We Love Music
#Punk Subculture
ပန်ခ့်ယဉ်ကျေးမှု ဆိုတာဟာ ပန်ခ့်ရော့ခ်ဂီတ အပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှု ပုံစံကွဲတစ်ခု ဖြစ်ပါတယ်။ ပန်ခ့်လှုပ်ရှားမှုဟာ ၁၉၇၀ ခုနှစ် အလယ်ပိုင်းကနေ နှောင်းပိုင်းတ၀ိုက် ဗြိတိန်၊ အမေရိကားနဲ့ သြစတြေးလျက ပိုမိုကျယ်ပြန်တဲ့ ရောခ့်အင်ရိုးလ် ဂီတရပ်ဝန်းကနေ စတင်ပေါ်ထွက် လာချိန်ကတည်းက ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပြီး ကွဲပြားခြားနားတဲ့ ပုံစံအမျိုးမျိုး အဖြစ် တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ ပန်ခ့်ယဉ်ကျေးမှုမှာ တမူထူးခြားတဲ့ ဂီတဟန်တွေ၊ အတွေးအခေါ်တွေ၊ ဖက်ရှင်စတိုင်လ်တွေ ၊ အမြင်အာရုံပိုင်းဆိုင်ရာ အနုပညာပုံစံတွေ၊ အကန်ဟန်တွေ၊ စာပေရေစီးကြောင်းတွေနဲ့ ရုပ်ရှင်အနုပညာ ပုံစံတွေအထိ မျိုးစုံအောင် ပါဝင်ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ နောက်ပြီး ပန်ခ့်ဆိုတဲ့ စ...ကားလုံးဟာ လူနေမှုဘ၀ပုံစံနဲ့ အဖွဲ့အစည်းကိုလည်း ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ ပန်ခ့်မြင်ကွင်းတစ်ခုဟာ Hardcore နဲ့ Street Punk တို့လို ပိုမိုသေးငယ်တဲ့ ယဉ်ကျေးမှုတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီယဉ်ကျေးမှု အုပ်စုငယ်တွေဟာ ပန်ခ့်ယဉ်ကျေးမှုအပေါ် မတူခြားနားတဲ့ အဓိပ္ပါယ်ဖွင့်ဆို တင်ပြမှုတွေနဲ့ တစ်ခုချင်း ခွဲခြားထားကြတာ ဖြစ်ပါတယ်။ Goth Rock နဲ့ Psychobilly အပါအ၀င် တချို့ယဉ်ကျေးမှု ပုံစံတွေကတော့ ပန်ခ့်ကနေ တိုးတက်ဖြစ်ထွန်း လာခဲ့ကြပေမယ့် သူတို့ရဲ့ အခွင့်အလမ်းတွေက တစ်ဆင့်သီးသန့် ခွဲထွက်သွားခဲ့ကြပါတယ်။ ပန်ခ့်ယဉ်ကျေးမှုဟာ ပေါ်ပြူလာယဉ်ကျေးမှုနဲ့ ဆူညံစိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ပြီး စီးပွားရေးဆန်ခြင်းနဲ့ သင့်တော်ဆီလျော်မှုတို့ကို ငြင်းဆန်ရင်း ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။

( #PunkSubculture -Scum /ALinKar Vol:10/No:4 2008)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။