Popular Journal
"ကျွန်တော့် အကြောင်း -၂"
ကျွန်တော်၏ အမည်မှာ မောင်မြ ဖြစ်ပါသည်။
ကျွန်တော်သည် နယ်ပိုင် အရာရှိကြီး ဦးမြနှင့် မေမေဘွဲ့ရကြီး ဒေါ်မြ တို့၏ ရင်နှစ်သည်းချာ သားရတနာ ဖြစ်ပါသည်။ ဖေဖေသည် နယ်ပိုင် အရာရှိ ဖြစ် သဖြင့် နယ်မြေ တစ်ခု ကို ပိုင်ပါသည်။ ဖေဖေ ပိုင်သောနယ်ကို ကျွန်တော် လည်း ပိုင်ပါသည်။ ဖေဖေ ပိုင်သော နယ်တွင် ချဉ်ပေါင်ခင်းများ၊ ငါးကန်များ၊ ကြက်ဆူပင်များ၊ အခြား ခေတ် ဆန်သော ပစ္စည်းများလည်း ရှိပါသည်။ ကျွန်တော် ရုပ်ရှင် ကြည့်လျှင် လည်း ပိုက်ဆံ မပေးရပါ။ အရုပ်ဝယ် လည်း ပိုက်ဆံ မပေးရပါ။ ဖေဖေ၏ တပည့်များက ရှင်းပေး ကြပါသည်။ ဖေဖေနှင့် တစ်ခါ ခရီးသွားစဉ်က တောအုပ် တစ်ခု ကိုမြင်၍ “ထိုတော အုပ်ကို ဘယ်သူ ပိုင်သလဲ” ဟု မေးပါ သည်။ ကျွန်တော်၏ ဖေဖေ နယ်ပိုင် အရာရှိကြီ...း က “အဲဒါငါ့သား မောင်မြ ပိုင်တာပေါ့” ဟု ပြန်ပြောပါသည်။

ကျွန်တော်သည် ဘာသစ်ပင်မှ မစိုက်ဖူးပါ။ ဘယ်အချိန်က ဘယ်လို ထိုတော အုပ်ကို ကျွန်တော် ပိုင်ခဲ့မှန်း မသိပါ။ ရှယ်ယာတော့ ရပါသည်။ တစ်ခါက မကျေနပ်စရာ တစ်ခု ကြုံ ခဲ့ရပါသည်။ ဖေဖေတို့ အဘခေါ် သော လူကြီး တစ်ယောက် ကျွန်တော်တို့ နယ်ကို ရောက်ခဲ့ပါသည်။ ဖေဖေ က မီးစက်များ သယ်ရွှေ့ ရ၊ ကွန်ပျူတာ များ တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းရ၊ ဒုက္ခ သည်များ လူစုရနှင့် အလုပ် များခဲ့ပါသည်။ ဖေဖေတို့က အဘ ဟုခေါ်သော လူကြီးတွင်လည်း ကျွန်တော်နှင့် ရွယ် တူ ကောင်လေး တစ်ယောက် ပါခဲ့ပါသည်။ ထိုကောင် လေးမှာ ကျွန်တော် ပိုင်ဆိုင်သည်ဟု အဖေ ပြော ထားသော ချဉ်ပေါင်ခင်း များ၊ သစ်ပင်များကို သူလိုသလို ဆွဲနုတ် ၍ ယူသွားပါသည်။ ကျွန်တော် စိတ်တို၍ ပြေးထိုးမည် လုပ် သော အခါ ဖေဖေ က “သားငြိမ်ငြိမ် နေ၊ ဘာမှ သွားမလုပ်နဲ့။ ဖေဖေ အလုပ်ပြုတ် သွားမယ်။ သူယူနိုင် သလောက် ယူပါစေ။ ကျန်တာ သားဟာပေါ့။ ပြုံးပြီးသာ ကြည့်နေ” ဟု ပြောပါသည်။ ကျွန်တော် ပြုံး၍ သာ ကြည့်နေရပါသည်။ အဘသား လည်း လိုသလောက် ယူသွား တာ ချဉ် ပေါင်ခင်းပင် ကတုံးဖြစ်သွားပါသည်။ ငါးကန် လည်း ရေ ကန်ပါ ခန်း သွားသည်။ ကျွန်တော် ကျန် တာ သာရပါသည်။
အမှန်တော့ ထိုအရာ များမှာ ဘယ်သူ စိုက်ထား မှန်း၊ ဘယ်သူတူး ထားမှန်း ကျွန်တော် မသိပါ။ ဖေဖေက ကျွန်တော်ပိုင်တယ် ပြောထားလျှင် ကျွန်တော် သာ အပြည့် အဝ လိုချင်ပါသည်။ သို့သော် အဘ သားကြောင့် အပြည့်အဝ မရပါ။ ပြိုင်ကားတော့ ရပါသည်။ ဖေဖေ့တပည့် များကပေးသော မုန့်ပုံးများ ရပါသည်။ အဘတို့ ပြန်သွား လျှင် ဖေဖေ က ငှားထားသော မီးစက်များ၊ ကွန်ပျူတာ များ၊ ဒုက္ခသည် များ ပြန်ပို့ရပါသည်။ အခြေအနေက ပုံမှန်ပြန် ဖြစ်ပါသည်။ ကျွန်တော်လည်း လုပ်ချင်တာ ပြန် လုပ်၍ ရပါသည်။ ကျွန်တော်လုပ်သမျှ အဖေ့ တပည့်များက ပြုံး၍ ပြန်ကြည့် ကြပါသည်။
ကျွန်တော်၏ ဖေဖေမှာ မျက်လှည့် ဆရာနှင့် တူပါသည်။ မရှိသည် များကို “အပ်ချလောင်း” ဆိုရှိ တယ် ထင်ရအောင် လုပ်တတ်ပါသည်။ ဖေဖေက ကျွန်တော့်ကို မျက် လှည့် များလည်း သင်ပေးပါသည်။ ခါးပိုက် ထောင်ထဲမှ သစ်ပင်များ ထွက်အောင် လုပ်တတ်ပါသည်။ အိတ်ကပ် ထဲမှ မြန်မာငွေ ကို ဒေါ်လာ အဖြစ် ပြောင်း တတ်ပါသည်။ ပါးစပ်ဟ လိုက်သည် နှင့် ငါးတွေ ထွက်လာပါသည်။ ပိတ်စ လေးတစ်ခု ကာလိုက်ရုံနှင့် လယ်ကွင်းကြီးများ ပင်ပျောက်အောင် ဖျောက်တတ် ပါသည်။ ကမ္ဘာ့အပြင် ဘက် ခြေတစ်ဖက် ချစရာနေရာ ရှိပါက ကမ္ဘာကြီးကို ပါ ဖျောက်ပြနိုင်ပါသည်။ ကျွန်တော် လည်း ကြီးလာလျှင် အရာရာ အပင် ပန်းခံ၊ အရာရာ ဖြစ်စေ၊ ပျောက်စေ ဖန်တီးနိုင်သော နယ်ပိုင်အရာ ရှိကြီး ဖြစ်အောင် ကြိုးစားမည်ဟု ကတိပြု ပါသည်။
အကြည်တော်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။