Guide Magazine
ကက်ဆက် ခွေ ထဲမှ သီချင်းတွေကို MP 3 ပြောင်းပေးမယ့် Tape-to-MP3 Converter
*************************************************
အသစ် တွေ ထွက်ပေါ်လာပြီးတော့ အဟောင်းတွေဘက်ကို ဦးလှည့်
လာပြီလို့ လည်း ထင်ပါတယ်။ အရင် နည်းပညာအဟောင်း တွေကို ယနေ့ ခေတ် မှာ တိုးတက်လာတဲ့ နည်းပညာတွေနဲ့  ပေါင်းစပ် ဖန်တီးတဲ့ အခါမှာတော့ အလွန်ကို အသုံးဝင်တဲ့ ပစ္စည်းကောင်းလေးတွေ
ဖြစ်ပေါ်လာပါပြီ။

ဒီ ပစ္စည်းလေးက ကျွန်တော်တို့  ငယ်ငယ် တုန်းက သီချင်းတွေကို နားဆင်ဖို့ အတွက် အသုံးပြုခဲ့ကြတဲ့ ကက်ဆက်ခွေထဲမှ သံစဉ်တွေကို MP အဖြစ် ပြောင်းလဲပေးမယ့် ပစ္စည်း ဖြစ်ပါတယ်။
အရင် သီချင်း ကတ်ဆက်ခွေ အဟောင်း တွေထဲမှာ သီချင်းတွေကို
ပြန်လည် နားဆင် အသုံးပြုချင်သူတွေ အတွက်တော့ အသုံးဝင်ဦးမယ့် ပစ္စည်းလေးပါပဲ။
ကွန်ပျူတာမှာ ပါတဲ့ USB နဲ့  ချိတ်ဆက်ပြီးတော့ ကက်ဆက်ခွေ ထဲမှ သီချင်းတွေကို MP 3 အဖြစ် ပြောင်းလဲ ပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ တိုက်ရိုက်ချိတ်ဆက်ပြီး ကက်ဆက်ခွေ ထဲမှ သီချင်းတွေကို နားဆင်နိုင် မှာလည်းဖြစ်ပါတယ်။
ဈေးနူန်းကလည်း $ 34.89 သာ ရှိတာကြောင့် ဈေးနူန်းသင့်တင့်တယ် လို့ ဆိုရမှာပါ။
Kaung Zay Yan
(August Myanmar Media Group)
http://www.miniinthebox.com/super-usb-cassette-capture-and-tape-to-mp3-converter-plug-and-play_p215960.htmlမှာ ၀ယ်ယူ ရရှိနိုင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။