Yati Magazine
ကတ်သီးကတ်သတ် ပြောတဲ့ တောက်တီးတောက်တဲ့
••••••••••••••••••••••••••••••••••••••••••••
"အဆဲကောင်းသား"
မရှိတော့ပြီဖြစ်တဲ့ ပန်းသီး ဖန်ဆင်းရှင် စတိဂျော့ကြီးကို ဂုဏ်ပဲပြုရမလား၊ အပြစ်ပဲ တင်ရမလားတော့ မသိဘူး သူ့ရဲ့ အိုင်ဖုန်း ပေါ်လာ ပြီး နောက်ပိုင်း မှာ မျက်နှာပြင်ကို လက်နဲ့ပွတ်ရတဲ့ 'ပွတ်'ဖုန်း တွေ ဟော တစ်ခု ဟော တစ်ခု ပေါ်လာကြလေ တော့ကာ ပွတ်ခေတ် ကိုတော့ ရောက်နေပြီမှာ မလွဲပါလို့ ဆိုရတော့မလို ဖြစ်နေတာကြောင့်ပဲ ဗျ။
ထိုင်နေရင်းလည်း ပွတ်၊ ရပ်နေရင်းလည်း ပွတ်၊ လမ်းလျှောက် နေ ရင်း လည်း ပွတ်၊ အိပ်နေရင်းလည်း ပွတ်၊ ထမင်းစား နေရင်းလည်း ပွတ်၊ ကော်ဖီ သောက်နေရင်း လည်း ပွတ် တချို့ဆို အီအီးပါရင်း တောင် ပွတ်နေကြသေးသတဲ့။

ပွတ်ဖုန်းတွေ ပေါ်လာတာ နဲ့ အမျှ အင်တာနက် သုံးသူ ပိုများလာတယ်လို့ ဆိုနိုင်ပေမယ့် အင်တာနက် သုံးတယ် ဆိုတာထက် ဖွဘွတ်ကိုသာ တွင်တွင် ကျယ်ကျယ် သုံးနေ ကြတာပါပဲ။ ထို့အတူပဲ တောက်တဲ့မ တစ်ယောက်လည်း ပွတ်ဖုန်းလေး တစ်လုံး ကိုင်ပြီး ဖွဘွတ်ကို စွဲစွဲလန်းလန်း သုံးနေတာ ကြာပါပြီ။
အိပ်နေရင်း တစ်ရေးနိုးလည်း ပွတ်ဖုန်းလေး ကောက်ကိုင်ပြီး ဖွဘွတ်ထဲ ဝင်လိုက် ငါရေးထားတာ တွေ ငါ့ပုံတွေကို ဘယ်သူတွေက လိုက်ခ် လုပ် ထားတယ်၊ ဘယ်သူ ကတော့ အပြစ်ပြောထားတယ်၊ ဘယ်သူကတော့ ရိသဲ့သဲ့ လုပ်ထားတယ် ဆိုတာ တွေကြည့်လိုက်၊ ပြန်ရေးသင့်ရင် ရေးလိုက်၊ ပြီးရင်ပြန်အိပ်လိုက်၊ မိုးလင်း မျက်စိနှစ်လုံး ပွင့်တာနဲ့ တစ်ပြိုင်တည်း ပွတ် ဖုန်းလေး ကောက်ကိုင်ပြန်ပြီး ဖွဘွတ်ထဲ ဝင်လိုက် မင်္ဂလာ နံနက်ခင်းပါ ဘာညာ သာရကာလေး ပြောလိုက်၊ ဟိုဟို သည် သည် လျှောက်ကြည့်၊ လက်ဆင့် ကမ်းသင့်တာ ကမ်း။ အလှဆုံးလို့ ကိုယ့်ကိုယ် ကိုယ်ထင်မိတဲ့ ပုံတွေကို တော့ အချိန် ရသ၍ ဒရပ်စပ် တင်သပေါ့။ ပုံ အောက်က ကွန်မင့်လေးတွေ ကြည့်ပြီး ပီတိတွေ ဖြာလိုက်၊ လာကလိ သွားလို့ ရန်တွေ ဖြစ်လိုက်နဲ့ပေါ့။ ဒီလို နဲ့ပဲ တောက်တဲ့မ နဲ့ ဖွဘွတ်၊ ဖွဘွတ် နဲ့ တောက်တဲ့မ တို့ရဲ့ သံသရာ ဟာ နေ့တိုင်း လည်မဆုံးဖြစ်နေ ကြတော့တာပါပဲ။
ဒါပေမဲ့ တစ်နေ့မတော့ တောက်တဲ့မ ရဲ့ ဖွဘွတ် စတေးတပ်စ်မှာ ခုလို ရေး ထားတာကိုတွေ့ ရပါလေရော။
''အဝှာနဲ့ အဝှာ ဟိုသင်းပြုပြီး အမှိုက်ပုံမှာ နို့ဆီခွက် သံချေးတက် နဲ့ အချင်းဆေးပြီး မွေးလာတဲ့ သေနာကျတွေ၊ ငါ့ဟာငါ လှချင်လို့ ကိုယ့်ပုံ ကိုယ်တင်တာ ဘာဖြစ် သတုန်း ဟဲ့။ သူငယ်ချင်း လိုလို ဘာလိုလို လုပ်ပြီး အကောင့်တု တွေနဲ့ လာ မိတ်ဖွဲ့ပြီး ပုံခိုးတဲ့ သေချင်းဆိုး သူခိုးတွေကို အကုန် ဘလော့ပစ်မယ်။ ငါ့ပုံတွေကိုများ ခွင့် မ တောင်းဘဲ ယူပြီး အပန်းဖြေစရာ နေရာလေး တစ်ခုတို့ ညမင်းသား တို့ ဆိုက်တွေမှာ တင်ထား ကြတယ်။ သေချင်းဆိုးတွေ....''
ဒါလောက် ဆဲဆိုထားတောင် အောက်မှာ ကွန်မင့် တစ်ခု က ပေါ်လာသေးတယ်။
''မ..က အဆဲကောင်းသားနော်... ဒချိ ဒချိ'' တဲ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။