Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 11, 2013

အင်တာနက် လွတ်လပ်ခွင့်အား စိန်ခေါ်ကြည့်ခြင်း (သို့မဟုတ်) ခေတ်စားလာသော Facebook အန္တရာယ်

 
ဝေဟင်ချစ်သူ
အင်တာနက် လွတ်လပ်ခွင့်အား စိန်ခေါ်ကြည့်ခြင်း (သို့မဟုတ်) ခေတ်စားလာသော Facebook အန္တရာယ်

အခုတလော မြန်မာပြည်သူတွေကြားမှာ Social Network တစ်ခုဖြစ်တဲ့ Facebook အသုံးပြုခြင်းက အတော်အတန် ခေတ်စားလာပါတယ်။ Social Network ဆိုတဲ့ ဝေါဟာရကို ကျွန်တော် အတော်အတန် လေ့လာဖြစ်ခဲ့တာ ကြာပါပြီ။ Myspace တို့ Friendster တို့လက်ထက်ကတည်းက Social Network ကို ကျွန်တော် စတင်အသုံးပြုခဲ့ဖူးပါတယ်။ ကျွန်တော် အင်တာနက်ကို စတင်အသုံးပြုခဲ့တဲ့အချိန်မှာ social network ဆိုတဲ့ ဝေါဟာရက ဒီမှာ သိပ်ခေတ်မစားသေးပါဘူး။
ကျွန်တော့် မိဘကျေးဇူးနဲ့ အင်တာနက်ဆိုတာကို ၂၀၀၂ ခုနှစ်မှာ ကျွန်တော် ၁၆ နှစ်သားမှာ စတင်အသုံးပြုခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ကျောင်းလက်ရွေးစင် ကွန်ပျူတာသမားတစ်ဦးအနေနဲ့ပေါ့။ အဲဒီတော့ ကျွန်တော် ဘာလုပ်ရသလဲဆိုတော့ အင်တာနက်ဆိုတာကြီးကို ရှာဖွေသုတဟင်းလေးအိုးကြီးအနေနဲ့ အသုံးပြုခဲ့ရတာပါ။

ပထမဦးဆုံး social network ကို ကျွန်တော် စတင် အသုံးပြုခဲ့တဲ့ ရည်ရွယ်ချက်က ကမ္ဘာမှာ ကျွန်တော်လိုချင်တဲ့ ဗဟုသုတတွေ မေးမြန်းနိုင်အောင် နောက်ပြီး မိတ်ဆွေသစ်တွေ ရရှိနိုင်အောင် ကျွန်တော့် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာကျွမ်းကျင်မှု မြင့်မားလာအောင် ကျွန်တော့် အနာဂတ်ကို ကျွန်တော် တွေးတောနိုင်အောင် ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်လာနိုင်မယ့် နည်းပညာ အခြေခံစနစ်တွေ ရရှိလာနိုင်အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက social network တွေဟာ အခုလို မြန်မာစာနဲ့ အသုံးပြုနိုင်ခြင်းလဲ မရှိသေးပါဘူး group တွေ game request တွေ လည်းမရှိသေးပါဘူး။ ဓါတ်ပုံလေးတွေတင်မယ် ကိုယ်ကြိုက်တဲ့ activity ပုံလေးတွေ ဝေမျှမယ် ကိုယ့်အကြောင်း ကိုယ့် portfolio လေးတွေ ဝေမျှမယ် စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ အသုံးပြုခဲ့ပါတယ်။

ကျွန်တော့် ရည်ရွယ်ချက် အောင်မြင်ခဲ့သလား မေးရင်တော့ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီကနေတဆင့် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ နည်းပညာပြောင်းလဲမှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ကျွန်တော် မရှင်းလင်းတာရှိရင် yahoo မှာ ရှာကြည့်တယ် (ချွင်းချက်အနေနဲ့ ထိုအချိန်က google အရမ်းခေတ်မစားသေးပါ) အဲဒါမှ သိပ်မရှင်းလင်းသေးရင် ကျွန်တော့် မိတ်ဆွေတွေကို ထပ်မေးမြန်းတယ် အဲဒီလိုနဲ့ ကျွန်တော် အင်တာနက် ကွန်ပျူတာ လောကကြီးကို ဝင်ရောက်ခဲ့ပါတယ်။

