိုယ်စားလှယ်အချိုးအစားစနစ်ကိုထောက်ခံကြသည်။ သူတို့ ကကြံခိုင်ရေးပါတီကဲ့ သို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလွှတ်တော်ထဲတွင် အပြတ်အသတ်အနိုင်ရမည်ကို ကြောက်ရွံကြသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူမျိုးအများစုပါဝင်သောပါတီကို သူတို့ အနေဖြင့်အယုံအကြည်မရှိသည့်အတွက်ဖြစ်သည်။ထိုကြောင့်လွှတ်တော်တွင် အလောင်းအစားကစားပွဲတခုဖြစ်လာနိုင်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်တားမြစ်ထားသည့် အခြေခံဥပဒေကိုပြင်ဆင်ခွင့်ရပါလျှင် အပြန်အလှန်အားဖြင့် လွှတ်တော်တွင်အမတ်အချိုးကျစနစ်ကိုခွင့်ပြုပေးကောင်းပေးရနိုင်သည်။ထို့ ကြောင့် နေပြည်တော် လွှတ်တော်အတွင်းတွင် အလှဲအထပ် ညိနိုင်းမှု အပေးအယူအများအပြားဖြစ်လာရန် အခြေအနေများစွာရှိနေပါသည်။
အီကောနော်မစ်စာစောင်မှ Suu Kyi for president ဆောင်းပါးကို ထားထားမြင့်မှဘာသာပြန်ဆိုပါသည်။
မူရင်း 7 Day News မှကူးယူ ဖော်ပြပါတယ်။
1.10.2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။