နောက်ပြီး ချက်တင်ပေါ့ ၂၀၀၃ ၂၀၀၄ လောက်မှာ အဲဒီအချိန်က Gtalk မပေါ်သေးပဲ MIRC ဆိုတဲ့ ygnchat တို့ ခေတ်စားချိန်ကာကမှာပေါ့ဗျာ။ ကျွန်တော်လည်း ကျောင်းအားတဲ့အချိန် စာကြည့်ပြီးသွားတဲ့ အချိန်လေးတွေဆိုရင် ချက်တင်ထိုင်ဖြစ်တယ်။ ဒါပေမယ့် admin လုပ်ရတဲ့ ဝါသနာက ငယ်စဉ်ကတည်းက ဇာတိပြဆိုသလိုလားမသိဘူး ကျွန်တော် ချက်တင်လုပ်ရတယ်ကိုမရှိပဲ ygnchat မှာ အလားတူ group လေးတွေဖွဲ့ (အခုလို ဝေဟင်ချစ်သူရဲ့ အစဆိုပါတော့ဗျာ) invite လေးတွေလုပ်ပြီး စုပေါင်း ဆွေးနွေးတဲ့ group discussion လေးတွေ လုပ်ဖြစ်တယ်။ အဲဒီမှာ မိန်းကလေးတွေကို နှမချင်းမစာမနာ လာပြောတဲ့သူတွေ လာ အီစီကလီလုပ်တဲ့သူတွေ group နဲ့ မဆိုင်တဲ့ အခြား ဆွေးနွေးတာကို လုပ်တဲ့သူတွေကို ban တာပေါ့ဗျာ ပြီးတော့ group ကို မော်နီတာလုပ်တာပေါ့။ အဲဒီအတွေ့အကြုံလေးကို ရခဲ့ပါတယ်။ အဲဒီမှာ ဘာစပြီး ကမောက်ကမ ကျွန်တော်လုပ်ခဲ့သလဲဆိုတော့ ကျွန်တော်က အဲဒီ ချက်တင်ကို ၂၄ နာရီ မော်နီတာ မလုပ်နိုင်ဘူးလေ အဲဒီတော့ ကျွန်တော့်ကိုယ်စား မော်နီတာလုပ်မယ့် bot တစ်ကောင်ကို ဖန်တီးတည်ဆောက်တာပေါ့ မသိရင်တော့ ကျွန်တော်က ၂၄နာရီ ထိုင်ကြည့်နေသလိုပေါ့ဗျာ ကျွန်တော် မလိုချင်တဲ့ စကားတွေကို ရေးရင် auto ဘန်းတယ် ဆင်ဆာဖြတ်တယ်ပေါ့ဗျာ။ အဲဒီကောင်းကျိုးက ဘယ်လိုဖြစ်လဲဆိုတော့ အဲဒီခေတ်က bot က အခုခေတ်လို သိပ် intelligent မဖြစ်တာလဲ ပါတာပေါ့ဗျာ အိမ်က ကွန်ပျူတာနဲ့ အင်တာနက်ကို ၂၄နာရီနီးပါး ဖွင့်ထားခဲ့ရတာပဲ။ အင်တာနက်အတွက် ကျွန်တော့်အိမ်ကလည်း သီးသန်းဖုန်းတလုံးထားပေးထားတာလည်း ကျေးဇူးတင်ရတာပေါ့ဗျာ။ ကျွန်တော့်အိမ်က ကျွန်တော် မဟုတ်တာမလုပ်ဘူးဆိုတာ သိထားတော့ ကူညီပေးကြတာပေါ့။ အင်တာနက်ကလဲ ဒွီ ဒွီ နဲ့မည်တဲ့ dial up လေ ကြိုက်သလောက်သုံး ကျသလောက်ရှင်းစနစ်ပေါ့။ သိပ်မကြာပါဘူးဗျာ ကျွန်တော့်အိမ်က monitor ကြီး မီးလောင်ပါလေရော ကျွန်တော် လက်ဦးလို့ပေါ့ မဟုတ်ရင် အိမ်ပါ လောင်သွားနိုင်တယ်။ အဲဒီခေတ်က CRT Monitor ကြီးတွေက အခုခေတ် LCD LED တွေလို မဟုတ်ဘူးလေ အရမ်းပူတာပေါ့။ အဲဒါကို ကလေးဆိုတော့ သိပ်မစဉ်းစားမိဘူး ဒါတောင် အဲကွန်းထဲ ၂၄နာရီ ဖွင့်ထားခဲ့တာ အေးနေရင် ပြီးရော ထင်ခဲ့တာပေါ့။

အဲဒီခေတ်တွေ ဖြတ်သန်းရင်းနဲ့ အင်တာနက်ဆိုတာကြီးရယ် ကွန်ပျူတာ နည်းပညာဆိုတာကြီးရယ် ဆိုရှယ်နက်ဝေါ့ဆိုတာကြီးရယ်ကိုပါ ကျွန်တော် အကျွမ်းဝင်ခဲ့ပါတယ်။ အဲဒီကအတွေ့အကြုံတွေကို အခြေခံရင်း အဲဒီခေတ်က တပ်မတော်ခမ်းမမှ ကျင်းပတဲ့ အိုင်စီတီ ပြပွဲမှာ ကျွန်တော်ဟာ ကျောင်းကိုယ်စားပြုပါဝင်ခဲ့ရပါတယ်။ အဲဒီအချိန်က အခုလို အိုင်တီလုပ်ငန်းတွေ ခေတ်မစားသေးပဲ ကျောင်းပေါင်းစုံနဲ့ အိုင်တီလုပ်ငန်းအချို့က လက်ရွေးစင်တွေသာ ပါဝင်ပြသရတဲ့ ပွဲပေါ့ဗျာ။ MICT Park တောင် ဆောက်ပြီးတာ သိပ်မကြာသေးဘူး။ ကျွန်တော်မှတ်မှတ်ရရ ကျွန်တော် ၁၀ တန်းဖြေခါနီး ၁ ပါတ် ၂ ပါတ် အလိုလောက်ပေါ့ အဲဒီမှာ ကျွန်တော် ဝင်ပြခဲ့တာ... ကျွန်တော်တို့ ပြကွက်ကို အဲဒီခေတ်က နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး အားပေးသွားလို့ လူငယ်တစ်ဦးအနေနဲ့ အတော်ပျော်ခဲ့တယ်။ ကျောင်းက ဆရာမတွေကလည်း အားပေးတာပေါ့ဗျာ။ ကျွန်တော်က TTC ကလေ အဲဒီအချိန်မှာ ပြပွဲတွေမှာ TTC က အများဆုံးပါဝင်ပြသခဲ့တာပဲ။ ကျောင်းအတွက်လည်း ဂုဏ်ယူတာပေါ့။

နောက်ပိုင်းကာလတွေမှာ ကျွန်တော် မြန်မာပြည်နဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ private institute တွေမှာ ကျောင်းဆက်တက်ဖြစ်တယ်။ အဲဒီမှာကျတော့ မြန်မာပြည်မှာထက် အင်တာနက်စနစ်ကို ပိုပြီးလေ့လာဖြစ်ခဲ့တယ် ပြောင်းလဲလာတဲ့နည်းပညာနဲ့ အင်တာနက်အခြေပြု စီးပွားရေးလုပ်ငန်းတွေ အင်တာနက်ကို မရှိမဖြစ်အသုံးပြုရတဲ့ အစိုးရလုပ်ငန်းဆိုင်ရာတွေကို ထဲထဲဝင်ဝင်သိလာနိုင်ခဲ့တယ်။ စင်္ကာပူမှာ အင်တာနက်ကို ban တာ ပြုတာမရှိပါ။ လီကွမ်ယုက ပြောခဲ့တယ် သင်ဟာ သင့်ဘဝအတွက် ဘယ်ဟာအရေးကြီးတယ် ဘာလုပ်သင့်တယ်ဆိုတာကို သင်သိရင် သင်မလုပ်သင့်တာ သင်လုပ်မိမှာ မဟုတ်တော့ဘူးတဲ့။ ဒါကြောင့် education စနစ်ကို မြှင့်တင်ပြီး ကျောင်းသားဗဟိုပြု နည်းပညာအသုံးပြုတဲ့ education စနစ်တွေကို လုပ်ကိုင်ပေးခဲ့တယ်။ ဒါတွေရဲ့ ကောင်းကွက်ကြောင့် စင်္ကာပူမှာ ဘာတွေမကြည့်နဲ့ ဘာတွေကြည့်လို့တောင် ဆိုစရာမလိုပဲ အင်တာနက်ကို ကောင်းစွာအသုံးချနိုင်တာကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်တော်ဆိုလိုချင်တာ လူ့စိတ်ပါ လူတွေဟာ မကြည့်နဲ့ မလုပ်နဲ့ ဆိုမှ ကြည့်တာ လုပ်တာကို စမ်းချင်ကြတယ်။ ဒီတော့ ကြည့်ကွာလို့ဖွင့်ပေးလိုက်တယ် ပြီးတော့ ခေါင်းထဲကို အသိဥာဏ်ထည့်ပေးလိုက်တဲ့ အချိန်မှာ ဒါတွေဟာ မလိုအပ်တဲ့အရာကို မလိုအပ်တဲ့အရာလို့ သိမြင်လာတယ် အဲဒီတော့ အင်တာနက်လွတ်လပ်ခွင့်ဆိုတာ ရှိလာတာပေါ့ဗျာ။ ကျွန်တော်အဲဒီစနစ်လေးကို အတော်လေး သဘောကျခဲ့တယ်။ စင်္ကာပူမှာ ကျောင်းသားလေးတွေ secondary ကျောင်းသား ကျောင်းသူတွေဟာ လွတ်လပ်ခွင့်အတော်အတန်ရှိကြတယ်။ ဒါပေမယ့် အားလုံးဟာ တိကျသေချာတဲ့ education စနစ်ကြောင့် အင်တာနက်ကို လွတ်လပ်စွာအသုံးပြုပေမယ့် မိမိလုပ်ဆောင်သင့်တဲ့အရာကို အောင်မြင်အောင် လုပ်နိုင်တာကို တွေ့ခဲ့ရတယ်။ ဆိုးသွမ်းသူအချို့တော့ရှိမှာပေါ့ ဒါပေမယ့် ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် မပြောပလောက်အောင် နည်းတယ်လေ။ နောက်ပိုင်း college တို့ university တို့ရောက်မှ Asian value လျော့နိုင်တဲ့ လူမြင်ကွင်းမှာ သမီးရည်းစားအချင်းချင်း နမ်းတာတို့ ဘာတို့ဖြစ်လာကြတာ တွေ့ရတယ်။ ဒါကတော့ သူတို့တိုင်းပြည် သူတို့ကိစ္စဆိုတော့ ကျွန်တော် မဝေဖန်လိုပါ။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်မှာတော့ လက်ခံနိုင်မယ်လို့ ကျွန်တော်မထင်ပါ။ တကယ်တန်းလည်း asian value လျော့လာတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါတွေကတော့ နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံနေရတဲ့ ကျွန်းနိုင်ငံသေးသေးလေးဖြစ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ အနောက်တိုင်း ယဉ်ကျေးမှုတွေ ရောပါလာတာလို့ ဆိုနိုင်ပါတယ်။

ထားပါတော့ တကယ်တော့ အဲဒါတွေက ကျွန်တော် ပြောချင်တာကို နိဒါန်းခင်းလိုက်တာပါ။ လက်ရှိမြန်မာပြည်မှာ အင်တာနက်လွတ်လပ်ခွင့် အတော်အတန် ရှိသင့်သလောက် ရှိလာခဲ့ပါပြီ။ ဒါပေမယ့် လုံးဝမလွတ်လပ်သေးဘူးလို့လဲ ဆိုလိုချင် ဆိုလိုလို့ရနိုင်ပါတယ်။ သို့သော် ကျွန်တော် ပြောချင်တာ ဝေဖန်ချင်တာလေးတွေကတော့ အင်တာနက်လွတ်လပ်ခွင့်ဆိုတာအပြင် ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုခြင်းဆိုတဲ့ program မျိုးထည့်သွင်း သင်ကြားသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကလေးတွေကို ကျောင်းသားဗဟိုပြုသင်မယ်ဆိုရင် ငါသင်တာ ဒီအတိုင်းကျက် ဆိုတာထက် အင်တာနက်ကနေ စုပေါင်းစပ်ပေါင်း project လေးတွေ assignment လေးတွေလုပ်မယ် group discussion လေးတွေလုပ်မယ် ဆိုင်ရာ ကျောင်းသား club လေးတွေဖွဲ့မယ် (ဥပမာ music club, sport club, debate club) အစရှိသဖြင့် activity လေးတွေကို လုပ်ခွင့်ပေးမယ် ကြီးကြပ်ပေးမယ်၊ ငယ်စဉ်ကတည်းက ဒီမိုကရေစီ အလေ့အထဖြစ်တဲ့ စုပေါင်းလုပ်ဆောင်ခြင်း မဲပေးခြင်း စနစ်ကျသော activity များပြုလုပ်တတ်အောင် သင်ပေးရင် စနစ်ကျတဲ့ ဒီမိုကရေစီဆိုတာကို သူတို့ တကယ်သဘောပေါက်လာမယ် (ဥပမာ အမေရိကန် စင်တာမှာ ယခင် USIS မှာ ကျောင်းသားတွေကို ဆိုင်ရာ activity လေးတွေကို group လေးတွေ club လေးတွေဖွဲ့ပြီး ဒီမိုကရေစီနည်းလမ်းကို သင်ကြားပေးသလို) ဆိုရင် နောင်ကာလမှာ တကယ်ကို စနစ်တကျ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်လေးတွေ မြန်မာပြည်မှာ ပေါ်ထွက်လာမယ်လို့ ယူဆမိပါတယ်။ အဲဒီလို education စနစ်ကို ပြောင်းလဲကျင့်သုံးပြီးတဲ့အချိန်ကျမှ အင်တာနက်လွတ်လပ်ခွင့်ဆိုတာကို ပိုမိုကျင့်သုံးရင် တိုင်းပြည်ဟာ အမှန်တကယ် စနစ်ကျစွာ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။

အမေရိကန်လို နေရာမျိုးမှာတောင် parental ဆိုတာရှိပါတယ် မိဘတွေဟာ သားသမီးတွေကို အသက်အရွယ်အလိုက် မကြည့်သင့်တာ မကြည့်မိအောင် မိမိအိမ်က အင်တာနက်မှာ filter လုပ်တဲ့ စနစ်မျိုးပါ။ အခုဆိုရင် အမေရိကန်အစိုးရက facebook ကိုတောင် ထိန်းချုပ်ဖို့ လုပ်ကိုင်လာပါပြီ။ တိုင်းပြည်ကကြီးတော့လည်း ပြသနာကကြီးမှာပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံလို နိုင်ငံမျိုးဟာ ဘေးပတ်ဝန်းကျင်က တရုတ်အစိုးရ ကမ္ဘောဒီးယားအစိုးရထက်တော့ အင်တာနက် လွတ်လပ်ခွင့်အတော် ကောင်းပါတယ်။ ဘယ်လိုပဲ အင်တာနက်လွတ်လပ်ခွင့် ပြုလုပ်ပြုလုပ် မှန်ကန်သော education မရှိတဲ့အခါမှာ အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့်ပေးလိုက်တာဟာ ဆယ်ကျော်သက်လူငယ်လေးတွေကို စနစ်ကျသော ဖျက်စီးခြင်းတစ်မျိုးထည့်ပေးလိုက်တာနဲ့ တောင် ပိုတူနေပါဦးမယ်။ ဒါကြောင့် အင်တာနက်လွတ်လပ်ခွင့်ဆိုတာကို တောင်းဆိုနေမယ့်အစား အမှန်တကယ် ပြောင်းလဲသင့်တဲ့ education စနစ်ဖြစ်ပေါ်လာအောင် asian value မလျော့ကျသော စနစ်တွေဖြစ်လာအောင် (နင့်လင်ငါယူ ငါ့လင်နင်ယူ မိန်းကလေးက ရည်းစားစကားစပြောသော ကိုးရီးယားကားတွေ တွင်ကျယ်စွပြနေမယ့်အစား 24 တို့ heros တို့လိုမျိုး လူငယ်တွေ ပတ်ဝန်းကျင်အတွက် တကယ်ကို အကျိုးရှိမယ့် program မျိုးတွေပြသခြင်း) တို့ကို ဦးစွာပြုလုပ်သင့်တယ် ဗျူဟာမြောက်စွာကျင့်သုံးသင့်တယ်လို့ ယုံကြည်မိပါတယ်။ ဒါမှသာ လွတ်လပ်တဲ့အင်တာနက်ကို အကျိုးရှိစွာနဲ့ အဂတိတရား ကင်းကင်းရှင်းရှင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် ကျွန်တော် အင်တာနက်မှာ မမြင်သင့်တာတွေ မြင်လာရပါတယ်။ ၁၀ကျော်သက် ကလေးတွေဟာ day party day club တွေတက်တယ် အခုနောက်ပိုင်း night club တွေမှာတောင် ၁၀ ကျော်သက် ကလေးလေးတွေ များလာတယ်။ ဒါတွေကိုလည်း facebook အပေါ်မှာ ပွင့်ပွင့်လင်းလင်းကြော်ငြာလာတယ် ဖြန့်ဝေလာကြတယ်။ ပြောမှာပေါ့ ကတာပဲ လွတ်လပ်တာပဲ ဘာဆိုင်လို့လဲလို့။ ဆိုင်တာပေါ့ဗျာ... ကလေးတွေက အနာဂတ်တိုင်းပြည်ရဲ့ ကြယ်ပွင့်လေးတွေလေဗျာ သူတို့ကို ဦးညွန့်မချိုးရဘူးဗျ။ သူတို့အနာဂတ်မှာ ပိုကောင်းတဲ့ လမ်းတွေပွင့်လာအောင် လုပ်ပေးရမှာ ဖန်တီးပေးရမှာ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့လည်း တဖန်ပြန်သေဦးမှာပဲ ကလေးအဖြစ် ပြန်ဖြစ်လာဦးမှာပဲ အဲဒီအချိန်မှာ စိတ်သဘောထား မကောင်းတဲ့ အနာဂတ်မရှိတဲ့ လူ့တန်ဖိုးနားမလည်တဲ့ မိသားစုမှာ လူပြန်ဖြစ်ရင် ဘယ်လိုလုပ်မလဲဗျာ။ ဗုဒ္ဓဘာသာ သဘောအရ သံသရာဆိုတာ လည်တတ်ပါတယ်။ ဘယ်သူမပြုမိမိမှုပေါ့။ စာရေးဆရာကြီး တစ်ဦးပြောခဲ့သလို လူငယ်တွေ မင်းတို့ စာကြိုးစားကြ စာဖတ်ကြ လိမ္မာကြဆိုတာ အလကားပြောတာမဟုတ်ဘူး ငါသေရင် မင်းတို့ထံမှာ ဝင်စားလို့ ရှိရင် မင်းတို့သာ မလိမ္မာတဲ့သူတွေဆိုရင် ငါတော့ ဒုက္ခရောက်မှာပဲဆိုသလိုပေါ့ဗျာ။ တစ်ချို့က ငါသေရင် ပြီးပြီလို့ထင်ပြီး ဘယ်သူ့မျက်နှာမှ မထောက် စီးပွားရေးကို ဝိသမလောဘနဲ့ ရှာကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ခံစရာရှိ ကိုယ်ပဲခံရမယ် နောင်လာနောက်သားတွေလဲ ဒုက္ခရောက်မယ်လေဗျာ။ အဲဒါတွေ မြင်တွေ့နေရလို့ ကျွန်တော်လည်း စိတ်ပူပန်မိပြီး ယခုလို ဆောင်းပါးလေး ရေးလိုက်ခြင်းပါပဲ။

ကျွန်တော်လည်း လူငယ်တစ်ဦးပါပဲ အပျော်အပါးကြိုက်တာပေါ့။ ကျွန်တော်ကြိုက်တဲ့ အပျော်အပါးက လူတွေကို အသိဥာဏ်ပေးခြင်းပဲ ကိုယ်သိသလောက် မျှဝေပေးပြီး ကိုယ်တိုင်လည်း စဉ်ဆက်မပြတ်လေ့လာနေဖို့ပဲ။ လောကမှာ လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲခြားတတ်ရမယ်ဆိုတဲ့ အသိရှိဖို့လိုတယ် ကိုယ်လုပ်ချင်တဲ့အရာဟာ နိုင်ငံအတွက် လူ့ပတ်ဝန်းကျင်အတွက်လည်းကောင်းမယ် လုပ်လည်းလုပ်သင့်တယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ ဒါကြောင့် ကျွန်တော်ကတော့ လုပ်ချင်တာနဲ့ လုပ်သင့်တာ တထပ်တည်းကျဖို့ အစဉ်ကြိုးစားနေရင်း မြန်မာပြည်အနာဂတ် သာယာလှပပါစေဟု ဆုတောင်းမေတ္တာပို့သကာ နိဂုံးချုပ်အပ်ပါတယ်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။